tag:blogger.com,1999:blog-5803460952505344782.post6635412882307688065..comments2023-10-16T15:02:16.329+06:30Comments on ဓမ္မရသ: “စောင့်လေမျိုးနွယ် လူတိုင်းဝယ်”Unknownnoreply@blogger.comBlogger6125tag:blogger.com,1999:blog-5803460952505344782.post-9243194146356912402009-04-06T21:01:00.000+06:302009-04-06T21:01:00.000+06:30ကိုအောင်ဦးရေ...ကျွန်တော်လည်း ကြိုက်လွန်းလို့ ကျွန...ကိုအောင်ဦးရေ...
ကျွန်တော်လည်း ကြိုက်လွန်းလို့ ကျွန်တော့်ဘလော့အတွက် ကူးပြီးယူသွားပါတယ်ခင်ဗျာ...ဂုဏ်ယူပါတယ်ဗျာ...
ဒီလို post လေးတွေကို...လေးလည်းလေးစားတယ်ဗျာ...စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ်တဲ့ဗျာ...တန်ဖိုးထားပြီး ကိုလိုက်နာကျင့် သုံးပါ့မယ်ဗျာ...ko ko maunghttps://www.blogger.com/profile/15765769458364322257noreply@blogger.comtag:blogger.com,1999:blog-5803460952505344782.post-67892575835036664812009-03-08T17:40:00.000+06:302009-03-08T17:40:00.000+06:30ကိုအောင်ဦးရေ တစ်ခုလောက်မေးချင်လို့ပါ...ဘုရားတွေပေ...ကိုအောင်ဦးရေ တစ်ခုလောက်မေးချင်လို့ပါ...ဘုရားတွေပေါ်မှာ ဥပမာ ရွှေတိဂုံတို့ပေါ်မှာပေါ့...ဘုရားကို ရေချမ်းကပ်ဖို့အတွက် လူတွေက စိတ်အမျိုးမျိုးနဲ့ ဆုတောင်းပြီးတော့ ဘုရားကို ရေခွက်လေးတွေနဲ့လောင်းပြီးတော့ ရေသပ်ပယ်ကြပါတယ်..ဘုရားကို ဒီလို ရေအေးနဲ့ လောင်းရတဲ့အတွက် ဘ၀အေးချမ်းတယ်လို့ လူတွေအများစုက ယူဆကြတယ်...ဒါကို ဘုန်းကြီးတစ်ပါးက ဒီလိုသာ အေးချမ်းမယ်ဆိုရင် ဘုရားဆင်းတုတော်တွေကို ဘုန်းကြီးကျောင်းမှာ နေ့တိုင်း ရေစိမ်ပေးပါတယ်တဲ့...ဒီလိုဆိုရင် ဘာအတွက် ဘုရားတွေပေါ်မှာ ရေချမ်းကပ်လှူဖို့အတွက် ရေစဉ်လေးတွေထားရပါသလဲဆိုတာ သိစေချင်လို့ပါ...တစ်ခါတစ်လေမှာ ဘုန်းကြီးတွေက တစ်ပါးနဲတစ်ပါးဟာ အမြင်မတူတာလေးတွေ အယူဆလေးတွေက ကွဲနေတယ်ဗျ...ဒီလိုအယူဆလေးတွေကွဲနေရင် ကျန်တဲ့ ဗုဒ္ဒဘာသာဝင်တွေက ဘယ်ဟာက အမှန်ဆိုတာကို ရွေးချယ်ရမလဲမသိဘူးဖြစ်နေတယ်...ဒါကြောင့် ဗုဒ္ဒဘာသာ လူမျိုးတွေအတွက် တစ်မျိုးတည်းသော အယူအဆနဲ့ မှန်ကန်တဲ့အယူဆမျိုးရှိသင့်တယ်လို့ထင်ပါတယ်..နောက်ပြီးတော့ ဘုန်းဘုန်းတွေက ဘာလို့အဲဒီလို အနည်းငယ်သော အယူဆလေးတွေကွဲလွဲနေတာလေးတွေကိုလည်း သိခြင်ပါတယ်ခင်ဗျာစုကြည်https://www.blogger.com/profile/10628460633778337683noreply@blogger.comtag:blogger.com,1999:blog-5803460952505344782.post-24853915643158204032009-03-06T17:20:00.000+06:302009-03-06T17:20:00.000+06:30စောင့်လေမျိုးနွယ်ဆိုတာ မိဘလုပ်တဲ့အလုပ်အကိုင်ကို စေ...စောင့်လေမျိုးနွယ်ဆိုတာ မိဘလုပ်တဲ့အလုပ်အကိုင်ကို စောင့်ထိန်းတာထက်... ကိုယ့်အမျိုးအနွယ်ဂုဏ်မပျက်အောင်၊ ဘာသာသာသနာ မပပျောက်အောင် စောင့်ထိန်းပေးတာလို့ ထင်ပါတယ်....
ပုဂံပြည်ကြီးရဲ့ အမျိုးအနွယ်ကို ထိန်းသိမ်းပေးတဲ့အနေနဲ့ ရွှေအိမ်စည်က ပဋိက္ခရားကို ကြိုက်ရဲ့သားနဲ့ မယူဘဲ စောယွန်းနဲ့ လက်ထပ်ခဲ့တာလိုမျိုးပေါ့.....
နေ့အိပ်မက်တော့ စောင့်လေမျိုးနွယ်ကို အပြည့်အ၀ထောက်ခံပါတယ်.....
အဲဒီကျင့်ဝတ်ကို မထိန်းရင် နောက်နှစ်ရာနဲ့ချီပြီးကြာတဲ့အခါ မြန်မာလူမျိုးတွေ ပျောက်ကုန်မှာပေါ့နော်....
ဒါမျိုးတွေ ရေးပေး ဖြေပေးနေတဲ့ ကိုအောင်ဦးကို နေ့အိပ်မက်က တကယ်ပဲ ကျေးဇူးတင်ပါတယ်ရှင်.....Anonymousnoreply@blogger.comtag:blogger.com,1999:blog-5803460952505344782.post-58270798384532272542009-03-04T05:05:00.000+06:302009-03-04T05:05:00.000+06:30“စောင့်လေမျိုးနွယ်” ဆိုတာလေးနဲ့ ပတ်သတ်ပြီး စဉ်းစား...“စောင့်လေမျိုးနွယ်” ဆိုတာလေးနဲ့ ပတ်သတ်ပြီး စဉ်းစားစရာကောင်းတာလေးတချို့ ကို ဝေမျှချင်ပါတယ်။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူက တိုင်းရင်းသားတစ်ယောက်ပါ။ ပညာတော်တဲ့ ပညာတတ်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ ရဲ့ တအားပြင်းထန်တဲ့ ခံယူချက်ကတော့ သူဟာ စောင့်လေမျိုးနွယ် ဆိုတဲ့ကျင့်ဝတ်အတိုင်း သူ့ တိုင်းရင်းသားအမျိုးသမီးကလွဲလို့ တခြား ဘယ်မိန်းကလေးကိုမှ ယူလို့ မရဘူး။ မယူသင့်ဘူး။ ယူရင် ကျင့်ဝတ်ပျက်တယ်လို့  ခံယူထားသူ တစ်ဦးဖြစ်ပါတယ်။ သူသဘောကျနှစ်ခြိုက်တဲ့ အမျိုးသမီးတွေ တွေ့ ပေမဲ့လို့  သူ့ တိုင်းရင်းသားမဟုတ်တဲ့အတွက် မကြိုးစားခဲ့ပါဘူး။ တချို့ ဆိုရင် အပြစ်ပြောစရာမရှိအောင် အစစအရာရာ စိတ်ပိုင်း၊ ရုပ်ပိုင်း ပြည့်စုံတဲ့ အမျိုးသမီးတွေဖြစ်ပေမဲ့လို့  သူ့ တိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နှင့် မျက်စိစုံမှိတ်ကြိတ်မှိတ်နေ နေခဲ့ပါတယ်။ အဲဒီ သူငယ်ချင်းရဲ့ စောင့်လေမျိုးနွယ် ကျင့်ဝတ် စောင့်ထိန်းမှုအပေါ် ဘယ်လို သုံးသပ်သင့်ပါသလဲ။

ကျွန်တော် ဆရာဦးအောင်သင်းရဲ့ ဟောပြောမှုတွေထဲက တစ်ခုကို သတိအမြဲတမ်းရမိပါတယ်။ သူပြောတာက အရင်ရန်ကုန်မှာ ကြံတောသုဿာန်ရှိခဲ့တုန်းက နူနေတဲ့သူတွေ အဲဒီမှာ စတည်းချနေထိုင်ပြီး တောင်းစားခဲ့ကြတယ်။ အဲဒီမှာနေရင်းဘဲ အနူအချင်းချင်းအိမ်ထောင်တွေကျကြတယ်။ ကလေးတွေမွေးကြတယ်။ မွေးလာတဲ့ကလေးတွေကလည်း နူတဲ့ရောဂါဆက်ဖြစ်တယ်။ ဆက်ပြီးတောင်းစားကြတယ်။ ဒီလိုနှင့် မျိုးဆက်သစ်ရဲ့  အခြေအနေအဆင့်အတန်းက တက်မလာဘဲ ကျသွားတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးမှာ နောက်ပိုင်းမွေးလာတဲ့ကလေးတွေဟာ စောင့်လေမျိုးနွယ် ဆိုတဲ့ကျင့်ဝတ်အပေါ် ဘယ်လိုကျင့်သုံးသင့်သလဲ။ အမျိုးအနွယ်ကိုစောင့်ရှောက်ထိန်းသိမ်းဖို့ အတွက် ဒီတောင်းစားတဲ့အလုပ်ကိုဘဲ ဆက်လုပ်ကြမလား။

ဒီလိုမျိုးဘဲ တခြား တံငါသည်တို့ ၊ ငါးစိမ်းသည်တို့ ၊ မုဆိုးတို့ ၊ ကြက်သတ်သမားတို့ ၊ အမဲသတ်သမားတို့ ၊ ဘိန်းကုန်သည်တို့ ၊ ပြည့်တန်ဆာတို့ ၊ိအရက်ဆိုင်ပိုင်ရှင်တို့ စသည်ဖြင့်ပေါ့လေ၊ ဒီလို လုပ်ငန်းမျိုးတွေလုပ်နေတဲ့ သူတွေရဲ့  သား၊ သမီးတွေဟာ စောင့်လေမျိုးနွယ် ဆိုတဲ့ကျင့်ဝတ်အပေါ် ဘယ်လို ကျင့်သုံးကြမလဲ။

ဘာသာရေးဘက်ကနေ တခါစဉ်းစားကြည့်မယ်ဆိုပါတော့။ ဗုဒ္ဓဘာသာဝင်တွေထဲမှာ အမည်ခံဗုဒ္ဓဘာသာဝင်တွေက လူများစုရှိပါတယ်။ သဒ္ဓါတရားအားနည်းတဲ့သူတွေ တော်တော်များများရှိကြပါတယ်။ ဘာသာတူအချင်းချင်းဆိုပြီး အိမ်ထောင်ပြုကြပါတယ်၊ အိမ်ထောင်ဘက်က ဘာသာရေးနှင့်ပတ်သက်ရင် ဘာမှမသိ၊ နားလည်းမလည်၊ မွေးလာတဲ့သားသမီးကိုလည်း ဘာသာရေးအခြေခံတွေကို သင်မပေးနိုင်၊ သင်ပေးရကောင်းမှန်းလည်းမသိ ဖြစ်ခဲ့မယ်ဆိုရင်လည်း စောင့်လေမျိုးနွယ် ဆိုတဲ့ ကျင့်ဝတ်က စဉ်းစားစရာကောင်းနေပါတယ်။

ဒါနဲ့ ဘဲ ကျွန်တော်လည်း ရင်းနှီးတဲ့ ဦးဇင်းလေးတစ်ပါးကို စောင့်လေမျိုးနွယ် ဆိုတာကို ဘယ်လိုကျင့်သုံးသင့်လဲလို့  မေးကြည့်မိဖူးပါတယ်။ သူ့ ပြန်ဖြေတာကတော့ သားသမီးအနေနှင့် မိမိရဲ့  အမျိုးအနွယ်ဟာ သဒ္ဓါတရားကောင်းတဲ့ အမျိုးအနွယ်ဖြစ်ခဲ့မယ်ဆိုရင် မိမိလက်ထက်မှာလည်း ဆထက်တပိုးတိုးလို့ ကောင်းအောင်ကြိုးစားရမယ်။ သီလတရားကောင်းတဲ့ အမျိုးအနွယ်ဖြစ်ခဲ့မယ်ဆိုရင် မိမိလက်ထက်မှာလည်း လျော့မသွားဖို့ ၊ ပညာ၊ ဥစ္စာ၊ ကျော်ကြားမှု၊ စသည် စသည်တို့ မှာလည်း ထိုနည်းလည်းကောင်း ကြိုးစားဖို့ ၊ တကယ်လို့  မိမိအမျိုးအနွယ်က ရှေးယခင်က ဒီလိုမျိုးနေရာတွေမှာ အားနည်းနေခဲ့ရင်တော့ မိမိလက်ထက်မှာ အားကောင်းလာအောင်ကြိုးစားဖို့  ဆိုလိုတယ်လို့  ရှင်းပြခဲ့ပါတယ်။

တကယ်ကတော့ သား၊ သမီးတွေဖြစ်တဲ့ ကျွန်တော်တို့ ရဲ့ ကိုယ်ပိုင်အသိဥာဏ်ကို အသုံးချပြီး၊ ချင့်ချိန်ပြီးမှ ဒီ စောင့်လေမျိုးနွယ် ဆိုတဲ့ ကျင့်ဝတ်ကို ထိန်းသိမ်းလိုက်နာသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုချင့်ချိန်နိုင်ဖို့ ဆိုတာကလည်း အသိဥာဏ်ရင့်ကျက်မှု အတော်လေးလိုအပ်လိမ့်မယ်လို့  ကျွန်တော့်အနေနဲ့ ယုံကြည်ယူဆမိပါတယ်ခင်ဗျား။The Bliss Of Emancipationhttps://www.blogger.com/profile/08012662755160784652noreply@blogger.comtag:blogger.com,1999:blog-5803460952505344782.post-61083882557533445542009-03-03T08:12:00.000+06:302009-03-03T08:12:00.000+06:30ရေးထားတာတွေ ကောင်းပါတယ်။ ဆက်လက် ရေးသားပေးပါဦးလို့...ရေးထားတာတွေ ကောင်းပါတယ်။ ဆက်လက် ရေးသားပေးပါဦးလို့ တိုက်တွန်းအားပေးပါတယ်။ ကျွန်တော်သိထားတဲ့ link လေးတွေကို ရေးသွားပါတယ်။ လိုအပ်ရင် အသုံးပြုလို့ရအောင်လို့ပါ။

http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
http://www.mogok.co.uk (မိုးကုတ်ဝိပဿနာ ရိပ်သာ လန်ဒန်)Anonymousnoreply@blogger.comtag:blogger.com,1999:blog-5803460952505344782.post-42145928428440954082009-03-02T19:14:00.000+06:302009-03-02T19:14:00.000+06:30ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊မွေခံထိုက်စေ၊ လှူမျှ...ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ တဲံ...ပြောတဲ့ စကားက အင်မတန် မှန်လိုက်တာနော်... အမျိုးဂုဏ်ကို ထိန်းသိမ်းဖို့ လူသားတိုင်းမှာ တာဝန်ရှိတယ်လေနော်... သာသနာကို ထိန်းသိမ်းဖို့ လူမျိုးတိုင်းမှာလည်း တာဝန်ရှိပါတယ်...
ဒါကြောင့် အမျိုးဂုဏ် ဇာတိဂုဏ် ကို ထိန်းသိမ်းရင်း သာသနာကို တည်တန့် ပြန့်ပွားအောင် လုသားတိုင်း လိုက်နာ ဆောင်ရွက် ရမှာလေနော်...

အင်မတန်ကောင်းတဲ့ပို့စ်လေးကို ဖတ်မှတ်သွားပါတယ်။...
ကျေးဇူးပါနော်...Dreamhttps://www.blogger.com/profile/15656988267682359741noreply@blogger.com