မိဘကျေးဇူး ကြီးမားပုံ

အနှစ်တစ်ရာသက်တမ်းမှာ အနှစ်တစ်ရာသက်တမ်း ကာလပတ်လုံး ညာဘက်ပခုံးပေါ် အမိကိုတင်၊
ဘယ်ဘက်ပခုံးပေါ် အဖကိုတင်ပြီး အစစ အရာရားလိုလေသေး မရှိအောင် လုပ်ကျွေးသော်လည်း
မိဘကျေးဇူးမကုန်နိုင်ပေ။

မိဘကျေးဇူး ကျေအောင်ဆပ်နည်း

(၁) သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနှင့်ပြည့်စုံအောင်၊
(၂) သီလမရှိတဲ့ မိဘကို သီလနှင့် ပြည့်စုံအောင်၊
(၃) မပေးရက် မလှူရက် နှမြှောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့် ပြည့်စုံအောင်၊
(၄) ပညာဥာဏ် မရှိတဲ့ မိဘကို ပညာဥာဏ်နှင့်ပြည့်စုံအောင်၊

ကောင်းစွာနာယူ ဆောက်တည်စေမယ်၊ လေးလေးနက်နက် သက်ဝင်စေမယ်၊
တည်တည်တံ့တံ့ မြဲမြံ စေမယ်ဆိုရင် မိဘကျေးဇူးကို တုန့်ပြန်ပြီးသား၊
အကျေဆပ်ပြီးသားဖြစ်ပါတယ်။

(မာတုပေါသထသုတ္တာန်)

"အားမှသေမှာလား၊ သေမှအားမှာလား"


ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ
လူတွေမရမတွက်နိုင်အောင်
သေနေကြတာ
အားလို့သေတဲ့မသာ
တစ်ယောက်မှမရှိပါဘူး။
မအားတဲ့ကြားက
သေသွားကြတဲ့ မသာတွေကြီးပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင်
အားတဲ့သူတိုလည်းခေါ်မှာပါ။
မအားတဲ့သူကိုလည်းခေါ်မှာပါ။
သေမင်းမှာတပည့်မွေးပြီး
လူရွေးတဲ့မူမရှိပါဘူး။
ဒီတော့မအားတဲ့ကြားထဲက
သေမင်းလာခေါ်ရင်
အချိန်မရွေးလိုက်သွားရမှာပဲ
ဆိုတာကို ကြိုတင်ပြီးတော့
နှလုံးသွင်းဆင်ခြင်ထားမယ်ဆိုရင်
မအားလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့
တရားဓမ္မကို
မျက်နှာလွှဲတဲ့အဖြစ်ကို
ရောက်မှာမဟုတ်တော့ပါဘူး။


ဆရာတော်အရှင်ဆန္ဒာဓိက