ဓါးဟောင်းပေး “သွေးပြီးမှကိုင်”

အတိတ်က ဒါနရိက္ခာပါမလာသူ ...
လက်ရှိဘ၀ ကာမစည်းစိမ်ခံစားရာ၌ ဘ၀ပေးနုံချာမည် မုချတည်း။


အတိတ်က သီလရိက္ခာပါမလာသူ ...
လက်ရှိဘ၀ ကျန်းမာရေးနုံချာမည် ဧကန်တည်း။


အတိတ်က ဘာဝနာရိက္ခာ ပါမလာသူ ...
လက်ရှိဘ၀၌ ပညာရေးနုံချာမည်မှာ လက်တွေ့တည်း။


ထိုသုံးဦးတို့ .....
ကန်နိမ့်ကို မြှင့်တင်ပေးမှသာ ရေတင်များ ရေအားကောင်းသုံးရဘိသကဲ့သို့ လည်းကောင်း၊ ကန်ပေါက်ကိုဖာ ထေးပေးမှသာ ထားရာရေ အနေကျ ကြာမျိုးစုံ ခဘိသကဲ့သို့လည်းကောင်း၊ ရေကျကောင်းရာ ကန်ဆည် ပေးထားမှသာ စီးသမျှ ၀င်ကန်ပီပြင်ဘိသို့လည်းကောင်း၊ ယခုဘ၀မှာတွင် ဒါနမှု၊ သီလမှု၊ ဘာဝနာမှု တို့ ကိုပြုစုဖို့လိုအပ်လေသည်။ စေတနာရှေ့တိုးကောင်း နောက်ကြောင်းအကျိုးပေး များမနေသာပြီတကား။


မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ သြ၀ါဒ