မြတ်ဗုဒ္ဓက ဂါမဏိအား ဤသို့ ဟောကြားတော်မူခဲ့လေ၏-

“ဂါမဏိ- လွန်လေပြီးသောအခါက သတ္တ၀ါတို့သည် မကင်းသော ရာဂ၊ ဒေါသ၊ မောဟ ရှိကုန်၏။ ယင်းတို့ဖြင့်နှောင်ဖွဲ့ကုန်၏။ ကချေသည် သည်ထိုသတ္တ၀ါတို့အလယ်သို့ ၀င်၍ ထိုသတ္တ၀ါတို့အား လွန်စွာနှစ်သက်ခြင်း၊ အမျက်ထွက်ခြင်း၊ မိုက်မဲတွေဝေခြင်းငှာ တပ်နှစ်သက်စေတတ်သောအာရုံ၊ မိုက်မဲတွေဝေစေတတ်သော အာရုံတို့ကို အနီးသို့ ဆောင်၏။ ထိုကချေသည်
မိမိလည်းလွန်စွာမေ့လျော့လျက်သူတစ်ပါးတို့ကိုလည်း လွန်စွာမေ့လျော့စေတတ်သောကြောင့် သေသည်မှနောက်၌ ပဟာသ အမည် ရှိသောငရဲ ၌ဖြစ်ရ၏” ဟု ဟောတော်မူ၏။

(သံယုတ်ပါဠိတော်)

အပါယ်ဖော် မိတ်ဆွေတု...

(၁) အရက်သေစာသောက်စားရာ၌ အဖော်ပြုသူ။
(၂) ညအခါ အခါမဲ့လည်ပတ်သွားလာရာ၌ အဖော်ပြုသူ။
(၃) ပွဲလမ်းသဘင်၊ ဗွီဒီယို၊ ရုပ်ရှင် ကြည့်ရှုရာ၌ အဖော်ပြုသူ။
(၄) လောင်းကစားရာ၌ အဖော်ပြုသူ။
ဤအင်္ဂါ (၄) ပါးနှင့် ပြည့်စုံသူကို အပါယသဟာယ မိတ်ဆွေတု၊ အပါယ်ဖော် မိတ်ဆွေတု ဟု ခေါ်သည်။

(သိင်္ဂါလောဝါဒသုတ်တော်)