မိုက်သူသည် မိမိလုပ်ငန်း မအောင်မြင်လျှင် တစ်ခြားသူများအပေါ် အပြစ်ဖို့၏။ ထို့ထက် လိမ္မာသူသည် မိမိကိုယ်ကို မိမိ အပြစ်ဖို့၏။ အလိမ္မာဆုံးပုဂ္ဂိုလ်ကတော့ ဘယ်သူ့ကို မှ အပြစ်မဖို့။

ဓမ္မပဒ
ကိလေသာတည်းဟူသော အာသဝေါတရားတို့ မကုန်ခန်းသေးဘဲနဲ့ ငါချမ်းသာလိုက်တာ ဟူ၍ ဘယ်သောအခါမှ မတွေးတောလိုက်ပါနဲ့။

ဆရာတော်ရှင်ဆန္ဒာဓိက

ဘုရားရှင်ကိုယ်တော်တိုင် တရားနာခြင်း ...

အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ် တရားဟောသောနေရာသို့ သွားပြီးညဉ့် သုံးယံ ကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏။ နန္ဒမထေရ်သည် ထိုသို့ရပ်လျက် တရားနာနေသော ဘုရားရှင် အားမြင်၍လာရောက်ကာ လက်အုပ်ချီမိုးရှိခိုး၍ ဤသို့လျှောက်၏- “ မြတ်စွာဘုရား...မြတ်စွာဘုရားသည် ဘုရားရှင်၏ နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ” ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က... “အို...ချစ်သားနန္ဒ ၊ သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟောခြင်းငှါ စွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင် တစ်ကမ္ဘာပတ်လုံး တရားနာတော်မူအံ့” ဟု မိန့်တော်မူလေ၏။