အတုလ် ပုဂၢိဳလ္အား ဘုရားရွင္က...

“မိုက်မဲသူတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း ကပဓာနမဟုတ်။
ပညာရှိတို့ရဲ့ချီးမွမ်းခြင်းသာ ချီမွမ်းခြင်းအမှန်။
ပညာရှိတို့ရဲ့ ကဲ့ရဲ့ခြင်းသာ ကဲ့ရဲ့ခြင်းအမှန်။
လူမိုက်တို့ရဲ့အားက ပြစ်တင်ကဲ့ရဲ့ခြင်း” ဟု ဘုရားရှင်က ဟောတော်မူခဲ့ပါ၏။

နန္ဒာသိန်းဇံ ( မိတ်ဆွေကောင်းနှင့် ခရီးသွားခြင်းစာအုပ်မှ-)
ရွှေအိမ်နန်းနှင့် ကြငှန်းခံလည်း မတ်ပေါင်းရံလျှက် ပျော်စံရိပ်ငြိမ်
မင်းစည်းစိမ်ကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့်
ရေပွက်ပမာ တစ်သက်လျှာတည်း။
( အနန္တသူရိယ အမတ်)

ခန္တီတာဝန်

~ ဆဲဆိုတာ သူ့အလုပ် သည်းခံရမှာ ကိုယ့်တာဝန်၊
~ ချစ်စရာကောင်းတာ သူ့အလုပ် မချစ်မိအောင်သည်းခံတာ ကိုယ့်တာဝန်၊
~ မုန်းစရာကောင်းတာ သူ့အလုပ် မမုန်းမိအောင်သည်းခံတာ ကိုယ့်တာဝန်၊
~ အာရုံတွေပေါ်တာ သူ့အလုပ် ကိလေသာတွေမဖြစ်အောင်သည်းခံတာ ကိုယ့်တာဝန်။
အရှင်ဆန္ဒာဓိက (စိတ်အားဖြည့်ဓမ္မသံစဉ်များ စာအုပ်မှ)