မြတ်ဗုဒ္ဓ၏သာသနာကား ပင်လယ်ကြီးနှင့်တူ၏

သမုဒ္ဒရာရေလှိုင်းတွေ ပုတ်ခတ်လိုက်တိုင်း ရတနာတွေဟာ သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရသလို စိတ်ဓာတ်ရင့်ကျက်သော သူတော်ကောင်း တို့သည်လည်း လောကဓံတို့နှင့်ကြုံရလေလေ သာသနာ၏

အနက်ရှိုင်းဆုံးမဂ်ဥာဏ် ဖိုလ်ဥာဏ်သို့တိုင်အောင်ကြိုးကုတ်အားထုတ်ကြလေ၏။

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး

ဆင်းရဲဒုက္ခ မကျရောက်နိုင်ခြင်းတရား


၁ ။ အမျက်ဒေါသကို စွန့်ပယ်ခြင်း ။

၂ ။ မာနကို စွန့်ပယ်ခြင်း ။

၃ ။ သံယောဇဉ် အားလုံးကို ကျော်လွန်ခြင်း ။

၎ ။ နာမ်ရုပ်၌ တွယ်တာကပ်ငြိမှု မရှိခြင်း ။

၅ ။ ကြောင့်ကြမှု မရှိခြင်း ။