ဓမ္မစင်္ကြာတရားဟောရာတွင်ဖြစ်ပေါ်လာသောနိမိတ်ကြီး (၃၂) ပါး

(၁) လောကဓာတ်တစ်သောင်းတုန်လှုပ်ခြင်း။
(၂) အပူ ၊ အအေး မျှတခြင်း။
(၃) တစ်သောင်းသောလောကဓာတ်၌ရုတ်တရက်အသံတိတ်၍ငြိမ်သွားခြင်း။
(၄) လေပြင်း မုန်တိုင်း မလာခြင်း။
(၅) လေပြေ လေညှင်းတိုက်ခတ်ခြင်း။
(၆) မြစ်အပေါင်းတို့ ၌ ရေမစီးပဲရပ်တန့် ခြင်း။
(၇) ပန်း၊သစ်ပင် အပေါင်းတို့ တစ်ပြိုင်နက်ပွင့်ခြင်း။
(၈) ကောင်းကင်၌တည်သော အာကာသဋ္ဌရတနာတို့  ရောင်ဝါကွန့် မြူးခြင်း။
(၉) လူ့ ပြည်၊နတ်ပြည်၌ရှိသောတူရိယာအပေါင်းတို တစ်ပြိုင်နက်အလိုလိုမြည်ခြင်း။
(၁၀) ကောင်းကင်မှနတ်ပန်းမိုးရွာချခြင်း။
(၁၁) တစ်ပြိုင်နက်ပဲ့တင်ဟီးခြင်း။
(၁၂) ငရဲကြီးရှစ်ထပ်၌ငရဲမီးငြိမ်းခြင်း။
(၁၃) အညစ်အကြေးကင်းစင်လျက်ကောင်းကင်ကနေ၀န်းအထူးသဖြင့်ထွန်းလင်းခြင်း။
(၁၄) နေ့ အခါ၌ကြယ်တာရာတို့ ကိုမြင်ရခြင်း။
(၁၅) မိုးမရွာပဲကောင်းကင်မှနတ်ရေစင်သွန်းချခြင်း။
(၁၆) ဂြိုလ်ကြီးခုနှစ်လုံးတို့ ကြည်လင်ထင်ရှားစွာပေါ်လာခြင်း။
(၁၇) သတ္ထာဗီသနက္ခတ်များလည်းထင်ရှားစွာပေါ်လာခြင်း။
(၁၈) တွင်း၊ဂူ၊လိုဏ်ခေါင်းအောင်း၍နေသောသတ္တ၀ါတို့ ထွက်လာခြင်း။
(၁၉) လ၀န်းသည်ပျြုဗ္ဖာသဠ နက္ခက်နှင့်ယှဉ်၍ပေါ်လာခြင်း။
(၂၀) လူအပေါင်းတို့ အလိုခပ်သိမ်းငြိမ်း၍ရောင့်ရဲခြင်း။
(၂၁) ကိုးဆယ့်ခြောက်ဖြာဝေဒနာစွဲကပ်သူတို့ ပျောက်ကင်းခြင်း။
(၂၂) ဆာလောင်မွတ်သိပ်မှူပြေခြင်း။
(၂၃) ပြိတ္တာအပေါင်း ၀ ပြောခြင်း။
(၂၄) ကိလေသာတရားငြိမ်းခြင်း။
(၂၅) အပါယ်လေးပါး၌ဒုက္ခဘေးကင်းခြင်း။
(၂၆) တစ်လောကလုံး၌မြူအညစ်အကြေးကင်းစင်၍သန့် ရှင်းကြည်လင်ခြင်း။
(၂၇) မကောင်းသောအနံ့ ပျောက်ခြင်း။
(၂၈) နတ်ပန်းနံ့ သာကြိုင်လှိုင်ခြင်း။
(၂၉) နတ်ပြည်ခြောက်ဘုံတို့ နှင့်ရူပဗြဟ္မာတစ်ဆယ့်ခြောက်ဘုံအကုန်မြင်ရခြင်း။
(၃၀) ငရဲကြီးရှစ်ထပ်၌ခံနေကြရသော သတ္တ၀ါအလုံးစုံကိုအကုန်မြင်ရခြင်း။
(၃၁) မြို့ တံခါး ၊ အိမ်တံခါး မှစ၍ပိတ်ထားသမျှအလုံးစုံအကုန်ပွင့်ခြင်း။
(၃၂) သတ္တ၀ါအပေါင်းတို့ ၌ သေမှု ၊ ပဋိံသန္ဓေနေမှု ၊ ဖွားမြင်မှုမရှိခြင်း။