ရုပ်နာမ်နှစ်ပါး၊ ရှုပွားဘို့ရာ၊ ဘာများဝန်လေး၊ သင်ငေးနေတာ၊ နေ့ရက်လဖြုန်း၊ သေဆုံးတော့ မှာ၊ သင့်ဘ၀ သင်မှအားမနာ။

ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး
ကုသိုလ်မယူ၊ အသက်ရှူ ၊ ထိုသူသေ၍ နေတော့သည်။
အကုသိုလ်ယူ၊ အသက်ရှူ၊ သူလည်းသေ၍ နေတော့သည်။
ကုသိုလ်ပဲယူ၊ အသက်ရှူ ၊ ထိုသူမသေ ရှင်တော့သည်။

ကျေးဇူးတော်ရှင်ဓမ္မဒူတအရှင်ဆေကိန္ဒ

ဝိပဿနာရှုမှတ်ပွားများရာ၌...

ဖြစ်အောင်ပြုက လောဘတဏှာ၊ ပျက်အောင်ပြုက ဒေါသအာဂ၊ မသိငြား ဖြစ်ပွားအ၀ိဇ္ဇာ။

ကျေးဇူးတော်ရှင်ဓမ္မဒူတအရှင်ဆေကိန္ဒ
မလုပ်မပြော၊ လုပ်မှပြော၊ သဘောစင်လှစေ။
အပြောသာချဲ့၊ အလုပ်မဲ့၊ ကဲ့ရဲ့မလွတ်ချေ။

ကျေးဇူးတော်ရှင်တိပိဋက-ဓမ္မဘဏ္ဍာဂါရိကမင်းကွန်းဆရာတော်ဘုရားကြီး
မကောင်းမှုအကုသိုလ်ကံကို ပြုကြကုန်သည့် ပညာမဲ့ကုန်သော သူမိုက်တို့သည် မိမိသည်ပင် ရန်သူကဲ့သို့ဖြစ်၍ သံသရာ၌ ကျင်လည်ကြရကုန်၏။

(ဓမ္မပဒ-သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု)