ပညာရှိတို့၏ အကျင့် (၃)ပါး


၁ ။ သုစိန္တ တစိန္တိ

ကောင်းသောအကြံအစည်ကို ကြံစည်ခြင်း ။

၂ ။ သုဘာသိတဘာသီ

ကောင်းသောစကားကိုသာ ပြောခြင်း ။

၃ ။ သုကတ ကမ္မကာရီ

အပြစ်မရှိ ကောင်းသောအလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း ။

မင်းကွန်းဇေတ၀န်ဆရာတော်ကြီး၏ ဆုံးမစကား

မင်းကွန်းဇေတ၀န် ဆရာတော်ကြီးက…….

အဟောင်းကို မပြန်လင့်

အသစ်ကို မကြံလင့်

ဖြစ်အောင် မပြုလင့်

ပျက်အောင် မပြုလင့်

ဖြစ်တိုင်း ပျက်တိုင်းမြင်အောင်ရှူ

ဖြစ်အောင်ပြုက လောဘ

ပျက်အောင်ပြုက ဒေါသ

ဖြစ်တိုင်း ပျက်တိုင်း မသိက မောဟ ဟုဆုံးမခဲ့၏ ။