သူတော်မဟုတ် သူယုတ်တို့အား အကြိမ်တစ်ရာ ပေါင်းသော်လည်း ဘာမှ ကျေးဇူးမများနိုင်ပေ။

ကျေးဇူးတော်ရှင် စွန်းလွန်းဆရာတော်ဘုရားကြီး
ခန္ဓာ၏ အဖြစ်-အပျက် ကို မမြင်ဘဲ အနှစ်တစ်ရာ ရှည်နေရတာထက် အဖြစ်-အပျက် ကို မြင်ပြီး တစ်ရက်မျှ အသက်ရှည်တာက မြတ်၏။။ ဖြစ်-ပျက်မပါ သက်တစ်ရာ နေတာအလကား။
ဖြစ်-ပျက်ကိုမြင် တစ်နေ့ ပင် လွန်လျှင် ထို့ထက်အကျိုးများ။

တစ်ဘ၀သာသနာကျမ်းပြုဆရာတော်ဦးဃောသိတ
ဆိုပိန့်မညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချီးနှီးလျှင်၊ ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး

သိချင်ယောင်ဆောင်သော မသိမိုက်သည် မသိချင်ယောင်ဆောင်သော သိမိုက်ထက် ပို၍ ကန်း၏။
တတ်ချင်ယောင်ဆောင်သော မတတ်မိုက်သည် မတတ်ချင်ယောင်ဆောင်သော တတ်မိုက်ထက် ပို၍ ကန်း၏။

(ဓမ္မနီတိကထာ)
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်