သရဏဂုံတည်ခြင်းအကျိုးနှင့် ပတ်သက်၍ အပါဒါန်ပါဠိတော် မြန်မာပြန်၌ ရရှိသောအကျိုးရှစ်ပါးကိုဤသို့မှတ်သားခဲ့ရပါသည်။

(၁)ဒေသပူဇာ၊

(၂)ပညာထက်ညား၊

(၃)နတ်များစောင့်လာ၊

(၄)ဥစ္စာပေါကြွယ်၊

(၅)နုနယ်လှပ၊

(၆)လူကချစ်ခင်၊

(၇)မိတ်လျှင်မြဲတုံ၊

(၈) ဂုဏ်သတင်းတက် .....

ဤရှစ်ချက် မပျက်သရဏဂုံအကျိုးတည်း။

သရဏဂုံ လေးမျိုး

၁)အတ္တသန္နိယျာတန သရဏဂုံ= ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါး၌ဆောင်နှင်း၍ကိုယ်ကိုစွန့်ခြင်း။



၂)တပ္ပရာယဏ သရဏဂုံ= ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါး၌ လည်းလျောင်းခြင်း။
၃)သိဿဘာဝူပဂမန သရဏဂုံ= ယနေ့မှအစပြု၍မိမိကိုယ်အားရတနာသုံးပါ၌သာ တပည့်အဖြစ်ဖြင့်ဆည်း ကပ်ခြင်း။

၎)ပါဏိပါတ သရဏဂုံ= ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါးတို့၌ရိုသေမြတ်နိုးစွာ အသက်စွန့်၍ ကိုးကွယ်ဆည်းကပ်လဲလျောင်ခြင်း။



(ဆရာကြီးဦးသုခမှတ်စုမှ...)