လယ်တီဆရာတော်ဘုရားကြီး၏မှတ်သားဖွယ်သြ၀ါဒ...

လယ်တီဆရာတော်ဘုရားကြီးက ကျောင်းအတွင်း သောက်ရေသုံးရေများ နေ့ စဉ် ညအချိန်၌ ဖြည့်ထားလေ့ရှိရာ တစ်နေ့ တွင် တပည့်သံဃာတော်များ သိသွားပြီး “ အရှင်ဘုရား...ရေကို တပည့်တော်တို့ဘဲ ဖြည့်ပါရစေဘုရား ၊ အရှင်ဘုရား ဖြည့်ထားတဲ့ရေတွေကို တပည့်တော်တို့ မသုံးရက်ပါ ၊ မသုံးရဲပါဘုရား” ဟူ၍ လျှောက်ကြားကြလေရာ လယ်တီဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း မိန့် ကြားလေ၏- “တပည့်တို့...ငါ့ကို သနားရင် အသုံးပြုကြပါ။ ဒီလက်တွေ ၊ ဒီခြေတွေနဲ့  တစ်သံသရာလုံး သားကျွန် ၊ မယားကျွန် ဖြစ်ခဲ့ရ တာ။ ဒီဘ၀မှာတော့ ဘုရားကျွန် ၊ သံဃာ့ကျွန် ၊ သာသနာ့ကျွန် ဖြစ်ပါရစေ” ဟူ၍ ဖြစ်၏။

ဆရာတော်အရှင်အာစာရာလင်္ကာရ ဟောကြားတော်မူသော သူတော်ကောင်းတို့နှလုံးသားတရာတော် ... မှ ကောက်နှုတ်၏။
ကံ တည်းဟူသောရေတွေ ခန်းနေပြီ။ ငါး နှင့်တူသောသတ္တ၀ါတွေ သေဘို့နီးနေပြီ။ သေခါနီး ပျော်ပျော်နေတယ် ဆိုတာ ခေါ်လို့ကောင်းပါ့မလား။ အခုအချိန်ဟာဖြင့် မသေရာရှာဘို့ အချိန်ရောက်ပါပြီ။ သေတာထုံးစံဘဲလို့ဘဲ ပြောမနေပါနဲ့ဦး။
မသေရာလည်း လမ်းခွဲရှိနေတယ် ဆိုတာလည်း သတိထားပါဦး။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး