ဘုရားလောင်း ဓမ္မပါလ အမျိုးအနွယ်တို့၏ အသက်ရှည်ကြောင်း ကျင့်ဝတ်တရားများ...

(၁) ကိုယ့်အသက်တာ အသေခံမယ် ၊ သူတစ်ပါးအသက်ကို မသတ်ခြင်း။
(၂) အခြားအိမ်ရာကို ပြစ်မှားဘို့ မဆိုထားနှင့် ၊ ပြစ်မှားလိုသော စိတ်ဖြင့်ပင် မကြည့်ခြင်း။
(၃) ဘယ်သော အခါမှ လိမ်ညာမပြောခြင်း၊ ရယ်ရွှင်လိုသောစိတ်ဖြင့်ပင် မုသားမပြောခြင်း။
(၄) ဘယ်သောအခါမှ သူများပစ္စည်းကို မခိုးခြင်း ၊ မယူ ခြင်း။
(၅) သူယုတ်ကိုသာ စွန့် ပယ် ၊သူတော်ကောင်းကို မစွန့် ပယ်ခြင်း။ လူမိုက်တို့နှင့် အလာပ သလာပ
မပြောခြင်း ၊ထိုသို့ ပြောရန်လည်း မနှစ်သက်ခြင်း။ (ကာယကံ ၊ ၀စီကံ ၊ မနောကံ
မကောင်းတဲ့သူဟာ လူမိုက်ဖြစ်တယ်)။
(၆) ဒါနပြုခါနီးမှာ နှစ်သက်ရွှင်လန်းမှုတွေဖြစ်ခြင်း၊ ပြုပြီး ပြုဆဲမှာလည်း ဖြစ်ခြင်း။ (သူတော်ကောင်း သမဏ ၊ ဗြဟ္မဏ ၊ သူတောင်းစား ၊ ဝေရာဝစ္စ အလှူခံတွေကို လှူဒါန်းခြင်း။)
(၇) လင်ကလည်း အခြားအမျိုးသမီးအပေါ် လွန်ကျူးခြင်းမရှိ ၊မိန်းမကလည်းအခြားအမျိုးသားအပေါ် လွန်ကျူးခြင်းမရှိခြင်း။
(၈) သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
(၉) သုစရိုက် (၁၀) ပါးလုံးကို အိမ်သားအားလုံး ကျင့်ကြံပွားများကြခြင်း။


(ဘုရားလောင်း “ဓမ္မပါလဇာတ်တော်)

No comments: