အာဠ၀ီပြည်အနီးရှိ ညောင်ပင်ကြီး၌ အာဠ၀က အမည်ရှိသော အလွန်ကြမ်း ကြုတ်ခက်ထန် ဒေါသမာန်ကြီးသည့် နတ်ဘီလူးကြီးနေထိုင်သည်။ မြတ်စွာဘုရားရှင်သည် အာဠ၀က နတ်ဘီလူးအား ခြေချွတ်ရန်အတွက် အာဠ၀ကဘီလူး၏ ဘုံဗိမာန်သို့ ကြွရောက်တော်မူ၍ အာဠ၀ကဘီလူး၏ နေရာပေါ်သို့ သီတင်းသုံးစံနေ
တော်မူသည်။ ထိုသို့ ကြွရောက်စံနေတော်မူသည်မှာ အာဠ၀က နတ်သဘင်အစည်းအဝေးသွားခိုက်ဖြစ်ပေရာ အာဠ၀က ဘီလူး၏ မောင်းမမိဿံ အခြံအရံတို့ သည် ကြွလာတော်မူသည့် မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြသည်။
ယင်းသို့ အခြေအနေကို နတ်သဘင်အစည်းအဝေးမှပြန်လာသော အာဠ၀က တွေ့မြင်သောအခါ မခံမရပ်နိုင်အောင် ယမ်းပုံမီးကျ ဒေါသအကြီးအကျယ်ဖြစ်၍ လက်နက်မျိုးစုံ သုံးစွဲကာတိုက်ခိုက်သည်။ အာဠ၀ကဘီလူး အသုံးပြုတိုက်ခိုက်သော လက်နက်တို့သည် မြတ်စွာဘုရားအား မည်သို့မျှမထိခိုက်ဘဲ ဖူးမြော်ပူဇော် သကဲ့သို့သာဖြစ်လေသည်။ အာဠ၀ကဘီလူးသည် မြတ်စွာဘုရားအား အကြမ်းနည်း ဖြင့်တိုက်ခိုက်၍ မရသောအခါ အနုနည်းဖြင့်တိုက်ခိုက်မည်ဟု ဆုံးဖြတ်ပြီး မြတ်စွာဘုရားအား ခက်ခဲသော ပုစ္ဆာ(၁၃)ချက်ကို မေးသည်။ “အမှန်ကို ဖြေနိုင်လျှင်ဖြေ၊ မဖြေနိုင်လျှင် အရူးအသေ နှစ်ထွေသော အပြစ်ကိုခံရမည်” ဟုချိန်းခြောက်သည်။
အာဠ၀က၏ မေးလျှောက်သော ပုစ္ဆာ(၁၃)ချက်တို့မှာ-
(၁) ဤကမ္ဘာလောက၌ ယောကျာင်္း၏ မြတ်သော ဥစ္စာကား အဘယ်နည်း။
(၂) ကောင်းသောအလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့် သည် ချမ်းသာကို ဆောင်နိုင်သနည်း။
(၃) အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်သနည်း။
(၄) အသက်မွေးမှုတို့တွင် အဘယ်သို့သော အသက်မွေးမှုကို မြတ်သောအသက် မွေးမှုဟုဆိုသနည်း။
(၅) အဘယ်ဖြင့် သံသရာဝဲသြဃကို ကူမြောက်နိုင်သနည်း။
(၆) အဘယ်ဖြင့် သံသရာပင်လယ်ကို ကူမြောက်နိုင်သနည်း။
(၇) အဘယ်ဖြင့် ဆင်းရဲကို လွန်မြောက်နိုင်သနည်း။
(၈) အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်သနည်း။
(၉) အဘယ်အကြောင်းကြောင့် ပညာကိုရနိုင်သနည်း။
(၁၀) အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို ရနိုင်သနည်း။
(၁၁) အဘယ်အကြောင်းကြောင့် ကျော်ဇောထင်ရှားခြင်းသို့ ရောက်နိုင်သနည်း။
(၁၂) အဘယ်အကြောင်းဖြင့် မိတ်ဆွေကို ဖွဲ့နိုင်သနည်း။
(၁၃) အဘယ်အကြောင်းဖြင့် နောင်ဘ၀၌ မစိုးရိမ်ရသနည်း။
ဟူသည် တို့ဖြစ်ပေသည်။
ထိုအခါမြတ်စွာဘုရားက “ငါဘုရားအား သတ်ဖြတ်နိုင်သူ ဤလောက၌မရှိ၊ သို့သော် သင်သိလိုလျှင် သင်၏ပုစ္ဆာများကို ဖြေဆိုပေအံ့” ဟုမိန့်တော်မူပြီးလျှင် အောက်ပါအတိုင်း ဖြေကြားတော်မူသည်။
(၁) ဤကမ္ဘာလောက၌ ယောကျာင်္း၏ မြတ်သော ဥစ္စာပစ္စည်းကား ယုံကြည်မှု သဒ္ဓါ တရားဖြစ်သည်။
(၂) ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ်ကမ္မပထတရားသည် ချမ်းသာ ကိုဆောင်နိုင်၏။
(၃) အရသာတို့တွင် မှန်ကန်စွာပြောဆိုခြင်း သစ္စာတရားသည် အလွန်ချိုမြိန်သော အရသာဖြစ်၏။
(၄) ပညာဖြင့် အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟု ဆိုကုန်၏။
(၅) ယုံကြည်မှု သဒ္ဓါတရားဖြင့် သံသရာဝဲသြဃကို ကူမြောက်နိုင်၏။
(၆) မမေ့လျှော့မှု အပ္ပမာဒ တရားဖြင့် သံသရာပင်လယ်ကို ကူးမြောက်နိုင်၏။
(၇) ထကြွလုံ့လဖြင့် ဆင်းရဲကို လွန်မြောက်နိုင်၏။
(၈) ပညာဖြင့် စင်ကြယ်နိုင်၏။
(၉) ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ကြောင်းတရားကို ယုံကြည်လျက် မမေ့လျော့ ဆင်ခြင်သူ ပညာရှိသည် ကောင်းစွာနာကြားသောကြောင့် ပညာကိုရယူနိုင်၏။
(၁၀) သင့်လျော်သည့် အလုပ်အကိုင်ကို လုပ်လျက် တာဝန်ကိုကျေပွန်အောင် ထမ်း ဆောင်သူသည် ထကြွလုံ့လကြောင့် ဥစ္စာပစ္စည်းကို ရနိုင်၏။
(၁၁) မှန်ကန်စွာပြောဆိုခြင်းကြောင့် ကျော်စောထင်ရှားမှုကို ရနိုင်၏။
(၁၂) ပေးကမ်းခြင်းဖြင့် အဆွေခင်ပွန်းကို ဖွဲ့နိုင်၏။
(၁၃) ယုံကြည်မှုရှိသော အိမ်၏ အစီးအပွားကို ရှာတက်သောသူအား မှန်ကန်ခြင်း သစ္စာ၊ လိမ္မာခြင်း ဒမ၊ ကြိုးစားမှု ဓိတိဓ စွန့်လွှတ်မှု စာဂ၊ ဤတရားလေးပါး ရှိသဖြင့် နောက်ဘ၀၌ မစိုးရိမ်ရချေ ဟူ၍ မိန့်တော်မူခဲ့သည်။
သတိဉာဏ်ယှဉ်ကာ သူတော်ကောင်းတရားများ ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment