“မွေးနေ့အလှူ”

ဒီနေ့ (၁၈.၁၁.၂၀၀၈) ဟာ ကျနော်ရဲ့ ၂၄နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ လာရောက်ကြတဲ့ မောင်နှမ၊ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ အရင်ဆုံး ကျနော်ကပဲ ဆုတောင်းလိုက်ပါတယ်။

မွေးနေ့အတွက် ကျေးဇူးတော်ရှင် ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ဟောကြားတဲ့ မွေးနေ့အလှူတရားနဲ့ ကောင်းမှုပြုပါတယ်။ တရားတော်ကို နာယူကြည်ညိုကြပါ။ ဓမ္မဒါန စာအုပ်များကိုလည်း ကူးယူပြီး လေ့လာမှတ်သား၊ ကျင့်ကြံ အားထုတ်နိုင်ကြပါစေ။





(၁) ပိဋကတ်သုံးပုံ ပါ။ (ပါဠိ မြန်မာပြန် ဖြစ်ပါတယ်)။ ကူးယူထားကြပါ။

(၂) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ ပုံတော်။ ဗုဒ္ဓ၀င်အကျဉ်း။ တရားဦး ဓမ္မစကြာဒေသနာတော်။ (ပါဠိ မြန်မာပြန်)။ အနတ္တလက္ခဏသုတ်။ (ပါဠိ မြန်မာပြန်)။ ပဋ္ဌာန်းဒေသနာတော် စာအုပ်များ။ (ပါဠိ မြန်မာပြန် အကျဉ်း)။ အဘိဓမ္မာ အခြေခံစာအုပ်။ သုတေသန သရုပ်ပြအဘိဓာန်။ ဆရာတော်ကြီးများ၏ သြ၀ါဒစကား မှတ်စုများ။ စာဖိုင်များ။

http://www.mediafire.com/?oejwiaron0d (ပိဋကတ်သုံးပုံ)

http://www.mediafire.com/?sharekey=fcc415443ce3111ad2db6fb9a8902bda (စာအုပ်များ)


ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လိုအပ်မယ်ထင်တဲ့ စာအုပ်လေးတွေပါ။ ဖိုင်တခုထဲမှာ ဇစ်ဖိုင်ချုပ်ပြီး တင်ထားပါတယ်။ မိမိတို့ မိတ်ဆွေများကို ထပ်မံဖြန့်ဝေပေးခြင်းဖြင့် ဓမ္မဒါန ပြုကြပါ။

တရားနာကြားပါရန်။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်ရှိ ဘုရားခန်းပုံမှာ ပိတ်ပြီးမှ တရားဖွင့်ပါ။



အချိန် ၁ နာရီလောက်သာ ကြာပါတယ်။




29 comments:

တားမြစ် ထားသော... said...

ကိုအောင်ဦး
မွေးနေ့အလှူကို ကုသိုလ်လာယူပါတယ်။ အချိန်လုနေရလို့ နောက်ရက်မှ စာအုပ်တွေလာယူရင်း တရားနာပါမယ်။

ကျန်းမာပျော်ရွှင်စွာဖြင့် ဆက်လက် သာသနာပြုနိုင်ပါစေခင်ဗျာ။

သုခမိန်(E-Journal)

Dr Phyo Wai Kyaw said...

သာဓုသာဓုသာဓု။

Anonymous said...

ကောင်းပါတယ်ဗျာ သာဓု.သာဓု.သာဓု ပါ
အခုလို မွေးနေ့မှာ တရားဓမ္မလေးတွေ ဖြန့်ဝေပေးတဲ့အတွက် စိတ်၏ကျန်းမာခြင်းကိုယ့်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ
လာရောက်တက်ရောက်ပါတယ်
ဘာမှလဲကျွေးဘူးနော် :P

Dr. Nyan said...

တရားဓမ္မအလှူရှင်ဆရာကိုအောင်ဦး..
အမြဲကျန်းမာချမ်းမြေ့စွာနဲ့ဆက်လက်ပြီး
နိုင်ငံအကျိုး၊ သာသနာအကျိုးဆောင်ရွက်နိုင်ပါစေ။

WWKM said...

မောင်လေးအောင်ဦးရေ..
အသက်၂၄ နှစ်ပြည့်မွေးနေ့မှသည် ကျန်းမာ၊ချမ်းသာ
ပျော်ရွှင်စွာဖြင့် တရားဓမ္မအလှူများ ကိုဆက်လက်
ဖြန့်ဝေနိုင်တဲ့သူ ၊ နိုင်ငံအကျိုးကိုသည်ပိုးထမ်းဆောင်နိုင်
တဲ့သူဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။
မွေးနေ့လက်ဆောင်လေးကို စီဘုံးမှာ ထည့်ခဲ့မယ်နော်။

http://media.bigoo.ws/content/73/269673/Animated.gif

ခင်မင်စွာနဲ့
အစ်မ၀ါ

Anonymous said...

သာသနာကိုဒီ့ထက်ပို၍ ထွန်းကားအောင်လုပ်နိုင်ပါစေ။ ရည်မှန်းချက်တွေပေါက်မြောက်အောင်မြင်ပြီး လိုသမျှပြည့်စုံပါစေ ကိုအောင်ဦးရေ...

megumi said...

အစ်ကိုကြီးတောင် မွေးနေ့ရောက်ပြီကိုး။ ဘုရားတရားနဲ့ အေးချမ်းလှတဲ့ အစ်ကိုကြီးကို အထူးအထွေ ဆုတောင်းပေးစရာမလိုပေမယ့် လို့ "ပျော်ရွှင်သော မွှေးနေ့ဖြစ်ပါစေ။ " ဆုတောင်းပေးလိုက်ပါတယ်။ မိဘကျေးဇူးကို အကောင်းဆုံးနည်းလမ်းနဲ့ ဆပ်နိုင်တဲ့ အတွက် လေးစားပါတယ်။

စကားမစပ်၊ မုန့်ဟင်းခါးလာစားမယ်နော်။ ဟိ ဟိ။

Apprenticeship said...

ပျော်ရွင်သောမွေးနေ့ဖြစ်ပါစေကွယ်...
မွေးနေ့ဆုတောင်းများလဲပြည့်ပါစေနော်..

Welcome said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ မွေးနေ့အလှူကို ၀မ်းပမ်းတသာ ယူဆောင်သွားပါတယ်။ ဗုဒ္ဓအကျိုး၊ သာသနာ့အကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နိုင်တဲ့ သာသနာပြုပုဂ္ဂိုလ် ဖြစ်ပါစေဗျာ
http://winzaw-mdy.blogspot.com

မယ် said...

မွေးနေ့ မှာကိုယ်စိတ်နှစ်ပါးကျန်းမာပါစေ...
ကိုအောင်ဦးရဲ့ မိဘနှစ်ပါးလည်းကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်...(မယ်)

လင်းဦး(စိတ်ပညာ) said...

ညီလေးရေ မွေးနေ့မှသည် နောင်သံသရာထိ ထေရ၀ါဒ ဗုဒ္ဓအကျိုးကို ဒီထက်ပိုပြီး သယ်ပိုးနိုင်ပါစေ ။

ငှက်ငယ်လေး said...

ဟောတော့် ခုမှအသက် ၂၄ လေးဟင်... တော်လိုက်တာနော် ဘာသာရေးလိုက်စားတယ် မထင်ရဘူးစ.. Happy Birthday!!!! နော်း) ယနေ့ အသက် ၂၄ နှစ်မှစ ဘာသာရေး သာသနာရေးကို ဒီထက်မက မျှဝေပေးနိုင်ပါစေဆုတောင်းလိုက်ပါတယ်နော် ။

မဆုမွန် said...

မွေးနေ့မှာ စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းများစွာနဲ့ပြည့်စုံငြိမ်းချမ်းပါစေ
မွေးနေ့မှာပေးလှူတဲ့ ကုသိုလ်ဒါနတရားတွေ ကြောင့် ဒီမွေးနေ့မှသည် ကောင်းသော သတင်း ကောင်းသော စကားများကို သာ ကြားနိုင်ပါစေ...

သက်တန့် said...

မောင်လေးအောင်ဦးရေ...
မွေးနေ့အလှူ တရားတော်ကို နာသွားပါတယ်...
သာဓု သာဓု သာဓုပါ မောင်လေးရေ...

တရားဓမ္မတွေ မျှဝေပေးတဲ့ မောင်လေးတစ်ယောက် ပျော်ရွှင်ချမ်းမြေ့ပြီး တိုင်းပြည်အကျိုးကို ဆထက်တပိုး ထမ်းဆောင်နိုင်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေကွယ်... :)

:P said...

တင်နေတဲ့ ပို့စ်တွေကြည့်ပြီး ဒီလောက်ငယ်လိမ့်မယ် မထင်ခဲ့ဘူး...
စာအုပ်တွေကို ခုလောလောဆယ်မဖတ်ဖြစ်သေးပေမယ့်
ယူသွားပါတယ်...
မွေးနေ့အလှူအတွက်သာဓုခေါ်ပါတယ်။
ကျန်းမာ၊ပျော်ရွှင်ပါစေ လို့မွေးနေ့ဆုတောင်းပေးသွားပါတယ်

babygurl said...

ဦးဦးရေ.. သမီး တရားလာနာသွားပါတယ်။
ဓမ္မစာအုပ်တွေလည်း ဖတ်ဖို့  Downloadသွားပါတယ်။
သာသနာ့အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေ..
***မွေးနေ့ မှာ ပျော်ရွှင်ပါစေ..***

ဖိုးဂျယ် said...

Happy Birthday
သာသနာကိုဒီ့ထက်ပို၍ ထွန်းကားအောင်လုပ်နိုင်ပါစေ။

Dream said...

ပုပ္ဗမွန်စ ပါရ
သုံးတန်ရှေ့ထား
မြတ်တရားကို
ရက်မြတ်မင်္ဂလာ
ဤမွေးနေ့တွင်
သားမောင်အောင်ဦး
ပြုလုပ်ခဲ့ပြီ

နတ်လူသာဓု
ကြိမ်ကြိမ်ခေါ်၍
စိတ်ဝယ်ချမ်းမြေ့
ဤနေ့ထူးမှာ
တောင်းဆုချွေသည်

မြတ်သာသနာ
ဓမ္မအကျိုး
သယ်ကာပိုး၍
မိဘကျေးဇူး
ဆပ်နိုင်သောသူ
ဖြစ်ပါစေဟု
ဆန္ဒပြုသည်

နိုဝင်ဘာ၏
ရက်မြတ်မှသည်
နောင်နှစ်များစွာ
ကောင်းကျိုးချမ်းသာ
နှစ်ဖြာသုခ
ရွှန်းပဝေ၍
မင်္ဂလာပေါင်း
ဝန်းခညောင်းကာ
ဆန္ဒစေရာ
ပြည့်စေသော်ဝ်

laminkhin said...

မောင်ငယ်လေး မွေးနေ့ မှ နောင် သံသယာမှလွတ်သည့် မဂ်ဖိုလ်ရချိန်အထိ ဆင်းရဲဒုက္ခဟူသမျှနဲ့ ကင်းဝေးရပြီး ကောင်းမြတ်တဲ့ပါရမီ ရင့် စွာ သာသနာ့ ၀န် ကိုထမ်းဆောင်နိုင်ပါစေ ။။ လောကီ သံသယာ ကျင်လည်နေခိုက် အမိုက်အမှားရှောင်ရှားနိုင်ပြီးသူတော်ကောင်းတွေ နဲ့သာ အမြဲပေါင်းဖေါ်ယှဉ်တွဲမှီဝဲ နိုင်ပါစေ ။။ သူတော်မဟုတ် သူယုတ်များနှင့်ကင်းဝေးပါစေ မောင်ငယ်လေး လိုရာဆုဟူသမျှမုချပြည့်ဝရပါစေ ။
အမ မေ

Anonymous said...

ညီလေးရေ ၁၈.၁၁.၂၀၀၈ရက်နေ့ မှာကျရောက်သော
၂၄နှစ်မြောက်မွေးနေ့ မင်္ဂလာမှသည် နောင်နှစ်ပေါင်းများ
စွာ ဘ၀ကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနိုင်ပါစေ
တရားဘာဝနာတွေကိုဆက်လျက်ဖြန့် ဝေနိုင်ပါစေ
နိုင်ငံအတွက်သားကောင်းရတနာအဖြစ် ဒီထက်မက
ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်

မြတ်သွယ် said...

မွေးနေ့မှာ စ နောင်များတိုင်
သာသာယာယာ အေးအေးချမ်းချမ်း
တရားဓမ္မဖြင့် တည်ငြိမ်စွာ နေ့ရက်များကို ဖြတ်သန်း၍
မိဘ ဆွေမျိုး မောင်နှမများ မိတ်ဆွေ သူငယ်ချင်းများနှင့်
အဆင်ပြေပြီး သားလိမ္မာတစ်ယောက်ဖြစ်နိုင်ပါစေ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေလို့ ကိုအောင်ဦးကို ဆုတောင်းပေးပါတယ်နော်

မီးငယ် said...

အစ်ကိုရေ....
မွေးနေ့မှာပျော်ရွှင်ပါစေနော်....
ဘ၀မှာဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေ တထပ်တည်းကျပါစေနော်....
ခင်တဲ့
မီးငယ်

မွန် said...

ကောင်းကျိုးလိုရာ ဆန္ဒပြည့်စုံပါစေ

ဒီဇင်ဘာနှင်း said...

ကိုအောင်ဦးရေ မွေးနေ့အလှူအတွက်သာဓုခေါ်ပါတယ်။ ၂၄ နှစ်ပြည့်မွေးနေ့မှသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ မိဘကျေးဇူးဆပ်ပြီး နိုင်ငံအကျိုး သာသနာအကျိုးကို ဆထက်တပိုးသယ်ပိုးနိုင်ပါစေနော်

Unknown said...

စိန်စီသောမွေးနေ့ ဖြစ်ပါစေ...
မိဘကျေးဇူးဆပ်နိုင်သောသားကောင်းရတနာဖြစ်ပါစေ...

ရွှေပြည်သူ (ShwePyiThu) said...

Happy Birthday ပါ မောင်လေးအောင်ဦးရေ... မွေးနေ့အလှူတွေကိုလည်း အကုန်ယူသွားပါ့မယ်။ လေးလေးနက်နက် သာဓုလည်း ခေါ်ပါတယ် မောင်လေး။ အသက်၂၄နှစ်ကနေ အသက်ရှည်ကျန်းမာစွာနဲ့ သာသာနာအကျိုးကို အဆုံးစွန်ထိ သယ်ပိုးနိုင်တဲ့ မွန်မြတ်သူတစ်ဦးဖြစ်ပါစေလို့ အစ်မလေးလေးနက်နက် ဆုတောင်းပေးပါတယ်။

GreenGirl said...

မောင်လေးရေ... အရောက်နောက်ကျလို့ ဆောရီးပါနော်။

၂၄နှစ်ပြည့် မွေးနေ့မှသည် နောက်ထပ်နျစ်ပေါင်းများစွာဆက်လက်ပြီး သာသနာပြုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
မွေးနေ့အလှူတွေအတွက်လည်း သာဓုခေါ်ပါတယ်နော်။

Unknown said...

အစ်ကိုရေ မွေးနေ့ပွဲကို မသိလိုက်လို့ အရောက်နောက်ကျခဲ့ပါတယ်..။ ဒီလင်္ကာလေး ကို မွေးနေ့ လက်ဆောင်အဖြစ် ညီထားခဲ့ပါတယ်..။

ဖြစ် ခိုက် ရုပ် နာမ် ၊ ဖြစ် တိုင်း ဟန်
ဧ ကန် သိ မှတ် ပြု ။
အ လုပ် နေ ရာ ၊ ဣ ရိ ယာ
ချိန် ခါ မ ရွေး ရှု ။

အလင်းစေတမန် said...

မွေးနေ.ကသိပ်မကွာဘူးဗျို. ကျွန်တော်က ၂၀ရက်နေ.ဗျ။