“သေတတ်ကြရအောင်၊”

ယခုအချိန်မှာ အတုအယောင်တွေ၊ ထေရ၀ါဒ မဟုတ်သော အယူအဆများသည် ထေရ၀ါဒကို တိုက်ရိုက်မတိုက်ခိုက်သော်လည်း သာသနာကို သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ခိုက်နေကြသည်ကို ကျနော်တို့တွေ သိရှိပြီး လက်မခံကြဖို့ အရင်ဆုံးပြောပါရစေ။ မည်သို့ပင်ဖြစ်စေကာမူ ကျနော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်သည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရရှိပြီး နိဗ္ဗာန်ကို ရောက်ရှိရန် တရားအားထုတ်ဖို့ဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ မဟုတ်သော မည်သည့် အယူအဆကို မဆို ဂရုစိုက်စရာ မလိုတော့ပါ။ ဒီတော့ ကျနော်တို့၏ ရည်မှန်းချက်ကို အနီးဆုံးသောလမ်းနဲ့ သွားကြရပါမယ်။ ထို့ကြောင့် သစ္စာတရားများ နာကြားသိရှိစေရန်နှင့် သိရှိပြီးသော တရားကို ကျင့်ကြံအားထုတ်ဖို့ သတိပေးပါရစေ။ တရားနှင့် သေဆုံးသော မထက်ထက်အောင်၏ ဈာပန ဗွီဒီယို ကို ပြီးဆုံးအောင်ကြည့်ကြပါ။ ကြည့်ပြီး မိမိတို့သည်လည်း တနေ့တော့ သေရမယ် ဆိုတာ သတိသံဝေဂရကြပါ။ အသက်ငယ်ပါသေး ဆိုပြီးတော့ တရားကို မျက်နှာလွဲထားရင်တော့ သံသရာ တကြောမှာ မျောရပေးဦးမယ်။ တရားတော်ကို နာယူမှတ်သားကာ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်ရှိ ဘုရားခန်းပုံမှာပိတ်ပြီးမှတရားဖွင့်ပါ။




11 comments:

Mr.Zaw Min Aung said...

ဟုတ်ပါတယ် အကို ။ ညီတို့တတွေ လဲဒီထက်မက ပိုကြိုး စားသင့် တယ်ဆိုတာ ညီလက်ခံပါတယ် ။ အကိုရဲ့စေတနာကို လေးစား ပါတယ် အကို ။ အခုလက်ရှိ အချိန်ကို ကောင်းစွာအသုံးချပါမယ်အကို ။

Dream said...

မထက်ထက်အောင်ရဲ့
ဇာပနလေးကိုကြည့်ပြီး
သံဝေဂယူစရာ ဖြစ်သွားပါတယ်...
အနိစ္စသဘောနဲ့ မမြဲခြင်းတရားလေး
ကိုလည်း ပိုသိသွားပါတယ်...
မထက်ထက်အောင်ကိုကြည့်ပြီး
လည်းအရမ်းလည်လည်းအံ့သြရပါတယ်။
အင်မတန်မှလည်း ဂုဏ်ယူပါတယ်။
ရရှိလာတဲ့လူ့ဘ၀ကို အကောင်းဆုံးသော
မြတ်သောသေခြင်းနဲ့ သေတတ်သွား
တဲ့ကလေးပါ။ဒီဇာပနလေးကို ကြည့်ပြီး ပူဆွေးနေကြတဲ့ လူတွေနဲ့ ငြိမ်းချမ်းသွားတဲ့မထက်ထက်အောင်လေးကို ကြည့်ပြီးတရားပိုရသွားပါတယ်။
အစ်ကိုအောင်ဦးရေ။ကလေးလောက်တောင် တရားမရှိကြတဲ့မက်မက်တို့တွေဟာ
သေတတ်အောင်အများကြီး တရားရဖို့ ကျင့်ကြံရဦးမှာ။အခုတော့
ဗုဓ္ဒဘာသာရဲ့အနှစ်ကို
ပိုပြီးကြည်ငြိုလာတယ်။
အခုလို သံဝေဂယူစရာတွေ
ကိုတင်ပေးတာ ကျေးဇူးပါနော်
ကိုအောင်ဦး...

(ဇာပနလေးကိုကြည့်ပြီး သေတတ်သွားတဲ့ ကလေးတစ်ယောက်အယောက်အတွက် ကြည်နူးခြင်း ၊ပီတိ ဖြစ်ရသလို၊
တဖက်ကလည်း မိသားစုနဲ့ ထပ်တူထပ်မျှ ရင်ထဲမကောင်းစွာခံစားလိုက်ရပါတယ်။)

Sonata Cantata said...

အောင်ဦးရေ တရားတော်ကို နာကြားရင်းက
ဈာပန အခွေလေးကို ကြည့်ရင်း မျက်ရည်မဆည်နိုင်ဖြစ်ရပါတယ်..ဒါကိုကြည့်ရင်ပဲ အစ်မ တရားမရှိ၊ တရားမသိတာ ပေါ်လွင်နေပါတယ်။
(အစ်မက ငယ်ငယ်ကတည်းက ရုပ်ရှင်ကြည့်ရင်းနဲ့ကို ငိုတတ်ပါတယ်။ ဒီအကျင့်ဆိုးကြီး တစ်နေ့ပျောက်နိုးနဲ့ မျှော်လင့်ခဲ့ရတာ မပျောက်နိုင်သေးပဲ ကြီးလေ ဆိုးလေတောင် ဖြစ်လာသလိုမို့ အငိုဇတ်တွေ သိမ်းဖို့ ကြိုးစားပါဦးမယ် ဟူ၍သာ ...)

မြတ်သွယ် said...

အသက်ငယ်ပါသေး ဆိုပြီးတော့ တရားကို မျက်နှာလွဲထားရင်တော့ သံသရာ တကြောမှာ မျောရပေးဦးမယ်။
သတိရလိုက်ပါတယ် ကိုအောင်ဦး
ကျေးဇူးလည်းတင်ပါတယ်

winlatt said...

ဈာပန လေးကြည့်..တရားနာ....အသိဥာဏ်ပညာ အလင်းရပါတယ်...သေတတ်ဖို့ နေတတ်ကြရမှာပါ...တရားလက်ဆင့်ကမ်းဖို့ယူသွားတယ်နော်...

puluque said...

ညီရေ..ဒီနေ့တော့ အပြီးကြည့်သွားတယ်ကွာ..
ကျေးဇူးတင်ပါတယ်လို့ ပဲပြောပါရစေ..
သတိသံဝေဂ ရအောင် တင်ပြပေးတဲ အတွက် ကျေးဇူးထပ်တင်ပါတယ်။ လုပ်ရအုံးမယ် အချိန်ရှိတုန်း လုပ်ရအုံးမယ်...

Unknown said...

တရားတော်နာယူခွင်ရရှိတဲ့အတွက်..
ကျေးဇူးအထူးတင်ရှိပါတယ်..

Anonymous said...

တကယ်သေတာလားဟင်?? ဘာလို့ တစ်ကိုယ်လုံးလှုပ် ရှားနိုင်တာလဲ??

Unknown said...

အကိုတို.ရေ video ကဖွင့်လို.မရဘူး။ protocol မတူလို.တဲ့။ ဘယ်လိုလုပ်ရမလဲ ပြောပြပါဦး။

Unknown said...
This comment has been removed by the author.
Unknown said...

အကိုတို.ရေ video ကဖွင့်လို.မရဘူး။ တဲ့။ ဘယ်လိုလုပ်ရမလဲ ပြောပြပါဦး။