“အမေများနေ့”

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ မြန်မာနှစ် ၁၃၇၀ ပြည့်နှစ်၊ ပြာသိုလပြည့်နေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့၊ စနေနေ့သည် “အမေများနေ့” ဖြစ်ပါတယ်။ ကမ္ဘာမှာတော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေများနေ့လို့ နိုင်ငံအများစုက သတ်မှတ်ကြပါတယ်။ ကျနော်တို့ မြန်မာမှာတော့ ပြာသိုလပြည့်နေ့ကို သတ်မှတ်ပါတယ်။
“ဗဟုပကာရာ ဘိက္ခဝေ မာတာမိတရော ပုတ္တာနံ၊
အာပါဒကာ၊ ပေါသကာ၊ ဣမဿ လောကဿ ဒေဿတာရော”
“ချစ်သားတို့… မိဘနှစ်ပါးဆိုတာဟာ သားသမီတွေအတွက် အလွန်ကျေးဇူးများကြပါတယ်၊ နို့ချိုတိုက်ကျွေးပြီးတော့လဲ မွေးမြူတတ်ကြတယ်၊ အစားအစာကျွေးပြီးတော့လဲ မွေးမြူတတ်ကြတယ်၊ ဟောဒီ လောက သုံးပါးထဲမှာ သိစရာ တတ်စရာတွေ မှန်သမျှကို သိအောင် တတ်အောင် နားလည်အောင် သွန်သင်ညွှန်ပြ သင်ကြားပေးတတ်ကြပါတယ်၊ ဒါ့ကြောင့် မိဘတွေဟာ အလွန်ကျေးဇူးများ ကြပါတယ်”
“သားလှချစ်စွာ မိမာတာ၏၊၊ နီတျာအတွေးတွေး နှလုံးသွေးသည်၊
သက်ချသူ့သား နို့စို့ငြားသော်၊ သားမြတ်အဖျား ရောက်လာငြား၍၊
ဘော်သာခွာသွေး ဖြူဖြူဖွေးသည်၊ ချစ်သားလူလှ ချစ်သောကြောင့်”
သီတာခုနှစ်တန် အိုင်ကြီးခုနှစ်အိုင် အတွင်းမှာရှိတဲ့ရေထက် မိခင်တို့၏ နို့ရေသည် ပို၍အေးမြပါတယ်။ တန်းဖိုးလည်း ထိုက်တန်ပါတယ်။ ဆာလောင်မှုကိုလည်း ပြေပျောက်စေပါတယ်။ မိခင်တို့၏ နို့ရေထက် တရားဓမ္မ နို့ရေသည် ပို၍အေးမြပါတယ်။ ထို့အတွက်ကြောင့် မေတ္တာအေးဆရာတော် အရှင်သုဇာတ ဟောကြား ဆုံးမတော်မူသော “အမေများအတွက် တရားတပုဒ်” အမည်ပေးထားသော တရားတော်ကို နာယူကြည်ညိုခြင်းဖြင့် ဓမ္မနို့ရည်ကို သောက်စို့ကြပါ။
မင်္ဂလာရှိသော အချိန်အခါမှာ စာဖတ်သူများ၊ တရားနာသူများ ကိုယ်စိတ်နှလုံးမှာ အေးချမ်းသာယာ နိုင်ကြပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ နိုင်ကြပါစေ…။

11 comments:

Dream said...

အမေများနေ့မှာ ကမ္ဘာမှာ ရှိသမျှ မိခင်တွေ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေရန်.. ဆုတောင်းပေးပါတယ်... တရားတော်ကို ဖြန့်ဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဦးအောင်ဦးရေ....

Anonymous said...

အမေများနေ့ ကို သတိရစေရန်ရေးသားပေးသော ညီလေးကိုကျေးဇူးတင်ပါတယ်..ကမ္ဘာပေါ်မှာ ဒီနေ့က
မီခင်တွေအတွက် လူသားတို့ဘ၀မှာ အရေးပါသောနေ့ ထူးနေ့မြတ်လေး တစ်နေ့ဖြစ်လို့ ..အခုလို အမေများနေမှာ အမေတို့အား
လုံး ကျန်းမာအေးချမ်းခြင်းပျော်ရွှင်စွာ မိသားစုဘ၀လေးနဲ့ အတူ သားမြေးမြစ်တီတွတ်..ဒီထက်မှက အသက်ရှည်ပျော်ရွှင်စွာနေရပါစေလို့ ဆုတောင်းလိုက်ပါတယ်

Anonymous said...

အမေများနေ့အတွက် တရားရော ရေးသားပေးတဲ့ ကိုအောင်ဦးကျေးဇူးပါ.

ဝှိုက်ဝှိုက် said...

အမေများနေ့အတွက်တရားတော်ဖြန့်ဝေပေးလို့ကျေးဇူးပါ

Anonymous said...

ပြာသိုလပြည့်
အမေနေ့တွင်
ချမ်းမြေ့အမေ
ပျော်ရွှင်စေဟု
သားဇေ ဆုတောင်းလိုက်ပါသည်။……….။

မြတ်သွယ် said...

အမေများနေ့ အတွက် တရားမျှဝေပေးတဲ့ ကိုအောင်ဦးကို ကျေးဇူးတင်ပါတယ
်အမေများ ကျန်းမာကြပါစေ

သင်းနွယ်ဇင် said...

သတိတယ ဖြစ်စေလို့ ကျေးဇူးပါ။

ခေါင်ခေါင် said...

ဒီတရားလေး တင်ထားပေးတဲ့ အစ်ကိုရေ.. ကျေးဇူး အများကြီးပါ...
ညီမလေး တို့ အားလုံးပို့သပေးတဲ့မေတ္တာကြောင့် အစ်ကို့ ဘ၀လမ်းတစ်လျှောက် သာယာဖြောင့်ဖြူးအေးချမ်းပါစေ..
ခလုတ်မထိ ဆူးမငြိပါစေ.နဲ့...
အစ်ကိုမျှော်မှန်းသမျှ အားလုံး အဆင်ပြေ အောင်မြင်ပါစေ

Unknown said...

အောင်ဦး
ကျေးဇူးအထူတင်ပါတယ်ရှင်

Unknown said...

အောင်ဦး
ဒီတရားလိုင်းလေးကိုအစ်မခုမှသိလိုက်ရတာပါ
တရားရဲ့အကျိုးကျေးဇူးကိုလည်း သိတဲ့အတွက်
သူငယ်ချင်းတွေကိုလည်း နာလည်နိုင်အောင် ဖြန့်ဝေထားပါတယ် ။အားလုံးကလည်း အောင်ဦးကိုကျေးဇူးတင်ကြောင်း အစ်မတွေအာလုံးရဲ့ကိုယ်စား အစ်မကပြောလိုက်ပါတယ် ။ အားလုံးကိုအေးချမ်းအောင်လုပ်ပေးတဲ့တရားတွေကိုနာရတဲ့
အတွက် အောင်ဦးရဲ့ရည်မှန်းချက်အားလုံး အောင်မြင်ပါစေလို့ အစ်မတို့အားလုံးကဆုတောင်းပေးပါတယ်ကွယ်

Anonymous said...

အကို
နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေလို့
ကျွန်တော်အောင်ကိုကျော်မှဆုတောင်းမေတ္တာပို့သ
လိုက်ပါတယ်