ကံအကျိုးပေး မတူညီခြင်းအကြောင်း

လောက၌ သတ္တ၀ါတို့၏စိတ်သည် အင်မတန် ဆန်းကြယ်လှပေ၏။ ထိုသို့ ဆန်း ကြယ်လှသော စိတ်တို့၏ပြုပြုဖန်တီးခဲ့သည့်အတိုင်းပင် ရရှိနေကြပေပြီ။ ယခုရရှိ နေသော မိမိတို့၏ အခွင့်အရေး၊ လာဘ်လာဘတို့သည် အတိတ်၌ပြုလုပ်ခဲ့သော ကံအကြောင်းတရားများကြောင့်ပင်ဖြစ်ပေသည်။ အတိတ်ဆိုရာ၌ ပြီးဆုံးခဲ့သော အချိန်အားလုံးကို ယူရပေမည်။ အကြောင်းကြောင့် အကျိုးဖြစ်ရသော ပဋိစ္စ သမုပ္ပါဒ်ဒေသနာတော်အရ အတိတ်က အ၀ိဇ္ဇာနှင့်တဏှာတို့ကြောင့် ယခုလက်ရှိ၌ ဒုက္ခသစ္စာကြီးကို ရရှိနေပေသည်။ အ၀ိဇ္ဇာဆိုရာ၌ သိသင့်သည်တို့ကို မသိခြင်း၊ မသိသင့်သည်တို့ကို သိနေခြင်းကို ဆိုလို၏။ တဏှာကတော့ တွေ့ကြုံနေသမျှ ကာမဂုဏ်တို့အပေါ်၌ လိုချင်တပ်မက်နေခြင်းပင်ဖြစ်၏။

ထိုသို့ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှု တို့ကြောင့် ယခုဒုက္ခသစ္စာခန္ဓာကိုယ်ကြီး ကို ရရှိနေသလို ယခုလက်ရှိ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှုတို့ အတော မသတ် အထပ်ထပ် ဖြစ်နေပြန်လျှင်လည်း နောက်ထပ် ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကို ရရှိကြပေဦးမည်ဆိုတာ သတိပြုသင့်လှပေသည်။ ထိုဒုက္ခသစ္စာခန္ဓာတို့ကို ဘုံအား ဖြင့် ခွဲပြရလျှင် လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်လေးဘုံဟူ၍ရှိ၏။ ဤ မတူညီသော ဘုံဘ၀တို့သည်လည်း မိမိပြုမူခဲ့သော ကံတရားတို့ကြောင့်ပင်ဖြစ်၏။ တဖန်လည်း ထိုဘုံဘ၀တွေမှာပင် ရရှိသောဆင်းရဲချမ်းသာတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ လူတို့၌ လူချမ်းသာ၊ လူဆင်းရဲတို့ရှိသလို နတ်၌လည်း နတ်ချမ်း သာ၊ နတ်ဆင်းရဲဟူ၍ ကွာခြားနေပေသေးသည်။ တိရစ္ဆာန်တို့မှာလည်း ဤသို့ပင် ဖြစ်နေကြပေသည်။ ထိုသို့ ကံ ကံ၏အကျိုးကြောင့် မတူညီသောအချက်တို့ကို ကြည့်ပြီး မိမိရသမျှနှင့် ရောင့်ရဲသင့်လှပေသည်။ ကျွန်ုပ်တို့သည် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကုန်သောဘုရားရှင်တို့နှင့် တွေ့ကြုံခဲ့သည်ထားဦး မွန်မြတ်သော တရားတော်နှင့်ကား လွဲသွေခဲ့ရလေပြီ။ ထို့ကြောင့် စာဖတ်သူတို့အား ကျွန်ုပ်အကြံပေးလိုသည်မှာ ကျန်ရှိသောအချိန်တို့ကို မေ့လျော့နေမှုတို့ဖြင့် ဖြုန်းတီးမနေတော့ဘဲ တန်ဘိုးရှိသောလူ့ဘ၀မှာ တန်ဘိုးရှိသော ဗုဒ္ဓဟောကြား ခဲ့သည့် တရားတောများအတိုင်း ကျင့်ကြံနေထိုင်ကြမှ တော်ပေမည်။

ထိုသို့ စကားချီး ဆိုပြီးနောက် လူတို့၏ကံအကျိုးပေး တစ်ယောက်နှင့်တစ်ယောက် မတူညီသောအကြောင်းတို့ကို ပြောပြပါအံ့။ ထိုအကြောင်းတို့ကို မပြောသေးခင် မတူညီသောအချက်တို့ကို အရင်ဦးဆုံး ဆိုရပေဦးမည်။


(၁) တချို့ အသက်ရှည်၏၊ တချို့အသက်တိုကြ၏။

(၂) တချို့ ဝေဒနာများ၏၊ တချို့ဝေဒနာမများကြ။

(၃) တချို့ ရုပ်အဆင်းလှပ၏၊ တချို့ ရုပ်ဆိုးကြ၏။

(၄) တချို့ ဘုန်းကံကြီး၏၊ တချို့ ဘုန်းကံနည်းကြ၏။

(၅) တချို့ စီပွားရေးအောင်မြင်ကြ၏၊ တချို့ စီပွားရေးမအောင်မြင်ကြ။

(၆) တချို့ အမျိုးမြတ်၏၊ တချို့ အမျိုးမမြတ်ကြ။

(၇) တချို့ ဥာဏ်ပညာထက်မျက်ကြ၏၊ တချို့ ဥာဏ်ပညာမထက်မျက်ကြ။


ဤ ပြဆိုခဲ့သော ကံအကျိုးပေး မတူညီကြခြင်းမှာ အဘယ်ကြောင့်နည်း။ အတိတ် ကံတို့၏အကြောင်းများ မတူညီခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ (၁) အကြင်သူသည် ထိုထို ဘ၀တို့၌ သူတစ်ပါးတို့၏အသက်ကို သတ်ဖြတ်ခြင်းအမှုကို ပြုလုပ်ခဲ့ခြင်းကြောင့် ယခုဘ၀၌ အသက်တိုရ၏။ ထိုသို့မပြုဘဲ တစ်ပါးသောသူတို့၏အသက်တို့ကို ကြင်နာသနားတတ်ပြီး မသတ်မဖြတ်ခဲ့သူတို့မှာကား အသက်ရှည်ကြပေ၏။ (၂) သူတစ်ပါးတို့အား ညှင်းဆဲခဲ့သူတို့မှာ ယခုဘ၀၌ ရောဂါဝေဒနာ ထူပြော ကြပြီး မညှင်းဆဲဘဲ ကြင်နာတတ်သူတို့မှာကား အနာရောဂါမထူပြောဘဲ ကိုယ်ချမ်း သာခြင်းနှင့် ပြည့်စုံကြရပေသည်။ (၃) သူတစ်ပါးတို့အား မေတ္တာတရားထားခဲ့ကြ သူတို့မှာ ရုပ်အဆင်းလှကြပြီး ဒေါသစရိုက်ကြီးခဲ့သူတို့မှာကား ရုပ်အဆင်းဆိုးကြ ပေသည်။ (၄) ကုသိုလ်ကောင်းမှုတို့ကို မမေ့မလျော့ ပြုလုပ်ခဲ့ကြသူတို့မှာ ယခု ဘ၀ ဘုန်းကံကြီးမားကြပြီး ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့နေခဲ့ကြသူတို့မှာကား ဘုန်းကံနည်းပါးကြရပေသည်။ (၅) နှမျောတွန့်တိုခြင်း(မစ္ဆရိယ)ကို နှင်ထုတ်ပြီး သူတစ်ပါးတို့အား ပေးကမ်းလှူဒါန်းခြင်းအမှုကို ပြုလုပ်ခဲ့ကြသူတို့မှာ စီပွားရေး အောင်မြင်တိုးတက်ကြပြီး မိမိရှိတဲ့ဥစ္စာပစ္စည်းတို့ကို မပေးရက်မလှူရက် နှမျှော တွန့်တိုသူတို့မှာကား စီးပွားရေး မအောင်မြင်၊ မတိုးတက်ခြင်းဖြစ်ရပေသည်။ (၆) မာန်မာန ထောင်လွှားတက်ကြွပြီး သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံတတ်သူတို့မှာ နိမ့်ကျသောအမျိုး၌ လူလာဖြစ်ကြရပြီး ထိုသို့ မပြုမူခဲ့သူတို့မှာကား မြင့်မြတ်သော အမျိုး၌ လူလာဖြစ်ကြရပေသည်။ (၇) တစ်ပါးသောသူတို့အား ကောင်းမွန်သော အသိပညာ၊ အတတ်ပညာတွေ ဖြန့်ဝေပေးခြင်း၊ သင်ကြားပေးခြင်း၊ ကိုယ်ကိုယ် တိုင်လေ့လာသင်ယူခြင်းစသော ပညာပါရမီတို့ကို ပြုလုပ်ခဲ့ကြသူတို့မှာ ယခုဘ၀ ပညာဥာဏ်ထက်မျက်ကြပြီး မိမိ၏အတတ်ပညာ၊ အသိပညာတို့ကို အကြောင်းပြု ၍ သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံခဲ့ခြင်း၊ မိမိကိုယ်တိုင် ပညာဆည်းပူးလေ့လာမှု မပြုခဲ့ကြသူတို့မှာကား ယခုဘ၀ ဥာဏ်နည်းကြရပေသည်။

ထိုသို့သော အကြောင်းတရားများကြောင့် ရရှိနေကြသော အကျိုးတရားတို့မှာ မတူနေကြခြင်းဖြစ်ပေ၏။ မိမိပြုလုပ်ခဲ့သော ကံအကြောင်းတရားများအတိုင်း ရရှိ နေကြသည်ကို လက်ရှိကိုယ်ပိုင်ဆိုင်ထားသော အခွင့်အရေးအား မကျေမနပ် ဖြစ်ပြီး မရောင့်မရဲမရှိကြလေနှင့်။ ရရှိထားသောအခွင့်အရေးကို မကျေနပ်၍လည်း လမ်းမှားကို မကျင့်ကြလေနှင့်။ ကျင့်ကြံနေကြမည်ဆိုလျှင် အကုသိုလ်ကံအသစ် တို့ကိုသာ ပြုလုပ်နေသလိုဖြစ်ပေမည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် ယခုဘ၀၌ ကောင်းမှုတို့ကိုသာ များများပြုလုပ်ကြဘို့ လိုအပ်ပါသည်။ နောက်ဘ၀ ကောင်းစားဘို့အရေး ဆိုလိုနေခြင်းလည်း မဟုတ်ပါပေ။ ယခုရရှိထားသော ခန္ဓာငါး ပါး ဒုက္ခသစ္စာကြီးမရှိရာ နိဗ
န်ကိုသာမျှော်မှန်း၍ ဒါန၊ သီလ၊ ဘာဝနာတရားများ ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါကုန်။...။


စားဖတ်သူတို့အားလုံး စိတ်ဆင်းရဲခြင်း ကင်းငြိမ်းကြပါစေ။

စာရေးသူ - ထွန်းထွန်းလှိုင်

1 comment:

နိုးဆော်ချက် said...

ကိုမသိဘူးရေဒီတစ်ခါတော့ ကံကံ၏အကျိုးပေးပုံလေးကိုဆွေးနွေးချင်ပါတယ။်
ကောင်းတာလုပ်တိုင်း ကောင်းတာဖြစ်ကြေးဆိုရင် ဘုရားထီးတင်ပြီး မိုးကြိုးပြစ်ခံရတာ ဘယ့်နှယ်လုပ်မတုန်း?
ကိုမသိဘူးမေးထားတဲ့မေးခွန်းလေးပါ....
ဒါဆိုရင်တော့ ကိုမသိဘူးကို ကံ ကံ၏အကြောင်းလေးကိုအရင်ရှင်းပါအုန်းမယ်....
ကောင်းတာပြုလုပ်ရင်ကောင်းတာဖြစ်မယ်..မကောင်း
တာပြုလုပ်ရင်မကောင်းတာဖြစ်မယ်
လို့ဘုရားရှင်ဟောကြားခဲ့ပါတယ်...
၁)ရတနာသုံးပါးကိုကိုးကွယ်ဆည်းကပ်ခြင်း
၂)ငါးပါးသီလလုံခြုံခြင်း
၃)အသက်မွေးဝမ်းကြောင်းအတွက်မိစ္ဆာဇီဝါ ဖြင့်အသက်မွေးခြင်းကိုရှောင်ကြဉ်ခြင်း၊ ဒီသုံးပါးနှင့်ပြည့်စုံပြီးသောအခါကံကောင်းကံဆိုးအမျိုး
မျိုးဝေဖန်တတ်ဖို့နှင့်ထိုကံများ၏ကောင်းကျိုးမကောင်း
ကျိုးပေးပုံကိုသိရှိရန်လိုအပ်ပါသည်....မိစ္ဆာဒိဋ္ဌိအယူမှား
(၁၀)မျိုး
၁။ နတ္ထိဒိန္နံ
လှူခြင်း၏အကျိုးးမရှိ(ယခုဘဝတွင်စွန့်ကြဲပေးကမ်း
လှူဒါန်းခြင်းကြောင့်နောက်နောင်ဘဝတွင်အကျိုးမရှိ)
၂။နတ္ထိယိဋ္ဌံ
(အကြီးအကျယ်ယဇ်ပူဇော်ခြင်း၏အကျိုးမရှိ ၊ဓနရှင်ဖြစ်ပြီးအကြီးအကျယ်အလှူပေးခြင်းကို"ယဇ်
ကြီးပူဇော်ခြင်းဟုခေါ်သည်။ထိုသို့ပူဇော်ခြင်းဖြင့်
နောက်နောင်ဘဝတွင်အကျိုးမရှိ...)
၃။နတ္ထိဟုတံ
ယဇ်ငယ်ပူဇော်ခြင်း၏အကျိုးမရှိ(လက်ဆောင်ပေးခြင်း၊
ဧည့်သည်အားဧည့်ဝတ်ပြုခြင်းကဲ့သို့အနည်းငယ်ပူ
ဇော်ခြင်းကိုဆိုလိုသည်။ထိုပူဇော်ခြင်းကြောင့်လည်း
နောက်နောင်ဘဝတွင်အကျိုးမရှိ)
၎။နတ္ထိသုကတဒုက္ကဋာနံကမ္မာနံဖလံဝိပါကော
ကောင်းစွာပြုအပ် ၊မကောင်းသဖြင့်ပြုအပ်သောကံတို့၏အကျိုးရင်း၊အ
ကျိုးဆက်မရှိ(သုစရိုက်ဆယ်ပါး၊ပုညကြိယဝတ္ထုဆယ်ပါး
"သုကတကမ္မ=ကောင်းမူ ၊ဒုစရိုက်ဆယ်ပါးကို ဒုက္ကဋကမ္မ=မကောင်းမူ"ဟုခေါ်၏။ထိုကံတို့၏တိုက်ရိုက
်ပေးနိုင်သောအကျိုးဖလ၊ဆက်သွယ်ကာပေးနိုင်သော
အကျိုးဝိပါကလည်းမရှိ..)
၅။နတ္ထိအယံလောကော
ဤလောကဤဘဝမရှိ(တစ်ခြားဘဝရှိမှ" ဤဘဝဟုခေါ်နိုင်ရကား၊တစ်ခြားဘဝမရှိသောကြောင့်
"ဤဘဝဟုခေါ်စရာလည်းမရှိဘဝဆိုသည်မှာတစ်ခုသာ
ရှိ၏။ထိုတစ်ခုဆုံးလျှင်နောက်ထပ်တစ်ခုမရှိတော့ဟုဆိုလိုသည်။
၆။နတ္ထိပရောလောကော
အခြားဘဝမရှိ(ဤလူဘဝအပြင်တစ်ခြားဘဝတစ်မျိုးမရှိ
ဤလူဘဝ၏နောက်တွင်လည်းဘဝတစ်ရပ်နောက်ထပ်
်ဖြစ်စရာမရှိဤဘဝဆုံးလျှင်ပြတ်တော့၏ဟုဆိုလိုသည်။
၇။နတ္ထိမာတာ
အမိမရှိ(မွေးသောမိခင်ရှိမှန်းသိ၏။သို့သော်ထိုမိခင်တွင်
်သားသမီးဝတ်ကျေအောင်ပြုစုသော်လည်းနောက်နောင်
ဘဝတွင်အကျိုးမရှိ
ဟုဆိုလိုပါသည်။
၈။နတ္ထိပိတာ
အဘမရှိ(မွေးသောဖခင်ရှိမှန်းသိ၏။သို့သော်ထိုဖ
ခင်တွင်သားသမီးဝတ်ကျေအောင်ပြုစုသော်လည်း
နောက်နောင်ဘဝတွင်အကျိုးမရှိဟုဆိုလိုပါသည်။
၉။နတ္ထိသတ္တာသြပပါတိကာ
တစ်ခြားဘဝတွင်သေပြီး၍ဤဘဝတွင်ဖြစ်လာနိုင်
သောသတ္တဝါမရှိ(ဖြစ်ရာဘဝတွင်တစ်ကြိမ်သာဖြစ်၍
နောက်ထပ်မဖြစ်နိုင်ပဲပြတ်စဲသောကြောင့်အခြားဘဝ
မှဤဘဝသို့ရောက်လာနိုင်သူမရှိဟုဆိုလိုပါသည်)
၁၀။နတ္ထိလောကေသမဏဗြဟ္မဏာ သမဂ္ဂတာသမ္မာပဋိ ပန္နာယေ မဉ္စလောကံ ပရဉ္စလောကံ သယံအဘိညာ သစ္ဆိကတွာာပဝေဒေန္တိ
ဘဝနောက်ဘဝကိုကိုယ်တိုင်သိ၍
(မျက်စိအောက်ရောက်နေသကဲ့သို့မျက်မှောက်ပြု၍)
သူတစ်ပါးတို့ကိုတစ်ဆင့်သိဖို့ဟောပြောနိုင်လောက်
အောင်ကောင်းစွာကျင့်ကြံကျိုးကုတ်အားထုတ်သော
ရဟန်းတို့လောကတွင်မရှိဟုထင်မြင်ခြင်း။

ဒါကတော့မိစ္ဆာဒိဋ္ဌိ(၁၀)မျိုးပါ..မိစ္ဆာဒိဋ္ဌိမှာက နတ္ထိ-မရှိ.သမာဒိဋ္ဌိ(၁၀)မျိုးကတော့ မိစ္ဆာဒိဋ္ဌိနှင့်ဆန့်ကျင်ဘက်အတ္တိ-ရှိ၏လို့ယူလိုက်ရင်
သမာဒိဋ္ဌိ(၁၀)မျိုးရပါတယ်။
ဒါကတော့ ကံအကျိုးပေးပုံအပေါ်အယူမှားခြင်းကိုရှင်းလင်းခြင်းပါ...
"ဗောဓိပင်ပျိုးတဲ့သူခြေကျိုး ပြီး ဗောဓိကိုင်းကိုချိုးတဲ့သူရွှေအိုးရသွားတယ်"ဆိုတဲ့
ကံအကျိုးပေးပုံလေးကိုရှင်းပြချင်ပါတယ်... ဒါလေးမပြောခင်အားကြီးသောကံလေးမျိုးအကြောင်း
ပြောပါအုံးမယ်။ဂရုကကံ- အားကြီးသောကံ ၊ အာသဏ္ဏကံ-သေခါနီးအကျိုးပေးတဲ့ကံ၊
အာစိဏ္ဏကံ-အမြဲတမ်းလုပ်တဲ့ကံ၊
ကတ္တတာကံ-ခွအကျိုးပေးတဲ့ကံဆိုပြီးရှိပ်ါတယ်။
အချို့အတိတ်ဘဝကိုပြန်လည်မှတ်မိနိုင်သော
(ဇာတိသာရ)ညဏ်ရတဲ့သူတွေရှိ ပါတယ်။ခွအကျိုးပေးတဲ့ကံအကြောင်း
ပြောပြချင်ပါတယ်၊ အရှင်အာနန္ဒာ အလောင်းလျာ သည် သူတစ်ပါး၏မိန်းမကိုပြစ်မှားဘူးသောကံကြောင့် မိန်းမဘဝခုနှစ်ဘဝ
ရောက်ခဲ့ပေသည်..မိန်းမအဖြစ်နောက်ဆုံးဘဝတွင် ဘုရင်တစ်ပါး၏သမီးတော်ဖြစ်လေသည်၊ ထိုသမီးတော်သည်
အတိတ်ကိုပြန်လည်မှတ်မိနိုင်သောညဏ်ရလေသည်၊ ထိုအတူထိုနန်းတော်တွင်ပင် ဇာတိသာရညဏ်ရသောပုဂိုလ်
များလည်းရှိပေသည်၊ တစ်ဦးသောအမတ်သည် အတိတ်ဘဝက အကုသိုလ်ဖြစ်သောသူတစ် ပါး၏အသက်ကိုသတ်
၍သေလွန်ပြီးယခုဘဝတွင် ဘုရင်နန်းတော်တွင်အမတ်ဖြစ်သဖြင့်မကောင်းမူပြု
လုပ်လျှငိမကောင်းမူမဖြစ်ပါဟုဘုရင်အားလျှောက်
လေသည်၊ထိုအခါရှင်ဘုရင်၏ဆံသခဝါသည်ကလည်း
သူလည်းဇာတိသာရညဏ်ရကြောင်း နှင့် အတိတ်ဘဝတွင်မကောင်းမူများပြုလုပ်ခဲ့သော်လည်း
ယခုဘဝတွင်လူဖြစ်လာရကြောင်းပြောရာ ဘုရင်သည်
မကောင်းမူလုပ်လျှင်မကောင်းမူမဖြစ်ဟုထင်မြင်ကာ
ကောင်းမူများမပြုလုပ် တော့ပေ၊ထိုအခါ အရှင်အာနန္ဒာ အလောင်းလျာ သမီးတော်သည် မိမိလည်း အတိတ်ဘဝကိုပြန်လည်မှတ်မိကြောင်းး"မိမိသည် ဘဝတခုတွင် သူတစ်ပါး၏သားမယား
အားစော်ကားမိသဖြင့် မိန်းမဘဝရရကြောင်း"ပြောသော်လည်းဘုရင်ကမယုံ
ုံကြည်တော့ပေ၊ထိုအခါ ဘုရင့်သမီးတော်
သည်"မိမိ၏ဖခမည်းတော်တွင်ရှိနေသော အယူမှားတို့အားဇျောက်ဖျက်ပေးပါရန်" တိုင်တည် ရာ ဘုရားအလောင်းတော်
နတ်သားသည်ရသေ့အသွင်ဆောင်လျှက်ရှင်ဘုရင်
အားကောင်းတာလုပ်လျှင်ကောင်းတာဖြစ်၍မကောင်း
တာလုပ်လျှင်မကောင်းတာဖြစ်ကြောင်းဟောလေရာမှ
အရှင်ဘုရင်အယူမှန်ပြန်ရလေသည်။ဤကတ္တတာကံ
သည်ယခုဘဝမကောင်းတာလုပ်၍နောက်ဘဝင်တွင်
မခံစားရသေးဘဲ ခွ၍အကျိုးပေးခြင်းပင်ဖြစ်ပါသည်။
ကုသိုလ်အကုသိုလ်ပြုလုပ်ရာမှာဇော(၇)ဇောနဲ့
ပြုလုပ်ကြပါတယ်၊ပထမဇောစေတနာဖြင့်ပြုလုပ်ပါက ဤဘဝတွင်ချက်ခြင်းအကျိုးပေးနိုင်သည။်
သတ္တမဇောစေတနာဖြင့်ပြုလုပ်ပါက ဒုတိယဘဝတွင်အကျိုးပေးနိုင်သည။်
အလယ်ဇောငါးဇောဖြင့်ပြုလုပ်ပါက နိဗ္ဗာန်မရောက်မခြင်းထ၍ အကျိုးပေးတတ်ပါတယ်၊

ခုနကဗောဓိပင်ပျိုးတဲ့သူကအတိတ် ဘဝမှာပြုလုပ်သောအကုသိုလ်ကြောင့် ရုပ်၊နာမ်နှစ်ပါးချုပ်ရမည်မှန်သော်
လည်း ဗောဓိပင်ပျိုးသောကုသိုလ်စိတ်ကြီးမားသောကြောင့် ခြေထောက်ကျိုးရုံသာ ရရှိခဲ့တယ်။ဗောဓိပင်ဖျက်
ဆီးတဲ့သူကရွှေအိုးရခြင်းမှာအတိတ်ဘဝကပြုခဲ့
သောကောင်းမူကြောင့်ဖြစ်ပြီးချက်ခြင်းအကျိုးပေးခြင်း
မပေးခြင်းကအပေါ်တွင်ရှင်းပြခဲ့သောပြုလုပ်သူ၏
ဇော၇ဇောပေါ်မှာမူတည်ပြီးအကျိုးခံစားရပါလိမ့်မယ်...
ဒီလိုဆိုရင်ကုသိုလ်အကျိုးပေးပုံနဲ့အကုသိုလ်အကျိုးပေး
ပုံကိုခွဲတတ်မယ်ထင်ပါတယ်...နောက်တစ်ခုက လူ့ပြည် အနှစ်(၁၀၀)မှာနတ်ပြည်(၁)ရက်ဆိုတော့ယခုဆိုလျှင်
သာသနာသကရာဇ်၂၅၅၁ ခု
ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တာ နတ်ပြည်မှာဆို ရက်ပေါင်း(၂၅)ရက်ပဲရှိပါအုံးမယ်၊ပူပူနွေးနွေးပဲရှိပါသေး
တယ်၊ဘုရားရှင်တရားကိုကိုယ်တိုင်နာကြားဘူးသော
နတ်များနတ်ပြည်(၆)ထပ်မှာရှိနေအုံးမှာပါ။နတ်ပြည်(၆)
ထပ်မှာလည်းသူ့သက်တမ်းနဲ့သူရှိပါတယ်။နတ်ပြည်(၆)
ထပ်အကြောင်းသိချင်သေးတယ်ဆိုရင်တော့နောက်
တစ်ခါမှာရှင်းပေးပါ အုန်းမယ်၊ နတ်တွေမှာ ဒိဗ္ဗစက္ခု = နတ်မျက်စိ ၊ဒိဗ္ဗသောတ= နတ်နားတွေရှိ ပါတယ်။ ကိုမသိဘူးပြောသလိုအနှစ်
သိကြားမင်းကြီးသိဖို့အတွက် အနှစ်(၆၀၀)တွေစောင့်စရာမလိုပါဘူး။ မိမိပြုတဲ့အတိတ်ဘဝကကုသိုလ်၊အကုသိုလ်ကပဲ
မိမိကိုအကျိုးပေးပါလိမ့်မယ်၊သိကြားမင်းကြီးကိုမျှော်
မနေပါနဲ့။
ဒါလောက်ဆိုနားလည်မယ်လို့ယူဆပါတယ်...
မေတ္တာပို့ခြင်းနဲ့ပက်သက်ပြီးတော့....
မေတ္တာပို့တယ်ဆိုတာ မေတ္တာပို့တဲ့သူကလောဘ၊ ဒေါသ ၊မောဟကင်းရမှာပါ..သူတစ် ပါးကောင်းကျိုးကိုလို လား
လို့မေတ္တာပို့တာပါ...လောဘ၊ ဒေါသ ၊မောဟကင်းပြီးမေတ္တာပို့ရင်မေတ္တာအစွမ်းကပိုထက်
ပါတယ်။အဲဒါကြောင့်လူတိုင်းဗြဟ္မစိုတရားလေးပါးဖြစ်
တဲ့(မေတ္တာ၊ဂရုဏာ၊ဥပေက္ခာ၊မုဒိတာ)တရားတွေကို
လက်ကိုင်ထားနိုင်ရင်ကမ္ဘာပေါ်မှာစစ်ပွဲတွေ၊အနိုင်ထက်
ကျင့်မူတွေရှိမှာမဟုတ်တော့ပါဘူး..မေတ္တာတရားပွား
များနေခြင်းကြောင့်မိမိစိတ်နှလုံး
လည်းအေးချမ်းပါတယ်၊တကယ့်ချမ်းသာအစစ်ကိုလ
ိုချင်ရင်တော့အို၊နာ၊သေဘေး ကင်းရာနိဗ္ဗာန်ကိုရောက
်ရှိနိုင်မယ့်ဝိပသာနာတရားကိုလက်တွေ့ကျင့်ကြံကြည့်
ပါလို့လည်း အကျိုးမျှော်နိုးဆော်အပ်ပါသည်။
ပုံဥပမာလေးတွေနဲ့ပြောပြချင်ပါတယ်...ပို့စ်ကအရမ်း
ရှည်နေလို့ပါ...နောက်ကိုဘုရားရှင်လက်ထက်ပုံဝတ္ထုများ
နှင့်ရေးသားဖော်ပြပေးပါမည်....ဘုရား၊တရား၊သံဃာ
အားအစဉ်ဦးခိုက်လျှက်....ကိုမင်းဝေ။