မြင့်မြတ်ပြည့်စုံ သရဏဂုံ

မြန်မာဗုဒ္ဓဘာသာတိုင်းရင်းသားအားလုံးနီးပါး၏ ကလေးများသိတတ်စအရွယ်မှစ၍ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်းသိအောင်အစဦး ဆုံးသင်ကြားလေ့ကျင့် ပေးကြပါသည်။ အိမ် သို့ဆွမ်းခံကြွသည့် ရဟန်းသံဃာ ကိုဖြစ်စေ၊ အဘိုးအဘွား သက်ကြီးများကိုဖြစ်စေ “ဦးတော်” “ဦးတော်” ဟုဆိုခိုင်းကာဦး တင်ရှိခိုးရိုသေသမှုပြု စေကြပါသည်။ တဖြည်းဖြည်း အရွယ်လေးကြီးလာသောအခါ “ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာ မိ” ဆိုတတ်အောင်သားသမီးလေးတွေ ကိုနှုတ်တိုက်သင်ပေးကြသည်။ ထိုသို့နှင့်မွေးဖွားကြီးပြင်းကာအိုမင်းရင့် ရော်သေဆုံး သွားကြလေသည်။ သေဆုံး သည်ဆိုလျှင် သရဏဂုံတင်ရမည့်ကိစ္စကိုနောက်ဆုံး အရေးတကြီးကိစ္စအဖြစ်ဖုတ်ပူမီးတိုက်ဆောင်ရွက်ကြပါတော့သည်။ သရဏဂုံတင် သည်ဆိုသော ကိစ္စသည်မြန်မာဗုဒ္ဓဘာသာအား လုံးအတွက်နောက်ဆုံး ခရီးထွက် တော့မှပျာပျာသလဲဆောင်ရွက်ရသည့်ကိစ္စဖြစ်နေရသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်းလှပါသည်။ သရဏဂုံဆိုသည်မှာမြန်မာစကားမဟုတ်ပေ။ (သရဏ+ ဂမန) ဟူသောမဂဓတိုင်းဘာ သာစကားမှဆင်းသက်ပြောင်းလဲလာသည့်စကားဖြစ်ပါ သည်။ သရဏဆိုသည်မှာကိုးကွယ်ထိုက်သောဝတ္ထု၊ ကိုးကွယ်ထိုက်သောပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ရှိပေ သည်။ ဂမနဆိုသည်မှာရောက်ခြင်းဟုအဓိပ္ပါယ်ရှိသည်။ သို့ဖြစ်၍ ပေါင်းစပ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ပြန်သောအခါ ကိုးကွယ်ရာအဖြစ်သို့ရောက်သည် ဟုအနက်အဓိပ္ပါယ်သက်ရောက်ခြင်းကိုသရဏဂုံဟုခေါ်သည်။ ကိုးကွယ်ဆိုသောစ ကားမှာမြန်မာစကား ဖြစ်ပါသည်။ ကိုး-ဆို သည်ကအားကိုးခြင်း၊ ကွယ်-ဆိုသည်က ကာကွယ်ပေးခြင်းဟုအ ဓိပ္ပါယ်ရှိသည်။ မည်သည့်ကိစ္စများအတွက်အား ကိုးပြီး၊ မည်သည့်ကိစ္စများအတွက်အကာ အကွယ်ပေးပါ သလဲဟုတွေးတောဆင် ခြင်ကြည့် ရပါမည်။ အပါယ် လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါးအစရှိသည်တို့မှကာကွယ်ကင်း လွတ်ပြီး မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကိုရမည်ဟုယုံကြည်စိတ်ချအား ကိုး သောကြောင့်ဖြစ်သည်။ ကိုးကွယ်ထိုက်၊ ကိုးကွယ်သင့်သောသရဏ၀တ္ထုသုံးမျိုးရှိပါ သည်။ ဘုရား၊ တရား၊ သံဃာ ဟူ၍ဖြစ်ပေသည်။ ထိုသရဏ ၀တ္ထုသုံးမျိုးကိုအ ဘယ်ကြောင့်ကိုးကွယ် ထိုက်သလဲဟုဆိုသော် ဖြူစင်သော၊ သီလ၊ သမာ ဓိ၊ ပညာ အစရှိသည့် ဂုဏ်တွေကြောင့်ကိုးကွယ်ဆည်းကပ် ထိုက်ခြင်းဖြစ်ပါသည်။ ကိုးကွယ် ခြင်းဟူ သောသရဏဂုံတွင်နှစ်မျိုးရှိသည်။ တစ်ဆင့်ကြားသုတသရဏဂုံနှင့်ကိုယ် တွေ့သရဏဂုံဟူ၍ဖြစ်သည်။ မြတ်စွာဘုရား၏ဂုဏ်ကျေးဇူး၊ တရားတော်၏ဂုဏ် ကျေးဇူး၊ သံဃာတော်၏ ဂုဏ်ကျေးဇူးများကို ကြားဖူး၊နာဖူး၊ မှတ်သားဖူး၍ ဗုဒ္ဓံသရ ဏံဂစ္ဆာမိ စ သည်ဖြင့်ရွတ်ဆိုဆောက်တည်သောသရဏဂုံမျိုးကိုတစ်ဆင့်ကြား သ ရဏဂုံဟုခေါ်ပါ သည်။ သိတတ်ခါစကလေးအရွယ်တုန်းကလူကြီးမိဘများသင်ပေး သဖြင့်မိဘရိုးရာရွတ်ဆို မှုမျိုးသာဖြစ်သည်။ ကိုယ်တွေ့သရ ဏဂုံဆိုသည်မှာ သက္ကာ ယဒိဋ္ဌိ(ငါစွဲ၊ ငါ့ဟာ၊ ငါပိုင်ဟုစွဲ သောအယူ)နှင့် ၀ိစိကိစ္ဆာ(မရှင်းလင်းခြင်၊ ယုံမှားသံသ ယဖြစ်ခြင်း)တို့၏ ငြိမ်းပျောက်ရာ ဖြစ်သော အာယတနဓာတ်(မြင်စိတ်၊ ကြားစိတ်၊ နံ စိတ်၊ စားစိတ်၊ ယားနာ စိတ်၊ တွေးတော စိတ်)တရားများ၏ဖြစ်ပျက်ပုံကိုမြင်နိုင် သောသမ္မာဒိဋ္ဌိဥာဏ်(အမြင်မှန်)နှင့်ပြည့်စုံသော သရဏဂုံ မျိုးကိုခေါ်သည်။ ရဟန်း သံဃာတော်များထံမှ သီလယူဆောက်တည်ဖူးသူတိုင်း ကြားဖူးနားဝရှိသည့်ပါဠိစ ကားလေးတွေရှိပါသည်။ ယမဟံ ၀ဒါမိ တံဝဒေထ (ကျွန်ုပ်ဆိုသ လိုလိုက်ဆိုကြ၊) ထိုအခါ လူအများက အာမ ဘန္တေပါ (အရှင်ဘုရားကောင်းပါပြီ ။လိုက်ဆိုပါမည်အ ရှင်ဘုရား)ဟုဝန်ခံကြသည်။ ထို့နောက် “နမော တဿ ဘဂ၀တော အရဟ တော သမ္မာသမ္ဗုဒ္ဓဿ” (အရဟံ ဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူသောထိုမြတ်စွာ ဘုရားကိုရှိခိုးပါ၏။) ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ (ဘုရားကိုဆည်းကပ်ကိုးကွယ်ပါ၏။ တရားကိုဆည်းကပ်ကိုးကွယ်ပါ၏။ သံဃာကို ဆည်းကပ်ကိုး ကွယ်ပါ၏)ဟုသုံးကြိမ်ဆိုခိုင်းပါသည်။ သုံးကြိမ်ပြည့်သောအခါ ရဟန်းသံဃာက တိသရဏ ဂမနံ ပရိပုဏ္ဏံ သရဏဂုံ (ခံယူဆောက်တည်မှု ကိစ္စပြီး ပြည့်စုံပြီ ဟုဆို၏။) လူတွေက အာမ ဘန္တေ(ကောင်းပါပြီအရှင် ဘုရား)ဟုလိုက်ဆို ကြ၏။ ထိုသို့ရ ဟန်းနှင့်သီလယူသူ လူအများ ပါဠိလိုအပြန်အလှန်တိုင်ပေး၊ လိုက် ဆိုကြသော ကိစ္စကိုလူအတော်များများက ဘာကိုဆိုလို့ဆိုမှန်းအဓိပ္ပါယ်မသိစွာနှင့် ဆိုရိုးထုံးစံရှိ၍သာ လိုက်ဆို နေကြသည်။ ထိုသို့ပါဠိစကားဖြင့်အတိုင်အဖောက် ရွတ်ဆိုနေကြသည်မှာသရဏဂုံတည်ဆောက်နေခြင်း၊ သရဏဂုံတင်နေခြင်းဖြစ် သည်ကိုသိမှသိပါလေစဟုတွေးမိပါသည်။ သရဏဂုံ တည်ဆောက်ခြင်းကိုပြုပြီးပါ သော်လည်းဘိုးတော်၊ ဘွားတော်၊ မင်းကြီး၊ မင်းလေး၊ ပျောက်စေဆရာ၊ ပေါက်စေ ဆရာ များအားလုံးကိုလက်တွေ့၊ မျက်တွေ့ကိုး ကွယ်အားထားကြကုန်လေ၏။ မိမိ တို့၏နှုတ်ဖျား မှရွတ်ဆိုတည်ဆောက်ခဲ့သောသရဏဂုံသုံးပါးကိုဘာမှန်းမသိမေ့ လျော့ကုန်ကြလေသည်။ ကိုးကွယ်ရာတွေသုံးပါးမကကိုးကွယ်ကြလေ၏။ ထို့ပြင် သေသောသူ၏ရုပ်အလောင်းအား မြန်မာ့ရိုးရာအတိုင်းသရဏဂုံတင်လေ့ရှိပါသည်။ သေသောသူကိုသရဏဂုံတည်ပေး၍ထို သူမှာသရဏဂုံအကျိုးကိုမရ တော့ပါ။


တဆက်တည်းပြောလိုသည်မှာ ယနေ့အချိန်ခါမှာတော့အတုယောင်များကအတော် နေရာယူလာကြပါပြီ။ အနည်းငယ်ပြောပြလိုပါသည်။ လူတွေကိုက အားကိုးစရာဟု ထင်မှတ် ကာနတ်များ၊ မယ်တော်၊ ဘိုးတော်များကိုပို၍အလေးထားပြုလုပ် နေကြပါ သည်။ ကိုကြီး ကျော်ဆိုသော အမူးသမားနတ်ကိုကိုယ်ကွယ်ရာအဟုတ်မှတ်ကာ သွားရောက်ဆက်သနေ ကြပါသည်။ ဘုရားရှင်က သေသေရည် စီးပွားပျက်ကို တစက်ကယ်မျှမသောက်ကြ နှင့်ဟု ဆုံးမတော်မူခဲ့ပါသည်။ မောင်ကျော်ကအိုး လိုက်သောက်ကာ အံဖတ်ဆို့သေခဲ့ပါတယ်။ စာဖတ်သူများပင် တွေးကြည့်ကြပါ။ အမေဂျမ်း ဆိုသောနတ်ကိုကြည့်ပါ။ အဲဒီနတ်ဝင်လာ တဲ့အခါမှာဆဲဆိုကာမိုက်ရိုင်း သောစကားများနဲ့ဟောလေ့ရှိပါတယ်။ ဘုရားက၀ဇီဒုစရိုက် လေးပါးကိုမလုပ်ကြ ရန်ဆုံးမတော်မူခဲ့ပါသည်။ အမေဂျမ်းဆို သူကဘုရားနှင့်ဆန့်ကျင်ကာပြောဆိုနေ ပါသည်။ မနှဲလေးဆိုသော ကလေးနတ်ကိုကြည့်ပါ။ သူသည်ယနေ့တိုင်အောင်စ ကားမပီသေးပါ။ မူကြိုကျောင်းကိုတောင်ပို့ထားသင့်ပါတော့သည်။ အဲဒီကလေးနတ် ၀င် သောအခါ ယနေ့ပေါ်သီချင်းများသီဆိုကာနတ်ကကြပါသည်။ အဲဒီကလေးက ယနေ့ထွက် သောသီချင်းများကိုလည်းလိုက်ဆိုတက်နေပါတယ်။ စဉ်းစားတာကြည့် ပါ။ အိမ်တွင်းအဖေ ကြီးဟုခေါ်နေကြသော မောင်တင့်တယ်သည်မီးရှို့အသက်ခံရ ၍သေရခဲ့ပါတယ်။ သူကို လည်းအိမ်မှာဘာကြောင့်ခေါ်ကာတင်ထားကြပါသလဲ။ အစွဲကြောင့်နတ်စိမ်းဖြစ်နေသည်ဘဲထားပါဦး။ သူတို့ကိုပေးကမ်းကျွေး တဲ့အနေနဲ့ တော့ပြုလုပ်လို့ရပါတယ်။ ဘုရားစင်နားရှိနေသောဘိုးတော်ရုပ်များမှာအတော်ပင် ရုပ်ပျက်လှပါတယ်။ ဘုရားနား နေပြီး ဒူးပေါ်၊ ပေါင်ပေါ်ဖြင့်ထိုင်ကာနေပါ သည်။ ထိုသို့ရိုင်းဆိုင်းသောသူများကိုဘာကြောင့်များအိမ်မှာ ထားနေကြသည်ကိုမသိ တော့ပါ။ ထိုအကြောင်း များပြောရင် ဆုံးမှာမဟုတ်တော့ပါ။ စာ ဖတ်သူများ ဥာဏ် ဖြင့်စဉ်းစားကြည့်ပါတော့။ (လူတိုင်း။ အိမ် တိုင်းကိုး ကွယ်နေကြသည်ဟု ကျွန်တော် မပြောပါဘူး)။ ထိုနတ်များကို ကိုကွယ်ပြီးသေပါက အန်ဖတ်စားပြိဿာဖြစ်ရပါ တယ်။ ပေးကမ်းကျွေးမွေးမှုအနေနဲ့တော့ ပြုလုပ်လို့ရပါသည်။ ထိုနတ်များကိုကိုး ကွယ် ရာဟူ၍အားထားမိပါက သရဏဂုံပျက်ပါတယ်။ ထိုသို့မဖြစ်ရလေအောင်အ လေးနက် ထား၍ရေးသားခြင်းဖြစ်ပါတယ်။ သို့မှသာသရဏ ဂုံတည်သော၊ မြဲသော၊ ခိုင်သော မြန်မာ ဗုဒ္ဓဘာသာဝင်များအဖြစ်ဂုဏ်ယူဝင့်ကြွားနိုင်မည် ဖြစ်ပေသည်။ ပြောတော့ဗုဒ္ဓဘာသာဆိုပြီး တခြားအလုပ်တွေလုပ်နေသည်မှာ အရှက်မရှိသော သူများပမာဖြစ်နေပါတော့မည်။ ထို့ကြောင့်ဘုရား၊ တရား၊ သံဃာသာလျင်ကိုးကွယ် ရာအစစ်မှန်ဟုသိလိုက်ပါက နောက်နေ့မှ စ၍နတ်များ။ မယ်တော်၊ ဘိုးတော်များကို ဘာအကြောင်းနှင့်မျှကန် တော့မနေသင့်ပါ။ ဗုဒ္ဓ ဘာသာတိုင် ကံ၊ ကံ၏ အကျိုးကို ယုံကြည်ကြသူများဖြစ်ပါတယ်။ မိမိကောင်းတာလုပ်ရင် ဆုတောင်းစရာမလိုဘဲ ကောင်းကျိုးရမှာအမှန်ပင်ဖြစ်ပါသည်။ မကောင်းတာလုပ်၍ပြေ ပျောက်ပါရစေဟု ဆုတောင်းနေ၍လည်းမရတော့ပါ။ စေတနာသည်ကံဖြစ်ပါ သည်။ မိမိပြုသောကံ သည်မိမိအတွက်ပြန်ခံစားရကြောင်း ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးဖြစ် မည်ဟုထင်မိ ပါသည်။ မိမိအတွက်ဘုရား၊ တရား၊ သံဃာသည်သာကိုးကွယ် အားထားရာအစစ် မှန်ဖြစ် ကြောင်းသိရှိကြမည်ဟုယုံကြည်ရပါမည်။ ထို့ကြောင့်မည်သည့်နေရာ ရောက်ရောက် သရဏဂုံသုံးပါးကိုအမြဲ တည်နေကြပါ။ နံနက်အိပ်ရာထသည်နှင့် တပြိုင်နက် ဗုဒ္ဓ သရဏံ ဂစ္ဆာ မိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာမိ၊ ဟုရွတ် ဆိုပြီးဖြစ်နေပါကအလွန်ကောင်းပါ သည်။ ရေသောက်နေစဉ်၊ ကားစီးနေစဉ်၊ စား သောက်နေချိန်မည်သည့်နေရာ၊ အချိန်မဆို ရွတ်ဆိုပွားများ နေနိုင်ပါသည်။ သတိ တရားရှိဖို့ အဓိကသတိ ပေးပါရစေ။ သတိလွတ် တာနှင့်ပွားများဖြစ်မည်မဟုတ် တော့ပါ။

သရဏဂုံတည်နေစဉ် “ငါ” ကရွတ်နေတာမဟုတ်ဘူး၊ သဒ္ဓါတရားကရွတ်နေ တာဖြစ် သည် ဟု“ငါ”နှင့်ခွာ၍ ကြိုးစားတည်ကြပါ။ သတိတရားမလွတ်ကြစေရန်ထပ်မံ၍ သတိပေးပါရစေ။ ဤသို့မိမိသိနေသောအသိများအတိုင်း လိုက်ကျင့်ကာဒုက္ခအ ပေါင်းမှလွတ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကိုလျင်မြန်စွာရောက်ရှိနိုင်ကြပါစေ။…။



“ဓမ္မချမ်းသာတွေ့အောင်ရှာ အို၊ နာ၊ သေခြင်းကင်းစေသော်”



စာရေသူ- အောင်ဆွေဦး

6 comments:

နိုးဆော်ချက် said...

ကာမေသုနဲ့ပတ်သက်ပြီးအနည်းငယ်ဆွေးနွေးချင်ပါ
သေးတယ်....ကိုမသိဘူးမေးခဲ့တဲ့မေးခွန်းကိုပြန်ဖြေရ
မယ်ဆိုရင်အနောက်နိုင်ငံမှာ ၉၅% လောက်ကမိဘသဘောတူမူမရှိဘဲအတူ
တကွပေါင်းသင်းနေထိုင်ကြတော့ဘယ်လိုလုပ်မလဲ....?

ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟုသီလဆောက် တည်ထားသူ အမျိုးကောင်းသားသည် မိမိ၏သီလ မကျိုးမပေါက်စေရန် အောက်ပါ အာဂမနီယ၀တ္ထု မသွားမလာအပ်သော မိန်းမ(၂၀) ကို ရှောင်ကြဉ်ရပါမယ်။
(၁) မာတုရက္ခိတ - မိခင် စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင် စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
(၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိန်ဆည်းခံရသော မိန်းမ၊
(၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရ သော မိန်းမ(တော်ကောက်ထားသည့် မိန်းမ)။

မာတုရက္ခိတမှ ဓမ္မရက္ခိတအထိ မိန်းမရှစ်မျိုးတို့ကို မိဘစသူတို့က စောင့်ထိန်းသည် ဆိုရာ၌ မိဘစသူတို့သည် ထို မိန်းမတို့၏ အထိအတွေ့(ဖဿ)ကို အစိုးလည်းမရ၊ ပိုင်ဆိုင်မှုလည်းမရှိသဖြင့် မစောင့်ရှောက်နိုင်။ ဖဿကို စောင့်ရှောက်ကြသည်မဟုတ်။ အမှန်မှာ ယုတ်မာသောအကျင့်နှင့် ယောက်ျားတစ်ပါးနှင့် သွားလာနေထိုင်မှုကိုသာ တားမြစ်စောင့်ရှောက်နိုင်ကြသည်။ ထို့ကြောင့် ထို မိန်းမရှစ်မျိုးတို့မှာ ယောက်ျတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံမထိုက်၊ အဘယ့်ကြောင့်ဆိုသော် ကာမပိုင် လင်မရှိသောကြောင့်တည်း။ သာရက္ခ၊ သပရိဒဏ္ဍမိန်းမနှစ်မျိုးတို့မှာ ရည်စူးသတ် မှတ်ထားသူရှိခြင်းကြောင့် ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင်ကာမေသုမိစ္ဆာ ရကံ ထိုက်၏။
(၁၁) ဓနက္ကီတ - ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီ - အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ - ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ - အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ - ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မန်းမ ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကိုချစေ၍ ပေါင်းသင်းသော မိန်းမ၊
(၁၇) ဒါသီ - ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၉) ဓဇာဟဋာ - သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်းမ၊
(၂၀) မုဟုတ္တိကာ - ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။

အထက်ပါ မိန်းမ (၂၀) တို့တွင် နံပါတ် (၉) သာရက္ခမှ နံပါတ် (၂၀) မုဟုတ္တိကာ အထိ မိန်းမ (၁၂) မျိုးတို့သည် ပိုင်ဆိုင်သူရှိသောကြောင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြားယောက်ျားများနှင့်သော်လည်းကောင်း ၊ တိရစ္ဆာန်အထီးများ နှင့် သော်လည်း ကောင်း ကာမ ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ အဘယ်ကြောင့်ဆို သော် လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသော ကြောင့် ဖြစ်သည်။ ယောက်ျားများမှာမူ မိန်းမ (၂၀) အနက် တစ်ယောက်ယောက်နှင့် ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာရကံ ထိုက်၏။ ထို့ကြောင့် ရှေးဆရာကြီးများက“မန်းမ နှစ်ကျိပ် ၊ ပျော်ကြောင်းသိပ်လည်း ၊ မအိပ်လေရာ” ဟု ဆုံးမခဲ့ကြ၏။

ယောက်ျားတစ်ယောက်သည်အထက်ကဖော်ပြထား
သည့်အချက်(၂၀)မှအမျိုးသမီးတဦးဦးနှင့်ဖောက်ပြန်
်လျှင်ကာမေသုကံထိုက်ပါသည်မိန်းမတစ်ယောက်သည်
နံပါတ် (၉) သာရက္ခမှ နံပါတ် (၂၀) မုဟုတ္တိကာ အထိ မိန်းမ (၁၂) မျိုးတို့သည် ပိုင်ဆိုင်သူရှိသောကြောင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြားယောက်ျားများနှင့်သော်လည်းကောင်း ၊ တိရစာန်အထီးများ နှင့် သော်လည်း ကောင်း ကာမ ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်၏။
တနေ့တွင်ဘုရားရှင်က မြေကြီးပေါ်မှသဲမှုန်တို့ကိုလက်သန်းပေါ်တွင်တင်
ကာဒီလက်သန်းပေါ်မှသဲမှုန်နှင့်မဟာပထဝီမြေကြီးပေါ်
မှသဲမှုန်အဘယ်ကသာ၍များသနည်းဟုသံဃာတော်
အပေါင်းအားမေးရာ"အရှင်ဘုရားမဟာပထဝီမြေကြီး
ပေါ်ကသဲမှုန်တို့ကသာ၍များပါသည်"ဟုလျှောက်လေ
ရာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက"ချစ်သားတို့ ထိုအတူပင်ယခုဤမဟာပထဝီမြေကြီးပေါ်ရှိလူသားတို့
သည်လက်သည်းခွံပေါ်မှသဲမှုန်မျှသာရှိ၍ ၊ မဟာပထဝီမြေကြီးပေါ်ကသဲမှုန်အထုသည်ကားအပါယ်
်ငရဲတွင်ကျရောက်နေရပေသည်"ဟု(လက်သည်းခွံ)ဥပ
မာသုတန်တွင်ဟောတော်မူခဲ့ပါတယ်...
ပြောချင်သည်မှာသူများမိုးခါးရေသောက်လျှင်မိမိလည်း
လိုက်သောက်မည်ဆိုပါကမိမိပြုလုပ်သောအကုသိုလ်
သည်လှည်းဘီးသည်နွား၏ခြေရာနောက်သို့အစဉ်လိုက်
သကဲ့သို့မကောင်းမူသည်လည်းထိုပြုလုပ်သူ၏နောက်
်တွင်လိုက်ပါနေလိမ့်မည်ဟူ၍ကိုမသိချင်ဘူး
မေးသောမေးခွန် ကိုကျွန်တော်၏ညဏ်မှီသလောက်ရေးသားဆွေးနွေး
အပ်ပါသည်ခင်ဗျာ...ရိုသေစွာဖြင့်
မင်းဝေ (ကာမေသုဆိုးကျိုးတွေကိုတော့ထည့်မရေးတော့ပါ၊
သိချင်ပါကတင်ပေးပါမည်)

Anonymous said...

ဖတ်လို့ကောင်းပါဗျာ...
အားပေးနေပါတယ်။
အဆင်ပြေပါစေ...

မသိဘူး said...

နမောတဿ ဘဂ၀တော၊ အရဟတော ၊ သမ္မာသဗ္ဗုဒ္ဓဿ

ပထမဆုံးပြောချင်တာက...ဘာသာ၊သာသနာ၊တရားတော်
အား မလေးမစား လုပ်ခြင်းမဟုတ်ပါ...မသိလို့ မေးပါသည်။ ပိုနားလည်အောင် မေးပါသည်။


၁။ သရဏဂုံ ၃ ပါးလို့ ပြောပါတယ်။ ဘုရားပွင့်ပြီးတဲ့နောက် တဖုဿ နှင့် ဗလိက ညီနောင် ရောက်လာတော့ ဘုရား၊ တရား ၊ သံဃာ တွေထဲက သံဃာတော်များ မရှိသေးတဲ့ အတွက် အဲဒီညီနောင်ဟာ ဒွေဝါစိက သရဏဂုံ (ဘုရား၊တရား - သရဏဂုံ ၂ပါး) ပဲ တည်ဆောက်ခဲ့ရတယ်လို့ ကြားဖူးပါတယ်။ နောက်ပိုင်း သံဃာတော်များ သာသနာ့ဘောင်ကို ၀င်ရောက်လာတော့ ၃ပါးပေါ့။

ဒါဆိုရင် အကယ်၍များ ဘုရားရှင် သက်တော်ထင်ရှားရှိနေခဲ့ရင် နောက်ပိုင်းမှာ ထပ်ဝင်လာတာမျိုးများ ရှိခဲ့ရင် ထပ်တိုးလာဖို့ ရှိပါလသား။ ဒါမှ မဟုတ် ဂင်္ဂါဝါဠုမက ပွင့်တော်မူခဲ့တဲ့ အဆူဆူသော ဘုရားရှင်တွေ လက်ထက်တုန်းက ကော ၃ ပါးတည်း တည်ရှိလာခဲ့လို့ အစဉ်အလာအရ ၃ပါး ဟာ အမြတ်ဆုံး ကိုးကွယ်ရာ ဖြစ်ခဲ့ပါသလား။ နောင်ပွင့် မဲ့ အရိမေတ္တယျ ဘုရားရှင်လက်ထက် .. လူတွေရဲ့ အနှစ် ၈၀၀၀၀ ကာလ သက်တမ်းမှာကော.. ၃ပါးပဲ တည်ရှိနေမှာလား ။

၂။ သရဏဂုံ ၂မျိုး ရှိတယ်လို့ ပြောပါတယ်။ တစ်ဆင့်ကြားသုတ သရဏဂုံ နဲ့ ကိုယ်တွေ့ သရဏဂုံ။

ကိုယ်တွေ့ သရဏဂုံ .....အဲဒါရဖို့ က ငါစွဲ၊ ငါ့ဟာ၊ ငါပိုင်ဟုစွဲ သောအယူ၊ မရှင်းလင်းခြင်၊ ယုံမှားသံသ ယဖြစ်ခြင်း (တရားတော်
အပေါ်လို့ နားလည်ပါတယ်) .. မရှိတဲ့ သမ္မာဒိဋ္ဌိဥာဏ်(အမြင်မှန်) မှ ရမယ်လို့ ဆိုပါတယ်။ ခြွင်းချက်မရှိ ယုံကြည်ရမယ်လို့ ရေးထားတော့ အဲဒီလို အမြင်မှန် သမ္မာဒိဋ္ဌိ နဲ့ ကိုယ်တွေ့ သရဏဂုံ ရဖို့ ဘယ်လို ကနေ စလေ့လာမလဲ။လူကြီးတွေ၊ ဘုန်းကြီးတွေ ပြောသမျှ ယုံရင် မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်သွားမှာပေါ့ ။ ကိုယ်တွေ့ ရှိဖို့ အတွက်
ဘယ်အရာတွေ လိုအပ်မလဲ။ ကိုယ်တိုင်ရတဲ့ သရဏဂုံ experience သဘောမျိုးကို ဆိုလိုပါတယ်။

တစ်ဆင့်ကြား သုတ သရဏဂုံ..... ဂုဏ်ကျေးဇူးကို ကြားဖူး ၊ နာဖူး ၊ မှတ်သားဖူး လို့ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ သရဏံ ဂစ္ဆာမိ
လို့  ရွတ်ဆို တည်ဆောက်တယ်ပေါ့..

သရဏဂုံ တည်ဆောက်ဖို့ ရာ အရှေ့ ကနေ တိုင်ပေး (စာချပုဂ္ဂိုလ်) တဲ့ သူ ရှိမှ ဆောက်တည်လို့ ရတာလား။ကိုယ့်ဟာကိုယ်ကော ဆောက်တည်လို့ မရဘူးလား။ ဆိုလိုတာကတော့ တစ်ယောက်သော သူဟာ ဘာသာခြား ၊ ဒါမှ မဟုတ် ဘာသာ မရှိတဲ့သူဟာ ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူချင်တယ်ဆိုရင် ကိုယ့်ဟာကိုယ် ရွတ်ဆိုလိုက်တာနဲ့ သရဏဂုံတည်ပြီး
ဗုဒ္ဓဘာသာဖြစ်သွားသလား ။ ဒါမှ မဟုတ် စာချပေးတဲ့ ပုဂ္ဂိုလ်ရှိမှ ဖြစ်မှာလား ။

အပေါ်မှာ ပြောခဲ့သလို ဘုရားရှင်က ဒွေဝါစိက သရဏဂုံကို တိုင်ပေးခဲ့တယ်ဆိုတော့ ..ဒါကို ထောက်ပြပြီး ပြောတာပါ။
အဲသလိုမျိုး တိုင်ပေးလို့ လိုက်ဆိုတာဖြစ်စေ ၊ ကိုယ်တိုင် ရွတ်ဆိုတာ ဖြစ်စေ ပါဠိတွေချည်း ပါတဲ့ အတွက် အဓိပ္ပါယ်ကို သိမှ သရဏဂုံ တည်တာလား။ မသိလည်း ပါဠိရွတ်ရုံနဲ့ တည်ပါသလား။

ဘယ်အချိန်မှာ သရဏဂုံ တည်ပါသလဲ။


၃။ သေသူရဲ့ ရုပ်အလောင်းကို မြန်မာ့ရိုးရာအတိုင်း သရဏဂုံ တင်တယ်လို့ ရေးထားပါတယ်။ သေတဲ့သူဟာ သရဏဂုံ အကျိုးကို မရတော့ဘူးဆိုတာ တင်ပေးတဲ့သူ ကိုယ်တိုင်သူပြီးသား ဖြစ်မှာပါ။ ဒါဆို ဘာဖြစ်လို့ 
တင်ပေးနေရသေးသလဲ။ သေသူရဲ့ မိသားစု ပူဆွေးသောက ရောက်နေတဲ့ အတွက် ရတနာ ၃ပါးသာ အားထားရာဆိုပြီး အသိပေးတဲ့အနေနဲ့ ပဲ လုပ်ပေးနေတာလား။

၎။ ဘိုးတော် ၊ မယ်တော် ၊ နတ်တွေကို ပေးကမ်းကျွေးမွေးမှု
တစ်ချို့ တွေဟာ အဲဒီလူတွေကို ပေးကမ်းကျွေးမွေးတဲ့အတွက် စီးပွားရေး ၊ လူမှုရေး အဆင်ပြေတယ်လို့ ကိုယ်တွေ့ ဖြစ်စေ ၊ တစ်ဆင့်စကား ဖြစ်စေ ကြားဖူးတဲ့အတွက် ပေးကမ်းကျွေးမွေးတယ်ပေါ့။ ဘုရားမပွင့်ခင် အရည်းကြီးခေတ်ကိုမပြောပါဘူး။ ဘုရားရှင် ပွင့်ပြီးနောက် ပိုင်းကာလ ဆီကို ရေချိုး ၊ ဆေးရိုးမီးလှုံ တဲ့ခေတ် ကိုပဲ ပြောပါ့မယ်။
ရှာရဖွေရ လွယ်ပါတယ်။ အုပ်ချုပ်မင်းလုပ် အစိုးရတဲ့ သူ မျှတလို့ ပဲပြောပြော၊ သမ္မာဒေ၀ နတ်ကောင်းမတယ်လို့ ပဲ
ပြောပြော လူတွေ ရှာရဖွေ လွယ်ကူပါတယ်။ ( အနည်းအကျဉ်းသာပါတဲ့ မဟာဒုက်တို့ ဘာတို့ ကို ချွင်းချက်ထားပါမယ်)
အခုမျက်မှောက်ခေတ် ရှာရဖွေက ကျပ်တည်း ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါ။ equal opportunity မရှိတဲ့ ခေတ်၊
မိစ္ဆာဒိဋ္ဌိ အုပ်ချုပ်နေတဲ့ ခေတ်မှာ ရှာရဖွေရမလွယ်တော့ လူ့ သဘာဝအတိုင်း လွယ်ရာလမ်းလိုက်တယ်ဆိုတဲ့အတိုင်း
အဆင်ပြေချင်လို့ လုပ်တယ်။ ကျွေးတယ် ကမ်းတယ်ပေါ့၊ ဒါလုပ်ပေးရင် ဒါဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ။
တစ်ကယ်လို့ သာ equal opportunity ရှိခဲ့မယ်။ အစစအရာရာ ဈေးတက်နေတာမျိုးမဟုတ်ဘဲ၊ လူတန်းစားအားလုံး
သူ့ အဆင့်အတန်းနဲ့ သူ စားလောက် နေရင် ဒီလို မျိုး ပေးကမ်းကျွေးမွေးမှုတွေ၊ ကိုးကွယ်မှုတွေ လုပ်ပါအုံးမလား။
လုံးဝမပျောက်တည့်တိုင်အောင် အတော်များများ လျော့သွားမယ်ထင်ပါတယ်။

အစကတည်းက လုပ်ကို မလုပ်သင့်ဘူးလို့ တော့ မဖြေနဲ့ နော်။

၅။ သရဏဂုံတည်တဲ့သူတွေ ဘယ်အချိန်မှာ သရဏဂုံ ပျက်တယ်ဆိုတာကိုလည်း ပြောပြပါ။ ရေးထားတာက ကိုးကွယ်မှုမှားရင် သရဏဂုံပျက်တယ် ဆိုတာ ၁မျိုးပဲ တွေ့ ပါတယ်။ ဆက်ဖြည့်ပေးပါ။

NatShinNaung said...

သေတဲ့ သူကို သရဏဂုံ တင်ပေးတာမဟုတ်ပါဘူး ခင်ဗျာ။ ကျန်ရစ်သူမိသားစုကို တင်ပေးတာပါ။ ကျွန်တော် အဲဒီလို မှတ်သားဘူးပါတယ်။
ဗုဒ္ဓဘာသာတွေ နတ်ကို ယုံတာတော့ အင်မတန် ၀မ်းနည်းဘို့ကောင်းပါတယ်။

Unknown said...

ဒီပိုစ့်လေးကိုသဘောကျတယ်.အစ်မ အမေကလဲ.မနက်အိပ်ရာထသည်နှင့်သရဏံဂုဏ်သုံးပါးရွတ်ခိုင်းတယ်.ဘာလုပ်လုပ်.ဘယ်သွားသွား.စိတ်ထဲမှာ.သရဏံဂုဏ်အမြဲတည်ခိုင်းတယ်.

Aung Kyaw Htoon said...

သိပ်ကောင်းပါတယ် ကျွန်တော်အခု အသက် ၄၀ ပါ၊ ၁၆ နှစ်သားတုန်းက၊ ဗုဒ္ဓသာသာ ၅ ဆင့် သင်တန်းစာအုပ်ကလေးထဲမှာ ဖတ်ခဲ့သူးပါတယ်။ ဖတ်ဖူးတဲ့ ဗုဒ္ဓဘာသာဝင်သူငယ်ချင်း အလွန်နည်းပါတယ်။ ရှိမှန်းကို မသိကြဘူး။ ကျွန်တော်ကတော့ ကာမေသု သီလကို (အပြည့်) ကျူးလွန်ရင် ဘယ်လိုပြန်ခံရမယ်အထိ ဖတ်ခွင့်ရခဲ့ပါတယ်။ အခုတော့ အိမ်ထောင်လည်းကျခဲ့ပြီမို့ လူပျိုဘ၀ထက် ဒီသီလကို စောင့်ရတာလွယ်သွားပါပြီ။ အဲ အပြစ်ကလေးတွေပါ ဖြည့်တင်ပေးဖို့ တောင်းပန်ပါတယ်။ နောက်ပြီး သီလညိုးနွမ်းယုံမျှ အဆင့်နဲ့ ကျိုးပေါက်ခြင်းနဲ့ သီလလုံးဝ ကျူးလွန်ခြင်းအဆင့်ထိ ရှင်းပြပေးစေလိုပါတယ်။ ဥပမာ.... ကာမေသုမိစ္ဆာစာရကံ သည် အောက်ပါ ကာယကံအချက်များအားလုံး လုပ်မိပါက ရာနှုန်းပြည့်ကျိုးပေါက်ပါတယ်။
(၁) မိမိ၏ဆန့်ကျင်ဖက်လိင်ဖြစ်ခြင်း
(၂) ကျူးလွန်စေလိုသော စိတ်လည်းရှိခြင်း
(၃) ကျူးလွန်ရန် ကိုယ်တိုင်ကိုယ်ကျ အားထုတ်ခြင်း
(၄) ကျူးလွန်သော ကိစ္စအောင်မြင်သွားခြင်း ကျူးလွန်သော ကိစ္စအောင်မြင်သွားခြင်း ဆိုရာတွင်၊ ဖိုလိင်အင်္ဂါသည်မအင်္ဂါဇာတ်အတွင်းအောက်ဖေါ်ပြပါပမာဏအထိဝင်ရောက်မိယုံမျှဖြင့် ရာနှုန်းပြည့်ကျုးလွန်ပြီဟု သတ်မှတ်သည်။ အမျိုးသမီး၏ ပေါင်နှစ်ခြမ်းကို အစွမ်းကုန်ကား၍၊ လေတိုက်ခံ ကြည့်လျှင်၊ လေ၏ထိတွေ့မှုကို၊ ခံစားရနှိုင်သော အမျိုးသမီးအင်္ဂါ၏ အတွင်းဆုံးအမှတ်ကို ဖိုလိင်အင်္ဂါထိုးသွင်းမှုသည်၊ ကျော်လျှင်ကျော်ချင်း၊ အမျိုးသားသည် ဆန္ဒပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ၊ ထိုအမျိုးသားသည်၊ ကာမေသုမိစ္ဆာစာရကံ ၁၀၀% ထိုက်သွားပါပြီ။ ကျူးလွန်မိသောမိန်းကလေးမှာလည်း၊ နှစ်ဦးသဘောတူ ကိုယ့် ချစ်သူဖြစ်နေပါစေ၊ ဒီဘ၀မှာ အနည်းဆုံးသောတာပါတ်တိဖိုယ်မတည်ပါဘဲ သေရင်ကတော့နောက်ဘ၀မှာ ..........................
ကျေးဇူးပြု၍၊ ကျွန်တော့ညီငယ်များအတွက် ဆက်လက်ဖေါ်ပြပေးစေလိုပါတယ်။ ဒါတွေကို အသေးစိတ် ဟောဖေါ်ညွှန်ပြခဲ့သော မြတ်ဗုဒ္ဒ၏ ဥာဏ်တော်ကို ဦးခိုက်လျှက် ........
aungkyawhtoon@gmail.com