သူတော်စင်တို့၏ စိတ်ဓာတ်(၂)

“သဒ္ဓမ္မဒေသနာကာလေ၊ သာဓု သာဓူတိ ဘာသတော၊ မုခတော ဇာယတေ ဂန္ဓော ဥပ္ပလံဝ ယထောဒကေ ”
သူတော်ကောင်းတရားကို ဟောတော်မူသောအခါ သာဓု ခေါ်သောကောင်းမှုသည် နောက်သံသရာဝယ် အာခံတွင်းမှ ကြာညိုပန်းနံ့ သင်း၏။



“ပါပသ္မိံ ရမတိ မနော” ဆိုသလို စိတ်ကမကောင်းသောနေရာတွင် မွေ့လျော်သည့် အတွက် သတိရှိရန်အလွန်ပင်အရေးကြီးပါတယ်။ ထိုမကောင်းသော စိတ်ကို ကောင်းမွန်အောင် ထိန်းကျောင်းသင့်ပါတယ်။ လူသားတွေသည် နေ့စဉ်မနက်မိုး လင်း အိပ်ယာထသောအချိန်မှစ၍ ညအိပ်ယာဝင်သောအချိန်ထိတိုင်အောင် များစွာ သော မိမိတို့နှင့် ဆိုင်ရာအလုပ်များကိုလုပ်ကြပါတယ်။ မည်သို့ပင် အလုပ်များ လုပ်ကြနေပါစေ လုပ်သောအလုပ်ကတော့ဖြင့် (၃)ခုပဲရှိပါတယ်။ ကိုယ်အလုပ်၊ ပါးစပ်အလုပ်၊ စိတ်အကြံတွေပါပဲ။ ထိုအလုပ်(၃)မျိုးကို ကံဟု ခေါ်ပါတယ်။ ဒီ(၃)ခု ကလွဲပြီး မည်သည့်လူသား တခြားလုပ်စရာ ဘာမှမှရှိပါဘူး။ လူတိုင်းက မိမိကိုယ် မိမိကောင်းမွန်သော လူသားများအဖြစ်ရပ်တည်ချင်ကြတယ်။ ထို့ကြောင့် ကောင်း မွန်သော လူသားတစ်ယောက်ဖြစ်ဘို့ဆိုရင် ကိုယ်အမူအယာကောင်း၊ နှုတ်အမူ အယာကောင်း၊ စိတ်အကြံတွေကောင်းမှ လူကောင်းတစ်ယောက် ဖြစ်နိုင်ပါမယ်။ ထို သို့ ကံသုံပါး အပေါ်တွင် မကောင်းမှု ဒုစရိုက်များကင်းအောင် ဒုစရိုက်အမှုများကို မကျူးလွန်ကြဖို့ရန် ဘုရားရှင်တိုင်း ဆုံးမခဲ့ပါတယ်။ မကောင်းမှုရှောင် ကောင်းမှု ဆောင် ဖြူအောင်စိတ်ကိုထား ဆိုသောစကားကို ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးကြပါ တယ်။ ထိုသို့ဆိုရလျှင် သူတော်စင်တို့၏ စိတ်ဓာတ်အတိုင်း အတုယူကျင့်ကြံကြရပါ မယ်။ သူတော်ကောင်းဟူသည် မိမိ အကျိုးထက် သူတပါးကောင်းကျိုးအတွက်သာ အမြဲအားဆောင်ရွက်ကြပါတယ်။ ထိုသူတော်ကောင်းများသည်လည်း ဘုရားရှင်၏ နည်းလမ်းအတိုင်းကျင့်ကြံကြခြင်းဖြစ်ပါတယ်။
ဘုရားရှင်သည် သတ္တ၀ါတွေ အကျိုးအတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံ ပါရမီဖြည့်ဆည်းတော်မူခဲ့ပါတယ်။ ထို့နောက်သတ္တ၀ါအားလုံ အတွက် (၄၅)၀ါ ကာလပတ်လုံး တရားတော်များ ဟောကြားကာဆုံးမတော်မူခဲ့ပါ တယ်။ ထို့သို့ သတ္တ၀ါတွေအတွက် ပင်ပန်းဆင်းရဲခံကာ ဘုရားအဖြစ်ရောက်ကျင့်ကြံ အားထုတ်ခဲ့သော ဘုရားရှင်ကို ဘုရားဖြစ်ပြီးသော အခါမှာပင် မာရ်နတ်က စတင် နှောက်ယှက်ပါတော့တယ်။ ဘုရားရှင်ကို သတ္တ၀ါအတွက် တရားမဟောဘဲ ပရိ နိဗ္ဗာန်ပြုစေရန် လျှောက်ထားပါတယ်။ ထိုအခါဘုရားရှင်က “ငါဘုရားရဲ့ ပရိသတ် လေးပါး (ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမ၊ ဒါယကာ၊ ဒါယိကာမ) တွေက ငါဘုရား ရဲ့ တရားတွေကို ကောင်းစွာသဘောမပေါက် နားမလည်သေးသ၍ ကာလပတ်လုံး၊ မကျင့်နိုင်သေးသမျှ ကာလပတ်လုံး၊ တရားတွေကို သိတက်ပြီး လိုက်ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်း လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေကို ကောင်းကောင်း မဖော်ပြ၊ မဟောကြားနိုင်သေးသမျှ ကာလပတ်လုံး၊ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်တွေရဲ့ ဆန့်ကျင့် ဘက်ဝါဒတွေကို မနှိမ်နင်းနိုင်သေးသမျှ ကာလပတ်လုံး ငါဘုရား ပရိနိဗ္ဗာန်မစံ သေးပေ၊ အသင်မလျှောက်ကြားနဲ့” ဟု မိန့်ကြားခဲ့ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာ
လူမျိုးများအားလုံးသည်လည်း ဘုရားရှင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စတဲ့ သိက္ခာပုဒ်သုံးရပ် နှင့် အညီလိုက်ပါ ကျင့်ဆောင်သင့်ပေသည်။ မိမိတို့ပြုလုပ်နေ သော အလုပ်တစ်ခုသည် “ဘုရားကသာ ထောက်ခံ၊ လှေခွက်ချည်းကျန်၊ အလံမလှဲ ဘူး” ဆိုသောစိတ်ဓာတ်မျိုး ဖြစ်နေရပါမယ်။ သို့မှသာ ဗုဒ္ဓ၏ အဆုံအမကို အပြည့်အ ၀ လိုက်နာသော သူတော်ကောင်းများဖြစ်ပေတော့မည်။ မိမိတို့ ကောင်းတာလုပ် ဆောင်နေပါက မည်သည့်အကြောင့်နှင့်မှ အားမာန်မ လျှော့ကြပါရန်၊ သဒ္ဓါတရား များ လျှော့နည်းပျောက်ပျယ် မသွားစေရန် ထပ်မံ၍ သတိတရားပေးပါရစေ။
“လူမိုက်တစ်သောင်းချီးမွမ်းရှောင်းလည်း လူကောင်းတစ်ယောက်ပြစ်တင် ကြောက်လော့” .. လူမိုက်တစ်သောင်းက မချီးမွမ်းချင်နေပါစေ၊ သူတော်ကောင်း တစ်ယောက်က ပြစ်တင်မည်ကိုသာကြောက်ရွံ့ရပါမယ်။
ရှေးအခါတုန်းက လူတစ်ယောက်သည် အိုးများကို ရပ်တကာလှည့်လည် ရောင်းချပါတယ်။ တစ်နေ့သော ညသန်းခေါင်ကျော်အချိန်မှာ ထိုလူဟာ သူ့ရဲ့ လှည်းနဲ့ အိုးများကိုတင်ပြီး အိုးရောင်းထွက်ဘို့ အခြားရွာကို သွားပါတယ်။ သူက ရွာထဲကို သန်းခေါင်ကျော်ကြီး ထသွားတာဆိုတော့ လူခြေတိတ်ချိန်ဖြစ်နေပါတယ်။ လူခြေတိတ်ချိန်ဆိုတော့ လူများခွေးများလည်း အိပ်ကုန်ကြပါပြီ။ ဒါပေမဲ့ ရွာလယ် လမ်းမကြီး အတိုင်းသူ့ရဲ့အိုးလှည်းကြီးနဲ့ ဖြတ်မောင်းတဲ့အခါ ရွာထဲမှာရှိသော ခွေးများကထပြီးဟောင်ကြပါတယ်။ ဟောင်လိုက်ကြတာ ရွာလမ်းဆုံးတဲ့အထိ အောင်ပါပဲ။ ဘယ်လိုပင်ဟောင်နေကြပါစေ အိုးလှည်းကြီးကတော့ ဟောင်တယ်လို့ လည်းမထင်၊ ကြားတယ်လို့လည်းမထင် သူ့ဦးတည်ရာ ပန်းတိုင်ဖြစ်တဲ့ အခြားရွာကို ပဲ ဦးတည်သွားနေပါတော့တယ်။ ထိုကဲ့သို့ပင် စာဖတ်သူတို့သည်လည်း ကဲ့ရဲ့၊ ချီးမွမ်း တွေဘယ်လိုပဲ ရှိနေရှိနေ ကိုယ်လုပ်ရမဲ့ ကောင်းမှုကုသိုလ် အလုပ်များကို လုပ်ကြရပါမယ်။ မိမိကိုယ်တိုင်သွားရောက် လှူဒါန်း၍မပြုစုနိုင်သော်လည်း အဝေးမှ မေတ္တာပို့သပေးသော ကောင်းမှုအလုပ်ကိုတော့ မမေ့မလျော့ဘဲ ပြုလုပ်နိုင်ကြပါရန် တိုက်တွန်းပါရစေ။
“အပ္ပမာဒေါ အမတံ ပဒံ” ဟုဆိုအပ်သော ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်းသည် မသေခြင်း၏ အကြောင်းပင်ဖြစ်ပါတော့တယ်။ “ဤမျှရှည်ကြာ၊ သံသရာဝယ်၊ ဆရာမိဘ၊ မောင်နှမနှင့်၊ သားလှသမီး၊ ဒေါ် ဘကြီးဟု၊ မငြီးဆင့်ကဲ၊ ပြန်လှန်တွဲခဲ့၊ မလွဲဧကန်၊ ခွဲရပြန်မည်၊ သို့သည်ဖြစ်ခြင်း၊ သံဝေပြင်းရ၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူးကို၊ အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊ ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊ သမာဓိမှန်၊ မဖောက်ပြန်မှ၊ နိဗ္ဗာန်ထိုးထွင်း၊ ဉာဏ်အလင်းကို၊ ရှင်းရှင်းပိုင်ပိုင်၊ သိမြင်နိုင်မည်၊ လက်ကိုင်သတိ၊ မလွှတ်ဘိနှင့်..”

စာရေးသူ- အောင်ဆွေဦး





3 comments:

စိုးထက် - Soe Htet ! said...

သာဓု ... သာဓု ... သာဓု ... :)

ကြယ်စင်နတ်သမီး said...

သာဓုသုံးခါခေါ်သွားပါတယ်မောင်လေးရေ...

heartmuseum said...

ကိုအောင်ရေ.... အိုးလှည်း ဥပမာလေးက ကောင်းတယ်ဗျာ။