အကိုပုလုကွေးက Tag ထားတာကြာပြီ။ ကျနော်အခုရက်ပိုင်း မအားတာနဲ့ ရေးတာ နောက်ကျသွားတယ်။ နောက်ကျတဲ့ အတွက် တောင်းပန်ပါတယ် အကို။ ကိုယ့်ကို မုန်းတဲ့ အချက်တွေဆိုတော့…
(၁) ဘုရားတွေမှာနေရှိတဲ့ နတ်စင်တွေ၊ စောင်းတန်းက ဗေဒင်၊ လက္ခဏာ ခန်းတွေကို ရွေ့ပြောင်းချင်တာ။
(၂) စိတ်မြန်တတ်တာ။ (တခုခု အလိုမကျရင် ချက်ချင်းပြောတတ်တဲ့ အကျင့်)
(၃) မနက်အစောကြီး မထချင်တာ။ (နိုးရင်လဲ ပြန်အိပ်လိုက်ချင်တာ)
(၄) ဟင်းချက်ပျင်းတာ။ (ဖြစ်သလိုစားတတ်တဲ့ အကျင့်ရှိတယ်။ ချက်ပြီဆိုရင်လဲ ကောင်းကောင်း ချက်တတ်တယ်၊)
(၅) ဖတ်မှတ် လေ့လာ သလောက် မမှတ်မိတာ။ (လိုအပ်လို့ ကျက်ထားလဲ ရုတ်တရက် မေ့နေတတ်တာ)
(၆) စကားများများ ပြောလာရင် လက်ပါတတ်တာ၊ (အရင်က စကားများလာပြီဆိုရင် လက်ကအရင် ရောက်သွားတတ်တယ်။ အခုနောက်ပိုင်းတော့ သည်းခံတတ်လာပါတယ်)
(၇) မလိုပဲ စကားအများကြီးပြောနေတာကို မကြိုက်တတ်တာ။
(၈) စိတ်ခံစားမှု လွယ်တတ်တာ။ (ချို့တဲ့တာတွေ့ရင် အရမ်းသနားတတ်တယ်)
(၉) ကိုယ်သိသလောက် မလုပ်နိုင်သေးတာ။ (ဒီအချက်ကတော့ အင်မတန် ဆိုးတယ်။ တော်တော်ကြိုးစား ရမယ်)
(၁၀) ဘလော့တွေ ဖတ်တိုင်း စီဘောက်မှာ စာမရေးတတ်တာ။ (ဘာရေးရမှန်း မသိတာလဲ ပါပါတယ်)။
ကျနော့်ရဲ့ အားနည်းချက်တွေ စဉ်းစားပြီးရေးလိုက်တာပါ။ ခင်မင်လို့ Tag လိုက်တဲ့ မွေးနေ့တူ အကိုပုလုကွေး ကိုလဲ ကျေးဇူးတင်ပါတယ်။
မကြာခင်လေးကပဲ အစ်မမက်မက်က Tag လိုက်ပါပြီတဲ့။ ကဗျာဆိုတော့ နဲနဲတော့ အမောသက်သာသွားတယ်။ ကျနော် ၈ တန်း ကတည်းက လက်ရေးနဲ့ရေးပြီး သိမ်းထားတဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။ အခုလဲ အဲဒီ လက်ရေးလေးနဲ့ သိမ်းထားတာရှိပါတယ်။ အမေ့ရဲ့ ကျေးဇူးတွေကို ပေါ်လွင်စေလို့ပါ။ ကဗျာလေးရေးဖြစ် အောင် Tag တဲ့ အစ်မမက်မက်ကိုလဲ ကျေးဇူးပါ။
“သား၊ သမီးတို့ရဲ့ အမေ”
မီးဖွားခန်းတွင်၊ ပင်ပန်ကြီးစွာ၊
ဝေဒနာခံစား၊ အံကြိတ်ထား၏၊
ချွေးပေါက်ချွေးသီး၊ ဖြိုင်ဖြိုင်စီးလည်း၊
မငြီးမငြူ၊ အားယူလှုပ်ရှား၊
စွမ်းအား အမေ စိုက်၊
တိုက်စင်္ကြာဝဠာ၊ တုန်ခါလောက်၏၊
သေမင်းနဲ့ပြိုင်၊ ရင်ဆိုင်ဆင်နွှဲ၊
သည်လွန်ပွဲမှ “အူဝဲ” သံသာ၊
ပျံ့လွင့်လာသော်၊ မာတာမိခင်၊
ရင်မှာအေးမြ၊ ဒုက္ခလွင့်စင်၊
ပြုံးရွှင်မျက်နှာ၊ ထိန်ထိန်သာပေါ့၊
စန္ဒာငွေလ ရှုံးပြီထင့်….၊
Subscribe to:
Post Comments (Atom)
9 comments:
ကောင်းလိုက်တဲ့အချက်တဲ့..
အောင်ဦးဆီမှာလဲ.ဒီလိုအကျင့်ရှိသေးတယ်ကိုး
အဟား... ၂၊ ၃၊၅၊၆၊၇၊၈၊၉၊ အဲဒီတွေကတော့
တော်တော်တူတယ်ဗျ။ သိသွားပီနော်..ဟတ်ဟတ်... :P :P
ဝါးးးးး ကိုအောင်ဦးကလည်းကဗျာရေး တော်တာပဲ..
အမေ့အကြောင်းလေး ကိုပေါ်လွင်စေတယ်ဗျာ။
မိဘအပေါ်သိတတ်လိမ္မာတဲ့ သားတစ်ယောက် ဖြစ်မှန်း
ကဗျာလေးဖတ် ပြီးသိသာတယ်။
အမေ့အပြုံးလေးက စန္ဒာငွေလမင်း တောင်ထိုင်ငိုရမယ်နော်... လမင်းကြီးဘယ်လောက်
အေးမြနေပါစေ... အမေ့မေတ္တာလောက် မမီပါဘူး....
အခုလိုရေးပေးတာ ကျေးဇူးပါ ကိုအောင်ဦးရေ... :) :)
ကဗျာအရေးအသား တော်တဲ့အတွက် ကော်ဖီတခွက်
တိုက်တယ်နော်..သောက်လိုက်ဦး.. :P
ကဗျာလေး ကောင်းတယ်...
တစ်ချို့အချက်တွေက မုန်းစရာ မကောင်းပါဘူး အစ်ကိုရဲ့...
ကဗျာလေးလဲ မျှဝေပေးလို့ကျေးဇူး..
အကြိုက်ချင်းတူပါတယ်....
ကျန်းမာချမ်းသာ ပါစေ အစ်ကို
ညီရေ..မနက်ကတည်းက ရောက်တယ်. ဒါပေမဲ သေတက်ကြအောင် တရားကို နောက်တစ်ကြိမ်ပြန်နာနေတာရယ်(ပထမအကြိမ်တုန်းက ရုံးကနေ နာရလို့).. မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ထေရုပ္ပတ္တိ ကို ကြည်နေလို့ မနက်က ကွန်မန့် မပေးဖြစ်လိုက်ပါ။ ညနေတစ်ခါ ဝင်လာမှ ပဲ ကွန်မန့်ပေးဖြစ်တော့တယ်။ ညီရေ အဆင်ပြေပါစေ. ရေးပေးတဲ့ အတွက်ကျေးဇူး
ကိုအောင်ဦးရေ့ ၄ နဲ့ ၁၀ က လွဲရင် အကုန်တူတယ်ဗျ၊ စိတ်ဓာတ်ချင်း တော်တော်နီးစပ်မယ့်ပုံပဲ ကျနော်နဲ့။
လာဖတ်တာနောက်ကျတဲ့ အတွက်တောင်းပန်ပါတယ် ကိုအောင်ဦး
မုန်းတဲ့ အချက်လေးတွေကို လာဖတ်ပါတယ်
သည်းခံနေပြီဆိုလို့ လေးစားပါတယ်
လက်ပါတတ်တယ်ဆိုပဲ ကြောက်၏
ကဗျာလေးကိုတော့ အရမ်းလေးစားနှစ်သက်တယ်
၈ တန်းထဲက လက်နဲ့ရေးတဲ့ ကဗျာဆိုတော့ ပိုဆိုးတာပေါ့
အားပေးပါတယ် ကိုအောင်ဦး
မောင်လေးအောင်ဦးရေ...
ကဗျာလေးက အနှစ်သာရ ပြည့်ဝပြီး မိခင်မေတ္တာတွေ ပေါ်လွင်ထင်ရှားပါ့... :)
Post a Comment