"အမေး အဖြေ(၅)"

ကိုအောင်ဦးရေ တစ်ခုလောက်မေးချင်လို့ပါ... ဘုရားတွေပေါ်မှာ ဥပမာ ရွှေတိဂုံတို့ပေါ်မှာပေါ့... ဘုရားကို ရေချမ်းကပ်ဖို့အတွက် လူတွေက စိတ်အမျိုးမျိုးနဲ့ ဆုတောင်းပြီးတော့ ဘုရားကို ရေခွက်လေး တွေနဲ့လောင်း ပြီးတော့ ရေသပ်ပယ်ကြပါတယ်.. ဘုရားကို ဒီလို ရေအေးနဲ့ လောင်းရတဲ့အတွက် ဘ၀အေးချမ်းတယ်လို့ လူတွေအများစုက ယူဆကြတယ်.. ဒါကို ဘုန်းကြီးတစ်ပါးက ဒီလိုသာ အေးချမ်းမယ်ဆိုရင် ဘုရားဆင်းတုတော် တွေကို ဘုန်းကြီးကျောင်းမှာ နေ့တိုင်း ရေစိမ်ပေးပါတယ်တဲ့... ဒီလိုဆိုရင် ဘာအတွက် ဘုရားတွေပေါ်မှာ ရေချမ်းကပ်လှူဖို့အတွက် ရေစဉ်လေးတွေထားရပါသလဲဆိုတာ သိစေချင်လို့ပါ... တစ်ခါတစ်လေမှာ ဘုန်းကြီးတွေက တစ်ပါးနဲတစ်ပါးဟာ အမြင်မတူတာလေးတွေ အယူဆလေးတွေက ကွဲနေတယ်ဗျ.. ဒီလိုအယူဆလေးတွေကွဲနေရင် ကျန်တဲ့ ဗုဒ္ဒဘာသာဝင်တွေက ဘယ်ဟာက အမှန်ဆိုတာကို ရွေးချယ်ရမလဲ မသိဘူးဖြစ်နေတယ်.. ဒါကြောင့် ဗုဒ္ဒဘာသာ လူမျိုးတွေအတွက် တစ်မျိုးတည်းသော အယူအဆနဲ့ မှန်ကန်တဲ့အယူဆ မျိုးရှိသင့်တယ်လို့ထင်ပါတယ်.. နောက်ပြီးတော့ ဘုန်းဘုန်းတွေက ဘာလို့အဲဒီလို အနည်းငယ်သော အယူဆလေးတွေ ကွဲလွဲနေတာလေးတွေကိုလည်း သိခြင်ပါတယ်ခင်ဗျာ…။


ကျနော်တို့ လူတွေအနေနဲ့ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာအားဖြင့် ကြီးမားလှတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်နည်းနဲ့မှ မဝေဖန်အပ်ပါ။ ကျနော် ခံယူမိတဲ့ အတိုင်းလေးပဲ ရေးလိုက်ပါတယ်။ လိုအပ်တာတွေ့ရှိခဲ့ရင် ဝေဖန် အကြံပြုရေးသားခဲ့ပါ။

အနည်းငယ်သော အလွဲအမှားဆိုတာ ပုထုဇဉ်တိုင်း မကင်းပါဘူး။ ဘုရားရှင်ဟောခဲ့ တရားတွေကိုလည်း နာယူမှု၊ နှလုံးသွင်းမှု အပေါ်မူတည်ပြီး ကွဲလွဲကြတယ်လို့ ထင်မိပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှာ သံဃာတွေလည်း ဂိုဏ်ကွဲခဲ့တာပဲ။ ထေရ၀ါဒနဲ့ မဟာယန ပေါ့။
မဟာယနက ပိဋကတ်တော်အတိုင်း မဟုတ်တော့ပဲ ဖြည့်စွက်တာ၊ ထုတ်နှုတ်တာ၊ ပြင်ဆင်တာ၊ ပြောင်းလဲတာတွေ ပြုလုပ်ကြတယ်။ စာတွေရေးတဲ့ အခါမှာလည်း ပိဋကတ်တော်အတိုင်း မဟုတ်ပဲ ရေးတာမျိုးတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ တချို့စာအုပ်တွေက မဟာယနက ကျမ်းတွေကို ကိုးကား လိုက်တာမျိုးတွေ ရှိတယ်။ ဒီတော့ ထေရ၀ါဒနဲ့ ကွဲလွဲတာတွေ ဖြစ်ကြတယ်။ ဒါတွေသည် ရှေးယခင်ကတည်းက ဗုဒ္ဓတရားတွေ အပေါ်မှာ နားလည်မှု လွဲခဲ့ကြလို့ပါ။

ပုထုဇဉ်တွေပဲ ဖြစ်တဲ့ အတွက် အယူအဆ မတူပဲ ကွဲလွဲကြ ရတာပါ။ အရိယာဖြစ်ရင်တော့ အယူတူသွားပါပြီ။ ဥပမာ… သောတပတ္တိမဂ်ကျပြီးရင် ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အပြီးတိုင် ပယ်သတ်ပြီး ဖြစ်တဲ့ အတွက်ကြောင့် တရားဓမ္မအပေါ်မှာ အမြင်တူသွားပြီ ဆိုတဲ့ သဘောပါ။

ရေသပ္ပါယ်တာနဲ့ ပတ်သတ်လို့လည်း ကိုယ်တိုင်တွေးကြည့်ပါ။ ကျနော်တို့ ဘုရားရှင်က ကာလမသုတ်တော်မှာ ရှေးရိုးအစဉ် ဆင်သက်လာတဲ့ စကားကိုလဲ အမှန်လို့ မယူဆကြနဲ့။ မိမိတို့ ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဟောပြောချက် တို့ကိုလဲ အမှန်လို့ မယူဆကြနဲ့။ မိမိတို့ကိုးကွယ် ဆည်းကပ် အလေးအမြတ်ပြုထားတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ စကားကိုလဲ မှန်လှပြီလို့ မယူဆကြနဲ့ လို့ ဆုံးမတော်မူခဲ့ပါတယ်။ ဘယ်လိုယုံကြည်ရမလဲ ဆိုတော့ ဘုရားဟောကျမ်းဂန်ဆိုတဲ့ “အာဂမယုတ္တိ”၊ အလွန်ထင်ရှားလှတဲ့ “သာဓကယုတ္တိ”၊ သိပ္ပံနည်းဆိုတဲ့ “သဘာဝ ယုတ္တိ”၊ ကြောင်းကျိုး ဆက်သွယ်တဲ့ “ကာရဏယုတ္တိ” တွေနဲ့ ချင့်ချိန်စဉ်းစားပြီးမှ ယုံကြည်ထိုက်ပါတယ်။
ဘုရားရှင်ကို သက်တော်ထင်ရှား ရှိသလို နှလုံးသွင်းပြီး ပူဇော်ရမယ်ဆိုတာ သိပါတယ်။ ဒီတော့ ကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်တာ အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်မိပါတယ်။

တရားစစ်တရားမှန်ဖြင့် ချမ်းသာသုခပြည့်ဝ နိုင်ကြပါစေ…




4 comments:

The Bliss Of Emancipation said...

ကျွန်တော် အမေးအဖြေကို ဖတ်ရင်းက ကျွန်တော့် ဘလော့ဂ်မှာတင်ဖူးတဲ့ ရွှေဥမင်ဆရာတော်ကြီးရဲ့ ကာလဒါနနှင့်ပတ်သတ်တဲ့ သြ၀ါဒလေးကို သတိရလို့ ဒီနေရာမှာ မျှဝေလိုက်ပါတယ်။ ကျွန်တော့်ဆီမှာ မြန်မာလိုဘာသာပြန်ထားတာ မရှိလို့  အင်္ဂလိပ်လိုဖြစ်နေတာကိုတော့ ခွင့်လွှတ်နားလည်ပေးပါခင်ဗျား။

This is called Kāla Dāna, doing suitable Dāna at the right time. Audience here, you all have done that too, right? At mid day in hot summer time, you all might have offered candle lights to Buddha. In wintertime, you might have offered water bath to the Buddha, too. Doing remedial Dāna, Tuesday born offering water bath early in the morning at the Tuesday corner of the Cetiya. Lucky you do that to the Buddha; if it were to human, I think the person would be trembling with cold! Do you think it will be considered as Kāla Dāna? I do not think so. When the weather is hot, offering cool air by waving a fan will be more appropriate, don’t you think? When Shwe Ceti Sayadaw went to India, when he reached the place where Buddha passed away entering Parinibbāna, he had tears in his eyes. He missed Buddha much. As though Buddha were alive and there in his presence, as he would attend to the Buddha, respectfully he offered kneading as massage therapy. He respectfully bent down and paid homage to the Buddha. So, attending to the needs at the required time is Kāla Dāna. This type of donor will reap benefits at the early age.

အပြည့်အစုံကို ဖတ်ချင်ရင်တော့ http://vimuttisukha.blogspot.com/2008/08/five-ways-of-performing-dna-part-2-by.html မှာဆက်ဖတ်လို့ ရပါတယ်။ မူရင်းက www.edhamma.com ကနေ ကူးယူထားတာပါခင်ဗျား။

သစ္စာအလင်း said...

ကိုဦးရေ..(ဘုရားရှင်ကို သက်တော်ထင်ရှား ရှိသလို နှလုံးသွင်းပြီး ပူဇော်ရမယ်ဆိုတာ သိပါတယ်။ ဒီတော့ ကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်တာ အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်မိပါတယ်။)သားဖြေတာလေးကလျော်ကန်သင့်မြတ်ပါတယ်..။တချို့သော ဗုဒ္ဓဘာာ တွေက ဗေဒင်ဆရာ ခိုင်းတဲ့ အတိုင်းကို လုပ်တာ..ဆောင်းတွင်းမှာ ကိုယ် က အနွေးထည် ကြီးနဲ့ ဘုရားကျတော့ ခေါင်းကရေတွေ ဖြိုလောင်း...ဆိုတော့ ကိုယ့် ရဲ့ချမ်းသာသုခအတွက် ဘုရားကို သက်သက် အသုံးချတဲ့ အလွန် အဆင့်နိမ့်သော ဗုဒ္ဓဘာသာ ဝင်ပါပဲ..။သက်ရှိထင်ရှား ဆိုတဲ့ စကာလုံးကို စဉ်းစားရင် လှူဒါန်းပူဇော်မှုမှန်သမျှ အလေးနက်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်မှာ ပါ..။

Unknown said...

အခုလို ဖြေကြားပေးတာ ကျေးဇူးပါ...ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှာ သံဃာတွေလည်း ဂိုဏ်ကွဲခဲ့ပြီးတော့ ထေရ၀ါဒနဲ့ မဟာယန ဆိုပြီးတော့ ပေါ်ပေါက်လာတဲ့တွက် အယူဆလေးတွေ အနည်းငယ်ကွာဟလာတာကို သဘောပေါက်ပါတယ်...စီဘောက်မှာ ကိုဇော်ခ ပြောတာလေးကိုပဲ ပြန်ပြောချင်ပါတယ်..." ဘုရားကိုရေလောင်တယ်ဆိုတာ လူတွေရဲ့မှားယွင်တဲ့အုယူအဆတခုပါ ဘုရားက လောကိချမ်သာ လောကုတ္တရာ တရားအားလုံကိုဟောပြောပြသခဲ့ပြီပကို့ရဲ့မှားယွင်းတဲ့အတွေးအခေါ်တခုကို မှန်လားမှားလားလို့မဆုံးဖြတ်တက်တာရယ် ဗုဒွဘာသာရဲ့အနှစ်သာရကိုမသိတာဟာ ကိုယ့်အတွတ်ရော လောကအတွတ်ပါ ဆုံးရူံးသွားချင်တခုပါလို့ကျနော်ပြောချင်ပါတယ်" လို့ပြောထားပါတယ်...ဟုတ်ပါပြီ ဒီလိုဆိုရင် ဒီလိုမှားနေတဲ့ အရာတစ်ခုကို ဘာဖြစ်လို့ မပြင်ပေးနိုင်တာပါလိမ့်...ဒီလို နာမည်ကြော်ကြားတဲ့ ဘုရားစေတီပေါ်မှာ ရော အခြားခြားသော နေရာတွေမှာလည်း ဒီလိုတွေရှိကြတာကို ဘာကြောင့် ဒီလိုမှားယွင်းတဲ့ အချက်ကိုမပြင်ပေးနိုင်တာလဲ...မှားယွင်းမှန်း သိရဲနဲ့ လူတွေရဲ့ စိတ်ချမ်းသာမှုကို ဖြစ်စေချင်လို့ထားတာလား...ဘယ်လိုကြောင့်လဲ ဘာကြောင့်လဲ..အကုန်လုံးကို မိမိဘာသာတိုင်း ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင် ဗုဒ္ဒဘာသာဟာ တစ်ဖြည်းဖြည်းနဲ့ အယူဆတွေ ကွဲပြားလာနိုင်ပါတယ်...ဒီလို မှားယွင်းတဲ့ အချက်ကြီးကို လက်ခံကျင့်သုံးပေးနေတာဟာ ဘာကြောင့်ပါလိမ့်...ကိုအောင်ဦး တို့ ကိုဇော်ခ တို့က မှားယွင်းမှန်း သိပေငြားလည်း မသိတဲ့ ဗုဒ္ဒဘာသာဝင်တွေက အများကြီးဖြစ်နေတာဟာ ဗုဒ္ဒဘာသာတွက် ရင်လေးစရာတစ်ခုပဲ...ဒါကြောင့် ဘုရားကို ရေလောင်းသပ်ပယ်တာကိုမပြုပြင်ပဲ ဒီအတိုင်းပဲထားပြီးတော့ ကိုယ့်အယူဆနဲ့ကိုယ် လုပ်တော့ ဆိုရင်တော့ တစ်ဖြည်းဖြည်းနဲ့ အယူဆလေးတွေ ပိုပြီးတော့ ကွဲသွားလိမ့်မယ်လို့ ပြောချင်ပါတယ်ဗျာ....

ရွှေပြည်သူ (ShwePyiThu) said...

အောင်ဦးရေ... ရွှေတိဂုံဘုရားပေါ်မှာ ရေသပ္ပါယ်ရင်း အဲဒီအတွေးကို အစ်မလည်း ရဖူးပါတယ်။ တန်ဖိုးရှိတဲ့ပို့စ်ကို ဝေမျှပေးလို့ သာဓုသုံးကြိမ်လည်းခေါ် ကျေးဇူးလည်း အရမ်းတင်မိပါတယ်...