ဒုတိယအကြိမ် ဆွေးနွေးပွဲ

၂၂.၀၂.၂၀၁၀ ရက်နေ့တွင် ဆရာတော်ဦးဥတ္တမသာရနှင့် ဓမ္မရေးရာ ဆွေးနွေးခဲ့သော အသံဖိုင်များ ဖြစ်ပါတယ်။

ဆူနာမီဆရာတော်နှင့် ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ... ၁




ဆူနာမီဆရာတော်နှင့် ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ... ၂


ကျနော် အနေနဲ့ ဦးစွာပထမ အသိပေးပါရစေ။ ပထမအကြိမ် ဆွေးနွေးပွဲကို နားဆင်ပြီး သံဃာတော် အရှင်သူမြတ်များနှင့် အခြားသော နေရာဒေသ အသီးသီးမှာ ရှိနေကြတဲ့ ထေရ၀ါဒ သာသနာကို စောင့်ရှောက် ထိန်းသိမ်းလိုသော ဗုဒ္ဓဘာသာ ၀င်အားလုံးလည်း ကြောင့်ကြမဲ့ မနေခဲ့ကြပါဘူး။
အမြင်နဲ့ ခံယူချက်မတူကြတဲ့ အတွက် ဝေဖန်မှု အမျိုးမျိုးကိုလည်း ကြားသိလာရပါတယ်။ မည်သို့ပင်ဖြစ်စေ… ဆွေးနွေးပွဲများကို ခြုံငုံသုံးသပ်ပြီး မိမိတို့ အတွက် အကျိုးရှိအောင်သာ အသုံးချကြပါ။ ပြီးဆုံးအောင် နားဆင်ပြီး လူပုဂ္ဂိုလ်မပါပဲ ဓမ္မသပ်သပ်ကိုသာ ဝေဖန်ဆန်းစစ် လက်ခံကြပါ။ မနှစ်သက်ပါကလည်း မိမိတို့ သဘောအတိုင်းပါ။ ကျနော်တို့ ဆွေးနွေးခဲ့တာတွေသည် သာသနာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့ အတွက် အကျိုးယုတ်လျော့ မသွာဘူးဆိုတာတော့ ကျနော်တို့ ယုံကြည်ပါတယ်။ အနည်းငယ်မျှ ထုတ်ပြလိုပါတယ်…

(၁) ဆရာတော်ကိုယ်တိုင် အရင်တရားတွေက မှားနိုင်လို့ မိန့်ပါတယ်။ နောက်ပိုင်းတရားတွေကတော့ ပိုပြီး ပီပြင်လာပါ တယ်။ ဒီလိုပဲ အမှားနဲ့ ရင်းရတာပဲလို့ မိန့်ပါသေးတယ်။
မှတ်ချက်။ ။အထက်ပါ မိန့်ကြားချက် အရ အရင်တရားတွေမှာ အမှားပါတယ်ဆိုတော့ ဘယ်အချိန်ထိ မှားခဲ့ တယ်ဆိုတာ မသိပါ။

(၂) ၁၃၇၁ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက်၊ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော ဆဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဌမအစည်းဝေးက ဆုံးဖြတ်ချက် အပိုဒ်(၄)အရ အင်တာနက်တွင် လွင့်တင်ထားသော တပည့်တော် ဥတ္တမသာရ (ဆူနာမီ) ၏ တရားများကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ပါကြောင်း ၀န်ခံကတိ ပြု လက်မှတ်ရေးထိုးပါသည်။
မှတ်ချက်။ ။အထက်ပါ အချက်အား မှန်ကန်ပါကြောင်း ဆရာတော်ကိုယ်တိုင် မိန့်ပါတယ်။

သံဃမဟာနာယကမှာ ၀န်ခံထားတာကို ချိုးဖောက်တာဟာ သံဃသာမဂ္ဂီကို ပျက်ပြားစေပါတယ်။ ဒီလိုဝန်ခံထားတာကိုလည်း ပညတ်ပဲ ဖြစ်တယ်။ အလေးထားစရာ မဟုတ်ဘူးလို့ ယူဆနေတယ်။ အချိန်တွေကို ဆုပ်ကိုင်တယ်လို့သာ မိန့်ပါတယ်။

ဆွေးနွေးပွဲ အသံဖိုင်များကို နားဆင်ပြီး ရေးသားကြသော သံဃာတော်များနှင့် စာရေးသူများ၏ ဆောင်းပါးများကို ဖော်ပြလိုက်ပါတယ်။

(၁)http://www.dhammayaungchi.com/2010/02/blog-post_20.html အတုအစစ်ခွဲခြားနိုင်ဖို့

(၂)http://www.dhammayaungchi.com/2010/02/blog-post_6020.html တရားချိန်ခွင် (သို့) မဟာပဒေသ ၄ ပါး

(၃)http://www.lknt.org/2010/02/blog-post_15.html ဆူနာမီဆရာတော်သို့ပေးစာ

(၄)http://www.venvicitta.com/2010/02/blog-post_20.html ဆူလာပြန်ပြီဆူနာမီ

(၅)http://www.yawcommunity.com/2010/02/blog-post_16.html အင်း…ဒါလေးတော့ဖြင့် သိစေချင်

(၆)http://www.yawcommunity.com/2010/02/blog-post_7566.html ဓမ္မဥပဒေသများ

(၇)http://universaltruthplace.blogspot.com/2010/02/blog-post.html ဆူနာမီဆရာတော်ထံသို့ လျှောက်ထားလွှာ

(၈)http://www.ahlataya.com/2010/02/blog-post_10.html ဝေဖန်ပေးခဲ့ကြပါသည်

(၉)http://www.dhammalaws.org/2010/02/blog-post_8133.html ဆူနာမီဆရာတော်၊ မိမိနှင့် ဆရာတုတ်ကြီးဆေး ကြော်ငြာ

(၁၀)http://www.dhammalaws.org/2010/02/blog-post_19.html နောက်ဆုံးပေါ်တရားအားထုတ်နည်း

(၁၁)http://ashinsasana.multiply.com/journal/item/25/25 ဗုဒ္ဓနှင့်ခေတ်ပြိုင်ဝါဒမျာ

(၁၂)http://www.ahlataya.com/2010/02/blog-post_23.html ဆူနာမီဆရာတော်နှင့် ဒုတိယဆွေးနွေးပွဲ

7 comments:

tint said...

အေးဗျ
အရေးယူသလိုဖြစ်အောင်ဆိုတဲ့  ကိုဇော်အောင်အကြံပေးတာကောင်းပါတယ်
ဒါပေမဲ့  တခုသိစေချင်တာက သက်ဆိုင်ရာက အရေးမယူတာမဟုတ်ပါ .။ ၂၀၀၇ကနေ ဒီနေ့ ထိ (အမှုတွဲအထောက်အထားအရ) ၃ကြိမ်တိုင်သတိပေး အရေးယူပြီးပါဗျာ ။.မနာယူတာသာဖြစ်ပါတယ် ။
နောက် ကိုလူလှရေ ဒီလောက်လဲ ပေါက်ကွဲမနေနဲ့ ပါဗျာ ။ ခုလုပ်နေကြတာ သာသနာရေးပါ ။ တခြားအပြင်ဘာမှမပါဘူးဆိုတာယုံကြည်စေချင်တယ် ။ တကယ်လို့  ကိုယ့်ဟာကိုယ် ဘာသာတရားသိလှပြီထင်လဲ စိန်တော့မခေါ်ပါနဲ့ ဗျာ ။ ဘာသာတရားဟာ စိန်ခေါ်ပြီး မင်းသိလားငါသိလားပြိုင်ရမဲ့ အရာမဟုတ်ပါဘူး ။ ကိုယ့်ဟာကိုယ်ဘယ်လောက်ထိကျင့်ကြံတယ်ဆိုတာ မိမိနဲ့  မိမိ ကိုယ်စောင့်နတ်အသိဆုံးပါဘဲ
အားလုံးမိတ်ဆွေများ
( အင်း ဒါပြောပြန်လဲ ဘာသာရေးမှာ ကင်ဒိုခုတ်တာမဟုတ်ဘူးပြောအုံးမယ်ထင်တယ် ။ ဘုန်းဘုန်းဦးလောဆီမှာ ဘာသာရေးကိစ္စတချို့ ဟာ ဆေးပညာနဲ့ သဘောတူတာကို ယှဉ်ပြောတော့ ကန့် ကွက်တဲ့ သူပေါ်ဘူးတယ်လေ ) ထားပါ
ကင်ဂျုဆု ကစားဘူးတဲ့  သူဆိုရင်တော့ သိပါတယ်။
တဘက်လူနဲ့ အ၀င်အထွက်မှာ သူသာနာစေရမယ် ။ သူသာသေစေရမယ် ငါတော့မထိစေရဘူးလို့ ဘယ်တော့မှ တွက်မရဘူးတဲ့  ။
ကိုယ့်လက်ကိုပေးပြီး ရန်သူ့ အသက်ကိုချွေရဲရတယ်လို့  သင်ကြားချက်ရှိပါတယ် ။
ခုလဲ ဒီသာသနာရေးကိစ္စကိုအားလုံးမိတ်ဆွေများဆောင်ရွက်တာမှာ ( သံဃာတော်များအထောက်အပံ့နဲ့  အပါ ) ဖေါ်ထုတ်တာထင်ရှားတန်သလောက်ထင်ရှားသလိုဘဲ အားလုံးမိတ်ဆွေများလဲ လူပင်ပန်းစိတ်ပင်ပန်းခံကြပြီး(တချို့ ဆို အလုပ်ပါပျက်လို့  ၀င်ငွေပါထိခိုက် ) ဆောင်ရွက်ခဲ့ ကြပြီးပါ ။ အကျိုးလဲ ထင်တန်သလောက် ထင်ပါတယ် ။
သို့ သော် နောက်သင်ကြားချက်တခုက ခုတ်ပြီဟေ့ဆို လူကြီး ၂ခြမ်းကွဲစရာမလိုဘူးတဲ့  ခေါင်းထိ ပုခုံးထိ လဲတော်တော့
မိမိဒါးအရှိန် ပြန်ထိန်းပြီး နောက်ထပ်ရန်သူကို အသင့်စောင့်နိုင်ရမယ်တဲ့  ။
ခုလဲ ကျွန်တော်တို့  ဒီကိစ္စမှာ မူမမှန်တာပေါ်လွင်ပြီးဖြစ်တဲ့  ဒီလူတစုကို သူ့ ထိုက်နဲ့  သူ့ ကံလေးထားပြီး နောက်သာသနာအတွက် လုပ်စရာရှိတာလေးတွေ ။ မိမိအတွက်လုပ်စရာလေးတွေ ဆက်လုပ်ကြပါစို့  ။ မိမိလုပ်အပ်သော ဒါနသီလဘာဝနာကို ပွားများကြရင်း နောက်သာသနာရန်သူကို ပေါ်ရင်ပေါ်သလို ခုလိုဘဲဖေါ်ထုတ်ကြပါစို့ ဗျာ။

Unknown said...

အကိုတို့ သာသနာတော်အပေါ်မှာထားတဲ့စေတနာကိုနားလည်ပါတယ် ခက်တာက ကျနော်တို့မြန်မာတွေက လူနဲ့ဘုန်းကြီးဆိုရင် ဘုန်းကြီးကိုအပြစ်မမြင်တဲ့ အကျင့်ရှိတယ် ပြီးတော့ပရိတ်သတ်ရှိပြီးသားဆိုတော့ပိုဆိုးတာပေါ့ ဒုတိယအကြိမ်ဆွေးနွေးတာကတော့ တရားဆွေးနွေးတာနဲ့မတူပဲနဲ့ တရားခံစစ်သလို ဖြစ်နေတယ် အကိုတို့ကတော့အဖြစ်မှန်ကိုချပြချင်တာ right ကို မလေးစားသလိုဖြစ်သွားတာပေါ့ ကျနော်အမြင်ပါ

Vipassana Meditation said...

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား-

ဆူနာမီဆရာတော်ရှင်းပြချက် တရား ၉ ပုဒ်ပါဘုရား။
အောက်ပါလင့်လေးမှာပါဘုရား။

http://www.mediafire.com/?sharekey=19aabee74b2877695a3d773badf21430859762455ffca24384bbec0582a7e90e

သေသေချာချာနားဆင်ပေးစေလိုပါတယ်ဘုရား..
ဆူနာမီဆရာတော်ဟာ ပညတ်များကို ပယ်ခိုင်းနေတာလား။ ဒါမှမဟုတ် ပညတ်များအပေါ် ငြိတွယ်နေသည့် သမုဒယသစ္စာ ဥပါဒါန်အစွဲများကို မှန်မှန်ကန်ကန် စွန့်လွှတ်နိုင်စေရန် (သို့) ၀ိပဿနာဥာဏ်များဖြစ်ပေါ်စေရန် guided နည်းလမ်းပေးနေတာလားဆိုတာ ကွဲကွဲပြားပြား သိရှိနိုင်ရန်အတွက် သေသေချာချာ နားဆင်ပေးစေလိုပါတယ်ဘုရား။
ဝေဖန်သူများသည် Guided meditation သဘောဆိုတာကိုလည်း သေသေချာချာ သဘောပေါက်ဖို့လိုပါတယ်ဘုရား။
Guided meditation သဘောကို မသိသဖြင့် ဆရာတော်မှ ယောဂီကိုယ်စား တရားကူထိုင်ပေးသည် ဟု အထင်မှားကြပါသည်ဘုရား။
တရားအားထုတ်မှုကို သေသေချာချာ လေ့လာထားသူများသာ guided meditation သဘောကို သိနားလည်နိုင်ပါသည်ဘုရား-ဥပမာ
မိုးကုတ်ဆရာတော်ကြီး၏ “နားက တရားနာနေစဉ် ခန္ဓာဥာဏ်လှည့်” ဆိုသော တရားနှလုံးသွင်းပုံ မှန်ကန်စေရန် တိုက်ရိုက်သင်ကြားပေးမှုများ၊
သဲအင်းဂူဆရာတော်ကြီး၏ “ရှုကွက်တရားများ”၊
ဆရာတော်ဦးဇောတိက မဟာမြိုင်တောရ၏ “ငြိမ်းချမ်းခြင်းတရာ;” guided meditation ခွေ နှင့်
အနောက်နိုင်ငံမှ Jack Konfield ၏ guided meditation များ သည် မိမိကိုယ်တိုင် တစ်ဦးတည်း တရားအားထုတ်ရန် အချိန် -နေရာ-အခက်အခဲရှိနေသူများ(သို့)ရိပ်သာသွားရန် အချိန်မပေးနိုင်သူများ(သို့)လူမမာများအတွက် တရားခွေကိုဖွင့်လျှက် တရားနှလုံးသွင်းရသော တရားအားထုတ်နည်း(သို့)တရားအားထုတ်ရာတွင် နှလုံးသွင်းမှန်ကန်စေရန် အလွန်မှန်ကန်ထိရောက်သော အကူအညီပေးမှုဖြစ်ပါသည်။ တစ်ခုခုကို စူးစိုက်ကာ တရားမှတ်နေသည်ဟုဆိုသော်လည်း တွေးချင်ရာတွေးနေကာ စိတ်ပျံ့လွင့်သူများအတွက် အလွန်ထိရောက်ကောင်းမွန်သော အကူအညီဖြစ်ပါသည်။ လက်တွေ့လုပ်ကြည့်သူများသာ အလွန်ကျေးဇူးများကြောင်းသိကြပါသည်။ သမထ တရားနည်း တစ်ခုခုကို သာ နားလည်ပြီး တရားနည်းတစ်ခုကို ဆုပ်ကိုင်လျှက် ထိုနည်းနှင့် မတူညီသော မိမိဥာဏ်မမီသော ၀ိပဿနာတရားနည်းများအတွက် ဝေဖန်နေမှုမှာ အပြုသဘောထက် ဓမ္မန္တရာယ်ကြီးသို့ ဦးတည်နေကြောင်း လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

ထို့ပြင် ပညတ် နှင့် ပရမတ် အခြင်းအရာများနှင့်ပတ်သက်၍လည်း ထဲထဲဝင်ဝင်လေ့လာဖို့ လိုအပ်ပါသဖြင့် မျှဝေအပ်အပ်ပါသည်။
ပညတ် နှင့် ပရမတ် အခြင်းအရာများနှင့်ပတ်သက်၍ သီဟိုဠ်မှ မေးခွန်းများအား လယ်တီဆရာတော်ကြီး၏ ရှင်းလင်းချက်ကို အောက်ပါ လင့်လေးတွင်ဖတ်ရှုနိုင်ပါသည်ဘုရား။

http://realenlightenment.multiply.com/journal/item/9/9


ရှိခိုးဦးခိုက်လျှက်
သစ္စာ

Vipassana Meditation said...

ကိုအောင်ဦးကို သိစေချင်ပါသည်

http://trueanswer.multiply.com/journal/item/3

သစ္စာ

Vipassana Meditation said...

ကိုအောင်ဦးကို သိစေချင်ပါသည်(၂)


http://trueanswer.multiply.com/journal/item/4/4

သစ္စာ

Anonymous said...

ကိုအောင်ဦး နှင့်တကွ
ဆူနာမီ ဆရာတော် ကို စစ်ဆေးမေးမြန်းခဲ့ကြသောသူ ဆရာတော်များ နှင့် ပညာရှင်တချို့ အား လေးမြတ်စွာ ပန်ကြား လျှော်ထားအပ်ပါသည် .......ဆူနာမီဆရာတော်အား မေးမြန်းခဲ့ကြသောမေးခွန်းလေး များ နှင့် စပ်လျဉ်း၍ အများသူငါ အမှားအမှန် ကို သံသယ ရှင်းလင်းစွာ သိရှိနိုင်ရေး မေးခွန်းပုစ္ဆာ( ၉ )အား မေတ္တာရှေ့ထားကာ ဖြေကြားပေးပါရန် လေးမြတ်စွာ ဖိတ်ကြား အပ်ပါသည် ဘုရား။

လေးစားစွာဖြင့်
သစ္စာ

Anonymous said...

မေးခွန်း(၉) ခု အား အောက်ပါ လင့်လေးတွင် သွားရောက် ကြည့်ရှုပေးပါခင်ဗျား..

http://trueanswer.multiply.com/journal/item/5/5

လေးစားစွာဖြင့်
သစ္စာ