ဆွေးနွေးပွဲများနှင့်ပတ်သက်၍…

ကျနော်တို့ ဆွေးနွေးပွဲ အသံဖိုင်တွေကို လူအများ နာယူလို့ ရအောင် တင်ထားပြီးတဲ့ နောက်မှာ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စာတွေ အများကြီးရေးပြဖို့ အစီစဉ် မရှိခဲ့ပါဘူး။ ပထမ ဆွေးနွေးပွဲ အပြီးမှာ ဆောင်းပါး ၁၀ပုဒ်လောက် ရေးသား ဖော်ပြခဲ့ကြတာနဲ့ပဲ လုံလောက်ပါပြီလို့ ယူဆခဲ့လို့ပါ။ ထိုဆောင်းပါးတွေကို ဖတ်ကြည့်ခြင်း အားဖြင့် စာဖတ်သူ ပရိတ်သတ်အနေနဲ့ရော တရားအလုပ် အားထုတ်နေသူတွေ အတွက်ပါ ဓမ္မနည်းလမ်းတကျ ဟုတ်ခြင်း၊ မဟုတ်ခြင်းကို ဝေဖန်ဆုံးဖြတ်နိုင်ပြီလို့ တွေးမိပါတယ်။ သို့သော် အများဆန္ဒ အရရော၊ ကျနော်တို့ ထပ်မံ မေးချင်တာတွေ ရှိတာနဲ့ ဒုတိယ အကြိမ် ဆွေးနွေးပွဲ ပြုလုပ်ဖြစ်ခဲ့ပါတယ်။
ယခုလို မေးမြန်းဆွေးနွေးတာတွေကို ကျနော်တို့ အနေနဲ့ပဲ လုပ်ကြတယ်လို့ မမြင်စေချင်ပါဘူး။ ကျနော်တို့ကို ဆရာတော် မလေးရှားကို ကြွလာတဲ့ အချိန်မှာ ဆွေးနွေးကြလို့ ပြောဆိုလာတဲ့ အတွက် ဆွေးနွေးဖြစ်ခဲ့တာပါ။ ယခင်ကလည်း ဆရာတော်နဲ့ အခြားသော လူပုဂ္ဂိုလ်များ ဆွေးနွေးခဲ့တာ အကြိမ်မနည်းတော့ပါဘူး။ သူတို့တွေကိုလည်း ဆရာတော် ဘယ်လို ဖြေခဲ့တယ် ဆိုတာ ကျနော်တို့ သိပြီးဖြစ်ပါတယ်။


ပထမ ဆွေးနွေးပွဲမှာ ပထမဆုံး မေးတဲ့ အကြောင်းအရာကိုပဲ လှည့်ပတ်ဖြေကြားလိုက်တဲ့ အပြင် နောက်ပိုင်းမှာလည်း အဖြေကို တိတိကျကျ မသိရပဲ အလားတူ အဖြေတွေပဲ ပြောလာတဲ့ အတွက် ဒေါသသံတွေ ပါလာရပါတယ်။ ကျနော်တို့ အနေနဲ့ ရဟန်းတပါးကို အဲလို မပြောဆိုသင့်ဘူးဆိုတာ သိတယ်။ သို့သော် မမှန်တာကို မမှန်ဘူးလို့ ပြောရမယ် ဆိုတဲ့ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်ကို တနည်းအားဖြင့် လိုက်နာခြင်းပဲ ဖြစ်တယ်။

ဆွေးနွေးပွဲတွေကို နားဆင်ပြီး မသိသေးတဲ့ သူတွေအနေနဲ့ သိသွားကြတယ်။ေ၀၀ါးနေတဲ့ သူတွေအတွက် ပိုပြီးရှင်းလင်းအောင် သိကြတယ်။ သိပြီးသားသူတွေ အတွက် ပိုပြီးတော့ လေးနက်စေခဲ့ပါတယ်။ ယခုဆွေးနွေးပွဲ တွေကို အကြောင်းပြုပြီး တစ်ဦးတစ်ယောက် အတွက် ကောင်းကျိုးရသွားတယ်၊ အသိမြင်တွေ မှန်သွားတယ် ဆိုရင်ပဲ ပြုလုပ်ရကျိုး နပ်ပါတယ်။ ပရိသတ် အမျိုးမျိုး ရှိခြင်းကြောင့် လူတိုင်း လက်ခံခြင်း၊ လက်မခံခြင်းကို မပြောလိုပါ။ ဆွေးနွေးပွဲများ အားလုံးကို ခြုံငုံသုံးသပ်ပြီးမှ မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်တာ သင့်တော်ပါတယ်။
အသံဖိုင်များ နားဆင်ပြီးတော့ ညီအကို မောင်နှမများထံကနေ စေတနာနဲ့ အကြံပြုပြောဆိုတာတွေကို တွေ့မြင်ရပါတယ်။ စိုးရိမ်ပြီးတော့ အသိပေးပြောကြတဲ့ မောင်နှမတွေကိုလည်း တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျနော်တို့ အနေနဲ့လည်း ဒုက္ခက လွတ်မြောက်ဖို့ တရားဓမ္မတွေကို လေ့လာဆည်းပူး ကျင့်ကြံနေသူတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းချက် ပန်းတိုင်အတွက် အတားအဆီးဖြစ်မယ့် အရေးကို ကျနော်တို့ အဖြစ်မခံပါဘူး။ သတိ ရှိစွာ၊ နှလုံးသွင်း မှန်စွာနဲ့ပဲ ဆောင်ရွက်ခဲ့ကြတာပါ။

ကျနော်တို့ ဆွေးနွေးခဲ့တဲ့ အထဲမှာ ၀ိနည်းတော်နဲ့ မသင့်လျော်တာတွေကို ပြောဆိုခဲ့တာတွေ ရှိပါတယ်။ အခြားစည်းကမ်းနဲ့ ပတ်သလို့ ဆွေးနွေးမှု၊ တရားနည်းလမ်းနှင့် ပတ်သတ်လို့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလိုပြောလို့ အပြစ်ဖြစ်၊ မဖြစ်ကို ဆရာတော်ရေးသား ဖြေကြားပေးထားတဲ့ ဆောင်းပါးမှာလည်း ဖတ်နိုင်ပါတယ်။

ထို့အပြင် လယ်တီဆရာတော်ကြီး ရေးသားတော်မူခဲ့သော ဓမ္မဒီပနီ ကျမ်းမှာ အောက်ပါအတိုင်း ရေးထားပါတယ်။

ယခုအခါ ဗုဒ္ဓဘာသာ သာသနာမှာလည်း လူ ၀ိနည်းတတ်ပေါများ၍ ၀ိနည်းတရားနှင့် မညီသော ရဟန်းတို့ကို ပိုးစိုးပက်စက် ဆိုရက် ပြောရက်သူများ ပေါများလျှင် သာသနာတော်မှာ ကောင်းဖို့ရာဖြစ်၏။
လူတို့က ၀ိနည်းကို သိ၍ ၀ိနည်းရှိတိုင်း ညီညွတ်အောင် မကျင့်သော ရဟန်းကို အလှူ လှူဒါန်းသူ ကိုးကွယ်သူမရှိဘဲ နေခဲ့မူကား သာသနာတော်၌ အလွန်ကောင်းဖို့ရာ ဖြစ်၏။ ပစ္စည်းလေးပါးတို့ဖြင့် အားပေးချီးမြှောက် ထောက်ပံ့လှူဒါန်းခြင်းကို ပြုကြမူကား အဘယ်အခါမှ သာသနာတော် ထင်ပေါ်ကြီးရင့် ဂုဏ်သီးရင့်၍ ထွန်းတင့် ကေင်းစားနိုင်တော့မည် မဟုတ်ပေ။

အချို့သော သူတို့က လူများဝိနည်းတရားတော်ကို မသင်ကောင်းဟူ၍ ပြောဆိုကြ၏။ ထိုသူတို့သည် တရားတော်ကို တားဆီးပိတ်ပင်ရာ ရောက်၏။ ရဟန်းတော် တစ်ပါသည်း ရဟန်းတော် တစ်ပါးအား ၀ိနည်းတရားတော်ကို သင်ကြားခြင်းကြောင့် အဘယ်အကျိုးရှိအံ့နည်း စသည်ဖြင့် ပြောဆိုငြားအံ့၊ ပါစိတ်အာပတ်သင့်၏။ လူသာမဏေတို့အား ပြောဆိုငြားအံ့၊ ဒုက္ကဋိအာပတ်သင့်၏။ ဤသို့ကြီးလေးသော အပြစ်ရှိ၏။

ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက် ပထမ စံကျောင်းဆရာတော်ကြီးက အောက်ပါအတိုင်း မိန့်တော်မူပါတယ်။

အချို့သော သူတို့က ၀ိနည်းတတ်လျှင် ရဟန်းတော်များ မအပ်မရာသော အမှုကို ပြုလုပ်သည်ကို တွေ့မြင်ခဲ့သော် ကဲ့ရဲ့မိတတ်၍ အပြစ်ရှိမည်ကို ကြောက်ရသည်ဟူ၍ ပြောလေ့ရှိ၏။
ထိုစကားများ၏ မကောင်းမှုကို ကြပ်ကြပ်ကဲ့ရဲ့မှသာလျှင် မကောင်းမှုပြုဝံ့သူ နည်းပါးပေလိမ့်မည်။ မကောင်းသူ ပြုဝံ့သူနည်းပါးပါမှ ဤသာသနာတော်ကြီးသည် နေ၀န်း၊ လ၀န်းပမာ လွန်စွာ ထွန်းတောက်ပေလိ့မ်မည်။
အကျဉ်းအားဖြင့် (၂၂၇)သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင် တစ်ရာရှစ်ဆယ့်ငါးသန်း သုံးသောင်းခြောက်ထောင်သော သိက္ခာပုဒ်တို့မှာ မြတ်စွာဘုရား သဘော အလိုအလျှောက် အကြောင်းမဲ့ ပညတ်အပ်သော သိက္ခာပုဒ်ဟူ၍ မရှိချေ။

အလိုနည်းသော ရဟန်းနှင့် လိမ္မာသော ဒါယကာ ဒါယိကာမတို့က ကဲ့ရဲ့သောကြောင့်သာ ပညတ်ရလေသည်။ ယခုကာလ အချို့သော ဒါယကာ- ဒါယိကာမတို့ကဲ့သို့ မကဲ့ရဲ့ဘဲနေကြလျှင် သိက္ခာပုဒ်ဟူ၍ တစ်ခုမျှ ရှိတော့မည် မဟုတ်။ သိက္ခာပုဒ်ဟူ၍ မရှိကလည်း ကြည်ညိုဖွယ်ရာဟူ၍ ရှိတော့မည် မဟုတ်ချေ။
မကောင်းမှုကို ကဲ့ရဲ့သော သူတို့မှာ အလိုနည်းသော သူတော်ကောင်းတို့သာ ဖြစ်ပေ၏။ အကြင်ရဟန်းတို့သည် အလိုနည်း ပါးကြကုန်၏။ ထိုရဟန်းတို့သည် ကဲ့ရဲ့ကြကုန်၏။ ရှုတ်ချကြကုန်၏ဟု ၀ိနည်း ပါဠိတော်၌ သိက္ခာပုဒ်တိုင်း၌ လာရှိ၏။

သာသနာတော်ကို အဟုတ်တကယ် ကောင်းစေလိုပါက လူရှိသမျှဝိနည်းကို တတ်မြောက်အောင် သင်ကြားပြီးလျှင် ၀ိနည်းနှင့် မညီသော ရဟန်းတော် ဟူသမျှတို့ကို ကဲ့ရဲ့ကြလျက် ၀ိနည်းနှင့်အညီ ကျင့်သော ရဟန်းတော်တို့ကို ရွေးချယ်၍ ကိုးကွယ် ဆည်းကပ်ကြမှသာလျှင် ဤသာသနာတော်ကြီးသည် နေလပမာ လွန်စွာ ထွန်းလင်းပေလိမ့်မည်။

မိမိတို့ကိုယ်တိုင်က ၀ိနည်းမတတ်ခဲ့၍ ရှိလျှင် ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့် အညီ ကျင့်ကြံနေထိုင်သော ရဟန်းတည်း၊ ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့် အညီ ကျင့်ကြံနေထိုင်သော ရဟန်းမဟုတ်ဟု ခွဲခြား၍ သိနိုင်တော့မည် မဟုတ်သဖြင့် ၀ိနည်းသိက္ခာပုဒ်နှင့် မညီသော ရဟန်းများကိုပင် ရဟန်းကောင်း ရဟန်းမြတ်အထင်နှင့် အားပေးချီးမြှောက်ခြင်းပြုမိက အရှင်မရှိသော ရဟန်းအား အားပေးချီးမြှောက်မှု အလဇ္ဖီပဂ္ဂဟာ၌သာ တည်၍ မြတ်စွာဘုရား သာသနာတော်၌ အရှက်မရှိ အလဇ္ဖီ ပုဂ္ဂိုလ်တွေသာ မြောက်မြား အားရှိခဲ့ရာ၏။ ထိုသို့ဖြစ်က ဤသာသနာ တော်ကြီးသည် ဘယ်အခါမှ ကောင်းတော့မည် မဟုတ်ချေ။
ထို့ကြောင့် ၀ိနည်းတရားတော်နှင့် တကွ သုတ်၊ အဘိဓမ္မာ တရားတို့ကို စွမ်းအားရှိသမျှ ထွန်းလင်းပြန့်ပွားအောင် အားထုတ်ကြကုန်ရာ၏။

ထိုဝိနည်းတရားတော်တည်မှ သာသနာတော် အရှည်တည်တံ့နိုင်မည် ၀ိနည်းတရားတော် ပွင့်လင်းမှ သာသနာတော် အရှည်ပွင့်လင်း တောက်ပနိုင်မည်။ ၀ိနည်းတရားတော် ကွယ်ပျောက်က သာသနာတော် ကွယ်ပျောက်ပေလိမ့်မည်။

အထက်ပါ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများသည် ဘုရားဟော ပါဠိတော်များကို ကိုးကား၍ ရေးသား မိန့်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ဆိုရလျှင် ကျနော်တို့ ဆွေးနွေးဝေဖန်ခဲ့သော အကြောင်းအရာများနှင့် အပြုအမူကို နားလည်လက်ခံ နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

နောက်ဆုံး အနေဖြင့် သတိပေးပါရစေ… လက်ခံခြင်း၊ လက်မခံခြင်းဆိုတာ မိမိတို့ ကိုယ်ပိုင် ဉာဏ်အရ ဆုံးဖြတ်ကြတာ ဖြစ်ခြင်းကြောင့် အငြင်းမပွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ လိုအပ်ချက်ရှိပါက ဆွေးနွေးအကြံပြုနိုင်ပါတယ်။

တရားစစ် တရားမှန်ဖြင့် ချမ်းသာနိုင်ကြပါစေ…

24 comments:

Anonymous said...

ကိုယ်ကျောင်းတက်တဲ့ ဥရောပနိုင်ငံတစ်ခုမှာ ကျောင်းက ဆရာ နဲ့ဆရာမ တစ်ချို့ဟာ ထေရ၀ါဒဗုဒ္ဓဘာသာကို ပိဋကတ်တော်တွေအတိုင်း တိတိကျကျ လေ့လာပြီး အားထုတ်ကျင့်ကြံနေကြသူတွေပါ ။ ကိုးကွယ်ရာဘာသာ အလိုက် ကျောင်းသားတိုင်းကို မေးမြန်းတဲ့အခါ ကိုယ်ဆို မသိဘဲ မဖြေရဲခဲ့ပါဘူး။ ဒါကြောင့်အွန်လိုင်းမှာ တရားနာ ၊ စာဖတ် ၊ မသိသည်များကို မေးမြန်းပြီးမှ သာ ပြန်လည်ဖြေကြားပါတယ်။ အဲဒီအခါမှာတရားအမှား တွေနာမိထားပြီး အမှားတွေပြန်ဖြေမိရင် အခြားဘာသာဝင်များရဲ့အလယ် အရှက်ကွဲရမှာမို့ အခုလိုတွေ့ဆုံဆွေးနွေးကြပြီး တရားအမှားများကိုထောက်ပြတဲ့ မိမိတို့ကိုယ်တိုင်လည်းလေ့လာသိရှိကျင့်ကြံနေကြတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များကို အထူးပင် ကျေးဇူးတင်ရှိပါတယ် ။

ညီမလေး said...

အကိုရေ...
ကျေးဇူးများလှပါတယ်... ဆရာတော်ဘုရားကြီးတွေရဲ့ ဆုံးမ သြ၀ါဒကို ဖတ်ရှုပြီး နားလည်လက်ခံကြမှာပါလို့  ညီမလေး မျှော်လင့်ပါတယ် အကို.. ကိုယ်ပြုတဲ့အမှုရဲ့ အရိပ်က ကိုယ့်နောက်မှာ ရှိနေတာပါပဲ... နှလုံးသွင်းမှန်စွာနဲ့  တရားဆွေးနွေးခဲ့တဲ့အတွက် .. မှားတာကို မှားတယ်လို့ ထောက်ပြ၀ံ့တဲ့အတွက်.. ထေရ၀ါဒ သာသနာတော် တိုးတတ်ပြန့် ပွားရေးကို ကိုယ်ကျိုးမဖက် ရွက်ဆောင်တဲ့အတွက်.. ဒုက္ခက လွတ်မြောက်ဖို့ တရားဓမ္မများ လေ့လာဆည်းပူး ရာမှာ လွယ်ကူပြီး ရည်မှန်းချက်ပန်းတိုင်ကိုလဲ အတားအဆီးမရှိ လျှင်မြန်စွာ အမြန်ဆုံး ရောက်ရှိပါစေနော်..

ညီမလေး

ဧရာ said...

ကိုအောင်ဦးရေ... ဆွေးနွေးခန်းတွေလည်း အကုန်မဟုတ်ပေမယ့် အတော်များများ နားထောင်ပြီး၊ ဆက်စပ်တဲ့ ပို့စ်အချို့ကိုလည်း ဖတ်သွားပါတယ်။ ကိုအောင်ဦးရဲ့ဆန္ဒလိုပဲ … တရားစစ် တရားမှန်ဖြင့် ချမ်းသာနိုင်ကြပါစေ…

Unknown said...

သဘောမမှန်သူတွေပြောစကားကို သည်းခံနိုင်တာကို ပိုချီးကျူးမိပါတယ်။

winmyint said...

ဆရာတော်ဘုရားကြီးများ၏ အဆုံးမဩဝါဒတို့နှင့် ပြည့်ပြည့်စုံစုံ ဖော်ပြ၍ သာသနာကို စောင့်ရှောက်သော ပိုစ့်ကို ရေးသားမျှဝေပေးသာ ညီလေးကို အထူးကျေးဇူးတင်ပါတယ်...
သာဓု ..သာဓု..သာဓု

Anonymous said...

: I just give for an example, still left many more if you want to know pls do not hesitate to contact me to my mail.
Whatever you do will come back to you. *Dress-up neatly and pay respect to the Buddha. *To protect the Tathagata Monastery is to protect yourself. *For building Buddha's image is mounlding yourself.
venerating the Buddha, will be blessed with eternal happiness and be able Amitabha Buddha, Avalokiteshvara Bodhisattva and all other Buddhas in the heavenly realm."
of the karmic conse-quences. But thanks to our Load and the sutra he has so kindly given us, whoever writes and reads, prints and distributes this sutra, upon
hen Ananda said :" Until the end of the present dark age most human beings wound have, though successive live, accumulated countless misdeeds because of their ignorance
"They are innumberable examples of the Karmic law. But l have only mentioned them generally."
life. Learn the law of Karma expounded as follows. For Karmas are consequential and my words truthful." Having spoken the sutra to Ananda and the other followers, Buddha added:
charitable. Then the buddha proceeded on the Karma Sutra :"Destiny is the aggregate Karmic effects from past life. Past Karma determined your present destiny. Present Karmas are to mould your next
They are : to be filial to parents; to be respectful to Buddha's teaching, and to Buddhist monks; to abstain from killing and set free sentient beings ; and to abstain from eating meat and be
some people are poor, some rich, and some miserable. There are four rules inseparable in obtaining happiness and prosperity for your next life.
Sakyamuni Buddha told Anada and the rest of the disciples to listen carefully : I will now expound the law of Karma. Because of Karmic effects inherited from previous lives,
how could we understand the cryptic and fundamental principle or what consequences each individual is to suffer eventually for his deeds, My Lord, would you kindly explain there to us ?"
5 Mar 10, 21:50
အရှင်ပညာ: miserable and sordid, among them some are deaf, some blind, some mute, some idiotic, some handicapped in other aspects, the most people inured to killing.
5 Mar 10, 21:49
အရှင်ပညာ: humbly asked : "In the present dark age, where the majority of our people are indulgent in unrighteousness, disrespectful to the Buddha's teaching, unfilial to their parents, immoral,
5 Mar 10, 21:49
အရှင်ပညာ: Once upon a gathering at Lin-Shan Assembly, where 1,250 followers attended, Ananda, one of the chief disciples, after circling thrice with folded hands around Sakyamuni Buddha, bowing in respect,
Dakar Lu Hla, here attach with answer for you.


(စီဘောက်စ်မှာ အရှင်ပညာ၏ ရေးသားချက် သဘောကျ၍ ကူးယူဖော်ပြပေးသည်။)

Anonymous said...

I just give for an example, still left many more if you want to know pls do not hesitate to contact me to my mail.
5 Mar 10, 21:55
အရှင်ပညာ: Whatever you do will come back to you. *Dress-up neatly and pay respect to the Buddha. *To protect the Tathagata Monastery is to protect yourself. *For building Buddha's image is mounlding yourself.
5 Mar 10, 21:54
အရှင်ပညာ: venerating the Buddha, will be blessed with eternal happiness and be able Amitabha Buddha, Avalokiteshvara Bodhisattva and all other Buddhas in the heavenly realm."
5 Mar 10, 21:54
အရှင်ပညာ: of the karmic conse-quences. But thanks to our Load and the sutra he has so kindly given us, whoever writes and reads, prints and distributes this sutra, upon
5 Mar 10, 21:53
အရှင်ပညာ: hen Ananda said :" Until the end of the present dark age most human beings wound have, though successive live, accumulated countless misdeeds because of their ignorance
5 Mar 10, 21:53
အရှင်ပညာ: "They are innumberable examples of the Karmic law. But l have only mentioned them generally."
5 Mar 10, 21:52
အရှင်ပညာ: life. Learn the law of Karma expounded as follows. For Karmas are consequential and my words truthful." Having spoken the sutra to Ananda and the other followers, Buddha added:
5 Mar 10, 21:52
အရှင်ပညာ: charitable. Then the buddha proceeded on the Karma Sutra :"Destiny is the aggregate Karmic effects from past life. Past Karma determined your present destiny. Present Karmas are to mould your next
5 Mar 10, 21:51
အရှင်ပညာ: They are : to be filial to parents; to be respectful to Buddha's teaching, and to Buddhist monks; to abstain from killing and set free sentient beings ; and to abstain from eating meat and be
5 Mar 10, 21:51
အရှင်ပညာ: some people are poor, some rich, and some miserable. There are four rules inseparable in obtaining happiness and prosperity for your next life.
5 Mar 10, 21:50
အရှင်ပညာ: Sakyamuni Buddha told Anada and the rest of the disciples to listen carefully : I will now expound the law of Karma. Because of Karmic effects inherited from previous lives,
5 Mar 10, 21:50
အရှင်ပညာ: how could we understand the cryptic and fundamental principle or what consequences each individual is to suffer eventually for his deeds, My Lord, would you kindly explain there to us ?"
5 Mar 10, 21:50
အရှင်ပညာ: miserable and sordid, among them some are deaf, some blind, some mute, some idiotic, some handicapped in other aspects, the most people inured to killing.
5 Mar 10, 21:49
အရှင်ပညာ: humbly asked : "In the present dark age, where the majority of our people are indulgent in unrighteousness, disrespectful to the Buddha's teaching, unfilial to their parents, immoral,
5 Mar 10, 21:49
အရှင်ပညာ: Once upon a gathering at Lin-Shan Assembly, where 1,250 followers attended, Ananda, one of the chief disciples, after circling thrice with folded hands around Sakyamuni Buddha, bowing in respect,
5 Mar 10, 21:48
အရှင်ပညာ: Dakar Lu Hla, here attach with answer for you.

(အရှင်ပညာရဲ့ ဥပမာပေး သုတ္တန်ပါ။ အောက်ကနေ စဖတ်ရမှာ ဖြစ်ပါတယ်။)

Anonymous said...

အောင်စင်္ကြာ မှ အရှင်ပညာသို့

အောင်စင်္ကြာ မှ အရှင်ပညာသို့ ခင်ဗျားဟာဗုဒ္ဒ သာသနာကရဟန်းတစ်ပါးမဲဖြစ်နိုင်ဘူး နိုင်ငံရေးသမားဘဲဖြစ်လိမ်မည် ဆူဆူပူပူဖြစ်အောင်ဘာသာကိုခုတုံးလုပ်ပြီးအသုံးချနေတဲ့ ဗကပ တွေဘဲဖြစ်မယ် ။တကယ်ဘဲရဟန်းဆိုလျင်တော့ မိတ်ဆွေတစ်ယောက်အနေနဲကအကြံပြုချင်ပါတယ် ကိုယ်ကိုကကိလေသာကိုစင်ကြယ်အောင်ဆေးကြောပါ လမ်းမှန်လျင်တစ်ပည့်တော်ကာ အရှင်ဘုရားကိုဆရာတင်ပါမယ်။ ပစ္စည်းလေူပါတကာလုပါပါမယ် ။ လူတွေသာသနာပြုတာ ရဟန်းတွေကိုဆရာလုပ်တာကိုခေါ်တာမဟုတ်ဘူးရဟန်းကဘုရာူးသာသနာမှာတရားအားထုတ်နေတာ ဥစ္စာမရှိဘူ စီးပွားမရှိဘူးဒါကြောင်ပစ္စည်းလေးပါထောက်ပံ့ပြီးကူ ညီရတယ် စောင်ံရှောက်ရတယ် နားလည်ပြီလားကိုယ်ပါတ်ဝန်းကလူမိုက်တွေကိုသင်ပြဆုံမလိုက်ဦးကိုယ်တော်ရေ ။

(ဒါကတော့ ဆူနာမီတပည့် အောင်စကြာရဲ့ ယဉ်ကျေးပျူငှာ ပြီး ပညာရည်ပြည့်ဝလှတဲ့ ဆရာကောင်းတပည့် ပီသ ဂုဏ်ရည်ပြ တုံ့ပြန်ချက်ကလေးပါ...တပည့်မကောင်း ဆရာခေါင်းပင် ဖြစ်လတ္တံ့။ သင်္ခန်းစာယူကြကုန်..)

သုခုမလေဒီ said...

အောင်ဦးရေ လုပ်သင့်တဲ့အလုပ်ကိုတော့ လုပ်ရမှာပဲလေ။ အမတို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ကိုယ့်ဘာသာ သာသနာ အဓွန့်ရှည်တည်တံ့ဖို့ကို ကိုယ်တတ်နိုင်တဲ့ဖက် ကနေလုပ်ဆောင်ကြရမှာမဟုတ်လား။
ခုလိုသိခွင့်ရတာ ကျေးဇူးတင်ပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။

tint said...

စူနာမီဆရာတော်ရဲ့  တပည့်မေးတဲ့  န၀ပေါက်ကရကို မဖြေကြတဲ့  မိတ်ဆွေများ မှန်ကြပါတယ် ။
စင်စစ်တော့  သူမေးတာတွေကြည့်ပြီး နားထဲဘာကြားလာလဲဆိုတော့ အလောင်းမင်း တပည့် တပုံကြီးရှေ့ မှာ မြင်းအလှစီးရင်း ကြုံးဝါးပြတဲ့  ဦးချစ်ညိုရဲ့  မင်းတို့  ငါနဲ့ မတန်သေး ။ ငါ့လှံသွေးစွန်းရုံသာဆိုတဲ့  အာဂယောက်ျားတို့ ရဲ့  အသံပါ ။
အဲ ဒါဆို ကိုယ်ဖြေတာရောမှားလားဆိုတော့ မှားတယ်လို့ော့ မသုံးသပ်မိဘူးဗျာ
ဘာကြောင့်လဲဆိုတော့ ပန်းပုဆရာအကျော် Michael Angelo တခါက ကြုံရသလိုပေါ့ ။
ခိုင်းတဲ့ သူက ဈေးနှိမ်ခိုင်းတော့ ပြောရှာတယ် ။
ဈေးနှိမ်တာ သိပါတယ်တဲ့  ။ ဒါပေမဲ့  သူ့ လက်က ကျောက်ဖြူသားကို မထုရမထွင်းရ မနေနိုင်လို့ ပါတဲ့ 
ဒီလိုပါဘဲ ။ ကိုယ်လဲ မေးလာတဲ့ သူ ရှိရင် တယ်ဖြေချင်တာဘဲ ။ လက်ကယားလာတယ် ။ ခက်ပ
(နားထဲ ပြန်ကြားလာတယ် ။ ငယ်တုန်းက ငယ်ဆရာက ခဏခဏငေါက်ရတာ ။ ကောင်လေးတဲ့ 
မင်းဖြေချင်နေလို့  ခြေတကြွကြွဖြစ်နေတာ ငါသိတယ်တဲ့  ။ ဒီတခါမင်း အလှည့်မဟုတ်ဘူး ။ ပါးစပ်ပိတ်ပြီးငြိမ်ငြိမ်နေတဲ့  ။ )

tint said...

ကောင်းတာကတော့ ၀ိနိစ္ဆယကို အသေအချာ ဖတ်လိုက်ပါ။

ခု မေးခွန်းတွေ အကုန်ရှင်းသွားမှာ

အခြေခံပြောရရင်တော့ မိုးကုတ်ဆရာတော်ဘုရားရဲ့  ဟောကြားချက်တွေမှာ ၀ိပသနာနဲ့  ပတ်သက်တဲ့ ပဋ္ဋိစ္စသမုပ္ပဒ်ကို သိ

ပစ္စုပ္ပါန် ခန္ဓာကို ရှု ၊ ( ဝေဒနာနဲ့  တဏှာကြား မဂ်သွင်း ) ဆိုတဲ့  သဘောတရားတွေဟာ အမှန်တွေပါဘဲ ။

တဘက်ကလဲ စောဒနာဆရာတော်လဲ မမှားပါဘူး ။ သူ့ အနေနဲ့  အပင်ပန်းခံပြီး အချက်ပေါင်း ၃၀၀ကျော် ရှာထောက်ပေးခဲ့ တာ န တဲ့  အားထုတ်မှုမဟုတ်ပါ

စောဒကဆရာတော်ရဲ့  စောဒနာလွှာမှာ အဓိက စောဒနာတာက

၁) ပါဠိအကိုးအထောက်မှားခြင်း

ဒါက လက်တန်း ဟောတရားတွေ ဟောတဲ့  အခါ မတော်တဆ ချွတ်ချော်ချက်တွေရှိတတ်ပါတယ် ။ အဲဒါကို နောက်ကျမ်းအနေနဲ့  ပြုစုတဲ့  သူတွေက ကျမ်းနဲ့  တိုက်စစ်ရပါတယ် ။ မိုးကုတ် အဖွဲ့  ချုပ်အနေနဲ့  က ဆရာတော်ကြီး တရားတွေ မပျောက်မပျက်ဘို့  အချိန်လု လုပ်ခဲ့ ရလို့  ပြင်ဆင်ချိန် မရခဲ့တာပါ။

ဥပမာက အာရာဂျံ ပရမံလာဘံ ဆိုတာ ခုထိတောင် ပြောနေတုန်းပါ ။ အမှန်က အာရောဂျ ပရာမ လာဘတဲ့ 

tint said...

ပုဏ္ဏမီသုတ်မှာ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်တယ်လို့ မူရင်း အဋ္ဌာကထာ လာပါတယ် ။ ဆရာတော်ဘုရားကြီး ဟောတာ ရှေ့ မှာတော့ ၅၀၀ ဘဲ နောက်ပိုင်းကျတော့ ၆၀ လို့ မှားဟောမိတာမျိုး

ဒါတွေက အနှစ်သာရကိုတော့ မထိခိုက်ပါဘူး ။ ဒါပေမဲ့  နောက်လူု အမှတ်မမှားအောင် ပြင်ပေးသင့်တာတွေပါ ။

tint said...

၂) ဒါန သီလ ပါရမီတို့ ကို သေးသိမ်သယောင် ဟောခြင်း

အဲဒါကတော့ ဆရာတော်ကြီးရဲ့  မှားထက် ပြန်လည်ဖြန့် ဝေတဲ့  သူတွေ ရဲ့  အမှာစကားလေး မတပ်ပေးမိတာပါ။

ဆရာတော်ကြီး တရားနာနေတဲ့  ပရိသတ်က အဲခေတ်မှာကို သိန်းနဲ့ ချီလှူနေတဲ့ သူတွေပါ ( မာစီဒီးကားတစီး ၉ထောင်ခေတ်နော် ) တသိန်းဆိုတာ စဉ်းစားကြည့် ။ အဲတော့ သူ့  ပရိသတ်ကို ခင်ဗျားတို့  ဒါန ကိုဘဲ သန်မနေနဲ့  ၀ိပသနာ လုပ်ဆိုတာ သင့်တော်တဲ့  အဆုံ့းအမပါ။ ဒါပေမဲ့  ၅ပြားဘိုးတောင် ပြည့်အောင်မလှူဘူးတဲ့  သူက အဲတရား သံယောင်လိုက် ပြောရင် နားကြားကပ်စရာပေါ့ ။ မှန်လဲ မမှန်တော့ဘူးလေ ။

tint said...

၃) ရှေးအဋ္ဌာကထာများကို ပစ်ပါယ်သယောင် စကားများ ပါနေခြင်း

စာဆိုတာ ဘုရား ပရိနိဗ္ဗာန်ပြုပြီး နောက် နှစ် ၁၀၀ကျော်မှ ပေါ်တာပါ စာတွေထားလိုက်ပါဆိုတဲ့  ဟောချက်ကိုထောက်တာပါ ။

စောဒက ဆရာတော်ရဲ့  ထောက်ချက်ရော နောက် ၀ိနိစ္ဆယဆရာတော်များရဲ့  ဆုံးဖြတ်ချက်ပါ လေးစားစရာကောင်းလှပါတယ်

စာဆိုတာ ဘုရားလက်ထက်ထဲက ရှိပုံကို အဇာတသတ်မင်းနဲ့  ရှင်မဟာကသပ အလောင်းတို့  ဇာတ်တွေကိုထောက်ပြခဲ့သလို အဋ္ဌာကထာ ဋ္ဋီကာတို့ ကို မပစ်ပါယ်သင့်တာကို ပေါ်စေပါတယ် ။

တဘက်က ဆရာတော်ဘုရားဘက်က ပြောရရင် ၀ိပသနာကို နှပ်ချီးတညှစ်တောင် မလုပ်ဘူးဘဲ စာအုပ်ကိုင်လာငြင်းနေတဲ့  လူစုတွေရှိတယ်ဗျ။ အဲလူတွေကို ပြောတာ ။ general audience ကိုပြောတာမဟုတ်လို့ မှတ်ရမယ် ။

tint said...

၎) ပဋ္ဋိစ္စသမုပ္ပဒ်နဲ့  ပရမတ်သုတ္တန် မဟုတ်သော သုတ္တန်များကို ပဋ္ဋိစ္စသမုပ္ပဒ်နဲ့  ပရမတ်သုတ္တန်ဖြစ်လေဟန်ဟောခြင်း

အထင်ရှားဆုံက မင်္ဂလသုတ်ပါ။

အဲဒါကတော့ တရားကိုယ်သဘောမပျက်သော်လဲ နောက်လူ အမှတ်မှားမှာမို့  ပါယ်နှုတ်စေခဲ့ ပါတယ်

၅) စောဒကဆရာတော်က အကောက်အယူမှားပြီး ထောက်သောအချက်များ

ဥပမာ လောဘစိတ် စသည်တို့ ကို ဒုက္ခသစ္စာ ဟုဟောခြင်းကို စောဒကဆရာကထောက်ခြင်း

ဝိနိစ္ဆယဆရာတော်များက ဆရာတော်ဘုရား မမှားကြောင်း ဖြေ၇ှင်းခဲ့ပါတယ်

၆) အရေးအကြီးဆုံးက ဆရာတော်ဘုရားဟောတာ မှန်သော်လဲ နောက်လူတွေ အကောက်အယူ လွဲနေတဲ့  ကိစ္စ

ထိုင်ပြီ ရှုပြီဆိုရင် ၀ိပသနာမဂ်ပေါ်ပါတယ်

သူသည် ကိလေသာကို ပါယ်တယ်ဆိုရာမှာ အကြမ်းစားသာ ပါယ်ပါတယ် အနုသယ ကိုမပါယ်သလို ရှုရာက ထတာနဲ့  ကိလေသာ ပြန်ဖြစ်ပါတယ် ။ အဲလို ဖြစ်နေတဲ့  ၀ိပဿနာ မဂ်ကို လောကုတ္တရာမဂ်လို့ ဆရာတော်ဘု၇ား တခါမှ မဟောပါဘူးး ။ တဒင်္ဂ နိဗ္ဗာန်လို့ သာ ရည်ရွယ်ဟောတာပါ ။

အဲဒါကို နောက်လူတွေက အကောက်အယူတွေလွဲတော့  မိုးကုတ်ယောဂီတွေမှာ မကြာခဏ ကြားရပါတယ်

ဟုတ်လား

ရိပ်သာဝင်လို့  ဖင်တောင်မပူသေးဘူး ကိုယ့်ဟာကိုယ် သောတာပန်ထင်တာတို့  ။ တချို့ ဆို ရိပ်သာတောင် မ၀င်ဘူးဘူး ။ ကိုယ့်ဟာကိုယ်သောတာပန်ထင်တာတို့  ။

(ခုတလောဘဲ အမှုဖြစ်နေဆဲ ရိပ်သာတခုမှာ ကြားနေ၇ပါတယ် မယ်သီလက ရဟန္တာဆိုပြီး ၀ါဒဖြန် နေ့တာ ။ )

အဲဒါကိုလဲ ၀ိနိစ္ဆယဆရာတော်များက သေချာရှင်းခဲ့ပါတယ် ။

အတိုချုပ်ပါ့မယ် ။

မိုးကုတ်တရားရဲ့  အနှစ်သာရပိုင်းသည် အလွဲအမှားမပါပါ ။ စီစစ်ပြီးပါ ။

လူနားလည်အောင်နဲ့  အဲအချိန် လက်ရှိ ပရိသတ်နဲ့  ကိုက်အောင် ဟောတဲ့  အချက်အလက်ပိုင်းမှာ နောက်လူ တွေ နဲ့  မသင့်တော်တာ ကို ပြင်ဆင်ပေးခဲ့တာသာ ဖြစ်ပါတယ် ။

ဒီလို ပြင်ဆင်ပေးလို့  မိုးကုတ်ဆရာတော်ဘုရား၊ စောဒကဆရာတော်နဲ့  ၀ိနိစ္ဆယ ဆရာတော်များရဲ့ ဂုဏ်မပျက်တဲ့ အပြင် ပိုတောင် ဂုဏ်တက်လာပါကြောင်း

Anonymous said...

ကျေးဇူးကြီးမားလှပါတယ် ဒေါက်တာ တင့်ဦး ။ သစ္စာရဲ့မေးခွန်းတွေကို ဖြေလိုက်တာလည်း ကောင်းပါတယ် ။ ဒေါက်တာ ဘလော့ဂ်မှာက ကာလာက အရမ်းတောက်ပြီး ပြာနေတော့ ကွန်မန့် မပေးဖြစ်ခဲ့ဘူး။ သူတို့က ပိဋကတ်ကျမ်းဂန်တွေ တရားတော် တွေကို ဖတ်လည်း မဖတ် နားလည်း မထောင်ဘူးဆိုတော့ ခက်တာဘဲ ခင်ဗျ ။

မေတ္တာ

tint said...

အရှင်ဘုရား
ချီးကျူးတာ မခံရဲသေးပါဘုရား
ဘုန်းဘုန်းဦးလောကိုလျှောက်သလိုပါဘဲဘုရား ။
ယင်ခြောက်တာ အမြှောက်မလိုသေးပါဘုရား ။
ဒီလောက်ကတော့ အရှင်ဘုရားတ့ို့ အေးအေးသာစံနေပါဘုရား

Dr Phyo Wai Kyaw said...

ဆရာကြီး နှံ့စပ်ပုံကိုတော့ တပည့်တော်တို့ ယုံကြည်ပြီးသား သိပြီးသားဖြစ်ပါတယ် ဘုန်းဘုန်းတို့ဘုရား။ ရှင်းအောင်လင်းအောင် စိတ်ရှည် လက်ရှည် ရေးသားနိုင်တာကတော့ အားကျစရာ အတုယူစရာ ဖြစ်ပါတယ်။
ဆရာတင့်...
... ကျေးဇူးတင်ပါတယ်ခင်ဗျား။

tint said...

ကိုစိုးရေ
ဒီစာကိုဆရာကြီးအောင်စကြ်ာဆီလက်ဆင့်ကမ်းပါဗျာ
ဆရာကြီးခင်ဗျား
ပထမဆုံးကျွန်တော် ဆိုက်ထဲမှာ ပြောမှားဆိုမှားရှိရင်တောင်းပန်ပါတယ် ။
ခုကျွန်တော်တင်ပြတာကို အေးဆေးနားထောင်ပါနော်
ဘုရားရှင်သာသနာမှာ အကျွ်တ်တရားရတဲ့ သူ အကြမ်းအားဖြင့် ၄မျိုးခွဲရပါတယ်
၁)တရားတခါနာတာနဲ့  တန်းပြီး ဘာလုပ်ရမယ်ဆိုတာသိ တန်းလုပ်အနှေးနဲ့  အမြန်တရားရတဲ့ သူ
အရှင်ကောဏ္ဍည
၂) တရားရှည်ရှည်နာစရာမလိုဘဲ မိမိပါရမီသဘောနဲ့  ဘုရားရှင်က အရိပ်ပြရုံနဲ အားထုတ်ပြီ့း  တရား၇သူတွေ
အရှင်ဝက္ကလိ အရှင်စူဠပန်
၃)မိမိနှင့်သင့်သောတရားကိုတခါထဲနာရုံနဲ့ဲ နှလုံးသွင်းပြီး တရားရသူ အရှင်ဗါရုလ
ဒီ ၃ပါးသောသူတွေဟာ ဒီခေတ်မှာမရှိနိုင်တော့ပါ။
၎)တရားနာ ။ ပြန်အားထုတ် ။နာရာမကျလို့  ဘုရားရှင်ထံ သာဝကကြီးများထံပြန်ချဉ်းကပ် ၊ ပြန်အားထုတ် ၊ ပြန်လာ ၊ ပြန်အားထုတ်
ဥပမာ အရှင် အနိရုဒ္ဒါ။
ကျွန်တော်တို့ ဟာ ခုခေတ်လူတွေက ဒီထဲပါပါတယ်ခင်ဗျာ
အဲလိုပါတော့ ဆရာဆိုတာ အလွန်အရေးကြီးပါတယ်
ဆရာဆိုရာမှာ မိမိဆရာက မြတ်စွာဘုရားကိုဆရာတင်မှသာ မိမိလဲဆရာမှန်ပါ့တယ်
ဘုရားရှင်မရှိတဲ့ နောက် ၈၄၀၀၀သော ဓမ္မာခန္ဒာသာကျန်ပါတယ် ။ ဒီတော့ မိမိဆရာသည် ထို တရားတို့ ကို မလွဲမစောင်းနည်းလမ်းပြမှသာ ကျွန်တော်တို့  တပည့်တွေ သက်သာရာရနိုင်ပါတယ်ဆရာကြီး ။
ဒီနေရာမှာ မိမိအကျိုးသာကြည့်ရင် သာသနာထွန်းခိုက် မိမိတရားနဲ့ မိမိနေ ။ မိမိလွတ်ပြီးရော သဘောထားနိုင်ပါတယ်
ဒါပေမဲ့  တဘက်ကပြန်ကြည့်တော့ အရှင်မဟာကဿပမှစလို့  မိုးကုတ်၊မဟာစည်ဆရာတော်တို့ ထိ သာသနာကို ထိန်းသိမ်းသုတ်သင်မပြုခဲ့ရင် ခုချိန်မှာကျွန်တော်တို့  အားထ်ုစရာ သာသနာကျန်မကျန်
ခုစူနာမီဆရာတော်သည် သံဃမဟာနာယက ၃ကြိမ်တိုင်တားမြစ်ထားတာကို ဖေါက်ဖျက်နေတဲ့  သံဃာတုမို့  ကျွန်တော်တို့ ဆန့် ကျင်နေရတာပါခင်ဗျာ

Nge Naing said...

ပို့စ်တွေလည်း ဖတ်သွားတယ် C-Box မှာ ရေးထားတာတွေပါ ဖတ်သွားပါတယ်။ ဒါပေမဲ့ တရားဆွေးနွေးထားတာ နားထောင်ဖို့ အချိန်မရသေးလို့ ဘာမှတော့ မှတ်ချက်ပေးမတတ်ဘူး။ နောက်မှ ပြန်လာနားထောင်မယ်နော့်။

Anonymous said...

ဦးတင့်

ကျေးဇူးနောက်တစ်ကြိမ်ပါ ။ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ
သာဓု သာဓု သာဓု ။ သာသနာအကျိုး ဆထက် ထမ်းပိုး ဆောင်ရွက်ပေးပါဦး ။

မေတ္တာ

Anonymous said...

အသိမှန်မှ - အမှန်သိမည်

http://www.mediafire.com/?nmhogyjjkmk

နားဆင်ကြည့်စေလို

Anonymous said...

အသိမှန်မှ - အမှန်သိမည်

http://www.mediafire.com/?nmhogyjjkmk

နားဆင်ကြည့်စေလို

Anonymous said...

ဆူနာမီဆရာတော်မှ အသေးစိတ်ပြန်လည်ရှင်းပြချက် တရားတော်များ နှင့် ဆွေးနွေးပွဲ အသံဖိုင်များ တစုတစည်းတည်းဒေါင်းလုပ်ရယူနိုင်ပါပြီ။

http://www.mediafire.com/?sharekey=d9ee9acdcb55791c9bf8d6369220dcab675c7ec9e7de3c62515d15c8b368bfbe

http://trueanswer.multiply.com/journal/item/5/5