မှတ်သားဖွယ်ဆောင်ပုဒ်

လက်ရှိခန္ဓာ၊ မတွယ်တာနှင့်၊ နောင်လာဘ၀၊ မတောင့်တဘဲ၊ ကြောင့်ကြစွဲဖြင့်၊ အမြဲမပြတ်၊ ၀ိပဿနာ ၊ လေ့လာကြိမ်ဖန်၊ အာစိဏ္ဏကံ၊ ဖြစ်ကြောင်းမှန်မူ၊ ထိုသည့်သူကား၊ အယူမလွဲ၊ ကတိမြဲ၏။ မီးလောင်စွဲမှ၊ ရေကိုတသော်၊ မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍၊ မဂ္ဂင်သန္ဓေ၊ တည်မြဲနေအောင်၊ မသေခင်က၊ ပြင်ဆင်တောက်လျှောက်၊ မေ့မပျောက်နှင့်၊ ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်၊ အပြီးမုချ၊ မဂ္ဂင်ရလိမ့်၊ ကိစ္စမလျော် ၊ အကြောင်းပေါ်၍၊ မတော်တဆ၊ မဂ်မရဦး၊ ဘ၀အမွန်၊ တမလွန်တွင်၊ ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍၊ မဖောက်မပြန်၊ သောတာပန်စစ်၊ ဧကန်ဖြစ်မည်၊ မလစ် ၀ိပဿနာ
အကျိုးပေးတည်း။
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး

2 comments:

Bunny Than Aye said...

Credit ပေးပီး သာသနာတော်ပြန့်ပွားရေးအတွက် ရည်စူးပီး ပြန်လည်ဖြန့်ဝေပါရစေ။

Bunny Than Aye said...

Credit ပေးပီး သာသနာတော်ပြန့်ပွားရေးအတွက် ရည်စူးပီး ပြန်လည်ဖြန့်ဝေပါရစေ။