မြန်မာကို ကမ္ဘာက လေးစားရေး ...

ဖီလိုဆိုဖီခေါ် ဒဿနိကဗေဒသည် ဘ၀အကြောင်းနှင့် လောကအကြောင်းတို့ကို တွေးခေါ်ထားကြ
သည့် အတွေးအမြင်ဆိုင်ရာ ပညာဖြစ်သည်။ အနောက်တိုင်း ဒဿနိကပညာရှင်များသည် မောဟမျက်နှာ
ဖုံးစွပ်လျက်နှင့် ပညတ်နယ်တွင် ဘ၀သစ္စာနှင့် လောကသစ္စာများကို ရှာဖွေနေကြရာ ယနေ့တိုင် မတွေ့ရှိကြသေးပါ။ သူတို့ရှာကြံနေကြသော သစ္စာအမှန်တရားများအားလုံးသည် ဗုဒ္ဓအဘိဓမ္မာတွင် အကုန်အရန်သင့်ရှိနေကြ၏။ မှန်ကန်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ပြပြီးလည်းဖြစ်၏။ ဗုဒ္ဓအဘိဓမ္မာ ကမ္ဘာသိအောင် လုပ်နိုင်လျှင် မြန်မာကို ကမ္ဘာက လေးစားလာရမည် ဖြစ်သတည်း။
ဒေါက်တာမင်းတင်မွန်

No comments: