ဘုရားရှင်ကိုယ်တော်တိုင် တရားနာခြင်း ...

အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ် တရားဟောသောနေရာသို့သွားပြီးညဉ့်သုံးရံ
ကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏ ။နန္ဒမထေရ်သည် ထိုသို့ရပ်လျက် တရားနာနေသောဘုရားရှင်အားမြင်၍လာရောက်ကာ လက်အုပ်ချီမိုးရှိခိုး၍ ဤသို့လျှောက်၏-...မြတ်စွာဘုရား...မြတ်စွာဘုရားသည်ဘုရားရှင်၏နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ..
ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က...အို...ချစ်သားနန္ဒ ၊ သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟောခြင်းငှါ စွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင် တစ်ကမ္ဘာပတ်လုံး တရားနာတော်မူအံ့..ဟု မိန့်တော်မူလေ၏။

No comments: