ရဟန်းတို့ ... မခိုင်မာသော သစ်ပင်ကို လေပြင်းမုန်တိုင်းသည် နှိမ်နင်းနိုင်သကဲ့သို့ သာယာတင့်တယ်ခြင်း
ကိုသာ အစဉ်တွေးတော၍နေသော ၊ ဣနြေ္ဒတို့ကို မစောင့်ထိန်းသော ၊ အစားအစာ၌ အတိုင်းအရှည်ကို မသိသော ၊ ပျင်းရိသော ၊၀ီရိယနည်းသော ပုဂ္ဂိုလ်ကို ကိလေသာမာန်သည် နှိမ်နင်းနိုင်၏။ ရဟန်းတို့ ကျောက်တောင်ကို လေပြင်းမုန်တိုင်းသည် မနှိမ်နင်းနိုင်သကဲ့သို့ မသာယာခြင်းကိုသာ အစဉ်တွေးတော၍နေသော ဣနြေ္ဒတို့ကို စောင့်ထိန်းသော ၊ အစားအစာ၌ အတိုင်းအရှည်ကိုသိသော ၊ သဒ္ဓါတရားနှင့် ပြည့်စုံသော ၊ လုံ့လရှိသော ပုဂ္ဂိုလ်ကို ကိလေသာမာန်သည် မနှိမ်နင်းနိုင်။
(ဓမ္မပဒ-မဟာကာလ နှင့် စူဠကာလ ၀တ္ထု)

No comments: