တစ်ယောက်စကား ၊ တစ်ယောက်နားမှာ ၊ မခါးရအောင် ၊ သတိဆောင်၍ ၊ မောင်တို့ဆိုလေ ၊ ပျားသကာသို့ ချိုလှစေ၊၊
မတွေ့ခိုက်ရန် ၊ မကျူးလွန်နှင့် ၊ မျက်မာန်ဒေါသ ၊ မထွက်ရအောင် ၊ မာန်မာနကို ချုပ်ကြလေ၊၊သေနှင့်အရက် ၊ စီးပွားပျက်ကို ၊ တစ်စက်ကယ်မျှ ၊ မသောက်ကြနှင့် ၊ ရှောင်ကြပါလေ ၊ ရှင်တော်ဟောသည့် အဆိပ်ရေ၊၊
(ရှင်မဟာရဋ္ဌသာရ)

1 comment:

Bunny Than Aye said...

ပြန်လည်ကူးယူဖြန့်ဝေပါရစေ၊ Credit ပေးထားပါသည်ခင်ဗျား။