မေတ္တာအဓိပ္ပာယ်...

- မိမိကိုယ်ကို စိတ်ဓာတ်နဲ့အသိဥာဏ်တွေ ရင့်ကျက်အောင်လုပ်နေပြီး သူတစ်ပါးတို့အားလည်း လုပ်ပေးနေခြင်းသည် မေတ္တာဖြစ်၏။ - မေတ္တာဟာ မြင့်မြတ်လာတဲ့အခါ ခံစားမှု မပါတော့။ အကျိုးကိုသာ လိုတော့တာဖြစ်တယ်။ - ပြန်လည်ရုပ်သိမ်းတတ်တယ်ဆိုရင် မေတ္တာအစစ်မဟုတ်သေးဘူး။ - မေတ္တာဟာ ဥာဏ်နဲ့ယှဉ်တယ်။ သူ့ကြောင့် စိုးရိမ်ပူဆွေးနေတယ်ဆိုရင် သူ့ကို မေတ္တာရှိတာ မဟုတ်သေး။ - မေတ္တာဆိုတာ သူတစ်ပါးကို စိတ်ချမ်းသာအောင်လုပ်ပေးတာ မဟုတ်ဘူး။ စိတ်ချမ်းသာအောင် နေတတ်တဲ့နည်းကို ပေးတာ။ သူ့ကြောင့် စိတ်မဆင်းရဲဘူး။ - သူ့ဆီမှ တစ်ခုခုကို မျှော်လင့်နေသေးတယ်ဆိုရင် သူ့အပေါ်ထားတာ မေတ္တာအစစ် မဟုတ်သေး။

ဆရာတော် ဦးဇောတိက

No comments: