စကားပြောခြင်းနှင့် ပတ်သက်ပြီး မြတ်ဗုဒ္ဓက အင်္ဂုတ္ထိုရ် ပါဠိတော်၌ ဤသို့ဟောကြားခဲ့ပါသည်။


(က) ကာလ= ပြောသင့်သောအခါမှ ပြောရ၏၊ အချိန်မတန်လျှင် မပြောဆိုရာ။


(ခ) သစ္စာ= အမှန်ကိုသာ ပြောဆိုရာ၏။


(ဂ) သဏု= နူးညံ့ချိုသာစွာ ပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာ မပြောဆိုရာ။


(ဃ) အတ္တသံဟိတ= အကျိုးစီးပွားဖြစ်မည့်စကားကိုသာ ပြောဆိုရာ၏။


(င) မေတ္တာစိတ္တ= မေတ္တာရှေ့ထား ပြောဆိုရာ၏၊ ဒေါသမောင်းတင်း၍ မပြောဆိုရာ။


မြတ်ဗုဒ္ဓကကောသလမင်းကြီးအားဤသို့ဟော်ကြားတော်မူခဲ့၏။
၁)အိပ်ယာမှခဏခဏနိုးနေသူအတွက် ည သည်ရှည်လျားလှစွာ၏။
၂)ခရီးပန်းလာသောသူတို့အတွက် ခရီး သည်ရှည်လျားလှစွာ၏။
၃)သူတော်ကောင်းတရားကို မသိကြသောသူတို့ အတွက် သံသရာခရီး သည်ရှည်လျားလှစွာ၏။