မိတ်ဆွေကောင်း

အသေ၀နာစ ဗာလာနံ=လူမိုက်တို့ကို မဆည်းကပ်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာဖြစ်ပါပေသည်။ ထို့အ တွက်လူမိုက်ကိုရှောင်ရှားရမည်ကို လူတိုင်းသိနှင့်နေကြပါသည်။ လူမိုက်ကိုရှောင်လိုက်တာနှင့်တပြိုင်နက်လူ လိမ္မာကိုပေါင်းရမည်ဟုသိထားရပါမည်။ အပေါင်းအသင်းသည် လောကတွင်အလွန်ပင် အရေးကြီးလှ ပါသည်။ မိမိပေါင်းနေ သောသူသည် မိမိအတွက် မိတ်ဆွေကောင်းလား၊ မိတ်ဆွေတုလား ဆိုသည်ကိုသိရပါ မည်။ အ ပေါင်းအသင်းကြောင့်ပျက်စီးသွားသော လူကောင်းများကိုလည်း စာဖတ်သူများ မြင်တွေ့ဖူးမည်ထင်ပါသည်။ မိမိကိုယ်တိုင်လည်း မိတ်ဆွေကောင်း ဖြစ်အောင်ကြိုးစား နေထိုင်သင့်ပေသည်။ အပယ်ဖော်မိတ်ဆွေတုလေး မျိုးကိုဘုရားရှင်က ဟောကြားတော် မူခဲ့ပါသည်။

(၁) အရက်သေစာသောက်စားရာ၌အဖော်ပြုသူ။
(၂) ညအခါ အခါမဲ့လည်ပတ်သွားလာရာ၌ အဖော်ပြုသူ။

(၃) ပွဲလမ်းသဘင်၊ ဗွီဒီယို၊ ရုပ်ရှင် ကြည့်ရှုရာ၌ အဖော်ပြုသူ။

(၄) လောင်းကစားရာ၌ အဖော်ပြုသူ။ ဤအင်္ဂါ (၄) ပါးနှင့် ပြည့်စုံသူကို အပါယသဟာယ မိတ်ဆွေတု၊ အပါယ်ဖော် မိတ်ဆွေတု ဟု ခေါ်ပါသည်။

(သိင်္ဂါလောဝါဒသုတ်တော်)

မိမိကိုယ်တိုင်လည်းမိတ်ဆွေကောင်းဖြစ်အောင်ကြိုးစာနေရသိလို၊ မိမိပေါင်းသော သူသည်လည်းမိတ်ဆွေ ကောင်းသာဖြစ်သင့်ပါသည်။ အခြေအနေ အကြောင်းကြောင်းကြောင့်ပေါင်းသင်းနေရသော် လူပေါင်းစိတ်ခွာ အနေဖြင့် အကျိုးမရှိသောအလုပ်များကို လိုက်မလုပ်မိစေရန်စောင့်ထိန်းသင့်ပေသည်။ ထို့အတူတရားဓမ္မများ ကိုရှာဖွေလေ့လာရာတွင်လည်းဆရာကောင်းလိုအပ်ပါသည်။ ဘုရားရှင်ကတရားရဖို့ဆရာကောင်းလိုသည်ဟု ဆိုသောစကားကို ၁၇၉၂ ကြိမ်မှာကြားတော်မူခဲ့ပါသည်။ မိမိသည် “ပူဇော်ရာတွင်အ များသံဃား၊ ကိုးကွယ်ရာ တွင်ရွေးချယ်ပါ” သူသောစကားကို နှလုံးသွင်းထားသင့်ပါသည်။ ကျွန်တော်တို့မြန်မာ လူမျိုးများသည်အများ အားဖြင့် သဒ္ဓါတရား(ယုံကြည်မှု) ကောင်းကြပါသည်။ ထိုယုံကြည်မှု အားလုံးသည် ဘု ရား၊ တရား၊ သံဃာ အပေါ်တွင်သာဖြစ်ရပါမည်။ သို့မှမိမိကိုးကွယ်မှု အမှန်ဖြစ်ပါမည်။ ထေရ၀ါဒစစ်မှန်ပါမည်။ အခြားသောနတ်များ၊ ဘိုးတော်၊ မယ်တော်များ ကိုပိုမို၍အားကိုးနေသည်မှာ အလွန် အောက်တန်းကျပါသည်။ ပြောတော့ဗုဒ္ဓဘာသာ၊ လုပ်နေကြသည်ကတော့ ဘုရားရှင်၏တရားနှင့် ဆန့်ကျင်သောအလုပ်များဖြစ်နေကြပါသည်။ ထိုသို့မှား နေသောအယူအဆများကို မိမိပတ်ဝန်းကျင်မှာ တွေ့ရှိခဲ့သော် အမှန်ကိုပြောပေးသင့်ပါသည်။ အမှားတကာ အမှားထဲတွင် ကိုးကွယ် မှုမှားခြင်းသည်အဆိုးဆုံးဖြစ်ပါသည်။ အမှန်ကိုပြောပေးရမည်မှာမိမိတာဝန်ဖြစ်ပါသည်။ လိုက်နာမှု့ ရှိ၊ မရှိသည်မိမိနှင့်မဆိုင်တော့ပါ။ မပြောပေးပါက မိမိသည်မိတ်ဆွေကောင်းမဟုတ်ပါ။ ပြောမရ သည့်နောက်ဆုံးမှဥပေက္ခာပြုရပါမည်။

စာဖတ်သူတို့သိနှင့်နေပြီးသော(သတ္တိဂုမ္ဗဇာတ) ဇာတ်ကိုအနည်းငယ်ပြောလိုပါသည်။
ဤနေရာတွင် ဓားပြလူမိုက်တို့နှင့်ပေါင်းမိ၍ ကျေးမိုက်ဖြစ်ရသော သတ္တိဂုမကျေးနှင့် သူတော်ကောင်းနှင့်ပေါင်း မိ၍ကျေးလိမ္မာဖြစ်ရသော ပုပ္ဖသူဝကျေးတို့ကို နှိုင်းယှဉ်ကြည့် သင့်ပါသည်။ ရှေးအခါက ပဉ္စာလတိုင်းမှပဉ္စာလ ဘုရင်ကြီးသည် တောကစားထွက်ရာမှခရီးလွန်ကာရွာတစ်ရွာသို့
ရောက် သွား၏။ ရွာတံခါးကို ၀င်မိလျင် “ဒီဘုရင်ကြီးကို ဖမ်းကြ၊ ဆီးကြ၊ သတ်ကြ” စသောရက်စက် ကြမ်းကြုတ်လှသည့်အသံကိုကြားရ၍ အသံလာရာ သို့ကြည့်လိုက်ရာကျေးသားတစ်ကောင် အော်ဟစ်ပြောဆိုနေသည်ကိုတွေ့လိုက်ရ၏။ ထိုရွာသည်ဓားပြရွာ ဖြစ်၍ကျေးသားသည်လည်း ဓားပြများနှင့်အတူအနေကြာလာသဖြင့်ရက် စက်ကြမ်းကြုတ်သောစိတ်ဆိုးစိတ် ယုတ်များဝင်နေသည့် သတ္တိဂုမကျေးမိုက်ဖြစ်၏။ ဘုရင်ကြီးသည်ကြောက် ရွံ့စိတ်ဖြစ်ပေါ်လာသဖြင့်ချက် ချင်းထို နေရာမှထွက်ခွာလာရာ မကြာမီပင်ရသေ့ကျောင်းတစ်ကျောင်းသို့ရောက် သွား၏။ ရောက်လျှင်ရောက်ချင်းပင် “အရှင်မင်းကြီး ကြွတော်မူပါ၊ ထိုင်တော်မူပါ၊ စမ်းရေအေးအေးသောက်တော်မူပါ၊ ချိုမြိန်သောသစ်သီးများကို လည်းသုံးဆောင်တော်မူပါ၊ ရှင်ရသေ့များ သစ်သီးရှာ သွားနေခိုက်ဖြစ် လို့အရှင်မင်းကြီးကို ဧည့်ဝတ်ပြုမည့် သူမရှိ၍ စိတ်မကောင်းပါ၊ အကျွန်ုပ်မှာ လက်မရှိ၍ ကိုယ်တိုင်ဧည့်ဝတ်မပြု နိုင်ဘဲဖြစ်နေပါသည်၊ အရှင်မင်းကြီး ကိုယ်တိုင်သာ အလိုရှိသလိုသုံးဆောင်တော်မူပါတော့”စသော သာယာသည့် ဧည့်ခံစကားကိုကြား ရ၍အသံ လာရာသို့ကြည့်လိုက်ရာကျေးသားတစ်ကောင် ကိုပင်တွေ့ရပြန်သည်။ ကျေးသား၏သာယာလှသော ဧည့်ခံစ ကားကြောင့်မင်းကြီး၏ပင်ပန်းနွမ်းနယ်မှုတို့သည် ချက်ချင်းပျောက်ငြိမ်းသွားကြကာကြည်သာရွှင်လန်းအပန်းပြေ သွားတော့၏။ ဤကျေးသားကားရသေ့သူတော်စင်များနှင့် အနေကြာသဖြင့် သူတော်ကောင်းဓါတ်အရှိန်ဟပ်၍ သူမြတ်စိတ်ဝင်ကာယဉ်ကျေးလိမ္မာနေသော ပုပ္ဖသူဝကျေးလိမ္မာဖြစ်၏။ မင်းကြီးကယခင်တွေ့ခဲ့သော ကျေးသားနှင့် ယခုကျေးသားတို့ကွားခြားပုံကို ပြောပြစေရာကျေးသားနှစ်ကောင်မှာတစ်အူထုံ့ဆင်းညီရင်းအစ် ကိုများဖြစ်ကြကြောင်း၊ လေပြင်းတိုက်သဖြင့် အသိုက်မှလွင့်ကာတကွဲ တပြားစီကျရာတွင် ယခင်ကျေးသားက ဓားပြများထံ ရောက်သွား၍ ယခုကျေးသားကရသေ့တို့ထံရောက်လာ ခြင်းဖြစ်ကြောင်း ပုပ္ဖသူဝ ကျေးလိမ္မာက ရှင်းပြသဖြင့် မင်းကြီးသိရ၏။

ထိုကျေးညီအကိုနှစ်ကောင်ကို ဥပမာပြုကာ သတိတရားရကြပါစေ။ မိမိရောက်နေသောအရပ်ဒေသ၊ ပတ်ဝန်း ကျင်၊ ပေါင်းသင်းနေသော မိတ်ဆွေသည် မိမိအတွက်ကောင်းကျိုးချမ်းသာဖြစ်စေသလား၊ မကောင်းမှုဖြစ်နေ သလား ဆိုတာကိုသတိဥာဏ်ယှဉ်ကာနေထိုင် တက်ကြပါစေ။ မိမိအတွက်ကောင်းကျိုး ဆိုသည်မှာ လောကီ စည်းစိမ်ကောင်းကျိုးသည် အဓိကမဟုတ်ပေ။ မိမိရဲ့စိတ်တွင် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော အကု သိုလ်တရားများမှကင်းဝေးစေပြီး၊ သီလ၊ သမာဓိ၊ ပညာတိုးပွားအောင် လမ်းပြပေးနိုင်သော မိတ်ဆွေကောင်း သာလျှင်ပို၍ အရေးကြီးပါသည်။ မိမိကိုယ်တိုင်လည်းမိတ်ဆွေ ကောင်းဖြစ်အောင်နေရ ပါမည်။

ဒေ၀ဒတ်။.....။ လူဆိုးလူမိုက်ကြီး ဒေ၀ဒတ်နှင့် ပေါင်းသင်းမိ၍ အဇာတသတ်ဘုရင်သည် ဖခင်ကိုသတ်မိသဖြင့် ရနိုင်ခွင့်ရှိသည့် မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကိုဆုံးရူံးရရုံမျှမက အ၀ီစိငရဲ၏ အရံဖြစ်သော ဥဿဒငရဲသို့ပင် ကျရောက်ရ၏။

အဂုၤလိမာလ။.....။ လူတစ်ထောင်မက သတ်ဖြတ်ခဲ့သော လူဆိုးကြီး အဂုင်္လိမာလသည် မြတ်စွာဘုရား တည်းဟူသော သူတော်သူမြတ်နှင့် တွေ့ဆုံဆည်းကပ်ခွင့်ရ၍ လူဆိုး ဘ၀မှ လွတ်မြောက်ရုံမျှမက အာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွား၏။


“သူတော်ကောင်းဓာတ်တရားမြတ်၊ လွှမ်းပတ်ကမ္ဘာတည်စေသော်…”

စာရေးသူ- အောင်ဆွေဦး