ခန္ဓာငါးပါးပေါ်ရာ ဒွါရခြောက်ခု

၁ ။ စက္ခုဒွါရ - မျက်စိအကြည် ၊

၂ ။ သောတဒွါရ - နားအကြည် ၊

၃ ။ ဃာနဒွါရ - နှားခေါင်းအကြည် ၊

၎ ။ ဇိဝှါဒွါရ - လျှာအကြည် ၊

၅ ။ ကာယဒွါရ - ကိုယ်အကြည် ၊

၆ ။ မနောဒွါရ - စိတ်အကြည် ၊

ကုသိုလ် (၁၀) ပါး

၁ ။ ဒါန = ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း ။

၂ ။ သီလ = သီလဆောက်တည်ခြင်း ။

၃ ။ ဘာဝနာ = သမထ ၀ိပဿနာပွား များခြင်း ။

၎ ။ အပစာယန = အနန္တငါးဖြာအား ရိုသေခြင်း ။

၅ ။ ဝေယျာဝစ္စ = အနန္တငါးဖြာ၏ အမှု ကြီးငယ်တို့ကို ဆောင်ရွက်ခြင်း ။

၆ ။ ပတ္တိဒါန = မိမိပြုသော ကုသိုလ်ကောင်းမှုကို တစ်ပါးသူအား အမျှဝေခြင်း ။

၇ ။ ပတ္တာနုမောဒနာ = သူတစ်ပါးပြုသော ကုသိုလ်ကောင်းမှုကို ၀မ်းမြောက်စွာ သာဓု

ခေါ်ခြင်း ။

၈ ။ ဓမ္မဿဝန = တရားတော်ကို နာကြားခြင်း ။

၉ ။ ဓမ္မဒေသနာ = တရားတော်ကို ဟောကြားခြင်း ။

၁၀။ ဒိဋ္ဌိဇုကမ္မ = နိဗ္ဗာန်ရောက်ကြောင်း ဖြောင့်မှန်သော အယူကိုယူခြင်း ။