ရှေးဟောင်းမြန်မာကျမ်းဂန်များတွင် ပါရှိသည့် လူတို့၏အညစ်အကြေး(၉) မျိုး...

(၁) အမျက်ထွက်ခြင်း။
(၂) ကျေးဇူးမသိတတ်ခြင်း။
(၃) ငြူစူမနာလိုခြင်း။
(၄) သ၀န်တိုခြင်း။
(၅) လှည့်ပတ်ဖြားယောင်းခြင်း။
(၆) စဉ်းလဲကောက်ကျစ်ခြင်း။
(၇) လိမ်ညာပြောဆိုခြင်း။
(၈) မတရားလိုချင်ခြင်း။
(၉) မှားသောအယူရှိခြင်း။
ထို (၉) ပါးကို ရှောင်နိုင်မှသာလျှင် လူမွန်လူုမြတ် ဖြစ်မည်။

ပုထုဇဉ်တွေ အားကိုးထိုက်တဲ့ အပါယ်မကျနိုင်သော ကုသိုလ်(၇)မျိုး...

(၁) ဘုရား ၊ တရား ၊ သံဃာ ရတနာမြတ်သုံးပါးအား ဆည်းကပ်ခြင်း။
(၂) ငါးပါးသီလမြဲခြင်း။
(၃) အာရုံဆွမ်း ၊ နေ့ဆွမ်း နေ့စဉ်မပြတ်လှူဒါန်းခြင်း။
(၄) စာရေးတံမဲ လှူဒါန်းခြင်း။
(၅) ၀ါဆိုသင်္ကန်း ကပ်လှူခြင်း။
(၆) ရေတွင်းရေကန် လှူဒါန်းခြင်း။
(ရ) သံဃိကဒါနကျောင်းဆောက်လှူဒါန်းခြင်း။

ဆရာတော်အရှင်ဇ၀န

ဒါနပြုရာ၌...

(၁) ဒါယကာတစ်ယောက်သည် မိမိချည်းသာလှူ ၊ သူတစ်ပါးတို့အား မတိုက်တွန်း ၊ ထိုသူမျိုး ဖြစ်လေရာ ဘ၀တိုင်း၌စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၏။ အခြံအရံကားမရှိ။
(၂) ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင် ပေးလှူခြင်းမရှိ ၊ သူတစ်ပါးတို့အားပေးလှူရန် တိုက်တွန်း ၊ထိုသူမျိုး
ဖြစ်လေရာဘ၀တိုင်း၌ မိမိမူ စည်းစိမ်ချမ်းသာနှင့် မပြည့်စုံ။ အခြံအရံကားပေါ၏။
(၃) ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင်လည်း ပေးလှူခြင်းမရှိ ၊ သူတစ်ပါးတို့အားလည်း မတိုက်တွန်း မနှိုးဆော် ၊
ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်း၌ မိမိလည်း မချမ်းသာ။ အခြံအရံလည်းမရှိ။
(၄) ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင်လည်းလှူ ၊ သူတစ်ပါးတို့အားလည်း နှိုးဆော် ၊ ထိုသူမျိုးဖြစ်လေရာဘ၀တိုင်း၌မိမိလည်း စည်းစိမ်ချမ်းသာရှိ
အခြံအရံလည်းပေါကြွယ်၏။

(ဓမ္မပဒ)

ဒိဋ္ဌိဖြစ်ကြောင်း အကြောင်း(၈)ပါး ...

(၁) ရုပ်နာမ်(၂)ပါး ၊ ခန္ဓာ(၅)ပါးကို မသိခြင်း။
(၂) အ၀ိဇ္ဇာဖုံးလွှမ်းနေခြင်းကြောင့် ရုပ်ခန္ဓာ ဖြစ်-ပျက် ကို မသိခြင်း။
(၃) ဖဿကို ဖဿဖြစ်တာဘဲလို့ မမြင်ဘဲ ငါထိတွေ့တယ်ဟူ၍ သိနေခြင်း။
(၄) ခန္ဓာကို သူပဲ ၊ ငါပဲ ၊ ယောင်္ကျားပဲ ၊ မိန်းမပဲ စသဖြင့် အမှတ်မှားနေခြင်း။
(၅) ခန္ဓာကိုယ် တစ်ခုလုံးကို ငါပိုင်ငါစိုး ဟု ကြံစည်မှားခြင်း။
(၆) ဖြစ်-ပျက်ခန္ဓာတွေကို ငါ ၊ သူတစ်ပါး ၊ယောင်္ကျား ၊ မိန်းမဟူ၍ နှလုံးသွင်းမှားခြင်း။
(၇) မိတ်ဆွေမှားနဲ့ ပေါင်းသင်းမှားခြင်း။
(၈) ဒိဋ္ဌိ မကွာသေးတဲ့ မှားတဲ့ တရားကို နာမိခြင်း။
“ဤလောက၌ ငါတို့သည် မုချမသွေ သေဆုံးကြရမည်သာဖြစ်၏...ဟူ၍ မသိကြကုန်သော သူမိုက်တို့အတွက် ခိုက်ရန်ဖြစ်ပွား ငြင်းခုန်ကွဲပြားခြင်းသည် မပြေငြိမ်းကုန်။ ထိုသို့သိသော ပညာရှိတို့အတွက်ကား ထိုသို့သိခြင်းကြောင့် ခိုက်ရန်ဖြစ်ပွား ငြင်းခုန် ကွဲပြားခြင်းတို့သည် ပြေငြိမ်းကုန်၏”...။...။

(ဓမ္မပဒ-ကောသမ္ဗီရဟန်းများဝတ္ထု)