သူတော်စင်တို့၏ စိတ်ဓာတ်

“သဒ္ဓါဓာတ်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေအတွက် လှူချင်စရာပစ္စည်းတွေဟာ အမြဲပိုနေ တက်တယ်၊ လောဘဓာတ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေအတွက် ယူချင်စရာပစ္စည်းတွေဟာ အမြဲလိုနေတက်တယ်”
( အရှင်ဇ၀န )




သူတော်စင်ဟူသည် မိမိကိုယ်ကျိုးထက် အများအကျိုး၊ သာသနာအကျိုးကို အားမာန်အပြည့်နှင့် ဆောင်ရွက်မှု့၊ မိမိ၏ စိတ်သဏ္ဍာန်တွင်လည်း သီလ၊ သမာဓိ၊ ပညာ တည်းဟူသော သိက္ခာပုဒ်တို့၏ ပြည့်စုံသော သူကိုခေါ်ဆိုထိုက်ပါသည်။ “သူတော်ကောင်းမှန် ကောင်းမှုကံပြုရန်လွယ်ပေသည်”ဆိုသည့် အလျှောက် သူတော်ကောင်းတို့သည် အများအကျိုးအတွက်ဆောင်ရွက်ရန်သာ အမြဲကြံစည် နေကြပါတယ်။ အခြေခံအားဖြင့် သဒ္ဓါ၊ သီလ အစရှိသော သူတော်ကောင်းတရား များကို မဖောက်မပြန်စောင့်ထိန်းနေပါလိမ့်မည်။ ထို့ကြောင့် သဒ္ဓါ(ယုံကြည်မှု) တရားသည် အလွန်အရေးကြီးပါတယ်။ မိမိကိုယ် ကို ယုံကြည်မှု မရှိသောသူသည် မည်သည့်အကြောင့်းနှင့်မျှ အောင်မြင်မှုရနိုင်မည်မဟုတ်ပါ။ ထို့အတူ ထေရ၀ါဒသာ သနာပြုမည်ဆိုရင် “သဒ္ဓါတရားကို အဖော်ပြု၍ ပညာကိုဆရာတင်”ရပါမည်။ သဒ္ဓါနှင့်ပညာသည် အတွဲညီနေရပါမည်။ ပညာမရှိပါက အလွဲယုံကြည်မှုများဖြစ် လာပါတယ်။ “ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဆိုတာကတော့လောကစကား” မျှသာဖြစ်ပါတယ်။ “ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ ဆိုတာကတော့ ဂေါတမဘုရားရှင်၏တရား” ပင်ဖြစ်ပါသည်။


ဒုလ္လဘတရား(၅)ပါး၌ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘ၀ ရရန်အလွန်ပင်ခက်ခဲလှပါတယ်။ ထိုကြုံတောင့်ကြုံခဲ ရခဲလှသော ဘ၀၌ သူတော် ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင် ခက်ခဲပါတယ်။ “သူတော်ကောင်းကို ကြည်ညိုတက်မှ သူတော်ကောင်းဖြစ်ပါမယ်”။ ဤနေရာ၌လယ်တီ ဆရာတော်ဘု ရားကြီး၏ အတုယူဖွယ် အကျင့်ကိုပြောပြလိုပါတယ်။ လယ်တီဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟောအလုပ်များဖြင့် မနားမနေ သာသနာပြုတော် မူခဲ့ပါတယ်။ (စာဖတ်သူများသိနှင့် ပြီးဖြစ်ပါလိမ့်မည်)။ သာသနာတော်အတွက် အလုပ်တွေ လုပ် နေတဲ့ အချိန်မှာဘဲ ဆရာတော်ကြီးက ကျောင်းတိုက်အတွင်းမှာ စာသင်နေတဲ့ စာသင်သား သံဃာတော် များသုံးရန်အတွက် ချိုရေ၊ သောက်ရေ၊ ကုဋီ(အိမ်သာ) သုံးရေများကိုညပိုင်မှာရေးခပ်၍ ဖြည့်ထားလေ့ရှိပါတယ်။ သံဃာတော်များက ဆရာတော်ကြီး ရေတွေထမ်းဖြည့်နေတာကို မသိပါဘူး။ တစ်ညမှ ကိုယ်တော်တပါး က အပေါ့ အပါးထသွားမှ ဆရာတော်ကြီး ရေထမ်းဖြည့်နေတာကို တွေ့ပါတယ်။ ထို့အပြင် မုံရွာမြို့ပေါ်က ဘုန်ကြီးကျောင်း(၂၀)မှာ သောက်ရေအခက်အခဲ ဖြစ်တာ ကြောင့် ဆရာတော်ကြီးကိုယ်တိုင် သောက်ရေအိုးထမ်းပြီး တစ်ကျောင်းကို တစ်အိုး နေ့စဉ်လှူခဲ့ပါတယ်။ ထိုသို့ သံဃာတော်များသုံးရန်ရေထမ်းမှု၊ ဘုန်းကြီးကျောင်း များကို သောက်ရေထမ်းလှူတာဟာ တစ်ရက်၊ နှစ်ရက်၊ တစ်နှစ်၊ မဟုတ်ပါဘူး။ အနှစ်(၂၀)လုံး တစ်ရက်မျှမပျက်ဘဲရေးထမ်းလှူခဲ့ပါတယ်။ ဆရာတော်များက လယ် တီဆရာတော်ကြီးအား “သက်တော်၊ ၀ါ တော်ကြီးပြီဖြစ်လို့ တပည့်တော်တို့ကို ရေ ထမ်းပြီးမလှူပါနဲ့တော့ အရှင်ဘုရား” ဟုလျှောက်ပါတယ်။
ထိုအခါ ဆရာတော်ကြီး“အရှင်ဘုရားတို့…တပည့်တော်က ခန္ဓာကိုယ်ကို အငှား နွားလိုသဘောထားတာပါ၊ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေး ငွေပေးငှားပြီးလယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန်အောင်ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ တပည့်တော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့သေမင်း ဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ်ခင်မှာ တပည့်တော်သည် ဒီခန္ဓာ ကြီးကိုတန်အောင်ခိုင်းရပါလိမ့်မည်၊ တပည့်တော်သည် ဘ၀အဆက်ဆက်က သား ကျွန်၊ မယားကျွန် အဖြစ်နဲ့သေခဲ့တာ များပါပြီဘုရား၊ ဒီဘ၀မှာတော့ ဘုရားကျွန်၊ တရားကျွန်၊ သံဃာကျွန်၊ သာသနာ့ကျွန် အဖြစ်နဲ့သေပါရစေ” ဟုပြန်လည်မိန့် ကြားကာ အနှစ်(၂၀) လုံးလှူဒါန်းတော်မူခဲ့ပါတယ်။ ထိုသို့ရေလှူခဲ့သော အကျိုး သည် ယခုဘ၀မှာပင်ရရှိပါတယ်။ ဟသာင်္တမြို့မှာ မိုးခေါင်သောအခါ ဆရာတော် ကြီးကို တရားဟောဖိတ်ပါတယ်။ ဆရာတော်ကြီး ဟသာင်္တ မြေပေါ် ခြေတစ်လှမ်းချ လိုက်တာနှင့် မိုးရွာချပါတော့တယ်။


စစ်ကိုင်းမြို့ ၀က်ချပ်မင်းကျောင်းဆရာတော်ကြီးသည်လည်း လယ်တီဆရာ တော်ကြီးကဲ့သို့ပင် သာသနာအကျိုးဆောင်ရွတ်တော်မူခဲ့ပါသည်။ ဆရာတော်ကြီး ဧရာဝတီ မြစ်ထဲရေချိုးပြီး ပြန်လာသောအခါ ဆောင်းတွင်းဖြစ်ပါက မြစ်ထဲကမျော ပါလာတဲ့ သစ်ကိုင်း များ၊ ထင်များကို သံဃာတော်တွေ မီးလှုံဖို့ ယူလာပါတယ်။ နွေအခါဖြစ်ပါက သဲတွေကို ထုပ်ပြီး ထမ်းလာပါတယ်။ သံဃာတော်တွေ သဲနုနု လေးပေါ်မှာ ခြေနင်း၍ကောင်းပါစေဟူ၍ကျောင်းဝန်း အတွင်းသဲတွေဖြန့်ဖြူးပေးပါ တယ်။ ဆရာတော် ကြီးကျောင်းမှာ ရဟန်းတပါး ၀မ်းရောဂါဖြစ်သောအခါ ဘေးမှ မပြုစုရဲပါဘူး။ ဆရာတော်ကြီးက ငါပြုစုမယ် ဟုဆိုကာပြုစုသော်လည်း ထိုရဟန်း မှာ သေဆုံးခဲ့ပါတယ်။ ထိုအခါ ဆရာတော်ကြီးက တခြားသံဃာတွေပြောရင် အ အိပ်ပျက်၊ စာပေ၊ တရား အလုပ်ပျက် ဖြစ်မယ်၊ အဲဒီတော့ ငါတစ် ယောက်ဘဲ အလုပ်ပျက်ခံမည်ဟုဆိုကာ ပျံလွန်တော်မူသွားသော ရဟန်းကို သူပခုံးမှာ ထမ်းပြီး သင်္ချိုင်းသွား သဂြိုလ်ခဲ့ပါတယ်။ သူတော်စင်တို့၏ စိတ်ဓာတ် မည်မျှမြင့်မြတ် ပါသ လဲဆိုတာ သိရှိနိုင်ပါတယ်။ သူများမလုပ် ချင်တဲ့ကုသိုလ်လုပ်မှ သူများမရတဲ့ကောင်း ကျိုးကိုရတက်ပါတယ်။ လူတွေဟာ များသောအားဖြင့် သူများမရနိုင်တဲ့ ကောင်း ကျိုးချမ်း သာကို ကျလိုချင်ကြပါတယ်၊ ဒါပေမဲ့ သူများမလုပ်ချင်တဲ့ ဝေယာဝစ္စကု သိုလ်အလုပ်ကျတော့ မလုပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ မာနကိလေသာ ကြောင့် ဖြစ်ပါတယ်။ ငါက ရာထူးရှိတယ်၊ ငါက ပိုက်ဆံရှိတယ်၊ ငါက နာမည်ကျော် ဒီအလုပ် ငါမလုပ်သင့်ဘူး ဆိုပြီး မာနစိတ်တွေ မထားသင့်ပါဘူး။ မိမိသည် ကိုယ်ကျိုး မဖက် ဘဲ အများအကျိုးအတွက် ဆောင်ရွက်နေတာဟာ မာနကိလေသာ ကိုသတ်နေတာ ပါဘဲ။ မိမိ တို့ရဲ့ရှိနှင့်ပြီးသော သဒ္ဓါတရားကို ပိုမိုကောင်းမွန်လာအောင်ကျင့်ကြံ အားထုတ်ဖို့လိုပါတယ်။ ဘ၀အဆက်ဆက်က လောဘရဲ့ ကျေးကျွန်ဖြစ်လာခဲ့တာ ကြပါပြီ။ လောဘရဲ့ ကျေးကျွန်ဖြစ်နေသ၍ သံသရာက မလွတ်နိုင်ပါဘူး။ ဒီဘ၀မှာ တော့ လောဘကိုကိုယ့်ရဲ့ကျေးကျွန်ဖြစ်အောင် ကြိုးစားရပါမယ်။


မိမိတို့ရဲ့ကောင်းမွန်တဲ့ စိတ်အစဉ်ကို တည်ငြိမ်အောင်ထိန်းသိမ်းထားကြရပါ မယ်။ စာဖတ်သူတို့ရဲ့ရင်ထဲက သဒ္ဓါပန်းတွေကို မညှိုးနွမ်းပါစေနဲ့လို့ တိုက်တွန်းပါရ စေ။ ယခုအချိန်မှာ လိုအပ်နေသော အရာများစွာရှိပါတယ်။ မုန်တိုင်းဒဏ်ကို ခံလိုက် ရသော နေရာများကို အဖွဲ့အစည်းလိုက်၊ နေရာဒေသ အလိုက်စုဆောင်း လှူဒါန်း နေတာဟာ အင်မတန် မွန်မြတ်လှတဲ့ ပရဟိတ လုပ်ငန်းဘဲဖြစ်ပါတယ်။ ထိုသို့ လှူဒါန်းရာတွင်လည်း အထက်တွင်ရေးသားခဲ့သော သူတော်ကောင်းတို့ရဲ့ စိတ် ဓာတ်ကို အတုယူစေချင်ပါတယ်။ မိမိတို့လှူဒါန်းသော ငွေကြေး၊ ပစ္စည်းတွေသည် စင်ကြယ်ပါတယ်။ စေတနာအပြည့်ရှိကြပါတယ်။ ကောင်းမှုလုပ်တဲ့အခါ အကုသိုလ် မ၀င်ရအောင် သတိတရားရှိကြပါစေ။ မိမိတို့လှူလိုက်တာကို အလှူခံပုဂ္ဂိုလ် ထံရောက်စေချင်တာ မလှူခင်စေတနာပါ။ ထိုစေတနာသည် ပင်ကုသိုလ်ဖြစ်နေပါ ပြီ။ လှူပြီးသော မိမိရဲ့အလှူဒါန ကိုလည်းမမေ့သင့်ပါဘူး။ မိမိအလှူ အပေါ်မှာ လိုချင်တမ်းမတ်မှု (တဏှာ)နှင့်ယှဉ်သောစိတ် နဲ့မဟုတ်ဘဲ မေတ္တာ၊ စေတနာနဲ့ ယှဉ်သောစိတ်ဖြင့်ပြန်လည် သတိရနေကြပါ။ ထိုစေတနာသည် လှူပြီးနောက် ဖြစ်သော စေတနာဖြစ်ပါသည်။ ထိုစေတနာသည် လည်းကုသိုလ်စိတ်ပင်ဖြစ်ပါ တယ်။ လှူဒါန်းမှုပြု ကြရာတွင်လည်း နှလုံးသွင်းမှန်ဖို့အရေးကြီးပါတယ်။ မိမိသည် ဘာ့ကြောင့် လှူရသလဲဆို သောရည်မှန်းချက်လည်းရှိရပါမယ်။ မိမိသည် မွေးဖွား ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍လှူဒါန်းသင့်ပါတယ်။ မိမိတို့မရ ဘူးသေး သည်မှာ နိဗ္ဗာန်ချမ်းသာ သာ ကျန်ရှိပါတော့တယ်။ ထို့ကြောင့် မိမိတို့ လှူဒါန်းမှု သည်လည်း ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) ကိုသိ၍ ထိုဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ရည်မှန်း၍ လှူဒါန်းကြစေချင်ပါသည်။ ဘုရားတည်၊ ကျောင်းဆောက်လုပ်သော ကုသိုလ်သာ လူအများလုပ်ချင်ကြပါတယ်။ မရှိ၊ နွမ်းပါး သူတို့ကိုပေးကမ်းသော ကုသိုလ်အလုပ် ကိုလုပ်သောသူကနဲပါတယ်။ တကယ့် သူတော်ကောင်းတို့သည် မိမိအကျိုး၊ မိမိရဲ့ ဂုဏ်သိက္ခာကို မငဲ့ဘဲ အများအကျိုးကိုသာဆောင်ရွက်ကြသည်ကို အတုယူသင့်ပါ တယ်။



စားဖတ်သူများလည်း သူတော်ကောင်းတရားများ ကျင့်ကြံပွားများ၍ သူတော် ကောင်းတို့သွားရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…။


“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…”

စာရေးသူ- အောင်ဆွေဦး



မိဘကျေးဇူး

အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ်ဖြစ်၏။ တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာဖြစ်၏။ အကျွမ်းတ၀င်ချစ်ခင်သောသူသည် အကောင်းဆုံးဆွေ မျိုးဖြစ်၏။ နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဖြစ်၏။
(ဓမ္မပဒ-၂၀၄)



လာဘ်တကာလာဘ်ထဲမှာ ကျန်းမာရေးကောင်းမွန်ခြင်းဆိုတဲ့ လာဘ်ဟာအ ကောင်းဆုံးလာဘ်ဖြစ်သည်ဟုမြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါသည်။ အဲဒီမိန့်ကြားချက် ဟာတခြားအချိန်မှာ မသိသာပေမဲ့ ကျန်းမာရေးမကောင်းဖြစ်တဲ့အခါမှာပိုမိုသိလာ ရပါသည်။ သာမန်နှာစေးချောင်းဆိုးဖြစ်တာကိုအခုလောက်လေးလေးနက်နက်မ တွေးမိတတ်ခဲ့ပါဘူး။ သို့ပေမယ့် သေးသေးငယ်ငယ်ရောဂါဖြစ်လာ တယ်ဆိုလျင် ဖြင့်နေရထိုင်ရတာ အဆင်မပြေလာတာကိုတော့ထင်ထင်ရှားရှားပဲ သိနိုင်ခဲ့ပါတယ်။ လူတိုင်းနီးပါးလောက်လည်း ဒီအနေမျိုးကိုဖြင့် ခံစားသိရှိဖူးကြမှာပါ။ ကြီးမားတဲ့ရော ဂါ ဝေဒနာခံစားနေရသူများအဖို့တော့ စိတ်လက်ကြည်သာဖြစ်နိုင်ဖို့ရာပိုပြီးခက်ခဲ ပေမည်။ ဘာပဲဖြစ်ဖြစ်။ ဘ၀မှာက ဇာတိ-ဆိုတဲ့ဖြစ်ပေါ်မှုကို လက်ခံလိုက်တာနဲ့ သူနဲ့ ဘယ်လိုမှ ခွဲခြားလို့မဖြစ်နိုင်တဲ့ ဇရာဆိုတဲ့ရင့်ရော်အိုဆွေးမှု။ ဗျာဓိ(နာကျင်မှု) နဲ့ မရ ဏ-ဆိုတဲ့(ပျက်စီးသေကြေမှု)သဘောတရားက တွဲပြီးပါလာစမြဲပါပဲ။ အဲဒီလို အို၊ နာ၊ သေမှုတွေနဲ့ တွေ့ကြုံရတဲ့အခါတိုင်းမှာလည်း ခံစားရသူကာယကံရှင်ကိုယ်တိုင် ပဲဖြစ်ဖြစ်။ ဒီအိုနာသေမှုတွေနဲ့ တစ်နည်းနည်းအားဖြင့် နှီးနွယ်ဆက်စပ်နေတဲ့သူ တွေမှာပဲဖြစ်ဖြစ် စိုးရိမ်ကြောင့်ကြဖြစ်ရမှုတွေ။ ငိုကြွေးမြည်တမ်းရမှုတွေဆိုတာက အနည်းနဲ့အများဆိုသလို ခံစားတွေ့ကြုံကြရတော့တာပါ။ ဒီလိုအို၊ နာ၊ သေမှုတွေ။ စိုးရိမ်ငိုကြွေးရမှုတွေဆိုတာကလည်း သူသူကိုယ်ကိုယ် ဘယ်ပုဂ္ဂိုလ်မှ လက်ခံချင်တဲ့ အရာ၊တောင့်တလိုလားတဲ့အရာမျိုးတွေ မဟုတ်ပါဘူး။ ဘယ်လိုပင် မလိုချင်။ မ တောင့်တပေမယ့်လည်း ဒီအရာတွေက မဖိတ်ခေါ်ပဲ ရောက်လာတတ်တဲ့အရာ တွေပဲဖြစ်ပါတယ်။ ကြိုဆိုလက်ခံသည်ပဲဖြစ်စေ။ ကြိုဆိုလက်မခံလိုသည်ပဲဖြစ်စေ သူ့အချိန်တန်လျင်တော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာကတော့ မလွဲမသွေ ပါ။ ဒါဟာ သတ္တ၀ါတိုင်းနဲ့ သက်ဆိုင်တဲ့အရာ။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်၊ လတ် လတ်အပေါ် အမှတ်မထင် အချိန်မရွေး ကျရောက်လာနိုင်တဲ့ အရာလည်းပဲဖြစ်ပါ တယ်။ ရောဂါရမှ ဆေးကိုသောက်သုံးတာထက် အလွယ်တကူနဲ့ ရောဂါမဖြစ်ရ အောင် နေထိုင်တတ်ဖို့နဲ့။ ရောဂါ မဖြစ်မီကပင်သောက်သုံးသင့်တဲ့ကြိုတင်ကာ ကွယ်ဆေးကို ကြိုတင်သောက်သုံးနိုင်ဖို့က ပို၍အရေးကြီးပါသည်။ အို၊ နာ၊ သေမှု ဆိုတဲ့ ဘေးမျိုးတွေနဲ့ လောဘ။ ဒေါသ။ မောဟ။ အတ္တ၊ မာနနဲ့ ပူဆွေး သောက၊ ဗျာ ပါဒစတဲ့ ကိလေသာအနာရောဂါဆိုးက ပကတိအနာရောဂါမျိုး ထက်ပိုပြီးခံစားချက် ဆိုးရွားစေတယ်မဟုတ်လား။

လူမှုဘ၀ထုံးစံအတိုင်း မိဘအများစုအနေနဲ့ အစားအသောက် အနေအထိုင် ကစလို့ အစစအရာရာချို့ငဲ့ကြပါတယ်။ ဒါကြောင့်အစား အသောက်ကနေ မရနိုင်မဲ့ အားဖြစ် ဖွယ်ရာဓာတ်စာကို ဆေးကနေအထောက်အကူပေးနိုင်ပါစေတော့ဆိုတဲ့အ နေနဲ့ ဆေးဝါးများကို အထူးတလည် ထောက်ပံ့ကြခြင်းဖြစ်ပါတယ်။ သို့ပေမယ့်ခုလို ခန္ဓာ ကိုယ်အတွက်အားဖြစ်အောင် အားဆေးများကိုသာ သောက်သုံးစေခြင်းဖြင့် မ လုံလောက်နိုင်သေးပါ။ နာမ်၊ ရုပ်အပေါ်ကျ ရောက်လာနိုင်တဲ့ ပကတိရောဂါထက်ပို ဆိုးတဲ့အိုနာသေဘေးမျိုးတွေ။ ချစ်ခင်သူတွေနဲ့ဝေးကွာကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခ ဆင်းရဲတွေ။ အဲဒီလို အို၊ နာ၊ သေးဘေးစတာ တွေကိုအမှီပြုပြီးဖြစ်ပေါ်လာနိုင်တဲ့ သောက(ပူဆွေးဝမ်းနည်းမှု)၊ ပရိဒေ၀(ငိုကြွေးမှု) ရောဂါမျိုးတွေကိုခုခံရင်ဆိုင်နိုင်စေ ဖို့ကြိုတင်ပြီး ဆေးသောက်နိုင်စေဖို့ကိုတော့ လေးလေးနက်နက် မပြတ်တမ်းပဲတိုက် တွန်းအားပေးနေရပေလိမ့်ဦးမည်။ နေထိုင်မှုပတ်ဝန်းကျင်ကြောင့်၊ အခြေအနေအ ရပ်ရပ်ကြောင့် ရိပ်သာမှာမပျော်ရွှင်နိုင်ခဲ့တာကို နားလည်သင့်ပါသည်။ သို့ပေမယ့် အစား၊ အသောက်စတဲ့ ရုပ်ဝတ္ထုတွေနဲ့ ထောက်ပံ့တာထက်-

(၁)သဒ္ဓါတရားမရှိတဲ့ မိဘများဆိုလျင် သဒ္ဓါတရားရှိဖို့။


(၂)သီလမရှိတဲ့ မိဘမျိုးဖြစ်နေလျင်လည်း သီလရှိသူဖြစ်လာအောင် တိုက်တွန်း အားပေး။


(၃)မပေးရက်မလှူရက်နဲ့ နှမျောတွန့်တို နေတဲ့ မိဘကိုပေးကမ်း စွန့်ကြဲခြင်း နှင့်ပြည့် စုံအောင်ပြောပေး၊


(၄)ပညာနည်းပါး နေတဲ့မိဘများ ဆိုလျင်လည်း ပညာတရားတိုးပွားအောင်ပံ့ပိုးပေး ခြင်း

မျိုးကပိုမိုအကျိုးကြီးကြောင်း ကိုလည်းဘုရားရှင် ကမိန့်တော်မူခဲ့ပါတယ်။


(ပညာဆိုသည် မှာအတန်းပညာကိုပြောခြင်းမဟုတ်ပါ။ ၀ိပဿသနာဉာဏ်ပညာကို ပြောတာဖြစ်ပါတယ်)။ အထက်ပါလေးနည်းထဲမှ တခုခုကို မိမိကြောင့်လိုက်နာ ကျင့်ကြံသွားမယ်၊ သက်ဝင်ယုံကြည်ခဲ့မယ်ဆိုရင် မိဘကျေးဇူးကျေအောင်ဆပ်ပြီး သားဖြစ်ပါတယ်။ သို့ပေမယ့် ဒီအရာဟာတခြား ရုပ်ပစ္စည်းတွေ လို “ရော့ အင်”့ ဆို ပြီးပေးလို့ရနိုင်တဲ့ အရာမျိုးမဟုတ်ပဲ ကာယကံ ရှင်များကိုယ်တိုင် ပါဝင်ပါမှဖြစ်နိုင် တာပါ။ သို့အတွက် သူတို့ကိုယ် တိုင်ပါဝင်ဖို့ကိုတွန်း အားပေးရပါမည်။ ဒီအတွက်မိ မိ ကိုယ်တိုင်လည်းသိအောင်၊ မိဘတွေကိုလည်းပြောနိုင်အောင် အမှန်ပင်ကြိုးစား လေ့လာကျင့်ကြံနေသင့်ပါပြီ။ မိဘကျေးဇူးကိုမည်သည့် နည်းနှင့်မျှကျေအောင်မ ဆပ်နိုင်ပါ။ ဘုရားရှင် ဟောကြားခဲ့သောတရားနှင့်သာ ဆပ်၍ကျေနိုင်ပါသည်။ စာ ဖတ်သူများလည်းအသိဉာဏ်ပညာ တိုးပွားကာ မိဘကျေးဇူးကျေအောင် ဆပ်၍ ကောင်းကျိုးချမ်းသာရရှိနိုင်ကြပါစေ။…။



“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”

သူ့ဘုန်းကံနှင့်သူ

ဘုန်းကံဆိုရာ၌ ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှုရှိခြင်းကြောင့် ရရှိ သောအကျိုးတရားကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ကုသိုလ် ကောင်းမှုအားကြီးခဲ့လျှင် ဘုန်းကံကြီးမည်။ ကုသိုလ်ကောင်းမှုနည်း ခဲ့လျှင် ဘုန်းကံနည်းမည်ကို သိထားရ ပေမည်။ သတ္တ၀ါတို့၏စိတ် သည် တစ်ဦးနှင့်တစ်ဦး မတူကြခြင်းကြောင့် ပြုလုပ်ကြသော အလုပ်တို့လည်း တစ်ယောက်နှင့်တစ်ယောက် တူကြမည် မဟုတ် ပေ။ ထိုအကြောင်းတို့ကြောင့် ရရှိကြသော အကျိုးတရားတို့လည်း မတူညီကြခြင်းဖြစ်၏။

တချို့က ဥပဓိရုပ် အင်မတန်ဆိုးကြသော်လည်း တချို့က အင် မတန်ကောင်းကြ၏။ တချို့က စားဝတ်နေရေးအတွက် ပြင်းစွာရုန်း ကန်လှုပ်ရှားပြီးမှ ရကြသော်လည်း တချို့က လွယ်ကူစွာရကြပေ သည်။ ထိုသို့ ကွာခြားနေတာကတော့ မတူညီသော ကံတရားတို့ ကြောင့်ပင်ဖြစ်၏။

ထိုသို့ မတူညီကြသော အကျိုးတရားများသည် မတူညီသော ပြုခဲ့ဘူး သည့်ကံတရားတို့ မတူညီခြင်းကြောင့်ပင်ဖြစ်၏။ အကုသိုလ်တရား တို့ကို ပြုလုပ်နေတုန်းမှာပင် ရှေးကံ၏ အထောက် အပံ့ကောင်း ခြင်းကြောင့် ကောင်းကျိုးသုခတရားတို့ တွေ့နေရတတ်ပေသည်။ ယခု ကောင်းမှုတရားတို့ကို ပြုလုပ်နေသော်လည်း ရှေးကံ၏ အထောက်အပံ့ဆိုးခြင်းကြောင့် ဆိုးကျိုးတရား တို့လည်း တွေ့နေရ တတ်ပေသည်။ ထို့ကြောင့် ယခုဖြစ်ဆဲ၌ ကောင်းမှုတရားတို့ကိုသာ များများပြုလုပ်ကြပါလေ။ ကောင်းမှု ပြုခြင်းကြောင့် ကောင်းကျိုး တရားတို့ ချက်ချင်းရနေသလို မရ တာလည်း ရှိနေတတ်ပေသည်။ ဗုဒ္ဓ၀ါဒသည် အကျိုးကိုလိုက်သော ၀ါဒမဟုတ်၊ အကြောင်းကိုသာ ကောင်းအောင်ပြုသော ၀ါဒဖြစ်သည်ကို သတိပြုရပေမည်။

တခါတရံ၌လည်း ကောင်းမှုတို့ကို ပြုလုပ်နေခြင်း၊ ရှေးကံ၏ အထောက်အပံ့ ကောင်းခြင်းတို့ကြောင့် ကောင်ကျိုးတရားတို့ သည် တဟုန်ထိုးကျရောက်လာတတ်ပေရာ ထိုအခါ၌ ရရှိသော အကျိုးတရားတို့ကို အကြောင်းပြုပြီး တစ်ယောက်နှင့်တစ် ယောက် ဂုဏ်တုဂုဏ်ပြိုင်လုပ်ခြင်း(မာန)၊ မနာလိုခြင်း (ဣဿာ)၊ ၀န်တိုခြင်း (မစ္ဆရိယ) တရားတို့ဖြစ်နေလျှင်ကား မသင့်လျော်လှပေ။ ထို မာန၊ ဣဿာ၊ မစ္ဆရိယတို့ကို မွေးမြူတားကြလျှင် နောင်သံသရာဆင်းရဲ၊ ယခုဘ၀မျက်မှောက်ဆင်းရဲတို့သည် နောက်ကထပ်ကြပ်မကွာလိုက် နေဦးမည်ကို သတိပြုရပေမည်။

သူဘုန်းကံနှင့်သူရှိသောသဘောကို သာဓက၀တ္ထု ထုတ်ပြပါအံ့။ ဤ ၀တ္ထုမှာ ဗုဒ္ဓက သတ္တ၀ါတို့ ဣဿာတရားကင်းရှင်းစွာ နေထိုင်တတ် အောင်နှင့် သူ့ဘုန်းကံနှင့်သူ အကျိုးပေးတတ်ပုံကို ဆုံးမလိုခြင်းဖြစ် သည်ဟု သိမြင်နိုင်ပါသည်။

တစ်နေ့သောအခါ၌ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် ရဟန်း သံဃာ တော်တို့ ဆွမ်းခံကြွလာကြရာ ဘုရားရှင်က ပျော်ပွဲစား ထွက်လာကြ သော ကလေးငယ်တို့ကိုမြင်လေသော် ဆွမ်းခံ ဆက်မကြွတော့ဘဲ ရဟန်းတို့ကို သစ်ပင်ရိပ်တွေမှာ အနားယူ စေတော်မူ၏။ ထိုအခါ ရဟန်းတော်တို့က ဘုရားရှင်အား ဤသို့ လျှောက်ထားမေးမြန်းကြ၍ ဘုရားရှင်ကဖြေကြားတော်မူလေ၏-

မေး - အရှင်ဘုရား၊ ဆွမ်းခံမကြွတော့ဘူးလားဘုရား။

ဖြေ - မကြွတော့ဘူး ချစ်သားတို့၊ တောထဲမှာဘဲဘုန်းပေးမယ်။

မေး - အရှင်ဘုရား၊ ဆွမ်းဘုန်းမပေးလျှင် ဘယ်အရာကို ဘုန်း
ပေးတော်မူပါမလဲဘုရား။

ဖြေ - ချစ်သားတို့…၊ မုန့်ခဲဖွယ်တို့ကို ဘုန်းပေးမယ်။

မေး - အလှူရှင်က ဘယ်သူတွေရှိလို့ပါလဲဘုရား။

ဖြေ - အလှူရှင်တွေကတော ရှေ့မှာမြင်နေရတဲ့ ပျော်ပွဲစားထွက်
လာတဲ့ ကလေးငယ်တို့ဘဲ။ အလှူခံက နောက်မှာလာလိမ့်
မယ် ချစ်သားတို့…။

ရဟန်းတော်တို့သည် အလှူခံပုဂ္ဂိုလ် မည်သူဖြစ်သည်ကို စောင့်မျှော် နေချိန် နောက်၌ အရှင်မဟာကဿပကိုယ်တော်ကြီး ကြွလာရာ ကလေးတို့သည် “တို့ အရှင်ဘုရားကြီးကြွလာပြီ” ဟူ၍ အရှင်မဟာ ကဿပကိုယ်တော်ကြီးထံသို့ ပြေးလာကြပြီး မုန့်ခဲဖွယ် တို့ကို ဆက် ကပ်ကြလေ၏။ ထို့နောက် အရှင်မဟာ ကဿပကိုယ် တော်ကြီးက ဘုရားရှင်နှင့် ရဟန်းတော်တို့ကို ပြန်လည်ဆက်ကပ်ခဲ့လေ၏။

ဤနေရာ၌ စာဖတ်သူတို့အနေဖြင့် အဘယ်ကဲ့သို့ သုံးသပ်ကြမည် နည်း။ ဘုရားရှင်နှင့် အရှင်မဟာကဿပကိုယ်တော်ကြီး တို့တွင် အဘယ်သူက ဘုန်းကံကြီးမားပါသလဲ။ ဘုန်းကံတရား တို့ကတော့ ဘုရားကိုယ်တော်မြတ်ကြီးအား အဘယ်သူမှ ယှဉ်ခြင်းငှါ မတတ် ကောင်းပါပေ။ သတ္တ၀ါအားလုံးတို့၏ ကုသိုလ်ကောင်းမှုနှင့် ယှဉ်လျှင် ပင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သာပါသည်။ ထိုသာဓက၌ သူ့ကုသိုလ်ကံနှင့်သူ ဘုန်းကံ အလျောက် အကျိုးပေးခြင်း သာဖြစ်ပါ သည်။

ယခုလက်ရှိဘ၀၌ ရရှိသောအကျိုးတရားတို့သည် အတိတ်က အကြောင်းတရားများကြောင့်ဖြစ်ပါသည်။ တချို့ဥာဏ်ကောင်းသည်၊ တချို့ဥာဏ်မကောင်းကြ။ တချို့ ချမ်းချမ်းသာသာနေနိုင်ကြသည်၊ တချို့ ဆင်းရဲမွဲတေကြသည်။ ကိုယ်ထက်သာလို့ မနာလို မဖြစ်ကြ နှင့်။ ပြုခဲ့သောကံတရားတို့ မတူညီကြတာ ဖြစ်ခြင်းကြောင့် ရရှိသောအကျိုးခြင်းလည်း မတူညီကြခြင်းဖြစ်ပေသည်။ အတိတ်က ပြုခဲ့သော ကံတရားတို့ကြောင့် ယခုရရှိခံ စားရပေသည်။ ယခုပြု သောကံတရားတို့သည် နောင်ခံစားရပေမည်။ နောင်ဆိုရာ၌ နောက် ဘ၀တစ်ခုတည်းကိုဘဲ မမှတ်ယူ သင့်ပေ။ ထိုသို့ တစ်ခုတည်းကိုသာ မှတ်ယူလိုက်လျှင် နောက် ဘ၀ကောင်းစားဘို့အရေး ယခုဘ၀ ကုသိုလ်လုပ် ဆိုသလို ဖြစ်နေပေမည်။ နောင်ဘ၀တွေတပ်မက်ပြီး ကုသိုလ်လုပ်နေပြန် လျှင်လည်း ကိုယ်ခန္ဓာကိုယ်ကို ရောင်းစားနေ သလို ဖြစ်နေပေမည်။ ထို့ကြောင့် ဗုဒ္ဓ၏အဆုံးအမအတိုင်း ဘ၀တွေကို မတပ်မက်ဘဲ ဘ၀ကုန်ရာ၊ ဒုက္ခတွေချုပ်ငြိမ်းရာ နိဗ္ဗာန် သို့သာ အလိုရှိသောဆန္ဒဖြင့် ကုသိုလ်တရားတို့ကို ပြုလုပ်ကြပါကုန်။ ကိုယ်ပြုသော ကံတရားတို့သည် အရိပ်ကဲ့သို့ ထပ်ချပ်မကွာ လိုက်ပါ နေမှာဖြစ်ခြင်းကြောင့် ဆုတောင်းတာ မတောင်းတာက အဓိကမကျ ဘဲ ပါရမီအလုပ်တို့ကို ပြုလုပ်နေဘို့ကသာ အဓိက ကျတာဖြစ်ခြင်း ကြောင့် ပါရမီအလုပ် နေ့စဉ်ပြုလုပ်ကြပါကုန်။


စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေ။


မြင့်မြတ်ပြည့်စုံ သရဏဂုံ

မြန်မာဗုဒ္ဓဘာသာတိုင်းရင်းသားအားလုံးနီးပါး၏ ကလေးများသိတတ်စအရွယ်မှစ၍ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်းသိအောင်အစဦး ဆုံးသင်ကြားလေ့ကျင့် ပေးကြပါသည်။ အိမ် သို့ဆွမ်းခံကြွသည့် ရဟန်းသံဃာ ကိုဖြစ်စေ၊ အဘိုးအဘွား သက်ကြီးများကိုဖြစ်စေ “ဦးတော်” “ဦးတော်” ဟုဆိုခိုင်းကာဦး တင်ရှိခိုးရိုသေသမှုပြု စေကြပါသည်။ တဖြည်းဖြည်း အရွယ်လေးကြီးလာသောအခါ “ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာ မိ” ဆိုတတ်အောင်သားသမီးလေးတွေ ကိုနှုတ်တိုက်သင်ပေးကြသည်။ ထိုသို့နှင့်မွေးဖွားကြီးပြင်းကာအိုမင်းရင့် ရော်သေဆုံး သွားကြလေသည်။ သေဆုံး သည်ဆိုလျှင် သရဏဂုံတင်ရမည့်ကိစ္စကိုနောက်ဆုံး အရေးတကြီးကိစ္စအဖြစ်ဖုတ်ပူမီးတိုက်ဆောင်ရွက်ကြပါတော့သည်။ သရဏဂုံတင် သည်ဆိုသော ကိစ္စသည်မြန်မာဗုဒ္ဓဘာသာအား လုံးအတွက်နောက်ဆုံး ခရီးထွက် တော့မှပျာပျာသလဲဆောင်ရွက်ရသည့်ကိစ္စဖြစ်နေရသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်းလှပါသည်။ သရဏဂုံဆိုသည်မှာမြန်မာစကားမဟုတ်ပေ။ (သရဏ+ ဂမန) ဟူသောမဂဓတိုင်းဘာ သာစကားမှဆင်းသက်ပြောင်းလဲလာသည့်စကားဖြစ်ပါ သည်။ သရဏဆိုသည်မှာကိုးကွယ်ထိုက်သောဝတ္ထု၊ ကိုးကွယ်ထိုက်သောပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ရှိပေ သည်။ ဂမနဆိုသည်မှာရောက်ခြင်းဟုအဓိပ္ပါယ်ရှိသည်။ သို့ဖြစ်၍ ပေါင်းစပ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ပြန်သောအခါ ကိုးကွယ်ရာအဖြစ်သို့ရောက်သည် ဟုအနက်အဓိပ္ပါယ်သက်ရောက်ခြင်းကိုသရဏဂုံဟုခေါ်သည်။ ကိုးကွယ်ဆိုသောစ ကားမှာမြန်မာစကား ဖြစ်ပါသည်။ ကိုး-ဆို သည်ကအားကိုးခြင်း၊ ကွယ်-ဆိုသည်က ကာကွယ်ပေးခြင်းဟုအ ဓိပ္ပါယ်ရှိသည်။ မည်သည့်ကိစ္စများအတွက်အား ကိုးပြီး၊ မည်သည့်ကိစ္စများအတွက်အကာ အကွယ်ပေးပါ သလဲဟုတွေးတောဆင် ခြင်ကြည့် ရပါမည်။ အပါယ် လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါးအစရှိသည်တို့မှကာကွယ်ကင်း လွတ်ပြီး မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကိုရမည်ဟုယုံကြည်စိတ်ချအား ကိုး သောကြောင့်ဖြစ်သည်။ ကိုးကွယ်ထိုက်၊ ကိုးကွယ်သင့်သောသရဏ၀တ္ထုသုံးမျိုးရှိပါ သည်။ ဘုရား၊ တရား၊ သံဃာ ဟူ၍ဖြစ်ပေသည်။ ထိုသရဏ ၀တ္ထုသုံးမျိုးကိုအ ဘယ်ကြောင့်ကိုးကွယ် ထိုက်သလဲဟုဆိုသော် ဖြူစင်သော၊ သီလ၊ သမာ ဓိ၊ ပညာ အစရှိသည့် ဂုဏ်တွေကြောင့်ကိုးကွယ်ဆည်းကပ် ထိုက်ခြင်းဖြစ်ပါသည်။ ကိုးကွယ် ခြင်းဟူ သောသရဏဂုံတွင်နှစ်မျိုးရှိသည်။ တစ်ဆင့်ကြားသုတသရဏဂုံနှင့်ကိုယ် တွေ့သရဏဂုံဟူ၍ဖြစ်သည်။ မြတ်စွာဘုရား၏ဂုဏ်ကျေးဇူး၊ တရားတော်၏ဂုဏ် ကျေးဇူး၊ သံဃာတော်၏ ဂုဏ်ကျေးဇူးများကို ကြားဖူး၊နာဖူး၊ မှတ်သားဖူး၍ ဗုဒ္ဓံသရ ဏံဂစ္ဆာမိ စ သည်ဖြင့်ရွတ်ဆိုဆောက်တည်သောသရဏဂုံမျိုးကိုတစ်ဆင့်ကြား သ ရဏဂုံဟုခေါ်ပါ သည်။ သိတတ်ခါစကလေးအရွယ်တုန်းကလူကြီးမိဘများသင်ပေး သဖြင့်မိဘရိုးရာရွတ်ဆို မှုမျိုးသာဖြစ်သည်။ ကိုယ်တွေ့သရ ဏဂုံဆိုသည်မှာ သက္ကာ ယဒိဋ္ဌိ(ငါစွဲ၊ ငါ့ဟာ၊ ငါပိုင်ဟုစွဲ သောအယူ)နှင့် ၀ိစိကိစ္ဆာ(မရှင်းလင်းခြင်၊ ယုံမှားသံသ ယဖြစ်ခြင်း)တို့၏ ငြိမ်းပျောက်ရာ ဖြစ်သော အာယတနဓာတ်(မြင်စိတ်၊ ကြားစိတ်၊ နံ စိတ်၊ စားစိတ်၊ ယားနာ စိတ်၊ တွေးတော စိတ်)တရားများ၏ဖြစ်ပျက်ပုံကိုမြင်နိုင် သောသမ္မာဒိဋ္ဌိဥာဏ်(အမြင်မှန်)နှင့်ပြည့်စုံသော သရဏဂုံ မျိုးကိုခေါ်သည်။ ရဟန်း သံဃာတော်များထံမှ သီလယူဆောက်တည်ဖူးသူတိုင်း ကြားဖူးနားဝရှိသည့်ပါဠိစ ကားလေးတွေရှိပါသည်။ ယမဟံ ၀ဒါမိ တံဝဒေထ (ကျွန်ုပ်ဆိုသ လိုလိုက်ဆိုကြ၊) ထိုအခါ လူအများက အာမ ဘန္တေပါ (အရှင်ဘုရားကောင်းပါပြီ ။လိုက်ဆိုပါမည်အ ရှင်ဘုရား)ဟုဝန်ခံကြသည်။ ထို့နောက် “နမော တဿ ဘဂ၀တော အရဟ တော သမ္မာသမ္ဗုဒ္ဓဿ” (အရဟံ ဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူသောထိုမြတ်စွာ ဘုရားကိုရှိခိုးပါ၏။) ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ (ဘုရားကိုဆည်းကပ်ကိုးကွယ်ပါ၏။ တရားကိုဆည်းကပ်ကိုးကွယ်ပါ၏။ သံဃာကို ဆည်းကပ်ကိုး ကွယ်ပါ၏)ဟုသုံးကြိမ်ဆိုခိုင်းပါသည်။ သုံးကြိမ်ပြည့်သောအခါ ရဟန်းသံဃာက တိသရဏ ဂမနံ ပရိပုဏ္ဏံ သရဏဂုံ (ခံယူဆောက်တည်မှု ကိစ္စပြီး ပြည့်စုံပြီ ဟုဆို၏။) လူတွေက အာမ ဘန္တေ(ကောင်းပါပြီအရှင် ဘုရား)ဟုလိုက်ဆို ကြ၏။ ထိုသို့ရ ဟန်းနှင့်သီလယူသူ လူအများ ပါဠိလိုအပြန်အလှန်တိုင်ပေး၊ လိုက် ဆိုကြသော ကိစ္စကိုလူအတော်များများက ဘာကိုဆိုလို့ဆိုမှန်းအဓိပ္ပါယ်မသိစွာနှင့် ဆိုရိုးထုံးစံရှိ၍သာ လိုက်ဆို နေကြသည်။ ထိုသို့ပါဠိစကားဖြင့်အတိုင်အဖောက် ရွတ်ဆိုနေကြသည်မှာသရဏဂုံတည်ဆောက်နေခြင်း၊ သရဏဂုံတင်နေခြင်းဖြစ် သည်ကိုသိမှသိပါလေစဟုတွေးမိပါသည်။ သရဏဂုံ တည်ဆောက်ခြင်းကိုပြုပြီးပါ သော်လည်းဘိုးတော်၊ ဘွားတော်၊ မင်းကြီး၊ မင်းလေး၊ ပျောက်စေဆရာ၊ ပေါက်စေ ဆရာ များအားလုံးကိုလက်တွေ့၊ မျက်တွေ့ကိုး ကွယ်အားထားကြကုန်လေ၏။ မိမိ တို့၏နှုတ်ဖျား မှရွတ်ဆိုတည်ဆောက်ခဲ့သောသရဏဂုံသုံးပါးကိုဘာမှန်းမသိမေ့ လျော့ကုန်ကြလေသည်။ ကိုးကွယ်ရာတွေသုံးပါးမကကိုးကွယ်ကြလေ၏။ ထို့ပြင် သေသောသူ၏ရုပ်အလောင်းအား မြန်မာ့ရိုးရာအတိုင်းသရဏဂုံတင်လေ့ရှိပါသည်။ သေသောသူကိုသရဏဂုံတည်ပေး၍ထို သူမှာသရဏဂုံအကျိုးကိုမရ တော့ပါ။


တဆက်တည်းပြောလိုသည်မှာ ယနေ့အချိန်ခါမှာတော့အတုယောင်များကအတော် နေရာယူလာကြပါပြီ။ အနည်းငယ်ပြောပြလိုပါသည်။ လူတွေကိုက အားကိုးစရာဟု ထင်မှတ် ကာနတ်များ၊ မယ်တော်၊ ဘိုးတော်များကိုပို၍အလေးထားပြုလုပ် နေကြပါ သည်။ ကိုကြီး ကျော်ဆိုသော အမူးသမားနတ်ကိုကိုယ်ကွယ်ရာအဟုတ်မှတ်ကာ သွားရောက်ဆက်သနေ ကြပါသည်။ ဘုရားရှင်က သေသေရည် စီးပွားပျက်ကို တစက်ကယ်မျှမသောက်ကြ နှင့်ဟု ဆုံးမတော်မူခဲ့ပါသည်။ မောင်ကျော်ကအိုး လိုက်သောက်ကာ အံဖတ်ဆို့သေခဲ့ပါတယ်။ စာဖတ်သူများပင် တွေးကြည့်ကြပါ။ အမေဂျမ်း ဆိုသောနတ်ကိုကြည့်ပါ။ အဲဒီနတ်ဝင်လာ တဲ့အခါမှာဆဲဆိုကာမိုက်ရိုင်း သောစကားများနဲ့ဟောလေ့ရှိပါတယ်။ ဘုရားက၀ဇီဒုစရိုက် လေးပါးကိုမလုပ်ကြ ရန်ဆုံးမတော်မူခဲ့ပါသည်။ အမေဂျမ်းဆို သူကဘုရားနှင့်ဆန့်ကျင်ကာပြောဆိုနေ ပါသည်။ မနှဲလေးဆိုသော ကလေးနတ်ကိုကြည့်ပါ။ သူသည်ယနေ့တိုင်အောင်စ ကားမပီသေးပါ။ မူကြိုကျောင်းကိုတောင်ပို့ထားသင့်ပါတော့သည်။ အဲဒီကလေးနတ် ၀င် သောအခါ ယနေ့ပေါ်သီချင်းများသီဆိုကာနတ်ကကြပါသည်။ အဲဒီကလေးက ယနေ့ထွက် သောသီချင်းများကိုလည်းလိုက်ဆိုတက်နေပါတယ်။ စဉ်းစားတာကြည့် ပါ။ အိမ်တွင်းအဖေ ကြီးဟုခေါ်နေကြသော မောင်တင့်တယ်သည်မီးရှို့အသက်ခံရ ၍သေရခဲ့ပါတယ်။ သူကို လည်းအိမ်မှာဘာကြောင့်ခေါ်ကာတင်ထားကြပါသလဲ။ အစွဲကြောင့်နတ်စိမ်းဖြစ်နေသည်ဘဲထားပါဦး။ သူတို့ကိုပေးကမ်းကျွေး တဲ့အနေနဲ့ တော့ပြုလုပ်လို့ရပါတယ်။ ဘုရားစင်နားရှိနေသောဘိုးတော်ရုပ်များမှာအတော်ပင် ရုပ်ပျက်လှပါတယ်။ ဘုရားနား နေပြီး ဒူးပေါ်၊ ပေါင်ပေါ်ဖြင့်ထိုင်ကာနေပါ သည်။ ထိုသို့ရိုင်းဆိုင်းသောသူများကိုဘာကြောင့်များအိမ်မှာ ထားနေကြသည်ကိုမသိ တော့ပါ။ ထိုအကြောင်း များပြောရင် ဆုံးမှာမဟုတ်တော့ပါ။ စာ ဖတ်သူများ ဥာဏ် ဖြင့်စဉ်းစားကြည့်ပါတော့။ (လူတိုင်း။ အိမ် တိုင်းကိုး ကွယ်နေကြသည်ဟု ကျွန်တော် မပြောပါဘူး)။ ထိုနတ်များကို ကိုကွယ်ပြီးသေပါက အန်ဖတ်စားပြိဿာဖြစ်ရပါ တယ်။ ပေးကမ်းကျွေးမွေးမှုအနေနဲ့တော့ ပြုလုပ်လို့ရပါသည်။ ထိုနတ်များကိုကိုး ကွယ် ရာဟူ၍အားထားမိပါက သရဏဂုံပျက်ပါတယ်။ ထိုသို့မဖြစ်ရလေအောင်အ လေးနက် ထား၍ရေးသားခြင်းဖြစ်ပါတယ်။ သို့မှသာသရဏ ဂုံတည်သော၊ မြဲသော၊ ခိုင်သော မြန်မာ ဗုဒ္ဓဘာသာဝင်များအဖြစ်ဂုဏ်ယူဝင့်ကြွားနိုင်မည် ဖြစ်ပေသည်။ ပြောတော့ဗုဒ္ဓဘာသာဆိုပြီး တခြားအလုပ်တွေလုပ်နေသည်မှာ အရှက်မရှိသော သူများပမာဖြစ်နေပါတော့မည်။ ထို့ကြောင့်ဘုရား၊ တရား၊ သံဃာသာလျင်ကိုးကွယ် ရာအစစ်မှန်ဟုသိလိုက်ပါက နောက်နေ့မှ စ၍နတ်များ။ မယ်တော်၊ ဘိုးတော်များကို ဘာအကြောင်းနှင့်မျှကန် တော့မနေသင့်ပါ။ ဗုဒ္ဓ ဘာသာတိုင် ကံ၊ ကံ၏ အကျိုးကို ယုံကြည်ကြသူများဖြစ်ပါတယ်။ မိမိကောင်းတာလုပ်ရင် ဆုတောင်းစရာမလိုဘဲ ကောင်းကျိုးရမှာအမှန်ပင်ဖြစ်ပါသည်။ မကောင်းတာလုပ်၍ပြေ ပျောက်ပါရစေဟု ဆုတောင်းနေ၍လည်းမရတော့ပါ။ စေတနာသည်ကံဖြစ်ပါ သည်။ မိမိပြုသောကံ သည်မိမိအတွက်ပြန်ခံစားရကြောင်း ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးဖြစ် မည်ဟုထင်မိ ပါသည်။ မိမိအတွက်ဘုရား၊ တရား၊ သံဃာသည်သာကိုးကွယ် အားထားရာအစစ် မှန်ဖြစ် ကြောင်းသိရှိကြမည်ဟုယုံကြည်ရပါမည်။ ထို့ကြောင့်မည်သည့်နေရာ ရောက်ရောက် သရဏဂုံသုံးပါးကိုအမြဲ တည်နေကြပါ။ နံနက်အိပ်ရာထသည်နှင့် တပြိုင်နက် ဗုဒ္ဓ သရဏံ ဂစ္ဆာ မိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာမိ၊ ဟုရွတ် ဆိုပြီးဖြစ်နေပါကအလွန်ကောင်းပါ သည်။ ရေသောက်နေစဉ်၊ ကားစီးနေစဉ်၊ စား သောက်နေချိန်မည်သည့်နေရာ၊ အချိန်မဆို ရွတ်ဆိုပွားများ နေနိုင်ပါသည်။ သတိ တရားရှိဖို့ အဓိကသတိ ပေးပါရစေ။ သတိလွတ် တာနှင့်ပွားများဖြစ်မည်မဟုတ် တော့ပါ။

သရဏဂုံတည်နေစဉ် “ငါ” ကရွတ်နေတာမဟုတ်ဘူး၊ သဒ္ဓါတရားကရွတ်နေ တာဖြစ် သည် ဟု“ငါ”နှင့်ခွာ၍ ကြိုးစားတည်ကြပါ။ သတိတရားမလွတ်ကြစေရန်ထပ်မံ၍ သတိပေးပါရစေ။ ဤသို့မိမိသိနေသောအသိများအတိုင်း လိုက်ကျင့်ကာဒုက္ခအ ပေါင်းမှလွတ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကိုလျင်မြန်စွာရောက်ရှိနိုင်ကြပါစေ။…။



“ဓမ္မချမ်းသာတွေ့အောင်ရှာ အို၊ နာ၊ သေခြင်းကင်းစေသော်”



စာရေသူ- အောင်ဆွေဦး
သူတစ်ပါးတို့၏ မသင့်လျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှု၊ မကောင်းမှုပြု၊ မပြုကို မကြည့်ရှုရာ၊ မိမိ၏ကောင်းမှု မကောင်းမှု ပြု၊ မပြုကိုသာလျှင်ကြည့်ရာ၏။


(ဓမ္မပဒ)
အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူအားလုံးအား
အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော တရားတော်သည်မ လိုက်နာ၊ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်။

(ဓမ္မပဒ)