ဖီလိုဆိုဖီခေါ် ဒဿနိကဗေဒသည် ဘ၀အကြောင်းနှင့် လောကအကြောင်းတို့ကို တွေးခေါ်ထားကြ
သည့် အတွေးအမြင်ဆိုင်ရာ ပညာဖြစ်သည်။ အနောက်တိုင်း ဒဿနိကပညာရှင်များသည် မောဟမျက်နှာ
ဖုံးစွပ်လျက်နှင့် ပညတ်နယ်တွင် ဘ၀သစ္စာနှင့် လောကသစ္စာများကို ရှာဖွေနေကြရာ ယနေ့တိုင် မတွေ့ရှိကြသေးပါ။ သူတို့ရှာကြံနေကြသော သစ္စာအမှန်တရားများအားလုံးသည် ဗုဒ္ဓအဘိဓမ္မာတွင် အကုန်အရန်သင့်ရှိနေကြ၏။ မှန်ကန်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ပြပြီးလည်းဖြစ်၏။ ဗုဒ္ဓအဘိဓမ္မာ ကမ္ဘာသိအောင် လုပ်နိုင်လျှင် မြန်မာကို ကမ္ဘာက လေးစားလာရမည် ဖြစ်သတည်း။
ဒေါက်တာမင်းတင်မွန်
အစဉ်အမြတ်ထွက်သောအလုပ်...
အများအကျိုး အစဉ်ဆောင်သူမှာ အများ၏ ချစ်ခင်လေးစား အရေးထားခြင်းခံရသည့်အပြင် မိမိ၏ ထိုကောင်းမှုများကို မြင်ရတွေ့ရတိုင်း စိတ်ကြည်နူး၍ ရွှင်မြူးချမ်းသာကာ ပျော်လျက်ရှိ၏ ၊ ဘေးကင်းရန်ကင်း စိတ်ချမ်းသာခြင်းဖြင့် အစဉ်အမြတ်ထွက်လျက်ရှိ၏။
သပြေကန် ဆရာတော်ကြီး
သပြေကန် ဆရာတော်ကြီး
မေတ္တာအဓိပ္ပာယ်...
- မိမိကိုယ်ကို စိတ်ဓာတ်နဲ့အသိဥာဏ်တွေ ရင့်ကျက်အောင်လုပ်နေပြီး သူတစ်ပါးတို့အားလည်း လုပ်ပေးနေခြင်းသည် မေတ္တာဖြစ်၏။ - မေတ္တာဟာ မြင့်မြတ်လာတဲ့အခါ ခံစားမှု မပါတော့။ အကျိုးကိုသာ လိုတော့တာဖြစ်တယ်။ - ပြန်လည်ရုပ်သိမ်းတတ်တယ်ဆိုရင် မေတ္တာအစစ်မဟုတ်သေးဘူး။ - မေတ္တာဟာ ဥာဏ်နဲ့ယှဉ်တယ်။ သူ့ကြောင့် စိုးရိမ်ပူဆွေးနေတယ်ဆိုရင် သူ့ကို မေတ္တာရှိတာ မဟုတ်သေး။ - မေတ္တာဆိုတာ သူတစ်ပါးကို စိတ်ချမ်းသာအောင်လုပ်ပေးတာ မဟုတ်ဘူး။ စိတ်ချမ်းသာအောင် နေတတ်တဲ့နည်းကို ပေးတာ။ သူ့ကြောင့် စိတ်မဆင်းရဲဘူး။ - သူ့ဆီမှ တစ်ခုခုကို မျှော်လင့်နေသေးတယ်ဆိုရင် သူ့အပေါ်ထားတာ မေတ္တာအစစ် မဟုတ်သေး။
ဆရာတော် ဦးဇောတိက
ဆရာတော် ဦးဇောတိက
ဗုဒ္ဓအလိုကျဒါနပြုနည်း...
(၁) ဘုရား ၊ တရား ၊ သံဃာအပေါ်၌ သဒ္ဓါတရားပြည့်ဝစွာ လှူခြင်း။
(၂) အလှူခံပုဂ္ဂိုလ်အား ရိုရိုသေသေ လှူခြင်း။
(၃) အလှူခံပုဂ္ဂိုလ်၏ လိုအပ်မှုကို လှူခြင်း။
(၄) လှူပြီးဝတ္ထုကို မနှောမျှောခြင်း။
(၅) မိမိအလှူကြောင့် အခြားသူတို့အား မထိခိုက်ခြင်း ။
‘သဒ္ဓါကြည်ညို ၊ ရိုသေလှစွာ ၊ အခါကိုသိ ၊ မစွန်းငြိဘဲ ၊ မထိမပ ဤငါးဝ ၊ မှတ်သားသပ္ပုရိသ မြတ်ဒါန’
ဆရာတော်အရှင်ဇ၀န

ဘုရားရှင်ကိုယ်တော်တိုင် တရားနာခြင်း ...
အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ် တရားဟောသောနေရာသို့သွားပြီးညဉ့်သုံးရံ
ကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏ ။နန္ဒမထေရ်သည် ထိုသို့ရပ်လျက် တရားနာနေသောဘုရားရှင်အားမြင်၍လာရောက်ကာ လက်အုပ်ချီမိုးရှိခိုး၍ ဤသို့လျှောက်၏-...မြတ်စွာဘုရား...မြတ်စွာဘုရားသည်ဘုရားရှင်၏နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ..
ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က...အို...ချစ်သားနန္ဒ ၊ သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟောခြင်းငှါ စွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင် တစ်ကမ္ဘာပတ်လုံး တရားနာတော်မူအံ့..ဟု မိန့်တော်မူလေ၏။

လူ့ဆက်ဆံရေးတရား(၃) ပါး...
ပညာချင့်ထောက် ၊ မာန်မမောက်နှင့် ၊ ကိုယ့်အောက်တန်းတူ ၊ အထက်သူဟု ၊ မှတ်ယူမြဲသို ၊ သုံးပုဂ္ဂိုလ်တွင် ၊ အောက်ကိုသနား ၊ တန်းတူအားမူ ၊ မြှောက်စားအမျှ ၊ မယုတ်ချနှင့် ၊ ထက်ကသူမှာ ၊ ရိုသေရာ၏။
(မဃဒေ၀လင်္ကာ)
(မဃဒေ၀လင်္ကာ)
ပညာ ရချင်သူဟာ ...
(၁) သာကစ္ဆာ = ဆွေးနွေးပါ။
(၂)ပုစ္ဆာမိ = မေးမြန်းပါ။
(၃)ယောနိသော မနသိကာရ = သင့်သောအကြောင်းအားဖြင့်
နှလုံးသွင်းပါ။
ရှင်အာဒိစ္စရံသီ
(၂)ပုစ္ဆာမိ = မေးမြန်းပါ။
(၃)ယောနိသော မနသိကာရ = သင့်သောအကြောင်းအားဖြင့်
နှလုံးသွင်းပါ။
ရှင်အာဒိစ္စရံသီ
မပြစ်မှားထိုက်သော ခင်ပွန်းကြီး(၁၀) ပါး
(၁) မြတ်စွာဘုရား။
(၂) ပစ္စေကဗုဒ္ဓါအရှင်သူမြတ်များ။
(၃) ရဟန္တာအရှင်သူမြတ်များ။
(၄) သာဝကများ။
(၅) အမိ။
(၆) အဘ။
(၇) ဆွေမျိုးတွေထဲက ရိုသေထိုက်သူများ။
(၈) လောကီ၊လောကုတ္တရာ ဆရာများ။
(၉) ကြီးပွားရေးအတွက် ထောက်ပံ့ပေးသူများ။
(၁၀) တရားဓမ္မ ဟောပြပေးသူများ။
(၂) ပစ္စေကဗုဒ္ဓါအရှင်သူမြတ်များ။
(၃) ရဟန္တာအရှင်သူမြတ်များ။
(၄) သာဝကများ။
(၅) အမိ။
(၆) အဘ။
(၇) ဆွေမျိုးတွေထဲက ရိုသေထိုက်သူများ။
(၈) လောကီ၊လောကုတ္တရာ ဆရာများ။
(၉) ကြီးပွားရေးအတွက် ထောက်ပံ့ပေးသူများ။
(၁၀) တရားဓမ္မ ဟောပြပေးသူများ။
သေမှာမကြောက်သူ (၅) ဦး
(၁)ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရား ရှိသူ။
(၂) ကိုယ်ကျင့် သီလ ကောင်းသူ။
(၃) လောကုတ္တရာ သုတ ရှိသူ။
(၄) မဆုတ်နစ်သော ၀ီရိယ ရှိသူ။
(၅) လောကုတ္တရာ ပညာ ရှိသူ။
ဆရာတော် ရှင်ဆေကိန္ဒ
(၂) ကိုယ်ကျင့် သီလ ကောင်းသူ။
(၃) လောကုတ္တရာ သုတ ရှိသူ။
(၄) မဆုတ်နစ်သော ၀ီရိယ ရှိသူ။
(၅) လောကုတ္တရာ ပညာ ရှိသူ။
ဆရာတော် ရှင်ဆေကိန္ဒ
သေရမှာကြောက်သော ပုဂ္ဂိုလ်(၄)မျိုး...
(၁) သား ၊ သမီး ၊ ဇနီး ၊ ခင်ပွန်းနှင့်ပစ္စည်းကို ခင်တွယ်စွဲလန်းသောသူ။
(၂) မိမိကိုယ်ကို ခင်တွယ်မက်မောသောသူ။
(၃) မကောင်းမှုများစွာ ပြုလုပ်ထားမိသောသူ။
(၄) အကြောင်းအကျိုး ဆက်စပ်သည့် ပဋိစ္စသမုပ္ပါဒ်ကို မသိ ၊
သို့လောသို့လော ၀ိစိကိစ္ဆာ(သံသယ)တို့နှင့် သေသောသူတို့ ဖြစ်ကြ၏။
(ဓမ္မပဒ-စိတ္တ၀ဂ်)

ရဟန်းတို့ ... မခိုင်မာသော သစ်ပင်ကို လေပြင်းမုန်တိုင်းသည် နှိမ်နင်းနိုင်သကဲ့သို့ သာယာတင့်တယ်ခြင်း
ကိုသာ အစဉ်တွေးတော၍နေသော ၊ ဣနြေ္ဒတို့ကို မစောင့်ထိန်းသော ၊ အစားအစာ၌ အတိုင်းအရှည်ကို မသိသော ၊ ပျင်းရိသော ၊၀ီရိယနည်းသော ပုဂ္ဂိုလ်ကို ကိလေသာမာန်သည် နှိမ်နင်းနိုင်၏။ ရဟန်းတို့ ကျောက်တောင်ကို လေပြင်းမုန်တိုင်းသည် မနှိမ်နင်းနိုင်သကဲ့သို့ မသာယာခြင်းကိုသာ အစဉ်တွေးတော၍နေသော ဣနြေ္ဒတို့ကို စောင့်ထိန်းသော ၊ အစားအစာ၌ အတိုင်းအရှည်ကိုသိသော ၊ သဒ္ဓါတရားနှင့် ပြည့်စုံသော ၊ လုံ့လရှိသော ပုဂ္ဂိုလ်ကို ကိလေသာမာန်သည် မနှိမ်နင်းနိုင်။
(ဓမ္မပဒ-မဟာကာလ နှင့် စူဠကာလ ၀တ္ထု)

မြတ်ဆရာ...
ရှေးရှုမေတ္တာ ၊ ဂရုဏာနှင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း ၊ ၀မ်းတွင်းမသို ၊ ဟုတ်တိုင်းဆို၍ ၊ ကျိုးလိုစိတ်က ၊ ဆုံးမတတ်သူ ၊ ဆရာဟူလော့ ။ မဃဒေ၀လင်္ကာ
ဒါနပြုရာ၌ ရှိရမည့်အင်္ဂါ(၆)ပါး...
(၁) မိမိမှာ သီလနှင့် ပြည့်စုံခြင်း။
(၂) အလှူခံပုဂ္ဂိုလ်ကလည်း သီလနှင့် ပြည့်စုံခြင်း။
(၃) လှူရန်ဝတ္ထုကလည်း စင်ကြယ်ခြင်း။
(၄) လှူနေစဉ် အခါကာလ၌ မိမိစိတ်ကို ကြည်လင်သန့်ရှင်းစွာထားခြင်း။
(၅) အကျိုးကို ဥာဏ် ၊ သဒ္ဓါတို့နှင့် သိမြင်သုံးသပ်ပြီးကာမှ လှူဒါန်းခြင်း။
(၆) အသိဥာဏ်ရှေ့ထားပြီး စိတ်ကို အေးမြသန့်ရှင်းစွာထားခြင်း ၊
အလှူကြောင့် အပူအပင် နောက်ဆံတင်းမှု မရှိခြင်း။
တိပိဋကရ-ဓမ္မဘဏ္ဍာဂါရိက
(ယော) ဆရာတော်

အနှိုင်းမဲ့ဆွေမျိုး
လောကမှာ ရှိရှိသမျှ ဆွေမျိုးတွေထဲမှာ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ဟာ အနှိုင်းမဲ့ဆွေမျိုးဖြစ်ပါတယ်။ ကိုယ့်အပေါ် သိတတ်တဲ့သူ ၊ နားလည်တတ်တဲ့သူကို ဆွေမျိုးလို့ ခေါ်ပါတယ်။ ဆရာတော်အရှင်ဆန္ဒာဓိက
Subscribe to:
Posts (Atom)