ကိုယ်ကျိုးမနည်းဘူးလား .....

အားမှလုပ်မယ်၊ အားမှလုပ်မယ်ဆိုပြီး အားရက်စောင့်မယ်ဆိုရင် ခေါင်း(အလောင်းပုံး) ထဲဝင် မယ့်နေ့ပဲ။ ဒီလိုဖြစ်မယ်ဆိုရင် အားရက်ကိုမစောင့်နဲ့တော့။ ဒီကနေ့သည်ကိုယ့် အတွက် နောက်နေ့သည် ကိုယ့်အတွက်မဟုတ်ဘူးလေ။ အနာဂတ်ဆိုတာမသေ ချာဘူးတဲ့။ မတော် ကွေးသောလက်မဆန်ခင်၊ ဆန့်သောလက်မကွေးခင် ဆိုသလို ညသေသွားဘယ့်နှယ်လုပ်မလဲ။ ကိုယ်ကျိုးမနည်းဘူးလား။

ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး

သောတာပန်ပုဂ္ဂိုလ် တို့၌ မထိုက်သော တရားခြောက်မျိုးအား အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် သီတ၀ဂ် ပဌမ အဘ္ဘဗ္ဗဋ္ဌာန သုတ်၌ ဤသို့ပြဆိုတော်မူခဲ့ပါသည် ။
ထိုခြောက်မျိုးသည်ကား...ဥာဏ်အမြင်နှင့်ပြည့်စုံသော(သောတာပန်)ပုဂ္ဂိုလ်သည်....
၁။မြတ်စွာဘုရားအားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၂။တရားတော်အားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၃။သံဃာတော်တို့အားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၎။အကျင့်သိက္ခာ၌မရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၅။မကပ်ရောက်အပ်သည့်အကြောင်းတရား( ကံငါးပါး ၊ ဒိဋ္ဌိ ၆၂ ပါး ) ကိုတဖန်ကပ်ရောက်ခြင်း၌လည်းကောင်း၊
၆။ ရှစ်ကြိမ်မြောက် ( ကာမသုဂတိ ) ဘ၀ကို ဖြစ်စေခြင်း၌ လည်းကောင်း ....... မထိုက်။
ဟူ၍ ဗုဒ္ဓမြတ်စွာမိန့်တော်မူခဲ့ပါသည် ။