သောတာပန်ပုဂ္ဂိုလ် တို့၌ မထိုက်သော တရားခြောက်မျိုးအား အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် သီတ၀ဂ် ပဌမ အဘ္ဘဗ္ဗဋ္ဌာန သုတ်၌ ဤသို့ပြဆိုတော်မူခဲ့ပါသည် ။
ထိုခြောက်မျိုးသည်ကား...ဥာဏ်အမြင်နှင့်ပြည့်စုံသော(သောတာပန်)ပုဂ္ဂိုလ်သည်....
၁။မြတ်စွာဘုရားအားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၂။တရားတော်အားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၃။သံဃာတော်တို့အားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၎။အကျင့်သိက္ခာ၌မရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၅။မကပ်ရောက်အပ်သည့်အကြောင်းတရား( ကံငါးပါး ၊ ဒိဋ္ဌိ ၆၂ ပါး ) ကိုတဖန်ကပ်ရောက်ခြင်း၌လည်းကောင်း၊
၆။ ရှစ်ကြိမ်မြောက် ( ကာမသုဂတိ ) ဘ၀ကို ဖြစ်စေခြင်း၌ လည်းကောင်း ....... မထိုက်။
ဟူ၍ ဗုဒ္ဓမြတ်စွာမိန့်တော်မူခဲ့ပါသည် ။

No comments: