အဆင်းသာရှိ၍ ရနံ့မရှိသော၊ တင့်တယ်လှပသော( ပေါက်ပွင့်စသော ) ပန်းသည် ပန်ဆင်သူအား ရနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော ( ပိဋကတ် ) တရားတော်သည် မလိုက်နာ မကျင့် ကြံသူအား အကျိုးကိုမဆောင်နိုင်ကုန်။

ဆတ္တပါဏိဥပါသကာဝတ္ထု၊ ပုဖ္ပ၀ဂ်၊ ဓမ္မပဒပါဠိတော်
ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့ နေလေ့ရှိကုန်သော ကောင်းစွာ ( ဥာဏ်ဖြင့် ) သိ၍ ကိလေသာမှ လွတ်မြောက် သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာန်နတ်သည် မသိမတွေ့ မမြင်နိုင်ပေ ။

(ဂေါဓိကတ္တေရ၀တ္ထု ၊ ပုပ္ဖ၀ဂ် ၊ ဓမ္မပဒပါဠိတော်)

အပြစ်ဖော်ပြ နှိမ့်ချဆုံးမလေ့ရှိသော ပညာရှိအား မြှုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရ၏။ ထိုသို့ သဘောရှိသောပညာရှိကို ဆည်းကပ်သောသူအားမြတ်၏။ မယုံ့ညံ့ပေ။

(ဓမ္မပဒ - ရာတ္ထေရ၀တ္ထု)