ဗုဒ္ဓဘာသာ(၅)မျိုး၊

ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ဘုရားသည် သစ္စာလေးပါးကိုကိုယ်ပိုင် ဉာဏ်ဖြင့်သိမြင်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့ပါတယ်။ ဘုရားရှင်က မိမိကိုယ် တိုင်သိမြင်တော်မူ သကဲ့သို့ သတ္တ၀ါတို့ကိုလည်း သိတော်မူစေရန် (၄၅)၀ါ ကာလပတ်လုံး တရားတော်


များဟောကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်ဟောကြားခဲ့သော သစ္စာတရားတော်များအတိုင်း နားထောင်နိုင်ပြီ၊ လေးစားနိုင်ပြီ၊ သိရမယ့်သစ္စာကို သိအောင်ကြိုးစားတယ်(ဒုက္ခသစ္စာ)၊ ပွားရမယ့်သစ္စာကို ရအောင်ပွားများတယ်(မဂ္ဂသစ္စာ)၊ ပယ်ရမယ့်သစ္စာကို ပယ်ပြီးတော့(သမုဒယသစ္စာ)၊ မျက်မှောက်ပြုရ မယ့်သစ္စာကို မျက်မှောက်ပြုနိုင် အောင်(နိရောဓသစ္စာ) ကြိုးစားအားထုတ်ကြရင် ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပါလိမ့်မည်။ ဘုရားရှင်ရဲ့ ၀ါဒ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ မြန်မာလိုပြောရရင် ကိုယ်ပိုင်ဉာဏ်သုံးကာ ဝေဖန်ပိုင်းခြားသော ၀ါဒဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ငါးမျိုးရှိပါ တယ်။




(၁) ကုလဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)၊




(၂) လာဘဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊




(၃) ဘယဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊



~~~ဤသုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။




(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ (သဒ္ဓါတရားကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊



~~~၄င်းကို အလတ်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။




(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊



~~~၄င်းကို အထက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ဆိုပါသည်။





5 comments:

အညာသား said...

ဘာသာတရား အားနည်းလေတော့ (၅)မျိုးရှိတယ်ဆိုတာ အခုမှသိရတာပါ။ ကျေးဇူးတင် လေးစားမိပါတယ်ခင်ဗျာ။

RePublic said...

တန်ဖိုးရှိပါ၏၊၊ ဒီထက်အကျယ်တစ်ဝင့် ရေးဖို့အားပေးပါတယ်ဗျ၊၊
ဒါဟာ ကောင်းမြတ်တဲ့ ဖြန့်ဝေခြင်းပါပဲ

wynn.sun said...

ပညာဓိကဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ခံယူချက်တစ်ခု ဖြစ်ပေါ်လာရပါတယ်။ အင်တာနက်ပေါ်က အလွယ်တကူဖတ်ရှုရင်း ဗုဒ္ဓဘာသာဝင်ကောင်းတွေ တိုးပွားလာစေမယ့် ဓမ္မဒါနတွေပါ။ သာဓုခေါ်ပါတယ်ခင်ဗျာ။

Anonymous said...

မောင်လေးရေးထားတာသိပ်ကောင်းပါတယ်..
ဒီငါးမျိုးသောအကြောင်းတွေဟာ အခြားသော ဘာသာဝင်များအတွက်သာမက၊ လှုမှုရေး၊ ရုံးလုပ်ငန်းအဖွဲ့အစည်းတွေ နဲ့ တိုင်းရေးပြည်ရေးတွေ မှာလဲ အကြုံးဝင်တတ်ပါလားလို့ တွေးမိလိုက်ပါတယ်..။

Anonymous said...

အမျိုးဘာသာ သာသနာကိုစောင့်ရှောက်သော သူတို.သိထင့်သိထိုက်သော စာဖြစ်ပါတယ်။ မသိသေးသောသူများ သေချာဖတ်ရှုသင့်ပြီး သိပြီးသောသူများလည်း ကိုးကားနိုင်ရန်သာမက မိမိပတ်ဝန်းကျင်တွင်ပါဖြန်.ဝေသင့်သော အကြောင်းအရာဖြစ်ပါတယ်။ ချမ်းမြေသောကိုယ် လန်းဆန်းတက်ကြွသောစိတ်ဖြင့် ဒီထက်ပိုမိုရေးသားနိုင်ပါစေရန် ဆုတောင်းလိုက်ပါတယ်ခင်ဗျာ....