သာသနာတော် တည်ရာအုတ်မြစ်ဟာ ဘာလဲ

ဒကာ။ ။သာသနာတော်ကို တည်ထောင်တဲ့နေရာမှာ မြတ်စွာဘုရားသခင်ဟာ အဓွန့်ရှည်ကြာတည်တံ့အောင် ဘာကို ဦးတည်လျက် အုတ်မြစ်ချ အခြေခံတော်မူတယ် ဆိုတာ စာပေမှာ ပါပါသလားဆရာတော်။
ဆရာ။ ။ပါတယ် ဒကာကြီးတို့၊ သုတ်သီလက္ခန် ဋီကာသစ်ဆရာက သာသနာတော်၏ ဦးတည်ချက်အခြေခံမူလကို...
ဒီဃ ဒဿီ စိရံကာလံ
ပတိဋ္ဌာပေသိ သာသနံ။
အရှည်ကို မြင်သိတော်မူသော မြတ်စွာဘုရားသခင်သည် ကြာမြင့်စွာသော ကာလပတ်လုံးတည်တံ့ နိုင်စေရန်သာသနာတော်မြတ်ကို ၀ိနည်းတရားဖြင့် သီလကိုဦးတည်ကာ အခြေခံအုတ်မြစ်ချ၍ တည်စေတော်မူခဲ့သည်ဟု ယခုလိုဆိုထားတာရှိတယ်။
လူတွေဝိနည်းတတ်အောင်သင်ပါ။
ဝိနယေ ဌိတေ သာသနံ ဌိတံ တဲ့ ။
ဒါကြောင့် သာသနာတော်အရှည်ခံ၍ တည်တံ့စေချင်ရင် လူတွေက ၀ိနည်းတရား သင်ကြားကာ ၀ိနည်း သီလ သိက္ခာနှင့် ပြည့်စုံတော်မူကြတဲ့ ရဟန်းသံဃာတော်တို့ ကိုသာရွေးချယ်စိစစ် ကိုးကွယ်ကြရမည်။ ၀ိနည်းတရားဟာ သာသနာတော်ရဲ့ အုတ်မြစ်အခြေခံ အသက်ပဲ။

ဝန်ခံချက်။ ။အရှင်သြဘာသာဘိဝံသ ရေးသားသော သုတေသန သမ္မာမဂ္ဂင်္ဂပဉှာကျမ်းမှ ထုတ်နှုတ်ရေးသားပါတယ်။

2 comments:

flowerpoem said...

ပညာပေးဖြန့်ဝေပေးတဲ့ပို့စ်လေးကို သေချာဖတ်သွားပါတယ် ကိုအောင်ဦးရေ

သုခုမလေဒီ said...

မသိတာလေးတွေကိုသိအောင်ဖြန့်ဝေပေးတာကျေးဇူးပါ အောင်ဦးရေ။ အဆင်ပြေပျော်ရွှင်ပါစေ။