ဒို့သာသနာ ဒို့ဘာသာ

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …
ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။ တဦးနဲ့ တဦး ဘာသာ အယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင် ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး ပြောဆို စော်ကားနေတာတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေ မဖြစ်ကြဖို့ ရှေးဦးစွာ သတိပေးပါရစေ…။

အခုလို ဆဲရေးတိုင်းထွာ စော်ကားတာတွေဟာ အခုမှ ပေါ်ပေါက်လာတာလည်း မဟုတ်ပါဘူး။ ဘုရားရှင် လက်ထက်ကတည်းက စိဉ္စမာနဆိုတဲ့ မိန်းမယုတ်က ကိုယ်ဝန်ရှိဟန်ဆောင်ပြီး စွပ်စွဲတယ်။ ဒေ၀ဒတ်က ဆင်ကို အရက်မူးအောင် တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။ ကျောက်မောင်းဆင်ပြီး အသက်သေအောင် ကြံစည်လုပ် ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့ ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက် တွေ ဆိုတာ တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။ ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့ ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို သတ်ဖို့ ကြံစည်တဲ့ သူတွေ ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို အခြား ဘာသာဝင်တွေက စော်ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။


ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့ အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။ ငရဲရှိလား မရှိဘူးလား ဆိုတာ မယုံကြည်သူကို ဖြေရှင်းနေလို့ အပိုဖြစ်နေမှာပါပဲ။ သူတို့ကိုယ်တိုင် ရောက်တဲ့ နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့ အတွက် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း မိန့်မှာတော်မူခဲ့ပါတယ်။

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။

ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း ခံယူလိုက်နာကြပါ။
ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။ အဘယ့်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။

မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။ ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို ကိုက်တယ်။ ဒီတော့ ခွေးလို အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို သတ်ဖို့ပါပဲ။

ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုက်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံပဲ ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို ခြေနင်းတုံး အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့ လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ ကောင်းမွန် လာအောင် အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။

ဘေး ပယောဂ အတွက်ကြောင့် ဒို့သာသနာ ဒို့ဘာသာ ပျက်ဆီးမသွားဘူး။ ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့ အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ ကြတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။

အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက ထားပြီး လုပ်ဆောင်ကြဖို့ပါ။ သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့ သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့… အချင်းချင်း မေတ္တာရှေ့ရှု၍ သတိပေးပါရစေ…။

သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး အားထုတ်နိုင်ကြသဖြင့် သူတော် ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ ခံစား၊ စံစားနိုင်ကြပါစေ…


သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…

76 comments:

ညီမလေး said...

ကျိုးကြောင်း ညီညွတ်လှပါတယ်... ဗုဒ္ဓဘာသာဝင်တွေ ဓမ္မအနှစ်သာရတွေကို သိရှိနားလည် ကျင့်ကြံအားထုတ်နေသရွေ့ တော့ ဗုဒ္ဓသာသနာ တည်တံ့မှာပါ... မအားလပ်တဲ့ကြားက ဒီလိုရေးသားပေးတဲ့ အတွက် အားလုံး ကိုယ်စား ကျေးဇူးတင်ရှိပါတယ် အကိုအောင်ဦးရေ... ဖတ်မိသမျှ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်း တွေလည်း စိတ်ဧ။် ချမ်းသာခြင်း ရရှိနိုင်ကြမှာပါလို့  ယုံကြည်မိပါတယ်....

ညီမလေး

ကလျာ. said...

အခုလို ဗုဒ္ဓဘာသာကို မနာလိုခြင်းကြီးစွာနဲ့ အပြစ်ပြောသူများကို ဖြေရှင်းစရာမလိုပါ...

မသိနားမလည်လို့ အထင်မှားခြင်းနဲ့ တိုက်ခိုက်သူများကိုသာ ဖြေရှင်းပြဖို့ မြတ်စွာဘုရားက ဟောကြားခဲ့တာပါ.. အဲဒါကို သိသိကြီးနဲ့. ဘာသာရေးစစ်ပွဲ ဖန်တီးနေသူများ၏ လှည့်ကွက်ထဲ မဝင်ဖို့ ဘာသာ သာသနာအသိစိတ်ဓာတ် ရှိသူတိုင်း သိထားဖို့ လိုအပ်လှပါတယ်။

သူ့လူ ကိုယ့်ဖက်သားလိုလို မီးလောင်ရာလေပင့်သူများ၏ သွားရာလမ်းက အပါယ်လမ်းဆိုတာ ပြောစရာ မလိုပါဘူး။။။။။။

Nge Naing said...

အစ်မလည်း ဒီဘလော့ဂ်နဲ့ ပတ်သက်ပြီး အစ်မဘလော့ဂ်မှာ ကိုယ်တော်ချောနဲ့ စာဖတ်သူများသို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အစ်မဘလော့ဂ်မှာ ပို့စ်တခု တင်ခဲ့ပါတယ်။ မိမိဘာသာကို စော်ကားခံရရင် ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ ဘုရားဟောခဲ့တာကိုတော့ မသိခဲ့လို့ ထည့်မရေးဖြစ်ခဲ့ဘူး။ အခုသိရလို့ ကိုအောင်ဦးကို ကျေးဇူးတင်ပါတယ်။ ကိုယ့်လူတွေဆီက ဒေါသနဲ့ တုံ့ပြန်နေကြတာကို တွေ့ရလို့လည်း စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ။ ဒီပို့စ်လေးကို အစ်မဘလော့ဂ်မှာ ပြန်ဖေါ်ပြပါရစေ။ ခွင့်တောင်းပါတယ်နော့်။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော်။

Dream said...

ဘာသာသာသနာ ကိုဘာသာခြားတွေ ဘယ်လိုစော်ကားစော်ကား သာသနာအစစ်အမှန်ဆိုတာ ဘယ်တော့မှ ပျောက်ရိုးထုံးစံမရှိပါဘူး။

ဒို့ဘာသာ ဒို့သာသနာ ရောင်ဝါနေသို့ လင်းစေပါစေ
ပုတ်ခတ်စော်ကား ဘာသာခြား ဘေးဘယာ ရှင်းပါစေ
ရန်လိုစောင်းမြောင်း အထင်မှား အသိအမှန် ရပါစေ။
ပုတ်ခတ်မှုကင်း ရန်လိုရှင်း အေးချမ်းသာယာရှိပါစေ။

WWKM said...

အောင်ဦးရေ..

အစ်မ အဲဒီဘလော့ဂ် စီဘုံးမှာ လွန်ခဲ့တဲ့ ၄ ရက်လောက်က သွားရောက်ဆွေးနွေးခဲ့ပါတယ်။ စာရေးသူက သူတို့ဘာသာရေးကို တိုက်ခိုက်စော်ကားထားတဲ့ ဘလော့ဂ် ၃ခုကို ဖျက်ပေးရင် သူတို့ အဲဒီဘလော့ဂ်ကို ဖျက်ပေးပါမယ်လို့ ဂတိရတာကြောင့် အစ်မ သူပြောတဲ့ ဘလော့ဂ်ရဲ့စီဘုံးမှာ ဆရာတော်ကြီးများရဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် သွားရောက်မေတ္တာရပ်ခံခဲ့ပါတယ်။ပိုင်ရှင်က မဖျက်ပေးနိုင်ပါဘူး လို့ အကြောင်းပြန်ထားတဲ့အတွက် အစ်မလည်း မတတ်နိုင်တော့ပါဘူး။
ကံ ကံ၏အကျိုးပါပဲလို့ မှတ်လိုက်ပါတော့တယ်။

အစ်မ၀ါ

Unknown said...

သီးခံနေတာကို ငြိမ်ခံနေတယ်မှတ်ပြီး မဟုတ်က ဟုတ်ကတွေ ဆက်လုပ်နေရင်တော့ ဒီဆိုဒ်ကို မရရတဲ့နည်းနဲ့တိုက်ရမှာပဲ။

ဥပသကာ

winmyint said...

ဘုရားရှင် အဆုံးအမကို နှလုံးမူ၍ အချင်းချင်း သတိပေးစကား အသိပေးပြောကြားပေးတာ ကျေးဇူးများပါတယ်ညီလေး...

ဇွန်မ said...

ဗုဒ္ဓအရှင်တော်မြတ်ရဲ့ မိန့်မှာခဲ့တာလေးတွေကို လူတိုင်း နှလုံးသွင်းနိုင်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။ လင့်ခ်လေး ပြောင်းထားတယ် အကိုရေ လာလည်အုံးနော်
http://www.zonma.co.nr

ဧရာ said...

ရိုင်းရိုင်းစိုင်းစိုင်းတုန့်ပြန်ရင် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်တာကို သတိမူပြီး၊ ကိုအောင်ဦးပြောသလို ဥပေက္ခာပြုထားတာက ပိုသင့်တော်ပါတယ်။
ဧရာ

Ashin Kumara said...

ဘယ်ဟာ က စော်ကားတဲ့ စကားလဲ..

ဘယ်ဟာ က ဆဲတဲ့ စကားလဲ ဆိုတာ တိကျ တဲ့ ဒဖနေးရှင်းရှိပါတယ်။


အဆိပ်ခတ်သူ နဲ့ အဆိပ်သင့် သူ .

ထိုနှစ်မျိုးတွင်..

အဆိပ်ခပ်သူ ရှိနေသမျှ အဆိပ်သင့်သူတွေ တစ်နေ့ တခြားများသထက်များလာမှာအသေအချာပါ။

အဆိပ်ခတ်သူကို ဘယ်လိုမှ ဖမ်းလို့.မမိနိုင် ဘူး..ဆိုရင်လဲ.. အဆိပ်သင့်သူ တွေကို ဖြေဆေးပေးဖို့လိုအပ်ပါတယ်။

ခပ်ချင်သလောက် ခပ်ပစေ.ဖြေရှိရှိနေသမျှ အဆိပ်သင့်သူ တိုးပွါးလာဖို့မရှိပါ။


.အဆိပ်သင့်သူမျးအတွက်.. ဖြေဆေးပေးနိုင်ဖို့ ကြိုးစားစေချင်ပါတယ်။


သို့မဟုတ်..

ငါတို့အရည်အချင်းက.. ဘာသာခြားနဲ့ ၀ါဒဖက်ပြိုင် မစွမ်းနိုင်.. ဆိုရင်လဲ ..မစွမ်းဘူးလို့ပဲ ကိုယ့်ကိုယ်ကို မညှာပဲ အသိအမှတ်ပြုလိုက်ကြပါ။


ကိုယ်ပိုင် အယူအဆများရှေ့တန်းတင်.ဆင်ဝှေ့ရန်ရှောင် အယူဆများကြောင့်..

ထေရ၀ါဒလမ်းကြောင်းပေါ်မှ တဖြည်းဖြည်း ချော်ကျသွားမှာ စိုးမိပါကြောင်း..

မေတ္တာဖြင့် အကြံပြု ရေးသားလိုက်ရပါတယ်။

Nge Naing said...

ကိုအောင်ဦး
အဲဒါက အစ်မဘလော့ဂ်မှာ ပြန်ဖေါ်ပြထားတဲ့ ကိုအောင်ဦး ပို့စ်မှာ ဆရာတော် အရှင်ကုမာရ လာရေးထားတဲ့ အထက်မှာ ရေးထားတာထက် ပိုရှည်တဲ့ မှတ်ချက်ကို အစ်မ Reply ပြန်လုပ်ထားတာကို ဒီပို့စ်နဲ့ အကျုံးဝင်နေလို့ ဒီမှာပါ လာထည့်လိုက်ပါတယ်။ ဒီပို့စ်ကို အစ်မပြန်ဖေါ်ပြခွင့်ရ တဲ့အတွက် ကျေးဇူးတင်ကြောင့် ထပ်ဆင့်ပြောကြားပါတယ်။ အရှင်ကုမာရကို အစ်မပြန်ရေးတာက အောက်ကအတိုင်းဖြစ်ပါတယ်။


ဆရာတော် အရှင် ကုမာရအတွက်

အရှင်ဘုရား
သာသနာ့အကျိုးကို အချိန်ပြည့် သယ်ပိုးနေတဲ့ သာသနာ့ဝန်ထမ်း သံဃာတော်တပါးရဲ့ အဆုံးအမ အနေနဲ့ အရှင်ဘုရားရဲ့ မှတ်ချက်ကို တပည့်တော်မ အခေါက်အခေါက်အခါခါ ဖတ်ဖြစ်ပါတယ်ဘုရား။

စော်ကားနေတဲ့ ဘလော့ဂါနဲ့ ပတ်သက်ပြီး တပည့်တော်မ ကိုယ်ပိုင်ပို့စ် တခုလည်း တင်ဖြစ်ခဲ့ပေမဲ့ ဘုရားဟောတရား မပါတော့ မပြည့်စုံလို့ ဘုရားဟောပါတဲ့ ကိုအောင်ဦးရဲ့ ပို့စ်ကို တပည့်တော်မ ပြန်ဖေါ်ပြပေးတာ ဖြစ်ပါတယ်။ အခု အရှင်ဘုရားက ဘုရားဟောတရား ပါတဲ့ပို့စ်ကိုမှ လာပြီး ဘုရားဟောနဲ့ မကိုက်ညီ ဖြစ်နေတယ် ဆိုလာတော့ ဘာကို ဆိုလိုတယ်ဆိုတာ တပည့်တော်မ သိပ်နားမလည် ဖြစ်နေပါတယ်ဘုရား။

အရှင်ဘုရားက အဆိပ်ခတ်သူ နဲ့ အဆိပ်သင့်သူလို့ ဥပမာပေးရင် အဆိပ်သင့်သူဟာ ဗုဒ္ဓဘာသာဝင်တွေထဲက ဒေါသဖြစ်ကာ ဆဲရေးတိုင်းထွာပြီး တုံ့ပြန်နေသူတွေသာ ဖြစ်လိမ့်မယ်လို့ တပည့်တော်မက ယူဆပြီး အရှင်ဘုရားက ကိုယ်တော်ချော စကားကို နားယောင်သွားမည့်သူများဖြစ်တယ်လို့ ယူဆနေပါတယ်။ ကိုအောင်ဦးပို့စ်နဲ့ တပည့်တော်မပို့စ် နှစ်ခုစလုံးဟာ ဒေါသဖြစ်တာတွေ၊ ဆဲဆိုနေတာတွေကို တွေ့ရဖန်များလို့ အဲဒါတွေဟာ မိမိအတွက်နဲ့ မိမိဘာသာအတွက် ဘာမှ အကျိုးမရှိတဲ့ အကုသိုလ်တရားတွေသာ ဖြစ်လို့ ဒေါသထွက်ပြီး သူ့မှာရှိနေတဲ့ အကုသိုလ် တရားတွေ သူ့ဆီက မျှဝေမယူဖို့နဲ့ သူ့အကုသိုလ်နဲ့ သူသွားပါစေဆိုတဲ့ Message ကို ပေးတဲ့ ပို့စ်သာလျှင် ဖြစ်ပါတယ်။ ဒါဟာ ဒေါသဆိုတဲ့ အဆိပ်သင့် ခံနေရသူတွေကို ဖြေဆေးပေးခြင်းသာ ဖြစ်ပါတယ်။ ဒါကို အရှင်ဘုရားက ဘုရားဟောနဲ့ ကွဲလွဲနေတယ် ဆိုတော့ အဲဒီဒေါသထွက်နေတဲ့ ဘာသာတူ မောင်နှမတွေကို သွေးချောင်းစီးရင်လည်း စီးပါစေ ဒေါသကြိုက်သလောက် ထွက်ဖို့ အားပေးရတော့မလို ဖြစ်နေပါတယ်ဘုရား။ အရှင်ဘုရား အောက်မှာ ကောက်ချက်ချထားတွေကိုလည်း ဘာကြောင့်ဆိုတာ တပည့်တော်မ သိပ်မရှင်းဘူးဘုရား။

(((((အဆိပ်ဖြေဆေးဖေါ်ဖို့ အားအစွမ်းမရှိဘူး ဆိုရင်လဲ.. မရှိဘူးလို့ပဲ သဘောပေါက်သင့်ပါတယ်။
ထိုသို့ လစ်လျူရှု ငြိမ်ခံခြင်းကိုပဲ..သူတော်ကားတရားနဲ့အညီ ဖြစ်တယ် ဟု စွဲမှတ်ယုံကြည်နေတယ်..
ဆိုပါက..
၁- ဗုဒ္ဓဘုရားသည် မိမိ တို့လောက် သူတော်ကောင်းတရားမရှိ ..
၂- ဗုဒ္ဓဘုရားသည် မိမိ တို့လောက် အမျှော်အမြင် ပညာမရှိ.
၃- ဗုဒ္ဓဘုရားသည် မိမိတို့လောက် မဟာကရုဏာ တရားမပြည့်ဝ.
၎- ဗုဒ္ဓဘုရားသည် မိမိ တို့လောက် ခန္တီ စ တရား မပြည့်ဝ..
ဟု ပြောသကဲ့ သို့ ဖြစ်နေပါ၏။
..............................
သို့ဖြစ်ပါ၍ ..
ဗုဒ်ဓ ဘုရား သီးမခံနိုင်တဲ့အရာကို သီးခံနိုင်ကြသူများ အဖြစ် မိမိတို့ကိုယ်တိုင်က ၀န်ခံပြီးသားဖြစ်သွားပါတယ်။
ခန္တီ မေတ္တာ ကရုဏာ ဂုဏ်အားဖြင့် ဘုရားထက်သာလွန်သည့်အတွက်ကြောင့်..ခေတ်သစ်မဟာသဗ္ဗညူဘုရားကြီးများ အဖြစ်သို့ရောက်မှန်းမသိ ရောက်သွားနိုင်ပါကြောင်း..
အတွေးအကြံ.အမြင်မှန် အလျှင်အမြန် ရကြပါစေသော်..))))

ဆိုတဲ့ အထက်က အပိုဒ်တွေမှာ အရှင်ဘုရား ပြောထားတာ ရည်ရွယ်ရင်းကတော့ ဘုရားဟောနဲ့ ကွဲလွဲသွားမှာစိုးလို့ စေတနာနဲ့ သတိပေး ပြောတာ ဖြစ်နိုင်ပေမဲ့ အပြောအဆို အသုံးအနှုံးတွေက ဒီသဘောနဲ့ သွေဖည်ပြီး ကြံကြံဖန်ဖန် အချက်တွေ ရှာဖွေပြီး တပည့်တော်မတို့ကို မဆီမဆိုင် စွပ်စွဲထားသလို ဖြစ်နေပါတယ်ဘုရား။

ကိုယ်တော်ချောဆိုတဲ့လူဟာ ဘာသာရေးကို ပျက်ပြားအောင် လုပ်နေတာမဟုတ်ဘူး။ ပျက်ပြားအောင် လုပ်နိုင်တဲ့ အရည်အချင်းလည်း သူ့မှာ မရှိလောက်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဒေါသကိုသာ ဆွပေးနေတာသက်သက် ဖြစ်ပြီး ဗုဒ္ဓဘာသာကို ဒီနည်းနဲ့ ပျက်ပြားအောင်လုပ်လို့မရနိုင်ဘူး ဆိုတာလည်း သူကိုယ်တိုင်လည်း သိမှာ သေချာပါတယ်။ ဒါကို အရှင်ဘုရားက သူ့ကိုအထင်ကြီးပြီး ကိုယ့်လူတွေ သူပြောစကား နားယောင်သွားမှာကို စိုးရိမ်နေတယ်လို့ တပည့်တော်မ ထင်တယ်။ သူ့စာအဆင့်အတန်းနဲ့ ယုတ်ညံ့တဲ့ အပြောအဆိုကို ကြည့်ပြီး ကိုယ်တော်ချော ပြောတဲ့စကားကို ဗုဒ္ဓဘာသာဝင်တွေထဲက နားယောင်ပြီး မိမိဘာသာကို တွေဝေလိမ့်မယ်လို့ တပည့်တော်မကတော့ ကိုယ်တော်ချောကို အရှင်ဘုရားထင်သလို လုံးဝအထင်မကြီးပါဘူး ဘုရား။ တပည့်တော်မတို့ ပြောတဲ့အထဲမှာ ဘုရာဟောနဲ့ သွေဖည်တာ တခုမှ မပါပါဘူး။ မထင်မှတ်ပဲ ပါသွားခဲ့ရင်လည်း ဘယ်ဟာ၊ ဘယ်လိုဖြစ်လို့ ဆိုတာ နားလည်အောင် ကောင်းကောင်း ပြောပြ ထောက်ပြရင်လည်း လက်ခံမှာ ဖြစ်ပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော်မတို့ စိုးရိမ်နေတာနဲ့ အရှင်ဘုရား စိုးရိမ်တာ မတူတာနဲ့ပဲ အပေါ်မှာ ဘုရားထက်သိတဲ့ ပုဂ္ဂိုလ်တွေအဖြစ် အထင်ရောက်နေသလိုလို တပည့်တော်မတို့ကို ပြောဆိုထားတာကိုတော့ မသင့်လျော်ဘူးလို့ ထင်ပါတယ်ဘုရား။

ဦးဇင် said...

ဒကာမကြီးကွန်မန့်တွေဖတ်ပီးရေချင်စိတ်ပေါက်တာနဲ့ရေးလိုက်ပါသည်. ဦးဇင်းဦးကုမာရပေးတဲ့ကွန်မန့်ကိုဖတ်ပီးဦးဇင်တစ်ခေါက်ဖတ်ပီးနာလည်လိုက်တာက.ကိုယ်တော်ချောသူဆိုတဲ့သူက ဘာမသိညာမသိနဲ့မဟုတ်တာတွေ တနည်းပြောရရင် ဗုဒ်ဓဘာသာဝင်တွေစိတ်မတိုတိုအောင်ရေးမယ်၊စိတ်ကိုဆွမယ်၊ ဖတ်မိတဲ့သူတွေကလည်းအနည်းအမျးဆိုသလို စိတ်ဆိုဒေါသဖြစ်မယ်. ဒါကြောင့် သူဟာအဆိတ်ခတ်နေတာဖြစ်တယ်.ဒါ့ကြောင့်အဆိတ်သင့်ခံတဲ့သူတွေမဖြစ်ကြနဲ့လို့ဆိုလိုတာဖြစ်တယ်လို့ထင်ပါတယ်. ဦးဇင်းဆို အဲ့ဒီဘလော့ကိုတစ်ခါမှကောင်းကောင်းမဖတ်ဘူး သူတင်ပြထားတဲ့ သတင်းကလဲအမှန်မဟုတ်ဘူး၊ ဒါပေမဲ့သူတင်ပြထားတာ ကောင်းနေတယ် တချို့တစ်ဝက်တောင်မှန်နေမယ်ဆိုရင် ဖတ်သင့်ပါတယ်. အခုဟာက အရူးချီးပန်းပါ. ဦးဇင်ထင်တော့ အဲဒီကောင်အတော်ပျော်နေလောက်ပီ ဘာဖြစ်လို့လဲဆိုတော့ သူဘလော့လူစည်သွားတယ် ပီတော့ အင်တာနက်အပေါ်မှာချက်ချင်ပြန့်သွားတယ်. ဒါ့ကြောင့် နာမည်ကြည်းခြင်ရင် မကောင်းဘူး မဟုတ်တာများများလုပ်ဆိုတာ. တချို့ကလည်း ဒီဘလော့ကိုဖတ်ပီး စိတ်ရိုင်သွားနိုင်တယ်. ဘာဖြစ်လို့လဲဆိုတော့ ငါတို့အာဏာထိလို့ကတော့ မဟာမြတ်မုနိတောင်မထားဘူးဆိုပဲ.အဲဒီလိုကောင်တွေလဲရှိတယ်ဗျာ.

တိုးအောင် said...

၂ ဦးစလုံးကို မမြင်ဖူးသလို ပုဂ္ဂိုလ်ရေး ခင်မင်မှုနဲ့လဲ ဘက်လိုက်ဖို့ အကြောင်းမရှိပါဘူး။ စာတွေ ဖတ်ရတဲ့အခါ ဓမ္မရသ ဘလော့ရှင်က တရားဓမ္မကို ရေးသားတယ်၊ ဆွေးနွေးတယ်။ အရှင်ကုမာရ ဘလော့ရှင်က ဗုဒ္ဓဘာသာ ပြန့်အောင် လုပ်ရေး၊ ဘာသာခြားတွေကို တိုက်ခိုက်ချိုးနှိမ်ရေးကို ရေးသားတယ်။ ဆွေးနွေးတယ် ဆိုတာ ဖတ်ရပါတယ်။ ဓမ္မရသ စာရေးသူရဲ့ စာမှာ မေတ္တာဓာတ်ကို မြင်နေရပါတယ်။ အရှင်ကုမာရ ဘလော့ရှင်မှာတော့ ဒေါသ၊ မာန၊ ဂုဏ်တုဂုဏ်ပြိုင်လိုစိတ်၊ သူတစ်ပါးကိုချိုးဖဲ့နှိပ်ကွပ်လိုစိတ်တွေ မြင်နေရပါတယ်။

''''တိတ်တိတ်ပုန်းမိန်းမယူ ထားတဲ့ အရေခြုံဒုဿီလ ရဟန်းတု ရဟန်းယောင်ကို ပင်လျှင်...

အော်.. သမ္မာဒိဌိ အယူရှိပါသေးလား၊ ဘာသာခြားဖြစ်မသွားတာကိုပဲ တော်လှပြီ။ကောင်းမြတ်လှပါပီ..''''' ဆိုတဲ့ ဦးကုမာရရဲ့ ပို့စ် တစ်ခုက ရေးသားချက်ကိုလဲ သဘောမတူနိုင်ပါဘူး။ တိတ်တိတ်ပုန်း မိန်းမယူထားတဲ့ ပါရာဇိက ကျပြီးသူဟာ ရဟန်း မဟုတ်တော့ဘူး။ ရဟန်းအဖြစ် ဆုံးရှုံးစေလို့ မြတ်စွာဘုရားသခင် အမိန့်ချခဲ့ပြီးသားပါ။ ဘာသာခြား ဖြစ်မသွားတာနဲ့တင် ဆက်ရှိခိုးနေဖို့ မလိုတော့ပါဘူး။ သင်္ကန်းကြီးနဲ့ မိန်းမတွေ ယူပြီး ဘာဖြစ်လဲ၊ ငါတို့က ဘာသာပြောင်းတာ မဟုတ်ဘူး ဆိုတဲ့ ဆင်ခြေနဲ့ ဆက်ကိုးကွယ်ခံချင်တဲ့ ရဟန်းတွေ ပေါ်လာခွင့်ကို ပြုလို့ မရပါဘူး။

ဦးကုမာရဟာ မဟာယာနနဲ့ တစ်စည်းတစ်လုံးထဲ မဖြစ်နိုင်ကြတဲ့ ထေရဝါဒ ရဟန်းတော်များကို အလွန်ပုတ်ခတ်ပြီး ထေရဝါဒနဲ့ မဟာယာန ညီညွတ်ရမယ်ဆိုတဲ့စကား အမြဲ ပြောပါတယ်။ ဒါဟာလဲ ရိုးသားစွာ မဟုတ်ဘဲ မိန်းမယူခွင့်၊ ဝိနည်းတွေ ဘေးချိတ်ပြီး နေချင်သလို နေခွင့်ကို ဗုဒ္ဓဘာသာထဲ သွတ်သွင်းလာချင်တဲ့ အကြံသမားတစ်ဦးမှန်း မြင်နေရပါတယ်။

ဘာသာခြားတွေကို တိုက်ခိုက်တာ၊ အမြဲရန်လုပ်ထိုးနှက်နေတာတွေဟာ ဘာသာမတူသူတွေ ဗုဒ္ဓဘာသာ ဖြစ်လာဖို့ကို ကိုယ်က လိုက်ဖျက်ဆီးနေရာ ရောက်ပါတယ်။
မိမိမှာ အားနည်းချက်များလေ သူများအတင်း များများပြောလေ ဆိုတဲ့ လူ့သဘာဝအရလဲ ကိုယ့်မှာ ဝိနည်းသီလ အားနည်းချက် ရှိရင် ဒါကို ဖုံးကာတဲ့အနေနဲ့ အခြားသူများကို တိုက်ခိုက်ရေးကို ဒိုင်းတစ်ခုလို သုံးတတ်ပါတယ်။

မဟာမြိုင်ဆရာတော်နဲ့ ဦးဆန်းလွင် ဆွေးနွေးခန်းကို နားထောင်ကြည့်ပါ။ အရှင်အာဒိစ္စရံသီအလောင်း ဦးဆန်းလွင်ဟာ အရင်က သူနဲ့ ဘာသာတူခဲ့သူတွေ ဗုဒ္ဓရဲ့ တရားအမွေ သူ့လို ရစေချင်ပါတယ်။ လာခဲ့ရာဘဝချင်း တူတဲ့ မဟာမြိုင်ဆရာတော်ကို ဒီအကြောင်း ဆွေးနွေးလျှောက်ထားတော့ ဆရာတော်က သူတို့နဲ့ ဆွေးနွေးပြောဆိုရာမှာ သူတို့ဘာသာကို မချိုးနှိမ်ဖို့ လိုအပ်ကြောင်း ပြန်လည်ဆွေးနွေးပါတယ်။ သူများကို များများဆဲရင် ကိုယ့်ဘာသာဝင် များများ ဖြစ်လာတယ်ဆိုတာ ဘယ်တုန်းကမှ မရှိဖူးပါဘူး။ အထူးသဖြင့် ဗုဒ္ဓသာသနာ ကမ္ဘာမှာ ပြန့်ပွားဖို့ လိုနေတဲ့ ဒီအချိန်မှာ မေတ္တာနဲ့ သာသနာပြုတာ အထိရောက်ဆုံးပါ။

ကိုယ်ပြောချင်တာတွေ ပြောပြီး ဘုရားလဲ ဒီလိုလုပ်တာ ပြောတာပဲ ဆိုပြီး မြတ်စွာဘုရားရှင် သိက္ခာထိခိုက်အောင် ဆွဲထည့်တာလဲ မလုပ်အပ်ပါဘူး။ ဘုန်းတော် ၆ပါးသခင် မြတ်စွာဘုရားဟာ ၂ ကြိမ်သာ တန်ခိုးပြသွားဖူးပါတယ်။ ကပ္ပိလဝတ်မှာ တစ်ကြိမ်နဲ့ သရက်ဖြူပင်ရင်းမှာ တစ်ကြိမ်ပါ။ သရက်ဖြူပင်ရင်းမှာ တန်ခိုးပြတာ လိုအပ်ချက်အရ ပြတော်မူတာသာ ဖြစ်ပြီး တိတ္တိတွေနဲ့ ခွန်းကြီးခွန်းငယ် စကားများ ရန်လုပ်နေခြင်း မဟုတ်ပါ။ ကိုယ်က ဘာတန်ခိုးမှ မပြနိုင်ဘဲနဲ့ ဘုရားလဲ ငါ့လိုပဲဆိုပြီး တန်းညှိတာ မလုပ်သင့်ပါဘူး။

ဗုဒ္ဓဘာသာ ပြန့်အောင် လုပ်ရေး ဆိုရာမှာ တရားသဖြင့် လုပ်တာ အားထုတ်တာဆို မွန်မြတ်ပါတယ်။ ကိုယ့်မှာ တရားမရှိဘဲ သာသနာပြန့်အောင် ကိုယ်ဝင်လုပ်မယ်ဆိုရင်တော့ ဒေဝဒတ် သာသနာပြုသလို အားလုံး အထိတ်တလန့်ဖြစ်စရာတွေ မြင်မိပါတယ်။ မိန်းမမြန်မြန်ယူ၊ ကလေးများများမွေးတာဟာ သာသနာပြုတာပဲဆိုတဲ့ အမြင်တွေ ဒီအရှင်ဘလော့မှာ ဖတ်ရတော့ ပိုလန့်မိတယ်။ မိန်းမတွေ အများကြီး ယူထားတဲ့ ဘာသာရေးခေါင်းဆောင်တွေ ဒီဘက်ခေတ်မှာလဲ ပေါ်ထွန်းခဲ့ဖူးပါတယ်။ လူအထင်သေးခံရတာအပြင် ဒီလူတွေ ရေရှည် မအောင်မြင်ပါဘူး။

ကလျာ said...

အထက်ပါ ကွန်မန့်တွေဖတ်ပြီး ကောက်ချက်ချရရင်တော့
ဦးကုမာရသာလျှင် ထေရဝါဒ ရဟန်းတော်များ၏ ဝိနည်း သိက္ခာပုဒ်ကို မဟာယာနဘုန်းတော်ကြီးများကဲ့သို့ ပြင်ဆင်ချင်နေတာ သိပ်ထင်ရှားနေပါတယ်..

အဲဒီလို ဆွမ်းဆန်ထဲ ရောနေတဲ့ ကြွက်ချေးတွေကြောင့် အခုလို ဘာသာခြားတွေရဲ့ စော်ကားမော်ကား ပြောတာကို ခံရတာ ဆန်းတော့မဆန်းပါဘူး...

လူလိုနေပြီး လူ့အခွင့်အရေးလိုချင်ပါတယ်ဆိုရင် လူထွက်လိုက်တာ အကောင်းဆုံးပါပဲ.. ရဟန်းဝတ်နဲ့နေပြီး ပါရာဇိကကံ ကျနေမယ်ဆိုရင် ရဟန်းလဲမမည် မြတ်ဘုရား သားတော်လဲ မဟုတ်သောကြောင့် အဲဒီလို ရဟန်းအမည်ခံများကြောင့် သာသနာသိက္ခာ ကျဆင်းနေရတာပါ။

အဲဒီလို အတွင်းက လှိုက်စားနေတဲ့ အတွင်းရန်သူတွေကြောင့်သာလျှင် သာသနာ ပျက်ဆီးရမှာပါ။ ဘာသာခြားတွေ ဘယ်လိုတိုက်ခိုက် တိုက်ခိုက် ဘယ်လိုမှ အကျိုးမထိခိုက်ပါဘူးဆိုတာ ဗုဒ္ဓဘာသာကို အမှန်တကယ် သက်ဝင်ကြည်ညိုသူတိုင်း နားလည်လက်ခံကြပါတယ်။

ရဟန်းယောင် ရဟန်းတုများရဲ့ မတတ်တခေါက် စာပေအနည်းငယ်နဲ့ မာန်မာနများကြောင့် သာသနာဖျက်ဆီးတာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

သာသနာအဓွန့်ရှည် တည်တံ့ပါစေ။

Ashin Kumara said...

တိုးအောင် နဲ့ ကလျာ သဘောမကျ နိုင် ဖြစ်နေတဲ့ ပို့စ်က စာ ကို လိုရင်း လေး ကော်ပီ ကူး တင်ပေးလိုက်ပါတယ်။

အဲဒီပို့စ်က .. http://www.ashinkumara.com/2009/12/suffering-is-practice-of-those-in.html ပါ။


SUFFERING IS THE PRACTICE OF THOSE IN CONFLICT............ 2 . တဲ့။

" အဇ္ဈတ္တံဝါ ကာယေ ကာယာ နုပဿီ ၀ိဟရတိ
ဗဟိဒ္ဓါဝါ ကာယေ ကာယာ နုပဿီ ၀ိရဟတိ
အဇ္ဈတ္တ ဗဟိဒ္ဓါဝါ ကာယေ ကာယာ နုပဿီ ၀ိဟရတိ ၊ (သတိပဋ္ဌါန သုတ်၊ ဒီဃနိကာယ).

မင်းတို့တွေ အတွင်းချည်းမကြည့်နေနဲ့၊ အပြင်ကိုလဲ ကြည့်ဦး။ ၀ိပဿနာသမားတွေ။ တွေ့တယ်မို့လား.. သတိပဋ္ဌါန်သုတ်မှာ ဘယ်လိုဟောထားတယ်ဆိုတာ။

ပြောတော့ အတွင်းကြည့် အတွင်းကြည့်နဲ့။ အပြင်ကိုပါ ကြည့်ပါ၊ ကြည့်ရမယ် လို့ ဘုရားမဟောဘူးလား။ ကဲ..

အတွင်းချည်းကြည့်နေ တော့ ဘာမြင်မတုံး...ချီး..ပဲမြင်မှာပေါ့ကွ။

ပီနန်ဆရာတော်ကြီး အားမလို အားမရ နဲ့ မိန့်ဆိုတော်မူတာပါ။"


--------------------------------------

" ညီညွှတ်မှုလိုချင်ရင် ..တဦးနဲ့တစ်ဦး အပြစ်တွေ့ရင် ခွင့်လွှတ်ကြ၊

တစ်ယောက်လုပ်တာအောင်မြင်ရင် ကျန်တဲ့သူတွေက appreciate လုပ်ကြ။

.... ဒါက သီတဂူ ဆရာတော်ကြီး သွန်သင်တဲ့ ညီညွှတ်ရေးသြ၀ါဒ။"

------------------------------------
"အချင်းချင်း ညီရင်းအစ်ကို လိုစိတ်ဓါတ်ဖြင့်.. တူတာတွေ ကိုကြည့် ပြီး၊ မဟာယာနဖြစ်ပစေဦးတော့..

ညီညွှတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်။

တို့တစ်တွေဟာ ဆရာတူတပည့်တွေပဲ။

တို့တစ်တွေဟာ ရတနာသုံးပါး ကို သက်ဝင်ကြည်ညိုကြသူတွေချည်းပဲ..

နောက်ဆုံး.. ကုန်ကုန်ပြောရရင်..

တိတ်တိတ်ပုန်းမိန်းမယူ ထားတဲ့ အရေခြုံဒုဿီလ ရဟန်းတု ရဟန်းယောင်ကို ပင်လျှင်...

အော်.. သမ္မာဒိဌိ အယူရှိပါသေးလား၊ ဘာသာခြားဖြစ်မသွားတာကိုပဲ တော်လှပြီ။ကောင်းမြတ်လှပါပီ..။

ဘုန်းကြီး ဒုဿီလ( ပါရာဇိကကျပီးသူ) ဟာ လူဒုဿီလ ထက် အင်္ဂါ၁၀ချက် သာသေးတာပဲ(မိလိန္ဒပဥှာ)။ သမုဒ္ဒရာရေသည် အသေကောင်ပုတ်ကိုလက်မခံသကဲ့သို့ သူ့တရားသူ စီရင်သွားလိမ့်မယ် (ပဟာရာဒ သုတ်..အင်္ဂုတ္ထိုရ်) ။ ဘယ်လိုပဲဖြစ်နေပါစေဦးတော့ .. သမ္မာဒိဌိ ၀င်ပဲမို့ ..

ဘာသာခြား တွေ ထက် သာသေးတာပဲ ဆင်ခြင်သဘောကျ နိုင်ပါလိမ့်မယ်."


-----------------------------------


ဒီ . SUFFERING IS THE PRACTICE OF THOSE IN CONFLICT............ 2 မှာ.

အကိုးအကား တွေက...

ဒီဃနိကာယ်. အဂုတ္တရ နိကာယ်. ခုဒ္ဒက နိကာယ်. ( ပါဠိတော် ၃ နေရာ ) နှင့် ဆရာတော်ကြီး နှစ်ပါး ၏ သြ၀ါဒများ. ( ပီနန်ဆရာတော်ကြီး နှင့် သီတဂူ ဆရာတော်ကြီး)

ဖြစ်ပါတယ်။

ကိုးကားထားတဲ့ ပါဠိတော်များ၊ နာယူဖူးတဲ့ ဆရာတော်ကြီးတွေ ရဲ့ သြ၀ါဒ တော်များ နဲ့ လိုက်လျောညီထွေ မှု ရှိ မရှိ.. စာဖတ်သူများပဲ ဆုံးဖြတ်ကြပါ။


............

ကဲ့ရဲ့ ချီးမွမ်း ခြင်းဆိုတာ က လောကမှာ ရှောင်လွဲ လို့ရကောင်းတဲ့အရာမဟုတ်ပါဗျာ.. (နတ္ထိ လောက အနိန္ဒိတော).

ဒါပေမဲ့ ဘုရားက . နစ ခုဒ္ဒ မာစရေ ကိဉ္စိ ယေန ၀ိညူ ပရေ ဥပ၀ ဒေယျုံ.. လို့ ဆိုထားတော့...

တိုးအောင် နှင့် ကလျာ .. အမှန် ၀ိညူ များ ဖြစ်ပါစေလို့ ဆန္ဒ ပြုအပ်ပါတယ်။


(ဒီစာ ကို ဘုန်းကြီးကျောင်းက သင်ပေးတဲ့ ပညာ နဲ့ ရေးထားခြင်းဖြစ်ပါတယ်)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

A-bomb said...

ဟုတ်ကဲ့ ဘာသာခြားတွေပရောဂကြောင့် ဗုဒ္ဓဘာသာမပျက်စီး မထိရောက်ဆိုတဲ့လူတွေကို ကျွန်တော်တစ်ခုမေးချင်ပါတယ်ခင်ဗျာ။ အိန္ဒိယမှာဗုဒ္ဓဘာသာ ကွယ်ပျောက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကို တီးမိခေါက်မိရှိရင် ဒီလိုအိုင်ဒီယာမျိုး ထွက်လာမှာမဟုတ်ပါဘူး။

တိုးအောင် said...

A-bomb ခင်ဗျား။ အိန္ဒိယမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်ရတဲ့ အကြောင်းရင်းက တစ်ခုမက ရှိပါတယ်။ အိန္ဒိယမှာ သြဇာကြီးလှတဲ့ ဇာတ်စနစ်ကို မြတ်စွာဘုရားက သာသနာတွင်းမှာ လုံးဝ အသိအမှတ်မပြု၊ လက်မခံခဲ့ပါ။ ပြီးတော့ ဖန်ဆင်းရှင်ကို လက်ခံတဲ့ ဘာသာကြီး ၂ ခုနဲ့ ဖန်ဆင်းရှင်ဆိုတာ မရှိဘူးဆိုတဲ့ ဗုဒ္ဓဘာသာကြားမှာ အိန္ဒိယသားတွေကို လွှမ်းမိုးနိုင်မယ့်ဘာသာ အောင်ပွဲရသွားတာလဲ အကြောင်းတစ်ခု ဖြစ်ပါတယ်။

ဒီခေတ်မှာလဲ ဖန်ဆင်းရှင်ဝါဒ ယုတ္တိမတန်တော့မှန်း သိပါရက်နဲ့ ဘာကြောင့် ဆက်ကိုးကွယ်နေကြတာလဲ။ ကံကံ၏အကျိုး၊ ကိုယ်လုပ်သမျှ ကိုယ်ပြန်ခံရမယ်ဆိုတဲ့ ဗုဒ္ဓတရားတော်ကို ခါးသီးတဲ့ အမှန်တရားအဖြစ် တစ်ချို့လူတွေ ဘာလို့ ဆေးခါးကြီးလို မြင်နေကြတာလဲ။ အကြောင်းရင်းက မုသားက နားဝင်ချိုပြီး အမှန်တရားက အချို့သူများအတွက် ခါးသည်းနေလို့ပါ။ လူတွေဟာ ကိုယ်နားဝင်ချိုရာ ကိုယ်ရွေးနေလို့ပါပဲ။

သူများဘာသာနဲ့ ရန်လိုက်ဖြစ်၊ ပြဿနာလိုက်ရှာပြီး သာသနာပြုမယ်ဆိုရင်တော့ ခင်ဗျားတို့အကြံ နောက်တောင် ကျနေပြီ။ ဒီလို ဘာသာရေး အစွန်းရောက်သူတွေ ကမ္ဘာမှာ အရမ်း အဆန့်ကျင်ခံနေရတယ်။ ဘာသာတစ်ခုဆို ဒီအစွန်းရောက်တွေဟာ ကျွန်တော်တို့ ဘာသာဝင်တွေ အားလုံးကို ကိုယ်စားမပြုပါဘူးလို့ ဒီခေတ်မှာ ထပ်တလဲလဲ ဖြေရှင်းနေရတယ်။ သူတို့ကို ပစ်ပယ်တာ၊ ခွဲခြားတာ၊ လေယာဉ်ပေါ်မှာတောင် ဗုံးခွဲသမားလားဆိုပြီး အတူမစီးရဲတာတွေအတွက် ဝမ်းနည်းမိတယ်ဆိုတဲ့ ဘာသာဝင်တွေဟာ သူတို့ဘာသာထဲက အစွန်းရောက်တွေကြောင့် ဒီလို ဖြစ်ကုန်ရတာ။

တိုးအောင် said...

ဦးကုမာရ ကိုတော့ ဘလော့မှာ တင်ထားတဲ့ ကြောက်စရာ အတွေးအမြင်တွေကို အစအဆုံး ပြန်ဖတ်ကြည့်ပါ လို့ပဲ ပြောချင်ပါတယ်။ ချက်ချင်း ဖျက်မပစ်ဘဲ သက်သေအဖြစ် ဆက်ထားဖို့လဲ ပြောချင်ပါတယ်။ ဒီထက် ဘာမှ ထပ်ပြောစရာ မရှိပါ။

အရင်ပို့စ်တွေမှာထဲက ဘုန်းကြီး မိန်းမယူရေးကို တောင်းဆို တိုက်ပွဲဝင်ချင်နေတဲ့ အရေးအသားတွေ ဖတ်ရတယ်။ ဘာသာခြားနဲ့ ယူတာ အပြစ်မရှိ၊ ရဟန်း သာမဏေနဲ့ ချစ်ကြိုက် လူထွက် အိမ်ထောင်ပြုရင် အပြစ်ရှိတယ် မြင်ကြတာ မကောင်းကြောင်း ရေးတာ (လူမထွက်ဘဲတောင် ယူချင်ပုံရတယ်)၊ မိန်းမယူက ကုသိုလ်ရ -- တရားဟောတာတွေက ကိုယ်တော် လွန်လွန်းတယ်။ ကိုယ်တွေးချင်ရာတွေး ပြောချင်ရာပြောတဲ့ စကားတွေကို ဘုရားစကားလုပ်ပြီး သာသနာကိုဖျက်မယ့် ဓမ္မန္တရာယ်လို့ မြင်လို့ ပြောတာပါ။

မောင်ကောင်း said...

ကိုတိုးအောင်.. အစ်ကိုပြောတာတွေ သဘာဝကျပါတယ် အစ်ကိုရေ..။
အရှင်ကုမာရပြောတဲ့

"နောက်ဆုံး.. ကုန်ကုန်ပြောရရင်..
တိတ်တိတ်ပုန်းမိန်းမယူ ထားတဲ့ အရေခြုံဒုဿီလ ရဟန်းတု ရဟန်းယောင်ကို ပင်လျှင်...
အော်.. သမ္မာဒိဌိ အယူရှိပါသေးလား၊ ဘာသာခြားဖြစ်မသွားတာကိုပဲ တော်လှပြီ။ကောင်းမြတ်လှပါပီ..။" ဆိုတဲ့စကားပါ။

အထက်ဖော်ပြပါစကားဟာ.. ဘုရားရှင်ရဲ့တပည့်သား သံဃာတစ်ပါးအနေနဲ့ လုံးဝကို မပြောသင့် မပြောအပ်တဲ့ စကားပါ..။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ၀ိနည်းတော်ကို အသေးအဖွဲကအစ အလေးထားတန်ဖိုးထားတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းနားလည်သဘောပေါက်မှာပါ။ ရဟန်းသံဃာအရေခြုံတဲ့ သံဃာတွေ မိန်းမယူဖို့ မပြောနဲ့.. မိန်းမနဲ့ ကြမ်းတပြေးထဲတောင် ထိုင်ခွင့်မရပါဘူး။ အဲ့လောက်ထိ ၀ိနည်းတော်ကို အမြတ်တနိုး တန်ဖိုးထားတာပါ။ ဘုရားရှင်ရဲ့ တပည့်သားသံဃာမှန်ရင်.. ဘုရားရှင်ရဲ့အဆုံးမကို ဆန့်ကျင်ပြီး ပြောချင်ရာ ပြောနေတာဟာ လုံးဝမသင့်တော်တဲ့ အရာပါပဲ။ ဆရာတော်ရဲ့စကားအတိုင်းဆို ဒီအယူဟာ သမ္မာဒိဌိ အယူ လို့ကို ပြောလို့မရပါဘူး။ ဘုရားစကားနဲ့ ဆန့်ကျင်မှတော့ မိစ္ဆာဒိဌိလို့ပဲ ပြောလိုက်ပါရစေ..။ ရဟန်းအရည်ခြုံပြီး ရဟန်းစည်းကမ်းအတိုင်း မလိုက်နာတာဟာ သမ္မာဒိဌိဆိုတဲ့ စကားမျိုးနဲ့ သုံးဖို့ တန်ကို မတန်ပါဘူး။ အင်မတန်မှ မသင့်တော်တဲ့ စကားပါ။

နောက်ဆုံး အရှင်ကုမာရပြောလိုက်တဲ့ "ဘာသာခြားဖြစ်မသွားတာကိုပဲ တော်လှပြီ။ကောင်းမြတ်လှပါပီ." ဆိုတဲ့ စကားပါ။ ဒီလိုမျိုး ရဟန်းသံဃာမျိုး ဘာသာခြားဖြစ်သွားတာမှ ပိုကောင်းပါဦးမယ်.. ဒါမှမဟုတ်ရင် သံကိုသံဖျက် သံချေးတက် ဆိုတဲ့ စကားအတိုင်း ဒီလိုရဟန်းအရည်ခြုံသံဃာတွေကြောင့် ဗုဒ္ဓသာသနာ မှေးမှိန်ကွယ်ပျောက်ရမှာပါ။ ဒီလိုမျိုး ဗုဒ္ဓရဲ့ဓမ္မတွေကို အဓမ္မလို ပြောနေတဲ့သူတွေကိုလည်း ဗုဒ္ဓရဲ့သာသနာမှာ လုံးဝအလိုမရှိပါဘူး.. လက်လည်းမခံပါဘူးလို့ ပြောလိုက်ပါရစေ..။ ဗုဒ္ဓရဲ့အဆုံးမမှန်တွေ မမှေးမှိန်မကွယ် ပျောက်ပါစေခြင်းအကျိုးငှာ အားမနာတမ်း ပြောလိုက်မိပါတယ်။

လယ်တီဆရာတော်ကြီးရဲ့စကားအတိုင်း

“သာသနာတော်ကို အဟုတ်တကယ် ကောင်းစေလိုပါက လူရှိသမျှ ၀ိနည်းကို တတ်မြောက်အောင်သင်ကြား ပြီးလျှင် ၀ိနည်းနှင့် မညီသော ရဟန်းတော်ဟူသမျှတို့ကို ကဲ့ရဲ့ကြလျှက် ၀ိနည်းနှင့်အညီကျင့်သော ရဟန်းတော်တို့ကို ရွေးချယ်၍ ကိုးကွယ်ဆည်းကပ်ကြမှသာလျှင် ဤသာသနာကြီးသည် နေလပမာ လွန်စွာ ထွန်းလင်းပေလိမ့်မည်.. မိမိတို့ကိုယ်တိုင်က ၀ိနည်းမတတ်ခဲ့၍ရှိခဲ့လျှင် ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့်အညီ ကျင့်ကြံနေထိုင်သော ရဟန်းမဟုတ်ဟု ခွဲခြား၍ သိနိုင်တော့မည် မဟုတ်သဖြင့် ၀ိနည်းသိက္ခာပုဒ်နှင့် မညီသော ရဟန်းများကိုပင် ရဟန်းကောင်း ရဟန်းမြတ်အထင်နှင့် အားပေးချီးမြှောက်ပြုမိက အရှက်မရှိသော ရဟန်းအား အားပေးချီးမြှောက်မှု “အလဇ္ဇီပဂ္ဂဟ” ၌သာတည်၍ မြတ်စွာဘုရား သာသနာတော်၌ အရှက်မရှိ အလဇ္ဇီ ပုဂ္ဂိုလ်တွေသာ မြောက်မြား အားရှိခဲ့ရာ၏.. ထိုသို့ဖြစ်က ဤသာသနာတော်ကြီးသည် ဘယ်အခါမှ ကောင်းတော့မည်မဟုတ်ချေ.. ထို့ကြောင့် ၀ိနည်းတရားတော်နှင့် တကွ သုတ်- အဘိဓမ္မာတရားတို့ကို စွမ်းအားရှိသမျှ ထွန်းလင်းပြန့်ပွားအောင် အားထုတ်ကုန်ရာ၏.. ထိုဝိနည်းတရားတော်တည်မှ သာသနာတော် အရှည်တည်တံ့နိုင်မည်၊ ၀ိနည်းတရားတော် ပွင့်လင်းမှ သာသနာတော် အရှည်ပွင့်လင်း တောက်ပနိုင်မည်.. ၀ိနည်းတရားတော် ကွယ်ပျောက်က သာသနာတော် ကွယ်ပျောက်ပေလိမ့်မည်” တဲ့။ လယ်တီဆရာတော်ဘုရားကြီးရဲ့ စကားအတိုင်းပါပဲ..။

ကလျာ said...

ကိုတိုးအောင်နဲ့ မောင်ကောင်းကို ရာခိုင်နှုံးအပြည့်ထောက်ခံပါတယ်။

ဘုရားရှင်၏ ဆုံးမတရားတော်တွေကို မိမိလိုရာ ဆွဲတွေးပြောတတ်တဲ့ အယောင်ဆောင်ရဟန်းတွေကြောင့်သာ သာသနာပျက်ဆီးရမှာပါ။

တရားအသိ တရားနှလုံးသာ လူတိုင်းနှလုံးသားထဲ စွဲမြဲနေမယ်ဆိုရင် ဘာသာခြားဖြစ်ဖို့ဆိုတာ အတော်လေးကို ခက်ခဲပါတယ်။

သူများနိုင်ငံတွေ ဘာသာခြားဖြစ်သွားတာ ဘာသာရေးအသိတရား ပျောက်သွားလို့ပါ။

အဲဒီအသိတရားကို ပြန့်ပွားအောင် စွဲမြဲအောင်လုပ်ဖို့ စိတ်မကူးပဲ သူများဘာသာကို ပုတ်ခတ် စွပ်စွဲနေတာကိုက ဘာသာခြားတွေထက် အဆင့်အတန်းနိမ့်ကျနေတာကို ဖော်ပြနေတာပါပဲ။

စိတ်ဓာတ်ရေးရာ အဆင့်အတန်းမြင့်မားခြင်း မရှိဘဲ သာသနာပြုနံမည်ခံ နေတာကိုက ရှက်ဖို့ သိပ်ကောင်းနေပါတယ်။

သာသနာသန့်ရှင်း တည်တံ့ပါစေ။

Anonymous said...

ဓမ္မစာပေတွေ မေတ္တာနဲ့ ရေးသားဖြန့်ဝေနေတဲ့ စာရေးသူတွေမှာ ရဟန်းတော်တွေတင် မကဘဲ ဥပါသကာ လူကြီးလူငယ်တွေ အများကြီး တွေ့ရတယ်။ သာသနာ့အကျိုးအတွက် သိပ်ဝမ်းမြောက်ဖို့ကောင်းတဲ့ အလားအလာပါ။

မြန်မာပြည်မှာ ဒုတိယ လိုက်နေတဲ့ ခရစ်ယာန် ဘာသာကို ဒေါက်တာဂျပ်ဆင်တို့ လူဝတ်ကြောင် သာသနာပြုတွေ လာဖြန့်ဝေသွားပြီး ဒီလောက် အားကောင်းသွားတာပါ။ အခု ဆရာကြီး ဦးဂိုအင်ကာတို့လို ဥပသကာကြီးတွေ ကျေးဇူးနဲ့ သရဏဂုံတည်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကမ္ဘာမှာ တိုးသတက် တိုးနေပါပြီ။

မြတ်စွာဘုရားကလဲ ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပသကာယောက်ျား၊ ဥပါသိကာ မိန်းမ --ဆိုတဲ့ ပရိသတ် လေးပါးစလုံးထဲက စွမ်းနိုင်သူတွေကို သာသနာပြုခွင့် ပေးထားပါတယ်။ ဓမ္မကထိက ဧတဒဂ်ကို ဘိက္ခုနဲ့ ဘိက္ခုနီတင် မကဘဲ ဥပသကာရော ဥပါသိကာထဲကပါ လေးဦး ဧတဒဂ်ပေး ချီးမြှောက်ခဲ့တယ် ဆိုကတည်းက မြတ်စွာဘုရား ဘာဖြစ်စေချင်တော်မူတယ်ဆိုတာ ရှင်းနေပါပြီ။

ဒီတော့ မြတ်စွာဘုရားရဲ့ တပည့်သာဝကမှန်ရင် ရဟန်းတော်တွေတင်မက လူဥပသကာ ဥပါသိကာတွေပါ ဓမ္မကို ဖြန့်ဝေခွင့် ရှိပါတယ်။ ဖြန့်ဝေနေကြလို့လဲ တရားကို မသိသေးသူတွေ သိလာ၊ သိသူတွေ ပိုပြီး လေးလေးနက်နက် သိလာကြတာ သာဓုခေါ်ပါတယ်။ ဒါကိုလဲ ရဟန်းမဟုတ်လို့၊ ဘုန်းကြီးကျောင်းထွက် မဟုတ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မထိုးနှက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

A-bomb said...

ဟုတ်ကဲ့အစ်ကိုတိုးအောင်ခင်ဗျား။ အိန္ဒိယမှာဇာတ်စနစ်ခွဲခြားတာကိုဆန့်ကျင်လို့ ဗုဒ္ဓဘာသာပျောက်ကွယ်ခဲ့ရတယ်ဆိုတာ အကြောင်းရင်းတွေထဲကတစ်ခုဆိုပေမယ့် သိပ်ပြီးအရေးမပါလှပါဘူး။အကြောင်းရင်းကိုပြောရရင် ဆစ်ခ်ဘာသာဆိုတာကလည်း ဇာတ်စနစ်ကိုဆန့်ကျင်ပြီး အသစ်ပေါ်လာတဲ့ဘာသာပါပဲ။ ခရစ်ရှန်ဘာသာကိုကူးပြောင်းခဲ့တဲ့ဟိန္ဒူလူများစုဟာ ဇာတ်ခွဲခြားရေးစနစ်ကိုမကြိုက်လို့ပါပဲ။ ခရစ်ရှန်တွေအစ္စလာမ်တွေဆိုတာ ရုပ်ထုဆန့်ကျင်ရေးဝါဒီတွေပါပဲ။ ရုပ်ထုကိုးကွယ်တဲ့၊ နတ်ဘုရားတွေထောင်နဲ့ချီပြီးယုံကြည်ကြတဲ့
ဟိန္ဒူတွေရဲ့မြေမှာ ခရစ်ရှန်နတီနဲ့ အစ္စလာမ်နဲ့က ဘာလို့မပျောက်ကွယ်ခဲ့တာပါလဲ? အိန္ဒိယမှာဗုဒ္ဓဘာသာပျောက်ကွယ်ရခြင်း
အဓိကအကြောင်းအရင်း၃မျိုးရှိတယ်လို့မှတ်သားဖူးပါတယ်။ ရဟန်းအတုအယောင်တွေပေါများလာခြင်း၊ ဟိန္ဒူတွေဘက်က ဝါဒပြိုင်ပြီးနှိပ်ကွပ်ခြင်းနဲ့ မွတ်ဆလင်တွေရဲ့ကျူးကျော်စစ်ဆိုပြီး လေ့လာမှတ်သားဖူးပါတယ်။ အဲဒီ၃ချက်စလုံးကိုကြည့်လိုက်ရင် ဘာသာခြားတွေရဲ့ပရောဂတွေကို အထင်းသားတွေ့ရမှာပါပဲ။ ပရိသတ်လေးပါးကိုမှီခိုနေရတဲ့ ဗုဒ္ဓဘာသာမှာ လက်နက်မဲ့ရဟန်းသံဃာတော်တွေကို အကာအကွယ်မပေးနိုင်ခဲ့လို့ နာလန္ဒာမှာရဟန်းတွေထောင်နဲ့ချီပြီး အသတ်ခံခဲ့ရတာမမေ့ပါနဲ့။ ဗုဒ္ဓဘာသာကို ဘာသာတွင်းလူတွေကပဲဖျက်လို့ပျက်မယ်ဆိုတာ တစ်နည်းအားဖြင့်မှန်ပါတယ်။ ဘာသာတွင်းလူတွေက အခုလိုပေါ့ ကိုယ့်ဘာသာကိုယ်မကာကွယ်လို့ ပျက်တာကတစ်မျိုး၊ ကိုယ့်ဘာသာဝင်တွေအတွင်းကပဲ ခြစားနေတာကတစ်မျိုးပေါ့။ ကျွန်တော်အခုလုပ်နေတာတွေကလည်း ဗုဒ္ဓဘာသာဘက်ပါအောင် ဆွယ်နေတာမဟုတ်ပါဘူး။ သာသနာပြုနေတာမဟုတ်ပါဘူး။ ကျွန်တော့်အရေးအသားတွေမှာ ဘာသာခြားတွေကိုနှိမ်ပြီး ကိုယ့်ဘာသာဖက်ပါအောင် ဆွယ်တဲ့စကားလုံးမျိုးပါရင်ပြပါလို့တောင်းဆိုပါတယ်။ ကျွန်တော်က critic တစ်ယောက်ပါ။ critic ဖြစ်တာနဲ့အညီ ဝေဖန်ပါတယ်။ ဘယ်ဘာသာထဲဝင်ပါ ဘာညာကျွန်တော်မပြောပါဘူး။ စာဖတ်သူတွေဗဟုသုတရသွားရင် ရေးရကျိုးနပ်ပါပြီ။ ဖန်ဆင်းရှင်ဝါဒကိုယုတ္တိမတန်ဘူးလို့ကျွန်တော်တို့ကမြင်ပေမယ့် ဝါဒခြားတွေကလည်း တိရစ္ဆာန်ဖြစ်လိုက်လူဖြစ်လိုက် သံသရာလည်နေတဲ့ reincanation ကို ယုတ္တိမတန်ဘူးဆိုပြီး မြင်ကြပါတယ်။ သူတို့ဘက်ကလည်းပြန်ပြောမှာပေါ့ ယုတ္တိမတန်တဲ့ဗုဒ္ဓဘာသာ မှားယွင်းတဲ့ဗုဒ္ဓဘာသာဆိုပြီး။ ဆဲဆိုစော်ကားနေတာတွေကို တုန့်ပြန်ဖို့မလိုပေမယ့် သူတို့ဆဲဆိုနေကြတဲ့အထဲမှာပဲ ဗုဒ္ဓဘာသာဝင်တွေကို သံသယဝင်စေမယ့် ဝေဖန်ချက်မျိုးတွေကို တွေ့ရမှာပါ။ ဗုဒ္ဓဘာသာကိုဖျက်စီးဖို့က အဓိကရည်ရွယ်ချက်ပါပဲဆိုတဲ့လူကို ကျွန်တော်တို့တွေကဘာမှပြန်မပြောပဲ ignore လုပ်ရမယ်လို့ ဘုရားကဟောခဲ့ပါသလားခင်ဗျာ? မဟာပရိနိဗ္ဗာနသုတ် မာရ်နတ်လျှောက်ထားခန်းနဲ့ ဗြဟ္မစာလသုတ်က ပါဠိတော်တွေကိုသတိရပါစ။ ကျွန်တော်အခုလုပ်နေတာလည်း သူတို့လိုသာသနာဖျက်တွေကိုရည်ရွယ်ပါတယ်။ ဘာသာဝင်တွေကိုကိုယ်စားမပြုဘူးဆိုတာ ဘာကိုဆိုလိုတာပါလဲခင်ဗျား? မြန်မာဗုဒ္ဓဘာသာဝင်တွေကိုပြောတာလား ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကိုပြောတာလားခင်ဗျား။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ အစ္စလာမ်မစ်အစွန်းရောက်တွေနဲ့ဥပမာပေးလို့ ကျွန်တော်ကလည်း ကုရ်အာန်ကျမ်းနဲ့ပဲဥပမာပြန်ပေးလိုက်ပါ့မယ်ခင်ဗျာ။ အစ္စလာမ်မှာဂျီဟာ့ဒ်၃မျိုးရှိတဲ့အထဲမှာ လက်နက်ကိုင်ဂျီဟာ့ဒ်ဆင်နွှဲတဲ့လူတွေ အဆန့်ကျင်ခံရပေမယ့်လည်း ကလောင်ဂျီဟာ့ဒ်ကိုကျင့်သုံးတဲ့ orator တွေ ဒီဘိတ်တာတွေကတော့ နိုင်ငံတစ်ကာကို ဘာသာခြားတွေရဲ့ရှေ့မှာ ဖိတ်ကြားဟောပြောခွင့် ဝါဒပြိုင်ခွင့်တွေရနေကြပါတယ်ခင်ဗျား။

တိုးအောင် said...

A-bomb ခင်ဗျား။ နောက်ဆုံးစကားကိုပဲ အရေးကြီးတယ်ထင်လို့ အရင်ရှင်းပါမယ်။ ဘာသာရေး ငြင်းခုံမနေချင်လို့ တခြားဘာသာတွေကို မလိုအပ်ဘဲ နာမည်ထည့်မသုံးတာပါ။ မိတ်ဆွေကတော့ ဘယ်ဘာသာ ဘယ်ဘာသာဆိုပြီး တမင်ကို အမည်တပ်တိုက်ခိုက်ချင်နေသလားလို့။ ဒီနေရာမှာ ငြင်းမဆုံးနိုင်တဲ့ ဘာသာရေး စကားရည်လုပွဲ လုပ်နေဖို့ မလိုဘူးထင်လို့ ထည့်မသုံးချင်တာပါ။

ဟုတ်ပါတယ်။ အစ္စလာမ် ဘာသာဝင်တွေဟာ သူတို့ဘာသာအကြောင်း ဘာသာခြားတွေရှေ့မှာ ပြောဆိုဆွေးနွေးခွင့် ရှိပါတယ်။ ဒါ ဘယ်ဘာသာဝင်မဆိုရတဲ့ အခွင့်အရေးပါ။ ဖိတ်ကြားသူက ဖိတ်ကြားခွင့် ရှိသလို ဟောပြောသူကလဲ ဟောပြောခွင့် ရှိပါတယ်။ ဒါကို ခရစ်ယာန် နိုင်ငံတွေကိုက လူသားအခွင့်အရေးတစ်ရပ်အနေနဲ့ ခွင့်ပြုထားတာမို့ မိတ်ဆွေ ပိတ်ပင်စေချင်လို့လဲ မရပါဘူး။

နာလန္ဒာဟာ ရဟန်းတော်တွေ အသတ်ခံရတာ အိန္ဒိယသမိုင်းရဲ့ အမည်းစက် တစ်ခုပါ။ အနားမှာ ကာကွယ်ပေးနိုင်တဲ့ လူဒကာတွေ များများစားစား ထိထိရောက်ရောက် မရှိခဲ့လို့ ဖြစ်သွားခဲ့ရတဲ့ ကံကြမ္မာပါ။ ဟိန္ဒူမွတ်ဆလင် အဓိကရုဏ်းတွေမှာသေတာဆို ဒီထက် အဆများစွာ များပါတယ်။ နာလန္ဒာကိစ္စက အကြမ်းဖက်သမားရှိရင် ဘယ်နေရာမှာမဆို ဘယ်သူမဆို ကြုံတွေ့နိုင်တဲ့ ကိစ္စပါ။ ဂျပန်မှာ ဘူတာရုံမှာ အဆိပ်ငွေ့လွှတ်ပြီး လူတွေ သတ်တာလဲ ဒီလို ဘာသာရေး အစွန်းရောက်တွေပါပဲ။ အမေရိကန်မှာ သူ့နောက်လိုက်တွေ ရာနဲ့ချီပြီး ပြန်သတ်သွားတာလဲ ဒီလို ဘာသာရေးအစွန်းရောက် ခေါင်းဆောင်တစ်ယောက်ပါပဲ။ သက်ဆိုင်ရာ အစိုးရတွေ ရဲတွေကပဲ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပါတယ်။ ငါတို့ ခရစ်ယာန်တွေ ထိလို့၊ ငါတို့ ဗုဒ္ဓဘာသာတွေ ထိလို့ဆိုပြီး တုတ်ဓားသေနတ်တွေကိုင်ပြီး ဘယ်ခရစ်ယာန်ဘုန်းကြီး၊ ဘယ်ဗုဒ္ဓဘာသာဘုန်းကြီးက လက်စားချေဖို့ ချီတက်လာပါသလဲ။ မေတ္တာရှေ့ထားရမယ့် ဘာသာရေးခေါင်းဆောင်တွေဟာ သူတို့အလုပ်ပဲ သူတို့ လုပ်ရပါတယ်။ အရေးယူဖို့၊ တားဆီးဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့က သက်ဆိုင်ရာ ရဲတွေ အစိုးရတွေ အလုပ်ပါ။

တန်ခိုးဧတဒဂ် အဂ္ဂသာဝကကြီး ရှင်မဟာမောဂ္ဂလာန်ကို ချောင်းရိုက်ရန်ရှာတဲ့ ခိုးသားတွေကို အရေးယူရေးမှာ အဇာတသတ်မင်းကိုယ်တိုင် သူ့သဘောနဲ့သူ တာဝန်ယူ စီမံပါတယ်။ မြတ်စွာဘုရားတို့၊ အရှင်သာရိပုတ္တရာတို့၊ အရှင်အာနန္ဒာတို့က ဘာမှ မစေခိုင်း၊ မစွက်ဖက်၊ ဝင်မပါကြပါဘူး။

မေတ္တာဧတဒဂ်ရှင် သာမာဝတီ မိဖုရားနဲ့ နောက်ပါ မောင်းမတွေကို မနာလိုစိတ်နဲ့ လုပ်ကြံတဲ့ မာဂဏ္ဍီမိဖုရားကို အရေးယူတော့လဲ ဥတေနမင်းကပဲ သူ့တာဝန် သူယူပါတယ်။ စံထားရတဲ့ ဥပါသိကာမတစ်ပါး ဆုံးရှုံးရတဲ့ ကိစ္စမှာ မြတ်စွာဘုရားက ဘယ်လိုလုပ်၊ ဘယ်လို လက်တုံ့ပြန်လို့ လုံးဝ မိန့်ကြားတော်မမူပါဘူး။

ဒီတော့ ဘာသာရေးအကြောင်းပြပြီး ချကြစို့၊နှက်ကြစို့၊ ဆော်ကြစို့ ဆိုတာတွေဟာ ကိုယ် အောင်မြင်ချင်ပါရက်နဲ့ မအောင်မြင်မှုတွေ၊ အတ္တတွေကို ဖောက်ခွဲ ထွက်ပေါက်ရှာချင်သူတွေအတွက် လမ်းစတစ်ခုလို ဖြစ်နေနိုင်ပါတယ်။ ဘာသာရေး တိုက်ပွဲဝင် သာသနာ့ တော်လှန်ရေးသမားတစ်ယောက်အဖြစ်နဲ့ အောင်မြင်မှုနဲ့ နောက်လိုက်နောက်ပါ တည်ဆောက်ရတာက ပိုလွယ်ပိုမြန်တော့ ဒီဖြတ်လမ်းနည်းကို လိုက်ချင်သူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားက လုံးဝ နှစ်မြို့တော်မမူလို့ ကျွန်တော်တို့ လက်ခံလို့ မရပါဘူး။ ကျွန်တော်တို့ဆန္ဒမဟုတ်ပါဘူး။ ဘုရားဆန္ဒပါ။

တိုးအောင် said...

A-bomb ဆိုသူသို့

''''''ဖန်ဆင်းရှင်ဝါဒကိုယုတ္တိမတန်ဘူးလို့ကျွန်တော်တို့ကမြင်ပေမယ့် ဝါဒခြားတွေကလည်း တိရစ္ဆာန်ဖြစ်လိုက်လူဖြစ်လိုက် သံသရာလည်နေတဲ့ reincanation ကို ယုတ္တိမတန်ဘူးဆိုပြီး မြင်ကြပါတယ်။ သူတို့ဘက်ကလည်းပြန်ပြောမှာပေါ့ ယုတ္တိမတန်တဲ့ဗုဒ္ဓဘာသာ မှားယွင်းတဲ့ဗုဒ္ဓဘာသာဆိုပြီး။ ''''''''

ခင်ဗျားစကားထဲက ဇာတိပြလာပါပြီ။

ခင်ဗျားဟာ ခုတစ်လော မွတ်ဆလင်ဘာသာနဲ့ လိုက်ရန်တိုက်ပေးနေတဲ့ ဘာသာမဲ့ အုပ်စုထဲကလား။

ဆဲရေးတိုင်းထွာနေတဲ့ ကိစ္စကို ဒေါသနဲ့ မတုံ့ပြန်ဖို့၊ ဥပေက္ခာထားဖို့ ဒီဘလော့က ဒီပို့စ်မှာ ရေးတာတွေ့တယ်။ ဒါကိုခင်ဗျားက အိန္ဒိယမှာ ဘာသာခြားတွေကြောင့် ဗုဒ္ဓဘာသာ ကွယ်ခဲ့ရတယ်ဆိုပြီး ရန်လုပ်ရေး လမ်းကြောင်းပေါ် လာတင်တယ်။

ဖန်ဆင်းရှင်ကိုလက်ခံတဲ့ ဘာသာကြီး ၂ ခုနဲ့ လက်မခံတဲ့ ဗုဒ္ဓဘာသာကြားမှာ အိန္ဒိယသားတွေကို လွှမ်းမိုးနိုင်တဲ့ဘာသာ အောင်ပွဲရသွားတယ်ဆိုတာ လက်မခံရင် စောဒကတက်လို့ ရပါတယ်။ ဒါကြောင့်မဟုတ်ဘူး၊ တစ်ခြားကြောင့်ဆိုပြီး။ ခုတော့ ခင်ဗျားက ''''''ဖန်ဆင်းရှင်ဝါဒကိုယုတ္တိမတန်ဘူးလို့ကျွန်တော်တို့ကမြင်ပေမယ့် ဝါဒခြားတွေကလည်း တိရစ္ဆာန်ဖြစ်လိုက်လူဖြစ်လိုက် သံသရာလည်နေတဲ့ reincanation ကို ယုတ္တိမတန်ဘူးဆိုပြီး မြင်ကြပါတယ်။ သူတို့ဘက်ကလည်းပြန်ပြောမှာပေါ့ ယုတ္တိမတန်တဲ့ဗုဒ္ဓဘာသာ မှားယွင်းတဲ့ဗုဒ္ဓဘာသာဆိုပြီး။''' ဆိုပြီး မဆီမဆိုင် ပြောတာက ဗုဒ္ဓဝါဒကို ချိုးနှိမ်တိုက်ခိုက်ချင်တဲ့ မစ္ဆရိယစိတ် ဖုံးမရအောင် ပေါ်သွားတယ်။

ဒီလို လိုက်လုပ်နေတာ ဘာသာမဲ့တစ်ယောက်လို့ သတင်းရတယ်။ တစ်ချို့ကလဲ ဗုဒ္ဓဘာသာလဲမဟုတ်၊ မွတ်ဆလင်လဲမဟုတ်တဲ့ ဘာသာဝင်တစ်ယောက်လို့ ပြောတယ်။ ခင်ဗျား ဘယ်ဘက်ကသူဖြစ်ဖြစ် ဒီလို သေးသိမ်တဲ့ ဂုံးတိုက် သွေးခွဲမှုတွေ မလုပ်ဖို့ တောင်းပန်ပါရစေ။

Ashin Kumara said...

သာသနာတော်အတွက် အားလုံးက စေတနာထား ကြတယ်.နိုင်သလောက် တရား ဓမ္မတွေ ဖြန့်ဝေ နေကို အသိအမှတ်ပြုပါတယ်။

ဒါပေမဲ့ ..

ပါဠိတော် ကို ကိုးကား.ပြောနေတဲ့ စာတွေ ကို လွှမ်းမိုးပြီး မိမိ တို့ ကိုယ်ပိုင် အယူအဆ နဲ့ ရေးနေပြောနေ တဲ့စကား ကို ရှေ့တန်းတင်သူက တင်တယ်။
လက်ခုပ် တီးပေးသူက တီးပေးတယ်၊ ဒါကိုပဲ ထေရ၀ါဒ နှင့်လျောညီစွာ လို့ ဆိုကြပြန်တော့..

လုပ်ချင်တာတော့ ဟုတ်ပါပီ.. လုပ်ရော လုပ်တတ်ရဲ့လား ..ဆိုတာ သံသယ ဖြစ်လာရတယ်။

အများညီ လို့ ဤ ကို ကျွဲဖတ် လို့ရစတမ်း ဆိုရင်.. ပိဋက တွေ ပျောက်တာ ကြာပီပေါ့။

ဒါကြောင့်လဲ http://www.ashinkumara.com/2010/01/blog-post_23.html မှာ

ဒါလေးလောက်တော့သိထားသင့်တယ်. ဆိုတဲ့စာကို ရေးဖြစ်တာပဲ။

အိမ်ထောင်ပြုက ကုသိုလ်ရ ဆိုတဲ့ ပို့စ်က ဒီမှာပါ.။

http://www.ashinkumara.com/2010/01/blog-post_23.html

ဆိုက်ပိုင်ရှင်ရေ ခွင့်ပြုပါဦး။

မြန်မာစာ ကိုသေချာဖတ်.နားလည်အောင်ဖတ်. ဖတ်သာဖတ်တယ်.နားမလည်ဘူး ဆိုရင် လဲ အထပ်ထပ်ဖတ်။

---------------------

ပိဋကတ် စာပေ ရဲ စံနည်းစနစ်တွေ ကို သိထား ဖို့တော့လိုပါလိမ့်မယ်။

ပရိယာယ် ဒေသနာ တော် နဲ့ ပရမတ္တဒေသနာ တော် ဆိုတာ ဘာလဲ လို့ လဲနားလည်ဖို့ လိုပါဦးမယ်။

အဲဒီ စံ တန်ဖိုး လိုရင်းအာဘော်..နေရာ ဌာန နားမလည်သေး ဘူး ဆိုရင်လဲ..ဆိုင်ရာ ဆရာသမားတွေ ထံ တင်ပြ လျှောက်ထား မေးမြန်းကြလေ။ မေးမြန်းကြမယ် ဆိုရင်လဲ တစ်ပိုင်း တစ်စလေး မလုပ်ကြနဲ့။

တစ်ပုဒ် လုံး ကော်ပီ ကူးသွား. ( www.ashinkumara.com ကို ၀က်ပေ့ခ်ျ တစ်ခုလုံး ဒေါင်းလုပ်ယူ ထား နော်.. တိုးအောင်.)
-------------------

ပိဋကတ် သင် ဆရာသမားလဲ မရှိ.. .ခေတ်အသိ ခေတ်စာ နဲ့ (၁၀ တန်းအောင် ဘွဲ့ရ တာနဲ့ပဲ ) ပိဋကတ်စာပေ. အယူအဆ တွေ ကို တတ်သိနားလည် နေ ပါပြီ၊ ပြီးပြည့်စုံပါပီ လို့ ယုံကြည်နေတယ်ဆိုရင်တော့....တို့ခေတ် မြန်မာတွေရဲ့ရင်ထဲ . ကျွန်ဘာသာရေး စိတ်ဓါတ်တွေ သိပ်ကို အမြစ်တွယ် အခြေခိုင်နေကြပြီ လို့ပဲ နားလည် ရတော့မှာပါ။

.. ဒါပါဘဲ။

(အော်..မေ့သွားလို.. ကျွန်ဘာသာရေး စိတ် ဓါတ် ဆိုတာ ဘာလဲ လို့ သိချင်ရင်တော့ စောင့်ဖတ်ပေါ့။ အားချိန်မှာ ရေးပြီး တဖြေးဖြေးတင်ပေးသွားမယ်။ လောလောဆယ်တော့....ခရီးရှည်သွားစရာ ရှိလို့.)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Anonymous said...

ကွန်မန့်တွေကို ဖတ်ပြီး ရီနေရတယ် ... ရေးတဲ့သူတွေကလဲ ငါ့စကားနွားရ နိုင်ရင်ပြီးရော ... ကိုယ်ရေးတာ ဘယ်ရောက်လို့ ဘယ်ရောက်မှန်းမသိ ရေးနေတော့တာပဲ .. တယောက်မှ သေးသေးတင်ကို မခံဘူး ... စကားတွေက ဟိုရောက်လိုက် ဒီရောက်လိုက်

ဦးကုမာရ ပြောခဲ့တဲ့အထဲမှာ … ၀ိနည်းချိုးဖေါက်တဲ့ ဒုသီလ ရဟန်းတပါးဟာ အပြစ်မရှိပါဘူးလို့ ပြောထားတာ ရှိသလား … ၀ိနည်း ချိုးဖောက်ရမယ် လို့လဲ ပြောမထားဘူး …

အဲ … ဒါပေမယ့် …
ထေရ၀ါဒ အယူဝါဒလေးပျံ့နှံနေတာ ကမ္ဘာတခုလုံးမှာမှ ဒို့အပါအ၀င် လူနည်းစုလေးရယ် … မွတ်က ကောက်ဆွဲသွားလို့ အလာကယ်ပါဖြစ်သွားလိုက၊် ခရစ်ယာန်က မစ်ရှင်လုပ်သွားလို့ ဟာလီလူးယားဖြစ်သွားလိုက်ဆိုရင်တော့ … ကြာရင် လုံးပါးပါးရချည်ရဲ့ …

ဒီကနေ ဒီလိုစပြီးစဉ်းစားကြည့်ပါ …

ဘာသာရေးနဲ့ လူမှုရေးဆိုတာ အမြဲဆက်စပ်နေတယ်ဆိုတာ လက်ခံတယ်နော် …

လက်မခံရင် စက်တင်ဘာတုန်းက - ဘုန်းကြီးတွေ မေတ္တာပို့ဆန္ဒပြတာကို ဘုန်းကြီးက ဘုန်းကြီးအလုပ်လုပ် .. နိုင်ငံရေးထဲ ၀င်မရှုပ်နဲ့ဆိုတဲ့ အစားထဲ ထည့်လိုက်မယ်လေ …

ဒကာ ဒကာမတွေဆင်းရဲရင် ဘုန်းကြီးလဲ လာဘ်ပိတ်တယ် … ဘုန်းကြီးတွေဟာ နိုင်ငံရေးနဲ့အတွက် ကောင်းတာမှန်ရင် ညွှန်ပြရမှာပဲ … ကိုယ့်လူမျိုးအရေးမှာ ထိခိုက်လာမယ်ထင်ရင် တားဆီးရမှာပဲ … ဒါ ဘုန်းကြီးတွေရဲ့အလုပ် …

ရှေးယခင်ခေတ်တွေကို ပြန်ကြည့်ကြည့်ပါ … အထက်တန်းကျောင်းဆိုတာတွေ မရှိခဲ့တဲ့ တချိန်ကပေါ့ … ရှင်ဘုရင်အစ ဟိုးအောက်ခြေ လှည်းကျောင်းသား နွားကျောင်းသားအဆုံး ဘုန်းကြီးကျောင်းသားချည်းပဲ … ဘုန်းကြီးကျောင်းသွားတယ် ဘာလုပ်လဲ … စာသင်တယ် … ရွာဦးကျောင်းပညာရေးက သင်ပေးလိုက်တဲ့ ပညာတွေကြောင့် အဲဒီဘုန်းကြီးကျောင်းသားလေးတွေ ကြီးလာတဲ့အချိန် မင်းတိုင်ပင်ခံ စိုးတိုင်ပင်ခံ ပဏ္ဍိတ ပညာရှိ က၀ိတွေ ဖြစ်လာကြတယ် … အဆင့်တန်းရှိရှိနေရတယ် …

အဲဒီ ရွာဦးဘုန်းကြီးကျောင်းတွေမှာ ပါဠိစာပေတင်မဟုတ်ဖူးနော် … မေတ္တာသုတ်ရွတ်နည်းကိုပဲ သင်ခဲ့တာမဟုတ်ဖူး .. … သူ့ခေတ်နဲ့ သူ့အခါ အဆင့်တန်းရှိတဲ့ လောကဓါတ်ပညာတွေ … သိုင်းပညာတွေပါ သင်ပေးခဲ့တာပဲ … ဗန်တို ဗန်ရှည်ဆိုတာ အဲဒီက စခဲ့တာပေါ့ … အဲဒီတော့ မေတ္တာဘာဝနာတွေ ပွားများတဲ့ ရွာဦးကျောင်းက ဆရာတော်တွေ ဘာလို့ သိုင်းသင်တာကို အားပေးခဲ့လဲ … အားပေးသင့်လို့ပေါ့ … ရပ်ရေးရွာရေး ကာကွယ်ဖို့၊ လူ့လောကကို အကျိုးပြုဖို့ပေါ့ …

လူဆိုတာ ပုထုဇဉ်တွေချည်းပဲ … ရဟန္တာမဖြစ်သေးခင် လူ့အလုပ်ကို လုပ်ရမှာပဲ … ရပ်ထဲရွာထဲ သူခိုး ဓါးပြ၀င် နိုင်ထက်စီးနင်းလုပ် အဓမ္မပြုကျင့်တာမျိုးကို ခန္တီစ .. သည်းခံခြင်းနဲ့ပဲ ဖြေရှင်းမလား … ရွာပျက်သွားတာပဲ အဖတ်တင်တာပေါ့ … ရွာကိုမီးလောင်တိုက်သွင်း ဘုန်းကြီးကျောင်းပါမီးရှို့ .. သာသနာပါ ပျက်ရပြီပေါ့ …အဲဒီတော့ ရွာဦးဆရာတော်ကလဲ သူ့ကျောင်းသားတွေကို သိုင်းသင်ဖို့ အားပေးတယ် …
ဒါလဲ သာသနာပြုတာပဲ …

သူ မြေတောင်မြှောက်ပေးလိုက်တဲ့ ရွာဦးကျောင်းထွက် ကျောင်းသားတွေ ပညာတွေ တတ်သွားကြရင် နောင်တချိန်မှာ သာသနာအတွက်လဲအကျိုးပြုမှာပေါ့ … ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပဲ …

ဒီလိုပဲ လူ့အရေးမှာ သံဃာတွေဝင်စွက်ခဲ့ရတာပြောမယ်ဆိုရင် ကုန်နိုင်စရာတောင် မရှိပါဘူး … ဘာသာေ၇းနဲ့ လူမှုရေး ဆက်စပ်နေတယ်လို့ ဆိုခဲ့တယ်မှလား …

Anonymous said...

နောက်တခု …
ဘုန်းကြီးက ဘုန်းကြိးအလုပ်ပဲ လုပ်ရမယ် … လူထွက်လို့ မရဘူးလို့ ပြောထားတာ ၀ိနည်းထဲမှာ ရှိသလား … ၀ိနည်းတွေ ဘာတွေ စဉ်းစားဖို့ ညဏ်မမှီရင်တောင် သမိုင်းအထောက်အထားနဲ့ ပြ … အဲဒီလိုမျိုးရှိခဲ့လား … မရှိခဲ့ဘူး …

ရှေးခေတ်က ရှင်ဘုရင်ကအစ နွားကျောင်းသားအဆုံး ဘုန်းကြီးကျောင်းထွက်ကြီးပဲ … ယောင်ပေစူးနဲ့ နှပ်ချီးတွဲလဲ အရွယ်ထဲက ရွာဦးဆရာတော်ဆီ ပို့လိုက်တယ် … ဘာလုပ်ဖို့လဲ … တရားအားထုတ်ပြီး မဂ်ဖိုနိဗာန် ရဖို့လား … မဟုတ်ဖူး ဒီအရွယ်လေးတွေ အဲဒါအကြောင်း ဘာသိဦးမှာလဲ …

ဘုန်းကြီးကျောင်းပို့တာ စာသင်ဖို့ … ပါဠိစာပေ လောကဓါတ်ပညာ သိုင်းပညာ .. အခြေခံလေးတွေကို ငယ်စဉ်ကတည်းက ရိုက်သွင်းပေးတာ … အဲဒီပညာတွေ တတ်ထားမှ လူရာဝင်မှာကိုး …
အဲဒီတော့ မိဘတိုင်းက ကိုယ့်သားသမီးကို ဘုန်းကြီးကျောင်းပို့ကြတယ် … ရှင်ဘုရင် မှုးကြီးမတ်ကြီးက အစ … နွားကျောင်းသားအဆုံး ဘုန်းကြီးကျောင်းထွက်တွေချည်းပဲ … အဆုံးပြောရရင် တနိုင်ငံလုံးပေါ့ … ဘုန်းကြီးကျောင်းသားလူထွက်ကြီးပဲ …

အဲဒီ နှပ်ချီးတွဲလဲ ကိုရင်လေးတွေကနေ ဦးဇင်းဖြစ် … ဦးဇင်းကနေ သာသနာ့ဘောင်မှာ ပျော်ရင် ဆက်နေ… ဆရာတော်ကြီးဖြစ် … မပျော်ရင် လူထွက် … အိမ်ထောင်ပြုသားမွေး … လူဝတ်တလှည့်နဲ့ သာသနာပြု …

အဲဒါတွေ ရှိခဲ့တာပဲ … ၀ိနည်း ချိုးဖောက်လား မချိုးဖောက်ဖူး .. လူ့လောက အကျိုးပြုလား .. ပြုတယ် …

ရွာမှာ ကလေး အယောက် ၁၀၀ ရှိရင် ၉၉ ယောက် ဘုန်းကြီးကျောင်းသား ကိုရင် ဖြစ်တယ် … လူ ဘယ်နှယောက် ပြန်ထွက်လဲ … ၉၅ ယောက် ပြန်ထွက်တယ် …

နှပ်ချီးတွဲလဲဘ၀တည်းက သာသနာ့ဘောင်ဝင်တယ် … လူပျိုပေါက်စအရွယ် ကိုရင်ဘ၀မှာ လူပြန်ထွက်ကြတယ် … ဘာလို့လဲ … အများက ရည်းစားလွမ်းလို့ … ကိုရင် ပေါက်စလေးတွေနဲ့ ရွာက အပျိုပေါက်လေးတွေ ချစ်ကြကြိုက်ကြတဲ့ သာဓကတွေ အများကြီး … မချစ်ကြိုက်လို့မှ မရပဲကိုး …

ဘုန်းကြီးကျောင်းသားကိုရင်ကိုမှ မယူရင် တခြားရွေးစရာလူမှ မရှိပဲကိုး … အဲဒီလို ချစ်ကြိုက်ရည်ငံခဲ့ကြတယ် … သက်သေအထောက်အထားနဲ့ ကိုရင်က ပေးတဲ့ ရည်းစားစာတောင် ရှိသေး …
အပျိုလေးက ကိုရင်အတွက် စာစပ်ထားတာလဲ ရှိပါ့ .. “ပျိုတို့မောင် ရှင်လိမ်ပြန်ရင်” ဆိုတဲ့ စကားလေးကိုလဲ မှတ်မိမှာပေါ့ .. စာထဲမှာလဲ သင်ရသားပဲ … အဲဒီလို ချစ်ကြ ကြိုက်ကြတာကို မြန်မာ့လူဘောင် အဖွဲ့စည်းက လက်ခံခဲ့လား … သိပ်လက်ခံခဲ့တာပေါ့ … ကိုရင်လေး လူမထွက်ခင်တည်းက သမီးရှင်မိဘကိုယ်တိုင်က အိမ်ကိုပင့်ဆွမ်းလောင်း သမီးနဲ့ ရည်ငံဖို့ လမ်းကြောင်းပေးခဲ့တဲ့ သာဓကတွေ အများကြီးပေါ့ …

၉၉ယောက် ကိုရင်ဝတ်ပြီး တယောက်မှ ပြန်မထွက်ရင် ရပ်ရေးရွာရေး လောက်လောက်ငါးငါး အားထားရမယ့် ယောကျာ်းလူငယ်လေးတွေ ဘယ်မှာကျန်တော့မလဲ … အိမ်ထောင်ပြု သားမွေးပြီး သာသနာကို ပံ့ပိုးမယ့်သူတွေ ဘယ်မှာ ကျန်တော့မလဲ …

အဲဒါကြောင့်လဲ ရွာဦးကျောင်းဆရာတော်ကလဲ ခွင့်ပြုတယ် … မြန်မာ့ လူ့ဘောင်အဖွဲ့စည်းကလဲ ကျေကျေနပ်နပ်ကြီးလက်ခံခဲ့တယ် …

ဘာလို့ ကျေကျေနပ်နပ်ကြိး လက်ခံခဲ့လဲ .. ရွာဦးကျောင်းက သင်ပေးလိုက်တဲ့ ပညာက တချိန်မှာ လူတလုံးသူတလုံးဖြစ်အောင် လုပ်ပေးနိုင်လို့ … အဆင့်အတန်းရှိရှိနေနိုင်အောင် လုပ်ပေးနိုင်လို့ … အဲဒီ ဘုန်းကြီးကျောင်းသားကိုရင်လေးတွေပဲ တချိန်မှာ ပဏ္ဍိတာ ပညာရှိတွေ ဖြစ်သွားကြတယ် … မင်တိုင်ပင် စိုးတိုင်ပင် အမတ်ကြီးတွေ ဖြစ်လာကြတယ် … ယုတ်စွအဆုံး ... ပညာတတ် သာမဏေကျော်ကို လူဝတ်လဲပြီး .. ရှင်ဘုရင်အရာတောင် ထားခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်မှလား …

အဲဒါကြောင့်လဲ စာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့ ကိုရင် လူငယ်လေးတွေကို သမီးရှင်တွေကိုယ်တိုင်က ကျောင်းလမ်းပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာပေါ့ … စာပေတတ်တဲ့ ကိုရင်လေး လူထွက်လို့ သူ့သမီးနဲ့ အိမ်ထောင်ကျရင် သူ့သမီး နောင်ရေး ကောင်းစားမယ် .. ဒီသဘောပဲလေ …

အဲဒါ ဘုန်းကြီးကျောင်းပညာရေး ခေတ်ကောင်းတုန်းကပေါ့ …

နောက်တော့ .. ကိုလိုနီခေတ်ရောက်လာတယ် … အထက်တန်းကျောင်းပညာရေးစနစ် ထွန်းကားလာတယ် … တိုးတက်လာတဲ့ ပညာရေးကို ရှေးရိုးထုံးစံလိုက်တဲ့ ဘုန်းကြီးကျောင်းပညာရေးက လိုက်မမှီတော့ဘူး … အထက်တန်းကျောင်းက ပြိးလို့ ယူနီဗာစီတီက ဘွဲ့ရရင် မြို့အုပ်မင်း အရေးပိုင်လောက် နေရာမှန်းလို့ရတယ် … ဘုန်းကြီးကျောင်းထွက်ဆိုရင် စာကိုရေးတတ်ဖတ်တတ်ရုံလောက်ပဲထားတဲ့အနေထား ရောက်လာတယ် … ဘုန်းကြီးကျောင်းက သင်ပေးတဲ့ ပါဠိကို ရှလွတ်ရှလွတ်နဲ့ပြောတတ်တဲ့အဖြူတွေကြားမှာ နေရ မပေးတော့ပဲကိုး …

အဲဒီလို ဘုန်းကြီးကျောင်းသားလေးတွေ လူထွက်ပြီးရင် စာရေးစာချီ အလုပ်လုပ်ဖို့ကိုတောင် လူရာမသွင်းခံရတဲ့အချိန်မှာ ဘုန်းကြီးကျောင်းသား သူတောင်းစားဆိုတဲ့ စကားပေါ်လာတာပေါ့ …

Anonymous said...

ဘုန်းကြီးကျောင်းက ပေးလိုက်တဲ့ ပညာရေးစနစ်ဟာ အဲဒီခေတ်မှာ နေရာမရတော့ဘူး … အဲဒီလို မရေရာတဲ့ အနာဂတ်မျိုးရှိနေတဲ့ ကိုရင်လေးတွေကိုလဲ ဘယ်သမီးရှင်မိဘက သူ့သမီးနဲ့ သဘောတူနိုင်တော့ပါမလဲ … အဲဒီအချိန်ကစပြီး မိဘတွေကိုယ်တိုင်ကလဲ … နင်ဘုန်းကြီးလူထွက်ယူရင် သာသနာဖျက်မ ဖြစ်မယ်နော်ဆိုပြီး ခြောက်လှန့်လာတာပေါ့ … သဘာဝကျပါတယ် …

အဲဒီခေတ်က စတင်လာတဲ့ ဘုန်းကြီးကျောင်းပညာရေး နိမ့်ကျမှုဟာ ဒီဖက်ခေတ်အထိပဲ …

အဲဒါကိုတွေးမြင်ခဲ့လို့ပဲ သမိုင်းတလျှောက်မှာ ဆရာတော်တွေက ဘုန်းကြီးကျောင်းပညာရေးကို အဆင့်တန်းမှီ ပညာရေးဖြစ်ချင်အောင် ကြိုးစားခဲ့ကြတယ် …
ပါဠိစာပေ ဘုရားဟောကျမ်းဂန်တင် မကဘူး ... ခေတ်ပညာ စာပေတွေ ဘာသာခြားအယူဝါဒ ကိုပါ လေ့လာခဲ့ကြတယ် … ဝေဖန် ဆွေးနွေးခဲ့ကြတယ် …

လယ်တီ ဆရာတော်ကြီး မဟာဂန္မာရုံဆရာတော်ကြီး အရှင်ဥတ္တမ စသည်ဖြင့် သာသနာ့ အာဇာနည်များစွာ သမိုင်းကြောင်းမှာ အထင်အရှားရှိခဲ့တယ် … သူတို့ရဲ့ ဝေဖန်ဆွေးနွေးချက်တွေ အထင်ရှားရှိတယ် ...

ခေတ်ပြိုင် အယူဝါဒတွေ ထွန်းကားလာတဲ့ ဒီလိုအချိန်မှာ ကိုယ့် သာသနာ ထွန်းကားဖို့ဆို ယဿာနုဘာဝတော ရွတ်နေယုံနဲ့ မရတော့ဘူး … ခေတ်အမြင်ရှိရမယ် … တခြားအယူဝါဒတွေနဲ့ ယှဉ်ပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမယ် … ဝေဖန်ပိုင်းခြားတဲ့အတိုင် ချပြရဲတဲ့ သတ္တိလဲ ရှိရမယ် …

အဲဒါကြောင့်လဲ ဒီခေတ်မှာ ပြည်ပမှာ ခေတ်ပညာတွေ လေ့လာ ဆည်းပူးနေတဲ့ သံဃာတော်တွေ တွေ့ရတာပဲ … ဘုရားဟောပိဋကတ်တွေတင်မက ခေတ်ပညာတွေကိုပါ လေ့လာကြတယ် … ဘာသာခြားအယူဝါဒတွေကိုလေ့လာကြတယ် … အဲဒါ တခြားဘာသာကို စော်ကားဖို့လုပ်တာမဟုတ်ဖူး ... အချက်လက်နဲ့ ဆွေးနွေးဝေဖန်သရွေ့ တခြားဘာသာကို စော်ကားတာမဟုတ်ဖူး ... အရှိကို အရှိအတိုင်း ပြောတာ ... သာသနာပြန့်ပွားဖို့လုပ်တာပဲ …
အမှားသိရင် အမှန်ရောက်မယ် ... ဒီသဘောပဲ ...

ဘာလို့ ဗုဒဘာသာကို မှန်ကန်ပြည့်စုံတဲ့ အယူဝါဒလို့ မှတ်ကျောက်တင်နိုင်လဲ ... အဲဒီလို ဝေဖန်ပိုင်းခြားတတ်တဲ့ ဆရာတော်တွေ ပေါ်ခဲ့လို့ပဲ ... မဟုတ်ရင် သီဟိုပြန်ဆရာတော်တွေ ရေးခဲ့တဲ့ အဌကထာတွေကို ဘုရားဟောအစစ်ပါဆိုပြီး ရောယောင်ချကုန်ကြတော့မှာပေါ့ ...

နောက်တခုက ဘုန်းကြီးလဲ မပျော်တဲ့အချိန်လူထွက်လို့ရတယ် … လူထွက်ပြီးမှ အိမ်ထောင်ပြုတာ … ဒါ ၀ိနည်းကို ချိုးဖောက်တာ မဟုတ်ဖူး … လူ့လောက အကျိုးစီးပွာကိုလုပ် … ကြီးပွားချမ်းသာအောင်လုပ် … လူဝတ်နဲ့ တဖက်တလမ်းက သာသနာကို ပံ့ပိုး … ချမ်းသာအောင် စီးပွားရှာပြီး သာသနာကိုပံ့ပိုး … ဒါလဲ သာသနာပြုတာပဲ … ဘယ်သူကလဲ ဘုန်းကြီးဝတ်နဲ့ မိန်းမယူမယ်ပြောသလဲ … ဦးနှောက်လေးနဲနဲသုံး စဉ်းစားပေါ့ …

ဒီလောက်ပါပဲ … ဆက်ဆွေးနွေးကြပါဦး … အမြင်တွေ ရှင်းလင်းသွားအောင်ပေါ့ …

(ဒါနဲ့ အဲဒီကလျာက ဒီဂါဒီယန်ဘလော့မှာတင်ထားတဲ့ ကလျာနဲ့ အတူတူပဲလားတော့ မသိဘူး ... ဒါဆိုရင်တော့ ဗုဒ္ဓဘာသာ ဖြစ်နိုင်ချေ နည်းတယ် ... ဘာပဲဖြစ်ဖြစ် ၀င်ဆွေးနွေးတဲ့အတွက်တော့ ကျေးဇူးတင်တာပေါ့ ... ဆွေးနွေးတဲ့ အခါမှာလဲ သူများတွေလို အချက်လက်လေးထည့် (ဘာကြောင့် ကိုယ်ဘာလို့ပြောရတယ်ဆိုတာမျိုး) ဆွေးနွေးပေါ့ ... ဘာအချက်အလက်မှမရှိပဲ ဖင်ပိတ်ငြင်းနေတော့ ဦးနှောက်ထဲမှာလဲ ဘာမှ မရှိတဲ့ပုံစံမျိုး ပေါက်နေတယ် …

Anonymous said...

ှဥက္ကဌ *

Zay Tar Yar said...

အန်ကယ်တိုးအောင်မင်္ဂလာပါ ကျွှန်တော်နာမည်ဇေတာရာပါခင်မျာ အသက်၂၇ ပါ ဆရာတော်ဦးကုမာရကိုရေးပေးထားတဲ့ကွန်မင့်နဲ့ ပတ်သက်ပြီးပြောပါရစေခင်မျာ ဇေဆရာတော်ရဲ့ဘလော့တွေကိုလိုက်ဖက်နေတာကြာပါပြီ တော်တော်လေးသဘောကျပါတယ် အခုအဲဒါလေးကိုပြောချင်လို့ပါ အန်ကယ်ရဲ့ကွန်မင့်မှာ ဆရာတော့်ကိုထေရဝါဒ ရဟန်းတော်များကို အလွန်ပုတ်ခတ်ပြီး ထေရဝါဒနဲ့ မဟာယာန ညီညွတ်ရမယ်ဆိုတဲ့စကား အမြဲ ပြောပါတယ်။ ဒါဟာလဲ ရိုးသားစွာ မဟုတ်ဘဲ မိန်းမယူခွင့်၊ ဝိနည်းတွေ ဘေးချိတ်ပြီး နေချင်သလို နေခွင့်ကို ဗုဒ္ဓဘာသာထဲ သွတ်သွင်းလာချင်တဲ့ အကြံသမားတစ်ဦးမှန်း မြင်နေရပါတယ်။ လို့ရေးထားတာဖက်ရပါတယ် ဆရာတော်ရေးထားတာက နောက်ဆုံး.. ကုန်ကုန်ပြောရရင်..

တိတ်တိတ်ပုန်းမိန်းမယူ ထားတဲ့ အရေခြုံဒုဿီလ ရဟန်းတု ရဟန်းယောင်ကို ပင်လျှင်...

အော်.. သမ္မာဒိဌိ အယူရှိပါသေးလား၊ ဘာသာခြားဖြစ်မသွားတာကိုပဲ တော်လှပြီ။ကောင်းမြတ်လှပါပီ..။ အချင်းချင်း ညီရင်းအစ်ကို လိုစိတ်ဓါတ်ဖြင့်.. တူတာတွေ ကိုကြည့် ပြီး၊ မဟာယာနဖြစ်ပစေဦးတော့..

ညီညွှတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်။


တို့တတွေဟာ ဆရာတူတပည့်တွေပဲ။

တို့တတွေဟာ ရတနာသုံးပါး ကို သက်ဝင်ကြည်ညိုကြသူတွေချည်းပဲ..လို့ရေးထားတာကိုဖက်ရပါတယ် ဇေသိချင်တာကအဲစကားရပ်နဲ့အန်ကယ်ရဲ့သုံးသပ်ချက်ကဘယ်လိုပတ်သက်နေတာလဲဆိုတာကိုဇေမရှင်းဘူးခင်မျာ ဆရာတော်ဟာတော်တော်များများဘလော့တွေကိုမြန်မာလိုဘဲရေးတာတွေ့ပါတယ် ဇေနားလည်လိုက်တာက အန်ကယ်ရဲ့ကွန်မင့်ဟာဆရာကဘာသာခြား မဖြစ်ရင်တော်ပြီမင်းတို့နေချင်သလိုနေရဟန်းလဲမန်းမယူကွာ မဟာယာနလဲအတုခိုးဟလို့ အတင်းမုချလုပ်ရမယ်လို့တိုက်တွန်းထားလို့လား အဲအတိုင်းကျင့်ရမယ်လို့ ရောပြောနေတာလားခင်မျာ အန်ကယ်ဆရာတော်ရဲ့စာကိုသဘောမပေါက်တာ ၀မ်းနည်းဘို့ကောင်းတယ် အန်ကယ့်ရဲ့စာတွေကဆရာတော်ကဘဲအဲလိုဝါဒရှိသလိုလို အဲလိုဟောပြောနေလို့ဘဲထေရ၀ါဒဘက်ကကာကွယ်နေရသလိုလိုရေးထားတယ်နော် အန်ကယ်မြန်မာစာဖက်ပုံမပေါ်ဘူးနော် ဆရာတော်ပြောတာရှင်းရှင်းလေးပါ နောက်ဆုံးကုန်ကုန်ပြောရရင် ဆိုတာလေ နောက်ဆုံးပိတ်ပြောမယ် အဆုးစွန်ဆုံးပြောမယ် ဆိုတဲ့သဘောကိုပြောတာပါ သာမည ဆိုထားတဲ့စကား ဖြစ်ပါတယ် .( သာမည၀စနံ သဗ္ဗသာဓာဓနံ )လို့ မြန်မာစာရေးထုံးမှာရှိတယ်ခင်မျာ သာမညဆိုတဲ့စကားဟာအလုံးစုံးနဲ့ဆက်ဆက်တယ်တဲ့ အန်ကယ်ကဆရာတော်ရဲ့ ဥပမာ စကားကို အတည်ယူ အကျကောက်ပြောတာဘဲ မြန်မာစာဆိုတာမြန်မာတယောက်အတွက်သိပ်လွယ်တဲ့စာပေပါအန်ကယ် ဇေငယ်ငယ်ကပုံပြင်တခုကြားဘူးပါတယ် ယူနီတတ်နေတဲ့ ကျောင်းသားတယောက်ကိုကောင်မလေးကလိုက်ပြီးစာပေးတယ်တဲ့ အဲကျောင်းသားကြီးက အဲကောင်လေးကကောင်မလေးစာပြန်လိုက်တယ် အန်ကယ် ခင့်ဟာငယ်ပါသေးတယ်တယ်တဲ့ တကယ်ရေးတာတော့ခင်ဟာငယ်ပါသေးတယ်လို့ရေးတာပါ အောက်ကမြင့်ပိုသွားလို့ အဲကျောင်းသားပါးရိုက်ခံလိုက်ရပါတယ် အဲပုံပြင်လေးလိုပါဘဲ အန်ကယ်ဟာ ဥပမာကိုအတည်ယူပြီး အန်ကယ်ထင်သလိုရေးနေပါတယ် အန်ကယ်ဟာဘာသာရေးကိုကာကွယ်နေတဲ့ဟန်နဲ့ရေးပေမဲ့ အန်ကဲ့ရဲ့စာဟာကာကွယ်ရေးစာမဟုတ်ပါဘူး ပို၈်ဂိုလ်ရေးရာ ချုံ့ချစာပါ အန်ကယ်ဟာဘာသာရေးကိုတကယ်သက်ဝင်သူမဟုတ်ပါဘူး ဘာလို့လဲဆိုရင် ဆရာတော်ကုမာရကိုလူမဟုတ်မှန်းတော့အန်ကယ်သိလောက်ပါတယ် ဒါပေမဲ့အန်ကယ့်အသုံးတွေက တော်တော်လေးကိုကြမ်းတမ်းပါတယ် ဘုန်းကြီးဆိုတာသိရက်နဲ့တောင်အန်ကယ့်ရဲ့အသုံးနှုန်းတွေကဘာသာသနာကိုတကယ်ချစ်တဲ့လူရဲ့အသုံးဟုတ်ရဲ့လားလို့မေးခွန်းထုတ်ရမလောက်ဖြစ်နေပါတယ် အန်ကယ်မျက်စိအရှေ့မှာအဲကိုယ်တော်မိန်းမနဲ့အိပ်နေတယ်ဆိုရင်ဇေတို့လဲဝိုင်းရိုက်ပါမယ် အခုသူကဘယ်လိုရဟန်းမှန်းမသိဘဲနဲ့ အန်ကယ်မြန်မာစာမတတ်တာနဲ့ လိုက်ပုတ်ခတ်နေတာဟာတော်တော်လေးကိုဝမ်းနည်းစရာကောင်းပါတယ် အကယ်လို့သာ သီလတပါးပါးလုံခြုံနေတဲ့ရဟန်းဆိုရင်တော့ အဲအကျိုးဆက်ဟာ တော်တော်လေးကြောက်စရာကောင်းပါတယ်အန်ကယ် ဇေအမြင်ကဆရာတော်ဟာ ဘာသာတူတွေညီညွတ်ဘို့နဲ့ ရဟန်းပါရာဇိကကျတွေတောင်ဘာသာခြားတွေထက်မြတ်တယ်လို့ ရေးသားထားတယ်လို့ မြင်ပါတယ် အန်ကယ်က ဘာသာကိုဖျက်နေတယ် အကျင့်ပျက်ချစားဘာညာနဲ့ ပြောနေတယ် အန်ကယ့်ရဲ့စကားဟာအန်ကယ်မှာတာဝန်ရှိပါတယ် (ရဟန်းဟာ သမန်းမြက် နဲ့တူတယ်အန်ကယ် သမန်းမြတ်ကိုကိုင်ရင်တိတိကျကျကိုင်ရတယ် မထိတထိကိုင်ရင်လက်ကိုရှတယ်) အဲလိုပါဘဲ ပညာရှိဆိုတာသတိဖြစ်ခဲတတ်ပါတယ်
နောင်များမှာကွန်မင့်ပေးမယ်ဆိုရင်ရေးသားသူရဲ့အာဘော်ကိုမိအောင်အရင်ဖက်ပြီးမှ ဝေဘန်သုံးသပ်ပါ အဲဘုန်းကြီးဟာ အန်ကယ်ပြောသလိုကျင့်နေတယ် ပို့ချနေတယ်တိုက်တွန်းနေတယ်ဆိုရင် ဇေလဲဗုဒ္ဓဘာသာဝင်ပါ အဲလိုလူကိုဆွမ်းမလောင်းနိုင်ပါဘူး နဖူးကကျတဲ့ချွေးခြေမကျအောင်ရှာထားတဲ့ငွေတဲ့ မထောက်ပံ့နိုင်ပါဘူး အဲကိုယ်တော်ဆော်ပါ့မယ် အခုဟာကဘုန်းကြီးပြောတာတခြားအန်ကယ်တို့ပြောတာတခုဖြစ်နေလို့ ၀င်ရေးရတာပါ ပညာရှိဆိုတာသတိဖြစ်ခဲတတ်ပါတယ် ဇေဟာအန်ကယ့်ကိုမမြင်ဘူးသလိုဘုန်းကြီးကိုလဲမသိပါဘူး ဇေပြောတာကိုဇေတာဝန်လုံးဝယူပါတယ် လုံးဝကိုစေတနာသက်သက်ပါ ဒါကြောင့်မို့လို့ အားလုံးသတိတရားလေးနဲ့စာကိုဖက်ကြဘို့ သတိပေးပါတယ် စာတစ်ပိုဒ်ကိုကျကျနနမဖက်မိတာနဲ့ အကုသိုလ်တပုံကြီးရမဲ့အလုပ်မျိုးကိုတော့ဘယ်လိုဘာသာဝင်ကမှလက်ခံမှာမဟုတ်ပါဘူး ခင်မျာ ဟုတ်ကဲ့ ကျွှန်တော်ဇေတာရာပါ ရွင်လန်းချမ်းမြေ့ကြပါစေ..........

Zay Tar Yar said...

ကလျာရေ မင်္ဂလာပါ ဇေတာရာလို့ခေါ်ပါတယ်ကွန်မင့်တွေနဲ့ပတ်သက်ပြီးအကြံပေးချင်လို့ပါ မင်းဝက်ဆိုက်တွေမှာစာရေးမဲ့အချိန်တွေကို
မြန်မာစာဖက်ချင်းနဲ့ ပြောင်းလဲအသုံးချရင်ကောင်းလိုက်မယ်လို့ထင်ပါတယ်ဘာ
လို့လဲဆိုရင်မင်းမြန်မာစာကိုမဖက်တတ်သေးဘူး မုချစကားလား ဥပစာစကားလားဆိုတာမင်းမသိဘူး မုချစကားဆိုတာကကွာကြိန်းသေလုပ်ရမယ်မဲ့ဟာကွာ ဥပစာဆိုတာကတော့ သာမန်စကားလို့မင်းနားလည်ထားရင်မင်းရေးတဲ့ကွန်မင့်နဲ့ဆရာတော်ကုမာရရေးတဲ့ သဘောတရားတွေနဲ့က
ဆန့်ကျင်ဘက်ကြီးဖြစ်နေတယ်ဆိုတာမင်းကောင်းကောင်းသဘောပေါက်လာလိမ့်မယ် မင်းကွန်မင့်နဲ့ ဆရာတ်ေရေးတဲ့စာကိုယှဉ်ဖက်လိုက်တဲ့အခါမှာ အဖြေတခုထွက်လာတယ် မင်းမြန်မာစာကိုရေးတတ်ရုံနဲ့ဖက်တတ်ရုံဘဲတတ်တယ်
လို့ဘဲအဖြေထွက်လာတယ် မရေးတတ်တော့ဆဲသလို
ဖြစ်တာပေါ့ကွာ မင်းဘာရေးတယ်ဆိုတာကိုမပြောတော့ဘူး ဘာလို့လဲ
ဆိုရင် မင်းရေးတာဟာဆရာတော်စာနဲ့ဘာမှမပတ်သတ်လို့ဘဲ
မြန်မာစကားပုံ တခုရှိတယ်လူထူရင် အနူဆိုင်ဖွင့်တတ်တယ်တဲ့ မင်းဟာကမြန်မာစာတတ်တဲ့လူတွေထဲမှာ သင်ဗုန်းကြီးမကုန်တဲ့လူက ကဗျာဝင်ရွတ်သလိုဖြစ်နေတယ် ကိုမောင်ကောင်း ကိုတိုးအောင်တို့လဲမြန်မာစာဖက်ကြဘို့ နဲ့ဖက်ပြီးရင်လဲဖက်လိုက်တဲ့စာကဘာကိုပြောတာလဲဆို
တာကိုသဘောနားလည်နိုင်အောင် ကြိုးစားကြပါလို့တိုက်တွန်းပါတယ် ဘာလို့လဲဆိုရင်ဘုန်းကြီးပညာတတ်တွေပါသလို လူပညာတတ်တွေနဲ့ အချို့သောဘာသာဝင်တွေလဲဒီဆိုက်မှာဝင်ဖက်နေတာကိုတွေ့ရပါတယ် ဒါကြောင့်မြန်မာစာအားနဲမှု့ကြောင့်
လိုရင်မရောက်ဘဲရေးချင်တာရေးစိတ်ထဲရှိတာပြောဆိုရင်ကဲ့ရဲ့စရာဖြစ်နေပါလိမ့်မယ် ဒါကြောင့် ကွန်မင့်ပေးတော့မယ်ဆိုရင်လဲ ကိုယ်ပေးမဲ့ကွန်မင့်ကစာကိုဖက်ပြီး ရေးတဲ့လူကိုပြန်မေးပါဘာကိုဆိုလိုသလဲ ဘာကိုပြောချင်တာလဲဆိုတာ တိတိကျကျသိမှ ကိုယ့်
ရဲ့သဘောထားကိုလွတ်လပ်စွာတင်ပြဆွေးနွေးကြပါလို့
စေတနာကောင်းနဲ့တိုက်တွန်းအပ်ပါတယ်ခင်မျာ မှန်ကန်ပြီးအကျိုးလိုလားတဲ့စကားဆိုတာ ချိုသာခဲပါတယ် ဟုတ်ကဲ့ ကျွှန်တော်ဇေတာရာပါခင်မျာ.........။

တိုးအောင် said...

ဇေက ဇေက နဲ့ ခင်ဗျား ပတ်ချွဲနပ်ချွဲ ပြောပုံက ယောက်ျားချင်းတောင် ဖက်မနမ်းမိဖို့ တော်တော် စိတ်ထိန်းရမယ့်ကိန်းပဲ။ ကျုပ်အသက် ၃၀ကျော်လာပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် အသက်၂၀ ပြည့်ကတည်းက ကိုယ့်ကိုယ်ကိုယ် လူကြီးဖြစ်ပြီ၊ လူလားမြောက်ပြီ မြင်တော့ အန်ကယ်အခေါ်ခံရတာ ကြိုက်ပါတယ်။ ဒါပေမယ့် ယောက်ျားချင်း စကားပြောသလို ရိုးရိုးသားသား ပြောပါလား ကျေးဇူးရှင်ရယ်။ ကျွန်တော် အခြောက်လဲ မကြိုက်တတ်ပါဘူး။ ဘုရားစူးရစေရဲ့။

တိုးအောင် said...

မကလျာကို မြန်မာစာသင်ဖို့ သွားပြောတဲ့ ခင်ဗျားစာက သတ်ပုံမှားလွန်းနေတော့ ဟိုခမျာ ဖတ်ပြီး ဘာပြန်ပြောရမှန်းတောင် သိမှာမဟုတ်ဘူး။ ''''ဆာယေးလျဉ် သပ်ပုဏ်မှံဘာဆေ'''' ဆိုတာမျိုး ဖြစ်နေတယ်။

မြန်မာစာ ဖက်ကြဖို့ အထပ်ထပ် တိုက်တွန်းတာလဲ ကျေးဇူးတင်ပါတယ်။ ဘယ့်နှယ်များ ဖက်လိုက်ရပါ့။

တိုးအောင် said...

ကိုအောင်ဦးရေ
စိတ်ဆိုးအောင်၊ ဒေါသစကားထွက်အောင် တမင် လာဆွတာ ဖြစ်နိုင်တယ်ဆိုတာ ရေးပြီးမှ သတိထားမိတယ်။ တောင်းပန်ပါတယ်။ မလိုတဲ့ ကွန်မန့်ဆို ပြန်ဖြုတ်ပေးပါဗျာ။

တိုးအောင် said...

ပျိုတို့မောင် ရှင်လိင်ပြန်ရင် ဆိုတဲ့ ကဗျာက ဒုလ္လဘ ကိုရင်ဝတ်တဲ့ ကာလသားလေးအတွက် ရေးထားတာပါ။ ကဗျာဆရာက သူ့ကို လူအထင်သေးခံပြီး ကိုရင်နဲ့ မိန်းကလေး အချစ်ဇာတ်လမ်းအဖြစ် ရေးတာ မဟုတ်ပါဘူး။ ရှေးတုန်းကတည်းက ရွာတွေမှာ ကိုရင်ဝတ်နဲ့ အမြဲနေနိုင်သူက အနည်းစုပါ။ သားရှင်ပြုအလှူပေး၊ ရက်ပိုင်း ဒုလ္လဘဝတ်၊ လူပြန်ထွက်ကြတာပါပဲ။ မိဘတွေ ရှင်ပြုပေးလို့ ခဏ ကိုရင်ဝတ်မယ့် ကာလသား လူငယ်လေးကို ဆိုလိုတာပါ။ အမြဲဝတ် သံဃာသာမဏေကို ပြစ်မှားရင်တော့ သာသနာဖျက်မယ့် အရပ်ပျက်မလို့ ဝိုင်းအကြဉ်ခံရပါတယ်။

ဘုန်းကြီးလဲ မပျော်ရင် လူထွက်လို့ ရတယ်ဆိုတာ မှန်ပါတယ်။ လူမထွက်ရဘူး ဘာဥပဒေမှ တားမထားပါဘူး။ လူမထွက်ဘဲ သာသနာ့ဘောင်ထဲမှာ ပါရာဇိက ကျပြီး ဆက်နေမှာကိုသာ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းက လက်မခံတာပါ။

Zay Tar Yar said...

ကိုတိုးအောင်မင်္ဂလာပါခင်မျာ ဇေကွန်မင့်လေးကိုလာဖက်
သွားတာကျေးဇူးတင်ပါတယ် စကားပြောတာကတော့အကျင့်ပါနေလို့ ဇေဇေနဲ့ပြောတတ်တာမျိုးပါ ဇေဂေးဆိုလဲ ဒါကတော့ဇေ့ကိုယ်ရေးကိုတာပါ ထိခိုက်လဲရပါတယ် ဇေတဦးတည်းနဲ့သာဆိုင်လို့ပါ ဒါပေမဲ့ဝက်ဆိုက်မှာရေးတာကတော့ အများနဲ့ဆိုင်တဲ့ကိစ္စပါ ဒါမို့လို့ အများနဲ့ဆိုင်တာလေးများကိုသာ ဆွေးနွေးစေလိုပါတယ်
ဇေလဲအဲဒါမို့လို့ ၀င်ပြီးရေးလိုက်တာပါ ဇေ့ကိုရေးကိုတာနဲ့ပတ်သက်လို့ဆွေးနွေးမယ်ဆိုရင်တော့ဇေ့မေးကိုအပ်ပြီးလာဆွေးနွေးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ကျွှန်တော်ဇေတာရာပါခင်မျာ.....။

Zay Tar Yar said...

ကိုတိုးအောင်မင်္ဂလာပါခင်မျာ ဇေကွန်မင့်လေးကိုလာဖက်
သွားတာကျေးဇူးတင်ပါတယ် စကားပြောတာကတော့အကျင့်ပါနေလို့ ဇေဇေနဲ့ပြောတတ်တာမျိုးပါ ဇေဂေးဆိုလဲ ဒါကတော့ဇေ့ကိုယ်ရေးကိုတာပါ ထိခိုက်လဲရပါတယ် ဇေတဦးတည်းနဲ့သာဆိုင်လို့ပါ ဒါပေမဲ့ဝက်ဆိုက်မှာရေးတာကတော့ အများနဲ့ဆိုင်တဲ့ကိစ္စပါ ဒါမို့လို့ အများနဲ့ဆိုင်တာလေးများကိုသာ ဆွေးနွေးစေလိုပါတယ်
ဇေလဲအဲဒါမို့လို့ ၀င်ပြီးရေးလိုက်တာပါ ဇေ့ကိုရေးကိုတာနဲ့ပတ်သက်လို့ဆွေးနွေးမယ်ဆိုရင်တော့ဇေ့မေးကိုအပ်ပြီးလာဆွေးနွေးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ကျွှန်တော်ဇေတာရာပါခင်မျာ.....။

Zay Tar Yar said...

ကိုတိုးအောင် ကိုမောင်ကောင်း မကလျာတို့ကိုမြန်မာစာ
ဖက်ဘို့တိုက်တွန်းခဲ့ပေမဲ့ ဇေကိုယ်တိုင်ကသက်ပုံမမှန်ခဲ့
တော့ ရိုင်းပြသလိုဖြစ်ခဲ့ရင်ဝန်ချပါတယ်ခင်မျာ ဇေ့စေတ
နာကတော့ ဘုန်းကြီးနဲ့လူဖြစ်နေလို့ ဘယ်လိုဘုန်းကြီးမှန်းမသိဘဲ ဘုန်းကြီးနဲ့မသင့်တော်တဲ့အသုံးအနှုန်းများကိုသုံးစွဲမှိရင်အပြစ်ဖြစ်မှာဆိုးတာရယ် ရေးတဲ့ဘုန်းကြီးကလဲပေးထားတဲ့ကွန်မင့်တွေဖက်ပြီး စာဆက်မရေးတော့ဘဲနေမှာဆိုးတာရယ်ကြောင့်စေတနာနဲ့သာဝင်အလောတကြီးဝင်ကြီးမှိတာဖြစ်ကြောင်းရိုးသားစွာဝန်ခံပါတယ်ခင်မျာ ဘာသာတူညီကိုယ်မောင်နှမများ ပျော်ရွင်စွာရေးသားနိုင်ကြပါစေ ကျွှန်တော်ဇေတာရာပါ..။

ကလျာ said...

ဇေရေ. ဇေစာလုံးပေါင်းတွေ ဖတ်ပြီး (ဖက်လို့ မရေးရပါ) ရီနေမိတယ်။ ဒီလောက်စာလုံးပေါင်း မှားနေတာ ကျောင်းမှာ မသင်ခဲ့ရဘူးလားလို့တောင် ထင်မိပါတယ်။ ဒါမှမဟုတ် ဘိုလိုပဲ သင်ခဲ့လို့ မတတ်တာလားလို့ ထင်မိပါတယ်။ ဒီလောက်မှားနေတဲ့ စာကို ဖတ်ဖို့ စိတ်မရှည်တာတော့ သည်းခံပါ။ စာဖတ်ဖို့တိုက်တွန်းသူက စာလုံးပေါင်းမှားနေတာတော့ မဆီလျော်ပါဘူး (စာအရမ်းဖတ်သူက စာလုံးပေါင်း အမှားအမှန်ကို သိပါတယ်)

ကလျာ said...

ုဓာတ်လုံးဆိုတဲ့ လူဓာတ်ပုံနဲ့ လူနံမည်ယူထားတဲ့ ဘုန်းဘုန်းရေ

တပည့်တော်တို့ရေးနေတာ ဘာကိုဆိုလိုတာလဲ ဆိုတာ သိရက်နဲ့ ဇွတ်မှိတ်ပြီး ငြင်းမနေပါနဲ့။

လူထွက်ပြီး မိန်းမယူတာ အပြစ်မဟုတ်ပါဘူး
လူမထွက်ပဲ မိန်းမယူတာ မွတ်ဆလင်ထက် သာပါတယ်လို့ ပြောနေတာက သိပ်ရှက်ဖို့ကောင်းလို့ ပြောနေတာပါ။

အရှင်ဘုရားတို့ ဘုရားသားတော် အစစ်အမှန်ဆိုရင် ဆက်ပြောနေ ဆက်ငြင်းနေဖို့ မသင့်တော်တော့ပါဘူး။ လူတွေကို လှည့်စားလို့ ရမယ်. ကိုယ့်လိပ်ပြာတော့ ကိုယ်လိမ်ဖို့ မသင့်တော့ပါဘူး။

သူတပါးမကြည်ညိုရင် အပါယ်မလားပါဘူး
ကိုယ့်ဟာကိုယ် မကြည်ညိုရင်တော့ အပါယ်လားရမှာပါ။
ရိုးသားမှုသည်သာ အမြတ်ဆုံးပါ။

Zay Tar Yar said...

ဟုတ်ကဲ့ ဇေဆင်ခြင်ပါ့မယ် ခင်မျ....။ကျေးဇူးပါ နောင်အမှားတွေ့ရင်လဲ ကူညီသတိပေးပေးပါ ဇေတတ်သနိုင်သလောက်ပြင်ဆင်ပါ့မယ် လုပ်နေတဲ့အလုပ်နဲ့ မြန်မာစာနဲ့က သဟဇာတမဖြစ်လို့
တိုက်ပင်တောင် မနည်းရိုက်နေရပါတယ် အဲကွန်မင့်လေးတွေကိုရေးရင်းနဲ့ အလုပ်ရှင်ကတောင်ခေါ်
သတိပေးတာခံရပါတယ်ခင်မျာ အဲလောက်ကြီးတောင်အရင်းအနှီးများတဲ့ကွန်မင့်လေးပါ မဖက်ဖြစ်ဘူးလို့သိရတော့ စိတ်တောင်မကောင်းပါဘူးခင်မျာ ကျွန်တော်တနာရီကျော်တောင်ရေးထားရတာပါ သူများတွေအကုသိုလ်မဖြစ်အောင် ဆိုပြီးတော့လေ အိုကေ ကျေးဇူးပါ နောက်တခါရေးရင်လဲအလုပ်ပြုတ်
နိုင်ဘွယ်ရှိလို့ မရေးတော့ပါဘူးခင်မျာ သင်ပုန်းကြီး
ပြန်ကျတ်လိုက်ပါအုံးမယ် ကကာကိကီ ကုကူကေကော

Anonymous said...
This comment has been removed by the author.
Anonymous said...
This comment has been removed by the author.
Anonymous said...

သေချာရေးပြီး ရှင်းပြပေးတာလဲ မပြီးနိုင်သေးဘူး … စကားအကျန ကောက်ပြီးကို ပြန်ချေပနေတော့တာပဲ … ဘာပဲဖြစ်ဖြစ် ဒီစာတွေဖတ်ပြီး ဟာဒယရွှင်ဆေး နေ့စဉ် စားသုံးနေရတာပေါ့ ..ဟဟ

ရေးထားတဲ့စာကို အစက ပြန်ဖတ်ကြည့် … ဦးကုမာရ စပြောခဲ့တာက အဲဒီ အကုသိုလ်ဘလော့အတွက် တခုခုလုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာကို ပြောနေတာ ….

အဲဒီမှာ ဦးကုမာရရေးသွားတာလေးကို အကျနကောက်ပြီး … ဒုသီလရဟန်းလို့စပြောကြတယ် … ဘုန်းကြီး မိန်းမယူရေး တောင်းဆိုတဲ့ ၀ိနည်းဆန့်ကျင်တဲ့ ဘုန်းကြီးပါဆိုတဲ့ ပုံစံမျိုးပေါက်အောင်လုပ်တယ် … အဲဒီလိုပြောမှလဲ နိုင်မှာကိုး … အဲဒီလိုပြောမှ သူတို့လိုချင်တဲ့ပွိုင့် ဒုသီလရဟန်းတပါးရဲ့စကားကို နာစရာမလိုဆိုတဲ့ အနေထားမျိုးရောက်တော့မှာကိုး … တော်ကြပါပေတယ် …

စပြောတာက ဟိုအကုသိုလ်ဘလော့နဲ့ပက်သက်ပြီး လုပ်သင့်တာလုပ်ဖို့ … ဘယ်လိုလုပ်ရမလဲဆိုတာလဲ စာတွေ ရေးထားတာတွေရှိတယ် … အဲဒီဘလော့ကို အဖက်လုပ်ပြောနေမှာမဟုတ်ဖူး … ကိုယ်လုပ်စရာရှိတာလုပ်ရမယ် … အဲဒီလိုတွေရေးထားတာတွေရှိတယ် … မဖတ်ကြဘူး … ဘုန်းကြီးက ဟိုဘလော့မှာ နင်ပဲငဆ သွားပြောခိုင်းနေပါ့မလား … ဦးနှောက်လေး နဲနဲသုံးစဉ်းစားပေါ့ …

အဲဒီကွန်မန့်တွေမှာ အစက ဘာလုပ်သင့်လဲဆိုတာ စဆွေးနွေးကြတယ် … ပြောရင်းနဲ့ စကားအကျကောက်ပြီး ဒုသီလရဟန်းလို့ သမုတ်တဲ့အဆင့်ကို ရောက်သွားတယ် … ကိုယ်ဘာတွေပြောလို့ ပြောနေကြမှန်း မသိကြဘူးထင်တယ် … အဲဒါကြောင့် ငါ့စကားနွားရ ..စကားတွေက ရောက်ချင်ရာ ရောက်နေတယ်လို့ ပြောခဲ့တာပေါ့ …

ခုလဲကြည့် … စကားအကျကောက်ပြန်ပြီ … သူပြောတဲ့အတိုင်းဆို ဒုလ္လဘကိုရင်ကတော့ ခြွင်းချက်ပေါ့ … ၀ိနည်းမရှိရတော့ဘူးလား … ပြီးတော့ ပြောတဲ့အထဲမှာလဲ ဒုလ္လဘတွေကိုပဲ ရွေးပြောနေတာ မဟုတ်ဖူး … စာကို သေချာဖတ် … လိုရင်းကို နားလည်အောင်လုပ် … ဘယ်သူကမှလဲ လူမထွက်ပဲ ပါရာဇိကံကျအောင် လုပ်ကြပါလို့ ရေးထားတာမရှိဘူး … ကိုယ့်ဖာသာ ကိုယ်ပြောချင်တဲ့ဖက်ကို လိုသလိုဆွဲပြီး တိုင်ပတ်နေကြတာ … ဟုတ်လားမဟုတ်လား ပြန်စဉ်းစားကြည့် …

ပြီးတော့ … ကလျာဆိုတဲ့ မမရေ … ပြောရတယ် ခက်ပါလားကွယ် … ဓါတ်လုံးဆိုတာ ဘယ်သူလဲ သိချင်ရင် ဂါဒီယန်ဘလော့က ဓါတ်လုံးဆိုတဲ့လင့်လေးကို ကလစ်ဆိုပြီး တချက်နှိပ်ကြည့်လိုက် … အဲဒီက လင့်အတိုင်းလိုက်သွား … ဓါတ်လုံးဘလော့ဆိုတာ တွေ့လိမ့်မယ် … အဲဒီမှာ ဓါတ်ပုံတွေ တင်ထားတယ် … သွားကြည့်ချည် … အဲဒါမှ လူမှန်းသံဃာမှန်းမသိသေးရင် ကလျာ့အသိ ဘလော့ဂါတွေကို ရှာမေး … ဒါကိုမှ မရှင်းသေးရင်တော့ ကိုယ်တိုင်ကိုယ်ကျ အိမ်အထိလိုက်လာကြည့်ပေတော့ .. ;P

မမကလျာ … သူများကိုချည်းပဲ သတ်ပုံပြင်ပေးချင်မနေနဲ့ … ကိုယ်ကိုယ်တိုင်ကလဲ စာကိုသေချာဖတ် … စာသေချာဖတ်ဖို့ အရင်ကလဲ ပြောပြီးပြီ … စာကို သေချာဖတ် .. လိုရင်းကိုနားလည်အောင်လုပ် … ပြီးတော့ စကားအကျမကောက်နဲ့ … :P

A-bomb said...

ဟုတ်ကဲ့အစ်ကိုတိုးအောင်ရေ။ ကျွန်တော့်identity ကိုကွယ်ဝှက်မထားပါဘူး။ လွယ်လွယ်ကူကူစုံစမ်းလို့ရပါတယ်။ စုံစမ်းပြီးမှပဲစွပ်စွဲစေချင်ပါတယ်ခင်ဗျာ။ အခြေအမြစ်မရှိပဲစွပ်စွဲခြင်းကို သမ္မာဝါစာလို့များမြင်နေသလား မပြောတတ်ပါခင်ဗျာ။ ကျွန်တော်ရေးတဲ့စာနဲ့ရည်ရွယ်ချက်ကိုလည်း နားလည်အောင်သေချာဖတ်ပြီးမှရီပလိုင်းလုပ်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်အစ်ကိုရယ်။ မဟုတ်တာကိုမဟုတ်ဘူး မမှန်တာကိုမမှန်ဘူးလို့မငြင်းချင်ရင် အမှန်တရားကိုမျက်ကွယ်ပြုတဲ့သူဖြစ်သွားပါလိမ့်မယ်။ ကလောင်သမားတွေနဲ့လက်နက်သမားတွေကို အစွန်းရောက်ဆိုပြီးတစ်တန်းတစ်စားတည်းထားလို့မရဘူးဆိုတာ ကျွန်တော်ပေးတဲ့ဥပမာကတစ်ဆင့်မြင်မိမှာပါ။ နားလည်အောင်ဖတ်ဖို့တော့လိုတာပေါ့ခင်ဗျာ။ ကျွန်တော်တို့ကကောဘုန်းကြီးတွေဗလီသွားဖျက်တာမျိုး၊ စစ်တပ်ကခြိမ်းခြောက်ပြီးဗုဒ္ဓဘာသာထဲဝင်ခိုင်းတာမျိုးကို ထောက်ခံမယ်(ဒါမှမဟုတ်)ပါးစပ်ပိတ်နေမယ်လို့များထင်မိပါသလားအစ်ကို။ ဘာသာခြားတရားဟောဆရာတွေနိုင်ငံတစ်ကာမှာလွတ်လပ်စွာဟောပြောပိုင်ခွင့်ရနေမှတော့ ကျွန်တော်တို့မြန်မာဗုဒ္ဓဘာသာဝင်တွေကကော အွန်လိုင်းဘလော့မှာရေးပိုင်ခွင့်မရဘူးလားခင်ဗျာ။ ကိုယ့်အမြင်နဲ့ထပ်တူမကျတိုင်းလည်း ကိုယ့်လမ်းကိုယ်သွားတယ်လို့သဘောမထားနိုင်သ၍တော့ လူ့အခွင့်အရေးကိုလေးစားတဲ့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာဦးမှာမဟုတ်သေးပါဘူး။ ဗုဒ္ဓဘာသာကိုကာကွယ်စောင့်ရှောက်ဖို့ လူဥပဿကာတွေမှာလက်နက်ကိုင်သင့်ရင်ကိုင်ရမယ်ဆိုတာကို နားလည်ထားတဲ့ကျွန်တော့်အစ်ကိုက ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကိုသဘောပေါက်လာလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။ သဘောပေါက်အောင်လည်းကျွန်တော်တို့အကြောင်းကိုစုံစမ်းလေ့လာလို့ရပါတယ်။ ရဟန်း၊ပြည်သူ၊အုပ်ချုပ်သူဆိုတဲ့လူတန်းစား၃ရပ်ကနေပြီးတော့ သာသနာကိုထိန်းသိမ်းစောင့်ရှောက်နေရာမှာအစ်ကိုပြောသလို ပဒေသရာဇ်ခေတ်ကဗုဒ္ဓဘာသာဘုရင်တွေလိုသာသနာကိုကာကွယ်စောင့်ရှောက်ပိုင်ခွင့်အခုခေတ်မှာမရှိတော့ပါဘူး။ လူ့အခွင့်အရေးအရလွတ်လပ်စွာရေးသားပိုင်ခွင့်၊ လွတ်လပ်စွာယုံကြည်ပိုင်ခွင့်ပေးရပါတော့မယ်ဗျာ။ အခုလိုမီဒီယာတွေမှာဘာသာခြားတွေကဗုဒ္ဓဘာသာကိုဝေဖန်တိုက်ခိုက်လာသည်ဖြစ်စေ၊ ပုတ်ခတ်စော်ကားလာသည်ဖြစ်စေ အုပ်ချုပ်သူတွေကဝင်ရောက်စွတ်ဖက်ပိုင်ခွင့်မရှိတော့ပါဘူးအစ်ကိုရယ်။ အစိုးရကဝင်ရောက်ခြယ်လှယ်ရင်လည်း ဒါလွတ်လပ်စွာရေးသားပိုင်ခွင့်ကိုချိုးဖောက်တာဖြစ်သွားရော။ ပြီးတော့မြန်မာပြည်မှာနိုင်ငံတော်ဘာသာရယ်လို့မရှိပါဘူး။ စစ်အစိုးရကလည်းဗုဒ္ဓဘာသာကိုကိုးကွယ်တာမဟုတ်ပဲ ဘိုးတော်ကိုးကွယ်တဲ့ဘိုးတော်ဘာသာဝင်တွေပါပဲ။ ဘုန်းကြီးသတ်တဲ့အချက်ကိုထည့်မတွက်ရုံနဲ့ပဲ ဒီအစိုးရကသာသနာဖျက်လားသာသနာစောင့်လားဆိုတာခွဲခြားသိနိုင်ပါတယ်လေ။ အဲဒီလိုအစိုးရဘက်ကလုပ်ပိုင်ခွင့်မရှိတဲ့အပိုင်းတွေမှာ ကျွန်တော်တို့ဥပဿကာပြည်သူတွေကကာကွယ်ဖို့ တာဝန်အပြည့်အဝရှိပါတယ်အစ်ကို။ တာဝန်သိသူတွေအတွက်သာတာဝန်ရှိတယ်လို့လည်း ယူဆလို့လည်းရပါတယ်အစ်ကိုရေ။ အစ်ကိုတို့တစ်တွေတာဝန်မပိတော့ဘူးပေါ့မဟုတ်လားခင်ဗျာ။ ပြီးတော့အစ်ကိုပေးတဲ့ဥပမာကလွဲနေသလိုပဲနော်။ မြတ်စွာဘုရားဆိုတာ အာဏာကိုစွန့်ပစ်ပြီးသစ္စာအရှာထွက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်လို့ပဲ အာဏာစက်နဲ့မပတ်သက်ခဲ့တာပါအစ်ကို။ ဥပဿကာတွေဘက်ကတော့ တာဝန်ကရှိနေပါသေးတယ်။ ဘုရားကလက်စားဘယ်လိုချေဖို့မဟောခဲ့ပေမယ့်လည်းဥပဒေအရဥပဿကာတွေဘက်က လက်စားချေပိုင်ခွင့်ရှိပါတယ်။ ပဒေသရာဇ်ခေတ်ပီပီ သေဒဏ်ပေးတဲ့အထိစီရင်နိုင်ပါတယ်။ အဲဒီနေရာမှာမြတ်စွာဘုရားက သူ့ရဲ့ဥပဿကာဘုရင်တွေကိုလူမသတ်ဖို့ပြစ်ဒဏ်မပေးဖို့ တားမြစ်ခဲ့တယ်လို့ယုံပါသလားခင်ဗျာ? သောတာပန်ဘုရင်တွေစစ်သူကြီးတွေ ဘုရားလက်ထက်မှာရှိခဲ့ကြောင်းပါဠိတော်တွေမှာ အထင်အရှားတွေ့ရမှာပါ။ လူကလူအလုပ်လုပ်တာကို အရဟံအရှင်မြတ်စွာဘုရားကမတားမြစ်ခဲ့ပါဘူး။ လူကိုဘုရားရဟန္တာအလုပ်မလုပ်ခိုင်းတာ သဘာဝကျပါတယ်လေ။ အစ်ကိုပြောသလိုဘာသာရေးကိုဖြတ်လမ်းသဖွယ်အသုံးချခဲ့တဲ့ပုဂ္ဂိုလ်တွေ ဘယ်လောက်များပြားခဲ့ပါသလဲခင်ဗျာ? ဘယ်လောက်များကြာကြာခံခဲ့ပါသလဲ? ဘာသာရေးနယ်ပယ်ထဲမှာရပ်တည်ရတာကော လွယ်ကူတယ်ထင်ပါသလားအစ်ကိုရယ်? ကျွန်တော်အခုအစ်ကိုတို့ကိုရီပလိုင်းလုပ်နေရတာနဲ့တင် ဘာသာခြားတွေနဲ့သက်ဆိုင်တဲ့ဘလော့ပို့စ်တွေမတင်ဖြစ်တာ၂ရက်ရှိခဲ့ပါပြီ။ ဒီအလုပ်ကိုဝါသနာ၊စေတနာ၊အနစ်နာခံပြီးလုပ်နေတယ်ဆိုတာ ကျွန်တော့်ရဲ့လုပ်ရပ်တွေကိုကြည့်ပြီးဟုတ်မဟုတ်ဆုံးဖြတ်ကြပေါ့ခင်ဗျာ။ ဘာသာရေးကိုအသုံးချပြီးချမယ်နှက်မယ်ဆိုတဲ့အမျိုးအစားထဲကျွန်တော်တို့တွေပါမပါဆိုတာ မစွပ်စွဲခင်ပြန်စဉ်းစားပါအစ်ကိုရယ်။ ဘာသာရေးလုပ်စားရိုက်စားတွေဘယ်သူဘယ်ဝါဆိုတာကို ဘာသာဝင်တွေကခန့်မှန်းတတ်တယ်လို့ ကျွန်တော်ယုံပါတယ်။ မြတ်စွာဘုရားကလုံးဝမနှစ်မြို့တော်မူခဲ့ဘူးဆိုတာ ဘယ်လိုဟာမျိုးကိုပြောတာပါလဲအစ်ကိုတော်? ကြည့်ခွင့်ရမယ်ဆိုရင်အကိုးအကားလေးတွေ့ပရစေလားခင်ဗျာ? နောက်ဆက်တွဲပို့စ်ကိုပတ်သက်ပြီးပြောချင်တာကတော့ စာကိုနားလည်အောင်ဖတ်ဖို့ပါပဲခင်ဗျာ။ သမိုင်းဆိုတာမအအောင်လို့သင်တာပါလို့ ဆရာကြီးဒေါက်တာသန်းထွန်းပြောခဲ့တဲ့အတိုင်း ကျွန်တော်ကလည်းသမိုင်းကိုဝေဖန်သုံးသပ်ပြထားခြင်းသာဖြစ်ပါတယ်။ အဲဒါကိုမှစာဖတ်ပရိသတ်ကကြိုက်သလိုယူပြီး နောက်ဆက်တွဲဖြစ်တာပျက်တာတွေအတွက်ကိုတော့ ကျွန်တော့်ကိုစွပ်စွဲရင်မတရားဘူးပေါ့အစ်ကိုရာ။

A-bomb said...

ပြီးတော့နာလန္ဒာတက္ကသိုလ်သမိုင်းကြောင်းဆို့စ်ကို ပြည်ပမှာပညာသင်ကြားနေတဲ့စာသင်သားသံဃာတော်တစ်ပါးရဲ့ ဘလော့ပို့စ်နဲ့ ဝီကီပီးဒီးယားကနေကိုးကားထားခြင်းသာဖြစ်ပါတယ်။ နောက်များမှအဲဒီဘလော့ဂ်ပို့စ်ကိုရှာပေးပါဦးမယ်။ ကျွန်တော့်အစ်ကိုကြီးကတော့အဲဒီကိုယ်တော်ကိုလည်း ရန်လုပ်ရေးလမ်းကြောင်းအပေါ်လာတင်ပေးနေတယ်ဆိုပြီးတော့ စွပ်စွဲဦးမလားမပြောတတ်ပါဘူးနော။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ကျွန်တော့်ကွန်မန့်တွေကိုနားလည်အောင် ရှေ့နောက်အဆက်အစပ်နဲ့သေချာဖတ်ပါလို့ပဲ အစ်ကို့ကိုထပ်ကာထပ်ကာတိုက်တွန်းပရစေခင်ဗျား။ ဓမ္မဒါနလေးလည်းပြုခွင့်ပေးပါနော်။

ဓမ်မပဒ..ဂါထာနံပတ်.. ၃၀၆. သုန္ဒရီပရိဗ္ဗာဇိကာ.၀တ္ထု..

၃၀၆.။ ။ မဟုတ်မမှန် ပြောဆိုသော သူသည်လည်း ငရဲ သို့ရောက်ရ၏။ (မိမိ) ပြုလုပ်လျက် မပြုလုပ် ဟု ပြောဆိုသော သူသည်လည်းငရဲသို့ ရောက်ရ၏။ ထိုသူနှစ်ယောက် တို့သည် လည်း ယုတ်သော အမှု ရှိကုန်သည်ဖြစ်၍ နောင်တမလွန် ဘ၀၌ (ငရဲခံရခြင်း) တူကုန်၏။ ..

အစ်မကလျာရေ အစ်မopinionတွေကို ကျွန်တော်သိပ်စိတ်ဝင်စားတယ်နော်။ အသက်၁၈နှစ်ကျော်ဆိုတာသာသိထားရလို့ အစ်မလို့ခေါ်ရခြင်းသာဖြစ်ပါတယ်။ ထင်ကြေးတစ်လုံးတည်းကနေ statementတွေအများကြီးပွားနိုင်တဲ့ အစ်မရဲ့အရည်အချင်းကိုလည်း လေးစားလျက်ပါခင်ဗျာ။

Anonymous said...

ထင်ကြေးတစ်လုံးတည်းကနေ statementတွေအများကြီးပွားနိုင်တဲ့ အစ်မရဲ့အရည်အချင်းကိုလည်း လေးစားလျက်ပါခင်ဗျာ။

LOL

Anonymous said...

ခုတော့လဲ ဟာဒယရွှင်ဆေး တိုက်ကျွေးမယ့်သူများ မရှိတော့ဘူးဗျနော် ...

အဟောင်းလေးတွေပဲ ပြန်ဖတ်နေရတော့တာပေါ့ ...း(
ဒါနဲ့ ရက်ပိုင်းပဲ ဒုလ္လဘ၀တ်တယ်ဆိုတာရော သေချာလား ... နေဦး ဒုလ္လဘဆိုတဲ့ အဓိပါယ်ရော နားလည်ရဲ့လား ..

ရေးပါဦးလေ ... :P

တိုးအောင် said...

ကျွန်တော် ပြောချင်တာ၊ ပြောသင့်တယ် မြင်တာကို ဝင်ပြောပြီးပြီမို့ ဆက်ပြောစရာ မရှိတော့လို့ မရေးတာပါ။ ဓာတ်လုံး နဲ့ A-bomb အမည်ခံထားသူက အခြားသူတွေကို မဆုံးအောင် ရန်လာစနေမှန်း သိလို့လဲ ထပ်မပြောချင်တာပါ။ မိုက်မိုက်ရိုင်းရိုင်း စကားတွေ၊ စောင်းတာမြောင်းတာ ရန်လုပ်တာတွေနဲ့ ဆွေးနွေးပွဲကနေ ရိုင်းစိုင်းတဲ့ ရန်ပွဲတစ်ခုဖြစ်သွားအောင် ဝါသနာနဲ့ လိုက်လုပ်နေတယ်လို့ မြင်မိပါတယ်။

ဓာတ်လုံးကို မကလျာက လူအမည်ခံထားတဲ့ ဘုန်းဘုန်းလို့ သုံးစွဲလိုက်တာ ကာယကံရှင် မမှားပါဘူး။ ရှေ့ကွန်မန့်တွေမှာ ဓာတ်လုံးနာမည်နဲ့ ပြောနေတဲ့ လေတွေ စကားတွေက ဦးကုမာရ လေတွေ စကားတွေ ဖြစ်နေလို့ပါပဲ။ ဒီလိုပြောဟေ့လို့ သင်ပေး၊ စကားလုံးတွေ ရေးပေးတဲ့အတိုင်း ကော်ပီကူး ရေးပေးရတာ ဖြစ်နိုင်ပါတယ်။ ဘုန်းကြီးကျောင်းပညာရေးအပေါ်အမြင်၊ ကိုရင်နဲ့ မိန်းကလေးတွေ လက်ထပ်ရေးအမြင်တွေက ဦးကုမာရ ရေးနေကျ ကြွေးကြော်သံတွေပါပဲ။ လူဝတ်ကြောင် တစ်ယောက်ဖြစ်တဲ့ ဓာတ်လုံးက ဘုန်းကြီး၊ ကိုရင်နဲ့ မိန်းမတွေ လက်ထပ်ခွင့်ရရေးကို သူ့သဘောနဲ့သူတော့ လာရေးနေမှာ မဟုတ်ပါဘူး။ သူက လူဆိုတော့ သူကြိုက်ရာမိန်းကလေး ပိုးပန်းခွင့် ရှိနေတာပဲ။

နောက်ဆုံး ရန်လုပ်စကား ကွန်မန့်၂ ခုကတော့ မင်းကြိုက်သလို ရေးတော့လို့ ဦးကုမာရက ဆရာလက်လွှတ်လူိုက်တာလဲ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးကွန်မန့်မှာတော့ ဘုန်းကြီး မိန်းမယူရေးကို ဓာတ်လုံး သိပ်စိတ်ဝင်တစား မပြောတော့ဘူး။

တိုးအောင် said...

ဇေတာရာ ကိစ္စလဲ ရှက်စရာကြီး ဖြစ်သွားလို့ ကျွန်တော် ဆက်မပြောတော့တာပါ။ ကနွဲ့ကရ ပြောနေလို့ ယောက်ျားချင်းတောင် တော်တော် စိတ်ထိန်းရမယ် ပြောလိုက်မိတာပါ။ ဘာမှန်း တကယ် မသိခဲ့ရပါဘူး။

''''''ဇေ ဂေးဆိုလဲ ဒါ ဇေ့ကိုယ်ရေးကိုယ်တာပါ၊ သိချင်ရင် ဇေ့ အီးမေးကို ဆက်သွယ်ပါ ''''''ဆိုတော့ ကျွန်တော် ကိုယ်ကျိုးနည်းရော။ ဆက်လဲ မဆက်ရပါဘူး။ တကယ် ယုံကြပါ။

ဒီနေရာမှာ ပြောချင်တာက ဗုဒ္ဓဘာသာတွင်း ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုသူတွေမှာ မဟာယာန ဂိုဏ်းတစ်ချို့မှာလို အိမ်ထောင်ပြုခွင့် ရချင်တဲ့ ရဟန်းတော် တစ်ပါးနှစ်ပါးစအပြင် နပုန်းပဏ္ဍုတ်တွေပါ ပါလာနိုင်တယ် ထင်လို့ပါ။

ကက်သလစ် ဘာသာမှာ ဘုန်းကြီးများ အိမ်ထောင်ပြုခွင့် ရရေးနဲ့ ဂေးတွေလဲ ဘုန်းကြီးဝတ်ခွင့်ရရေး တောင်းဆိုနေတာ ဒီခေတ်မှာ အသံပိုကျယ်လာပါပြီ။ အရင် ပုပ်ရဟန်းမင်းကြီးက ဒါကို လုံးဝ ခွင့်မပြုခဲ့ဘူး။ အခု ပုပ်လက်ထက်မှာလဲ တင်းမာတုန်းပဲ။

ဒီဂယက်တွေက ဒါကို လုံးဝ တောင်းဆိုခွင့်မရှိဘူး မြင်ထားတဲ့ ဗုဒ္ဓဘာသာဆီပါ ရောက်လာနိုင်ပါတယ်။ မြတ်စွာဘုရား ဝိနည်းက ရှင်းပါတယ်။ နပုန်းပဏ္ဍုတ်ကို ရဟန်းခံပေးခွင့် မရှိပါဘူး။ သိရက်နဲ့ ခံပေးသူ အာပတ်သင့်ပါတယ်။ မိန်းမစစ်စစ်ဆို ဘိက္ခုနီ၊ ယောက်ျားစစ်စစ်ဆို ဘိက္ခု ပြုနိုင်ပါတယ်။ လိင်တူ ကြိုက်တတ်သူဆို ဘယ်ဘက်မှာမှ လက်မခံရပါ။ သာသနာ့ဘောင်ထဲမှာ ရှုပ်ရှက်ခတ်ကုန်လို့ မရလို့ပါ။

ဒီခေတ်မှာ အခြောက်ဖြစ်နေတဲ့ သားတွေကို ဖခင်တွေက ယောက်ျားစိတ် ပြန်ဝင်အောင်၊ ကိုယ့်ဘဝကိုယ် တန်ဖိုးထားတတ်အောင် ပဉ္စင်းတက်ပေးပါတယ်။ သိမ်ဝင်မှာ ရဟန်းလောင်းကို စစ်မေးတော့ ယောက်ျားစစ်စစ် ဟုတ်ရဲ့လား ဆိုတော့ ဟုတ်ပါတယ်ဘုရားလို့ ကောင်းအောင် ဖြေကြပါတယ်။ တစ်ချို့ကလဲ အဲဒီအချိန်မှာ ငါယောက်ျားဆိုပြီး ယောက်ျားစိတ် ပြန်မွေး၊ ယောက်ျားလို ပြန်ခံယူသဘောထားလိုက်ကြောင်း ပြောပါတယ်။ သိမ်မဝင်ခင် အဖေတွေက ဒီလိုတွေး၊ ဒီလိုခံယူလို့ သင်ပေးလို့လဲ ဖြစ်နိုင်ပါတယ်။

သားတွေ အခြောက်ဘဝက လွတ်အောင် ဒီလို ကြိုးစားတဲ့ အဖေတွေ ဘယ်နှယ်ရာနှုန်း အောင်မြင်လဲ ကျွန်တော် မသိပါ။ ဒီလို ပဉ္စင်းတက်ပေးခံရတဲ့ သားတွေဟာ မြင့်မြတ်တဲ့ ရဟန်းဘဝကို ရတာ၊ မိဘတွေ ဂုဏ်ယူဝမ်းမြောက်ကြတာကို ကျေနပ်သူ ကျေနပ်ကြပါလိမ့်မယ်။ အဲဒီအခါ နပုန်းပဏ္ဍုတ်ပေမယ့် ရဟန်းပြုခွင့် ရရေးကို ဝိနည်း ပြင်ပေးစေချင်တဲ့အထိ ဆန္ဒရှိလာနိုင်ပါတယ်။ လိင်တူ ဆက်ဆံသူကို ရဟန်းပြုမပေးရ ဆိုတာ ခွဲခြားဆက်ဆံ Discriminate လုပ်ခြင်းတစ်ခုအဖြစ် ခံစားရတော့ ဒါကို ပယ်ဖျက်ပေးရင် သူတို့ ကြိုဆိုပါလိမ့်မယ်။

ဒီတော့ သာသနာတွင်း ဝိနည်းတော် ပြုပြင်ပြောင်းလဲရေး တောင်းဆိုတာဟာ ကိုယ့်အားနည်းချက်တွေကြောင့် ဆန္ဒရာဂတွေကြောင့် လိုချင်ကြသူတွေ များပါတယ်။

တစ်ချို့ဝိနည်းတွေဟာ နှောင်းခေတ်တွေမှာ ကျင့်သုံးရ ခက်လာနိုင်တယ်ဆိုတာ ကြိုမြင်တော်မူတဲ့ မြတ်စွာဘုရားက ဝိနည်းအငယ်များကို နှုတ်နိုင်၊ ဖျက်နိုင်ကြောင်း ပရိနိဗ္ဗာန် စံခါနီး မိန့်တော်မူခဲ့ပါတယ်။ ဒါပေမယ့် အရှင်မဟာပဿပတို့က လုံးဝ မနှုတ်၊ မဖျက်၊ မပြင် ပကတိအတိုင်း ထားဖို့ သံဃာကို ပန်ကြားတော့ သံဃာယနာတင် သံဃာတွေက သဘောတူတာနဲ့ ဒီခေတ်အထိ ဝိနည်းတော် မပြောင်းမလဲ ရှိခဲ့ပါတယ်။ ပြင်ကြဟေ့ဆိုရင် လက်ရှိခေတ်မှာ ကျင့်သုံးရ ခက်မယ့် ဝိနည်းတွေကို ပြင်ကြရင်း ရဟန်းဆိုးများက အကြိုက်ကျပြီး သူတို့စိတ်ကြိုက် ဝင်ပြင်၊ ဝင်ဖျက်တာနဲ့ ဘာတစ်ခုမှ ရစရာ မကျန်မှာ စိုးလို့ပါ။

တိုးအောင် said...

ဦးကုမာရ ရဲ့ ဘလော့ www.ashinkumara.com မှာ အခြားသံဃာတော်များ၊ ဒကာဒကာများ လုံးဝ လက်မခံနိုင်တဲ့ စာသားတစ်ချို့ကို အချိန်မီ ပြန်ဖျက်ထားတာ တွေ့လိုက်ရပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။ အဆိုးဆုံး ပို့စ်တွေ၊ စာသားတွေကို ပြန်ဖျက်ထားပါတယ်။


''''''ပဋိသန္ဓေမတည်နေရခြင်းသည်လည်း ချမ်းသာ၏။ မအိုရခြင်းသည် လည်း ချမ်းသာ၏။ မနာရခြင်းသည်လည်း ချမ်းသာ၏။ မသေရခြင်းသည်လည်း ချမ်းသာ၏။ မချစ်သောသူတို့နှင့် ကွေကွင်းရ ခြင်းသည်လည်း ချမ်းသာ၏။ ချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ချမ်းသာ၏။ လိုချင်ရာကို ရခြင်းသည်လည်း ချမ်းသာ၏။ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့ မရှိခြင်းသည်လည်း ချမ်းသာ၏။ ..ဒီလိုဖြစ်ပါလိမ့်မယ်။

အဲဒီလိုဆိုရင် လိုချင်တာရနေခြင်း ကို ချမ်းသာအဖြစ်၊ ချစ်သူနှင့်အတူနေရခြင်းကို ချမ်းသာအဖြစ်..မြတ်ဘုရား ကအသိအမှတ်ပြုတယ်မပြောနိုင်ဘူးလား'''''

ဒါကို လိုရာဆွဲပြောတယ် မြင်ရင် မူရင်း ရေးထားတာက ဒီထက် ဆိုးပါတယ်။ ''ချစ်သူနဲ့ အတူနေရခြင်းဟာ နိဗ္ဗာန်ပဲ'' လို့ ဦးမာရ ရေးပါတယ်။ ''မင်္ဂလာဆောင်တာဟာ နိဗ္ဗာန်ပဲ'' လို့လဲ ရေးပါတယ်။ ပို့စ် အဆုံးမှာတော့ ဘုရားအလိုတော်ကျ နိဗ္ဗာန်ပွဲများ ပေါ်ထွန်းကြစေကုန်သတည်း လို့ ဆုတောင်းထားပါတယ်။ ဒီနေ့ ဖတ်ကြည့်တော့ ဒါတွေကို ဖျက်လိုက်ပါပြီ။

ကလျာ said...

ပြောမနေပါနဲ့တော့ ကိုတိုးအောင်ရေ.
ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ကိုယ့်ဟာကိုယ်အသိဆုံးပါ။
ဘေးလူကို လိမ်လို့ရချင်ရမယ်။ မိမိပြုထားတဲ့ကံကိုတော့ လှည့်စားလို့မရပါဘူး။ ကံ-ကံ၏ အကျိုးအတိုင်း ခံရမှာပါ။

Anonymous said...

ဇွတ်ပါလား ဆရာတိုးရယ် … အသက် ၃၀ ရှိပြီနော်… တသက်လုံး ဖင်ပိတ်ငြင်းလာတာ အကျင့်ပါနေပြီလား … ဂေးရန်ကြောက်လို့ ဖင်ပိတ်ငြင်းတာလား … တို့တွေ ဂေးမဟုတ်ပါဘူးကွယ် … (ဘလော့ပိုင်ရှင်ရေ .. ဖျက်ရင် ဒို့ပို့စ်ကိုပဲ ကွက် မဖျက်နဲ့နော် … ဂေးလို့ ပြောတာ ဓါတ်လုံးတယောက်တည်း မဟုတ်ဖူး)
ကွယ် … အသက် ၃၀ ရှိနေပြီ … ရှက်တတ်တဲ့သူဆို ဆက်ငြင်းမနေတော့ဘူး …
ဒီမှာ အချက်လက်နဲ့ ပြောတာလေကွယ် … ဓါတ်လုံးပြောတဲ့အချက်တွေ ကျမ်းဂန်အထောက်အထားတွေ ပြည့်ပြည့်စုံစုံရှိတယ် အသက်၃၀ ကိုးတိုးအောင်ရဲ့ … အချက်လက် ပြည့်ပြည့်စုံစုံနဲ့ ပြောတော့လဲ ပြန်မချေပနိုင်ရှာဘူး … မမှန်ရင် မမှန်ဘူးဆိုတာ ငြင်းလေ … မသိရင်လဲ မသိဘူးလို့ ၀န်ခံ … ရှင်းပြမယ် …
ဒုလ္လဘဆိုတာ ဘာမှန်းတောင် မသိတဲ့သူက … မချေပနိုင်တော့ ဘာလုပ်လဲ … ပထမဆုံး … ဘုန်းကြီးကို စွပ်စွဲတယ် …
ပို့စ်ရဲ့ ပထမဆုံးကွန်မန့်တွေမှာ ဘာလုပ်သင့်လဲဆိုတာကို ဆွေးနွေးနေကြတာ … အဲဒါကို မဆီမဆိုင် အကျအနကောက်ပြီး သွားစွပ်စွဲတယ် … တို့က မနေနိုင်လို့ဝင်ပြောတော့ ခု တို့ပါ ကော်ပီကူးတာ ဖြစ်ရပြန်ရော …
တတ်လဲ တတ်နိုင်ပါပေတယ် ကိုတိုးအောင်ရယ် …
အကျင့်တွေက ဒါပဲလားဗျာ … သံဃာတုလို့ သမုတ်လိုက် ... ဂေးလို့ စွပ်စွဲလိုက် … ဒို့လဲ ရောယောင်ပြီး ပဉ္ဖင်းခံလိုက်ရသေး … ဟဟ
အသက် ၃၀ ကျော်ပြီတဲ့ ကိုယ့်လူရေ .. အဆင့်တန်းရှိတဲ့သူ … အသိညဏ်ရှိတဲ့သူဆို .. ပညာရှင်ဆန်ဆန် ချေပလေ … အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ လာပြန်ပြော … ဒို့ပြောတာတွေအကုန် အချက်အလက် အကုန်ရှိတယ် …
အဲလို မဟုတ်ပဲ … မနိုင်ရင် အကျန ကောက် … လိုတဲ့အပိုင်းလေးကို လိုသလိုလေးဆွဲယူ… ဘလော့တွေမှာ လိုချင်တဲ့အချက်ကို မရမက လိုက်ရှာပြီး ချေပနေတာ ရှက်စရာ မကောင်းလွန်းဘူးလားဗျာ … ခင်ဗျားကိုယ်စား ရှက်မိလို့ပါ … လူတွေ အများကြီး ဖတ်နေကြတာနော် …
ခင်ဗျားလုပ်တာတွေက မနိုင်ရင် ဂေးလို့ စွပ်စွဲလိုက် .. သံဃာတုလို့ သမုတ်လိုက် … ရန်ကုန်မှာဗုံးပေါက်တိုင်း ကေအန်ယူလို့ စွပ်စွဲတတ်တဲ့ နအဖအကျင့်နဲ့ တထပ်ထဲ ဖြစ်မနေဘူးလားဗျာ …
အချက်လက်နဲ့လဲ မချေပနိုင် … မသိရင်လဲ မသိဘူးလို့ ၀န်မခံချင် … ဆော်ချင်လွန်းအားကြီးတော့ ကိုယ်ဖတ်တဲ့စာကို ကိုယ်မသိတော့ဘူး … ခင်ဗျားပြောချင်တဲ့လင့်က ဒီမှာ မဟုတ်လားဗျာ … ဟဟ … http://www.ashinkumara.com/2009/02/meaningful-wedding.html
ဒါနဲ့ ဘလော့ကော သုံးတတ်ရဲ့လား … ဘလော့စပေါ့သုံးရင် လေဘယ်မရှိတဲ့ပို့စ်ဆို archive မှာ သွားရှာရင် တွေ့တယ်ဗျနော် … နောက်တခါ ရှာမတွေ့မှာစိုးလို့
ပီနန်ဆရာတော်ဘုရားကြီး သီရိလင်္ကာခရီးစဉ်အတွင်းက ဟောခဲ့တဲ့တရားပဲ ... ခင်ဗျား မမှန်ဘူးထင်ရင်တော့ ပီနန်ဆရာတော်ကြီးကို သွားလျှောက်ပေတော့ ...
တဆက်တည်း ဒါလေးပါ ဖတ်ကြည့်ဦးဗျ ... http://www.ashinkumara.com/2009_02_01_archive.html ခင်ဗျား အင်္ဂလိပ်စာ ဖတ်တတ်ပါတယ်နော် ... ဖတ်ပြီး စဉ်းစား ...
ပြန်ပက်ချင်ရင် ကိုယ့်ခေါင်းထဲမှာ အချက်လက်လေးနဲနဲထည့်ထားပြီးမှ ပြန်ပက် ... ဟုတ်လား ...

Anonymous said...

ဆရာတိုးရေ .. ခင်ဗျားကို စာသေချာ ဖတ်ပါလို့ ပြောတော့လဲ မကြိုက်ချင်ဘူး … ကိုယ်လိုချင်တဲ့ အပိုင်းလေးတွေကိုပဲ ရွေးဖတ်သွားတယ် … ပြီးတော့ ကိုယ်လိုရာဆွဲပြီး ဖင်ပိတ်ငြင်းတော့တာပဲ …

ခင်ဗျား အကျအနကောက်တတ်တယ်လို့ ကျနော်ပြောတယ်နော် .. ခင်ဗျားရေးတဲ့စာကို ပြန်ဖတ်ကြည့် … လက်ထပ်ရေး အမြင်တဲ့ဗျာ … ဘုရင်ခေတ် ပညာရေးနဲ့ ကိုလိုနီခေတ်ပညာရေး … ခုလက်ရှိ ပညာရေးတွေကို နှိုင်းယှဉ်ပြနေတယ် … အဲဒါကို ကိုယ်လိုရာဆွဲပြီး … လက်ထပ်ရေးအမြင် လုပ်ပြစ်လိုက်တယ် …

ဇေတာရာက စာမရေးတတ်ပါဘူးလို့ ပြောထားတယ် … သူပြောတဲ့စကားတွေကို အကျနကောက်ပြီး ဂေးလုပ်ပြစ်လိုက်တယ် … ကောက်ချက်ကြီးများတောင် ဆွဲထည့်လိုက်သေးတယ် … ပိုင်ပါပေ့ ဆရာရယ် ..

ခင်ဗျား အကျနကောက်ပြီး ပြောထည့်လိုက်တာ ချော်တောကို ငေါ့ထွက်သွားတာပဲ … ပထမ ဘာလုပ်သင့်သလဲ ပြောတာကနေ … ခင်ဗျားလိုရာဆွဲသွားလိုက်တာ … ကိုယ်တောင် အလိုလိုနေရင်း လုံးရာက ပြားထွက်သွားတယ် …

ကိုတိုးအောင်ရေ … အသက်လဲ ၃၀ ရှိနေပြီဗျာ … ခင်ဗျား တသက်လုံး လေ့လာထားတဲ့ ဘာသာရေး အယူအဆလေးတွေများ မရှိဘူးလားဗျာ … အဲဒီအယူအဆလေးတွေနဲ့ ပညာရှင်ဆန်ဆန်ဆွေးနွေးပေါ့ … မှားတယ်ဆိုရင် ဘာလို့မှားတာလဲ ကျမ်းကိုးကျမ်းကားနဲ့ ချေပပေါ့ … တခြားသူ အယူအဆကို အကျနကောက်ပြီး ဂေးလုပ်ပြစ်နေတာတော့ ရှက်ဖို့ကောင်းပါတယ်ဗျာ … မနိုင်ရင် ဟိုလိုစွပ်စွဲလိုက် ဒီလိုစွပ်စွဲလိုက် ..ကိုယ်လိုရာ ကောက်ချက်စွဲလိုက် … ယောက်ျားအလုပ်မဟုတ်ဖူးဗျ … မသကာ ခင်ဗျား ဂေးများလားဗျာ …

Anonymous said...

ခင်ဗျား .. ပါဠိစာပေလေးလဲ လေ့လာဦးဗျ ... ကိုယ်လိုရာချည်းပဲ ကောက်ချက်ဆွဲမနေနဲ့ ... ခင်ဗျားပြောချင်တဲ့ စကားလုံးတွေကို ပါဠိမြန်မာ အဘိဓါန်ထဲမှာ သွားရှာကြည့် ... တွေ့လိမ့်မယ် ... အဓိပါယ်က တမျိုးတည်းမဟုတ်ဖူး ...

စာကလဲ မတတ် .. ဘာမှလဲ မလေ့လာ ... ငြင်းကလဲ အသေငြင်းချင်တယ် ... မလွယ်ပါလားဗျာ ... အသက်၃၀ ကိုတိုးအောင်ရယ် ...

Anonymous said...

လောလောဆယ် အိပ်လိုက်ဦးမယ်ဗျာ ... ရေးထားရေးထား ... ခင်ဗျား ဟာသလေးတွေ ဖတ်ချင်တယ် ...

ခင်ဗျားစကားက ဟိုကုလားဘလော့က မြင့်မိုရ်တောင်ရဲ့ အမြင့်ကိုမေးတဲ့ မေးခွန်းတွေလိုပဲ ...

Anonymous said...

http://www.ashinkumara.com/2009/02/meaningful-wedding.html


24 February 2009
A Meaningful Wedding



ခန္ဓာငါးပါးမရှိခြင်းသည်သာ ချမ်းသာခြင်း (နိဗ္ဗာန်) မည်သည် မဟုတ် ချစ်သူနဲ့ပေါင်းရခြင်း အတူနေရခြင်း မင်္ဂလာဆောင်ရခြင်း သည်လည်း ချမ်းသာခြင်း သုခ (နိဗ္ဗာန်)ပါဘဲ။
ခန္ဓာငါးပါးနဲ့ကွေကွင်းရခြင်း သည်သာ ချမ်းသာ တာမဟုတ်..မချစ်တဲ့သူ နဲ့ ကွေကွင်းရခြင်းဟာလည်း (နိဗ္ဗာန်) သုခ ချမ်းသာရနေတာဘဲ။
ခန္ဓာငါးပါး ချုပ်ငြိမ်းခြင်း သည်သာ ချမ်းသာ (နိဗ္ဗာန်)ရသည်မမည်သေး…လိုချင်ရ စားချင်တာ စားနေရ ၀တ်ချင်တာ ၀တ်နေရ စီးချင်တာ စီးနေရတာသည်လည်း ချမ်းသာ နေတယ်။ နိဗ္ဗာန်ရနေတာပါ ပဲ လို့ သဘောကျနားလည်နေပါလိမ့်မယ်။


ဘုရားအလိုတော်ကျ ချစ်တဲ့သူနဲ့ ပေါင်း ကြတဲ့ (နိဗ္ဗာန်) ပွဲများ Meaningful Wedding အများအပြား ဖြစ်ထွန်းလာကြပါစေကြောင်း..ဆန္ဒပြုအပ်ပါတယ်။
သူ့အဆင့်.သူ့ခန္ဓာ. သူ့ကိလေသာ၊ .သူ့နိဗ္ဗာန်နဲ့သူ .သုခချမ်းသာ(နိဗ္ဗာန်) ကို ခံစား စံစားနိုင်ကြပါစေ ကုန် သတည်း။

Anonymous said...

http://www.ashinkumara.com/2009/03/blog-post_05.html

05 March 2009
အိမ်ထောင်ပြုက ကုသိုလ်ရ.....

ညီ အစ်ကို လိုခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းရဟန်းတစ်ပါး၊ ချရတ်မှာ ကိုယ်ပိုင်ကျောင်းထောင်ပြီး သတင်းသုံးနေတော့ မလေးရောက်စဉ်အတွင်း တစ်ခေါက်တော့ အလယ်သွားမယ်လို့ အားခဲထားတယ်။ မလေးကိုလာတာ လက်ဗလာ နဲ့ဆိုတော့ စိတ်သွားတိုင်းကိုယ်မပါ။ အခွင့်အခါကိုစောင့်နေခဲ့ရတာ။ အဆင်သင့်တဲ့တစ်နေ့ ....အဖွဲ့အတွင်းရေးမှူးကို ပြောတော့..အားတက်သရော..ပါဘဲ။ သူ့ကား ပို့ပေးပါတယ်။

ဒန်ကီ ကနေ ချရတ်ကိုတော့ ရောက်ပါပီ။ အလန် ဂျာရား..ဆိုတာ တော်တော်နဲ့မတွေ့တော့…ချရတ်ထဲမှာ ဘဲ အချိန်တော်ကြာ ရွာလယ်နေတယ်။ ဒီအချိန်မှာ ဟန်းဖုန်းလေးက အင်မတန်အဆင်ပြေ၊ နောင်တော်ကြီးထံ ဖုန်းလမ်းထိုးပြီး၊ …လမ်းမေး Seven Eleven ကိုတွေ့အောင်ရှာ..အဲဒီမှာစောင့်လို့ လမ်းညွှန်ချက်ကို ရတော့.ဘယ်လိုကားထဲကနေ စောင့်မယ်လို့ အကြောင်းပြန်ပြီး...အဲဒီမှာစောင့်နေရတယ်။ သိပ်မကြာလိုက်…တရုပ်မ နဲ့ ခပ်ဆင်ဆင် မြန်မာမ တစ်ဦး ကားဆီချဉ်းကပ်လာပြီး လိုက်ပါညွှန်ပြ၊ ကျောင်းရှိရာ..


ဗုဒ္ဓ၀ိဟာရ မြန်မာဗုဒ္ဓဘာသာကျောင်း

Buddhistvihara Burmese Temple

No. 32B, Jalan 19, Taman Alan

Jaya 43200 Batu 9, Cheras ကိုချောချောမောမောရောက်လာခဲ့တယ်။


စားသောက်ဆိုင်အပေါ်ထပ် အခန်းကို ငှားပြီးကျောင်းလုပ်ထားတယ်ဆိုပေမဲ့ နေရာကအတော်ကျယ်သား။ ဘုရားကျောင်းဆောင်နဲ့ ရုပ်ပွါးတော်က ကြည်ညိုစရာ.။ ဟောခန်းတစ်ခုလုံးကို သာသနာ့အလံတွေနဲ့ ဆင်ထား၊ စိတ်ကြည်နူးစရာမြင်ကွင်းလေး။ မြန်မာအလုပ်သမားဒကာဒကာမလေး တွေကို အခြေပြုပြီး ကျောင်းလုပ်ထားတာ။ မြင်ရ တွေ့ရတာ စိတ်ချမ်းသာစရာ။ ဘယ်နေရာ ဘယ်ရောက်ရောက် ဘာသာ သာသနာအဆုံးအမကို မြတ်နိုးကြတဲ့ တို့မြန်မာတွေ။ ကိုယ့်ဆရာနဲ့ ကိုယ့်ဒကာ ဘာပြောစရာရှိမည်နည်။ ဘုန်းကြီးကျောင်းလေး ရှိသဟဲ့ လို့အသံတကြားမြန်မာတွေ စုဝေးလာကြ။ လိုအပ်တာဖြည့်ထည့် ကြ နဲ့ ကျောင်းတည်ထောင်သက် ၈ လအတွင်း အံ့မခန်းတိုးတက်လာတယ်။ ရှယ်ဆိုမှ ရှယ်။အောက်ထစ်ဆုံး အစားအသောက်က အစ ရှယ်။ ငါးခြောက်ငါးခြမ်း ငါးပိရည် စတဲ့မြန်မာအစားအစာ မပြတ်။
နောင်တော်ကြီး ကို ၀တ်ချ ပြီးနောက်..ရှေးဟောင်းနှောင်းဖြစ်တွေပြောဆို၊ ပါလာတဲ့ဒကာတွေနဲ့ မိတ်ဆက်ပေး..အပြန်အလှန်ပေါ့။ သူက ကိုယ့်ဒကာတွေနဲ့ ဧည့်ခံစကားပြောနေချိန်မှာ..ကိုယ်က လည်း သူ့ ကျောင်းက ကပ္ပိယ တွေနဲ့ စကားပြော ဆွေးနွေးဖြစ်တယ်။

Anonymous said...

အသက်ဘယ်လောက်ရှိပြီလဲ..ဒကာတို့၊

တပည့်တော်က ၂၂ နှစ်ပါ ဘုရား။ တပည့်တော်က ၂၇ ပါ။

အိမ်ထောင်ရော ရှိလား..။ မရှိသေးဘူးဘုရား..။

အော်...........ဘယ်လောက်ပဲ အလုပ်လုပ်ကွာ..ပိုက်ဆံစု.၊ တစ်နေ့သေရမယ်.၊ သေရင်ဘာမှ ယူသွားနိုင်မှာမဟုတ်ဘူး။ အို. နာ. သေ. ဆိုတာ မလွဲမသွေ ကြုံရမှာ။

မကြောက်ဘူးလား..

ကြောက်ပါတယ်ဘုရား၊

ကြောက်တယ်ဆိုရင်. ရဟန်းပြုနိုင်ပါ့မလား..

ဘယ်သူမှ ပြန်မဖြေ ..တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ပြီး ခေါင်းတွေ ငုံ့လို့။

ရဟန်းမ၀တ်နိုင်ဘူး ဆိုရင် တော့ ဒီအတိုင်းမနေနဲ့..အသက်တွေလည်းရလာပြီ။

ရည်းစားရှိရင် လက်ထပ်ခွင့်တောင်း အိမ်ထောင်ပြု ။ ချစ်သူမရှိဘူးဆိုရင်လည်း အဖေအမေကို ရှာခိုင်း ပြီး ယူဖို့လုပ်တော့။

မိန်းမယူရင် ကုသိုလ်ရတယ်…

အာ……..အရှင်ဘုရားကလဲ…. မဟုတ်တာတွေပြောနေပြန်ပြီ။
နောက်နေတာ မဟုတ်ဘူး…၊ တကယ်ပြောနေတာ…. မိန်းမ ယူရင် ကုသိုလ်ရတယ်…မယုံဘူးလား။

အတည်ပေါက်နဲ့ ဒီကပြောနေပေမဲ့ ဒီဘုန်းကြီးမဟုတ်တာတွေ မဆိုင်တာတွေ ပြောနေတယ်လို့ပဲ သူတို့အမူအရာတွေက မယုံကြည်ကြောင်း ပြနေတယ်။

ဒါတော့လည်း..ဆွေးနွေးပွဲလေး ပိုမြိုင်သွားအောင် ဒီလိုလုပ်မယ်.။ ခုန ဦးဇင်းပြောတာ ကို ထေရ၀ါဒ ပိဋကတ် တော်နဲ့ ချိန်ထိုးစီစစ်ကြည့်မယ်။ ဟုတ်တယ်ဆိုရင်လည်း အကြောင်းပြရမယ်..ဆိုင်ရာ ကျမ်းကိုး အထောက်အထားပြရမယ်။ မဟုတ်ဘူးဆိုရင်လည်း ဆိုင်ရာကျမ်းကိုး နဲ့ချက်ကျ လက်ကျချေပရမယ်။ မသိဘူးဆိုရင်…မသိဘူးလို့ ပဲ ပြောရမယ်..ကဲ..ဘယ်လိုလဲ…

.ကောင်းပါတယ်ဘုရား….

အေး..ဆိုင်ရာအကိုးအကားမပြနိုင်ဘဲ နဲ့ ဘလိုင်းကြီးငြင်းတယ်.ဘလိုင်းကြီးဖိပြောနေတယ်ဆိုရင် ..အဲဒီစကားကို စာရေးမရတဲ့စကား၊ စာမတတ်တဲ့သူရဲ့ စကားလို့ မှတ်မယ်ကွာ..ဟုတ်ပလား..။

တင်ပဘုရား..။

ဒီလိုဆိုရင် ဦးဇင်းမေးမယ်..ရိုးရိုးလေးပဲ စဉ်းစားပီးဖြေကြ။
တို့ဘုရား ဟောထားတဲ့တရားအတိုင်း လိုက်နာကျင့်သုံးတယ်ဆိုရင် ..ကုသိုလ်လား..အကုသိုလ်လား..၊

ရှင်းနေတာပဲ ဘုရား..ကုသိုလ်ပေါ့.

အေး….ဘုရားဟောထားတဲ့အတိုင်းကျင့်သုံးလိုက်နာရင်ကုသိုလ်ရတယ်..လို့ ဖြေတယ်နော်၊သေချာလား..အဲဒါ။

လုံးဝ သေချာပါတယ်ဘုရား။
ဘုရားဟောထားတဲ့အတိုင်းကျင့်သုံးလိုက်နာရင် ကုသိုလ် တရားဘဲ။

အေး….ဒါဆိုဆက်မေးမယ်.။

ကဲ ..ဒီလိုဆိုရင် ..မိဘ၀တ်..၅ပါးဆိုတာ သိလား ၊

သိပါတယ်ဘုရား..


မကောင်းမြစ်တား၊ ကောင်းရာညွှန်လစ်

အတတ်သင်စေ၊ပေးဝေနှီးရင်း

ထမ်းမြားခြင်းလျှင် .၀တ်ငါးအင်.

ဖခင်မယ်တို့တာ……..ပါဘုရား။

ဟုတ်ပီ…သားသမီးဝတ်တရား ငါးပါးဆိုတာကရော…

ကျွေးမွေးမပျက် ဆောင်ရွက်စီမံ

မွေခံထိုက်စေ လှူမျှဝေ၍

စောင့်လေမျိုး နွယ် ၀တ်ငါးသွယ်

ကျင့်ဖွယ် သားတို့တာ..(ကျင့်ဖွယ်သမီးတို့တာ)


ကောင်းလေး တစ်ယောက်က မဆိုးလှ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့အတော်တီးမိခေါက်မိရှိပုံရတယ်။ ဒိုးကနဲ ဒေါက်ကနဲ ရွတ်ပြနိုင်တယ်။

မကောင်းမြစ်တား ကောင်းရာညွှန်လစ်

အသစ်ဟောကျူး နာဖူးထပ်မံ

နတ်ထံတင်ရာ..မေတ္တာလည်းပြု

ရဟန်းမှု ………ခြောက်ခုလွန်သေချာ။

အဲဒါက ရဟန်းကျင့်ဝတ်။

ကောင်းပီ…..အဲဒီ .မိဘ ၀တ်..သားသမီးဝတ်…ရဟန်းဝတ်..တွေအထဲမှာ..

မိဘ ၀တ်ထဲက…ထိမ်းမြားခြင်းလျှင်.

သားသမီးဝတ်ထဲက …စောင့်လေမျိုးနွယ်

ရဟန်းဝတ် ထဲက ….မကောင်းမြစ်တား..ကောင်းရာညွှန်လစ်..နတ်ထံတင်ရာ…ဒီအချက်တွေအရ..
ဘာကိုပြသလဲ.

ဒကာတို့ ရဟန်းမပြုနိုင်ရင် အိမ်ထောင်ပြု..ပါလို့ ဘုန်းကြီးက ပြောခွင့်ရှိသလား..မရှိဘူးလား.




မိဘ တို့ ၀တ်တရားရှိသည့်အတိုင်း လို့ မင်္ဂလာဖိတ်စာ မှာရေးကြတာ..ဘယ်သူက ပြောလဲ..ဒါကို မိဘ ၀တ်တရားလို့……
ဘုရားဟောခဲ့တယ်မို့လား..ဒါတွေက။ ဘယ်မှာဟောလဲ..သိင်္ဂါလောဝါဒသုတ်မှာ ဟောတာ..၊
ဒါကြောင့်…

အရွယ်ရောက်နေတဲ့ သားသမီး ကို အိမ်ထောင်ချပေးတဲ့ မိဘ

သင့်တော်ရာမိန်းမ ..ယောကျားယူတဲ့ သားသမီး နဲ့

ဘုရားဟောတရားအတိုင်း နတ်လမ်းညွှန်လုပ်တဲ့ ရှင်ရဟန်း..

ဟာ ဘုရားဟော သိင်္ဂါလောဝါဒသုတ်လာ အဆုံးအမအတိုင်း ကျင့်သုံးလိုက်နာနေတယ်လို့ မဆိုနိုင်ဘူးလား..။

ဆိုနိုင်ပါတယ်ဘုရား..

လင်နဲ့မယား၊ မိဘ နဲ့သားသမီး၊ ရဟန်းနဲ့ ဒကာ၊ အလုပ်ရှင်နဲ့ အလုပ်သမား.ဘယ်လို ၀တ်တရားဖြည့်ကျင့်ရမယ်..ဆိုတာတွေ့ပေမဲ့…လူပျိုကြီးဝတ်.အပျိုကြီး ၀တ်ရယ်လို့ ဟောထားတာလဲ မတွေ့ဘူး။ဒါတော့ အပျိုကြီးလူပျိုကြီးတွေ တွေ့ရင် ငါဟောရမှာက...ဘုန်းကြီး သီလရှင်ဝတ်ရင် ၀တ်..မ၀တ်ချင်ရင် အိမ်ထောင်ပြု ..ဒါပဲ



ဘုရားဟောသိင်္ဂါလောဝါဒသုတ်တော်အဆုံးအမအတိုင်းကျင်ပသုံးလိုက်နာခြင်းဖြစ်တဲ့အတွက် သာသနာပြုကုသိုလ်ရတယ်… ဒါဟာ Buddhist Social Philosophy ဘဲ၊ …ရှင်းပလား။
မှန်ပ ဘုရား..

မိန်းမ မရှိသေးရင် ..မိန်းမယူ .၊ သာသနာပြု ကုသိုလ်ရတယ်… တို့ဘုရားက သိင်္ဂါလောဝါဒ သုတ်မှာ ညွှန်ကြားထားတယ်….လို့

(လူဝတ်ကြောင်အတွက် အထူးဟောထားတဲ့တရားနဲ့ ရဟန်းသာမဏေ အတွက်အထူး ဟောထားတဲ့တရား ကွဲကွဲပြားပြားသိမြင်သဘောပေါက်ကြလျက်..ကိုယ့်အဆင့်နဲ့ကိုယ် ကျင့်သုံးလိုက်နာ သာသနာပြုကုသိုလ်တရား ၀မ်းမြောက်စွာဆည်းပူးနိုင်ကြပါစေကုန်သတည်း။ )

Posted by Ashin Kumara at 10:24:00 PM

Anonymous said...

မုဒိန်းကျင့်က ကုသိုလ်ရ
မဟောတာ တော်ပါသေး၏။

Anonymous said...

အဲဒါကြောင့် ... စာလဲမဖတ် စာလဲမတတ်၊ အကျနကောက်ပြီး ကိုယ်ပြောချင်ရာ ကိုယ်လိုရာဆွဲ ပြောနေတယ်လို့ ပြောတာ ...

ခုနပို့စ်မှာတင်ထားတယ် ... စာသွားပြန်ဖတ်ချည် ...
http://www.ashinkumara.com/2009_02_01_archive.html
ဘာပြောချင်လဲဆိုတာရော နားလည်လား ... သေချာဖတ် .. အားယားလို့ တင်ထားတာမဟုတ်ဖူး ... ခင်ဗျားကို ဖတ်စေချင်လို့ တင်ထားတာ ...

စာသေချာဖတ် .. လိုရင်းကို နားလည်အောင်ဖတ် .. အကျနပဲ မကောက်နေနဲ့လို့ ပြောတာလဲ အာညောင်းလှပြီ ... ဘယ်တော့မှလဲ မမှတ်ဖူး ... ဖတ်ပြီးရင်လဲ ဘာမှမကျန်ခဲ့ဘူးနဲ့တူတယ် ... ဇွတ်ငြင်းနေတော့တာပဲ ...
ခုလဲ ကိုယ်လိုရာဆွဲပြန်ပြီ ... မုဒိမ်းကျင့်ရမတဲ့ဗျာ ... စိတ်ဓါတ်လေးတွေက အောက်ကျပါ့ဗျာ ...

မဖတ်ရသေးရင် ရှေ့က ရွာဦးကျောင်းဆရာတော် ပွဲကျောင်းပညာရပ်ကို ဘာလို့အားပေးခဲ့လဲ ... အဲဒီဥပမာတွေ ပြန်ဖတ် ... ဖတ်ရင် ညဏ်လေးနဲ့ ယှဉ်ဖတ် ... ရေးချင်လို့ ရေးခဲ့တာ မဟုတ်ဖူး... ဘာလို့ ရေးခဲ့လဲ အကြောင်းရှိတယ် ... အကြောင်းရင်းကို သိအောင်ရှာ ...

ဆရာကြီး ... သတိထားတော့ .. ဆော်ချင်တဲ့စိတ်နဲ့ ခင်ဗျားလိုသလိုဆွဲယူနေတာ လမ်းက တော်တော်ချော်နေပြီ ... လူရီစရာလဲ ဖြစ်နေပြီ ... ကိုယ်ပြောချင်တာ ကိုယ် ဘယ်ရောက်လို့ ရောက်နေမှန်း မသိတော့ဘူးထင်တယ် ...

လောလောဆယ် အနားယူလိုက် ... စိတ်ကလေး လျှော့လိုက် ... အနိုင်ယူချင်စိတ်ချည်း အားကြီးမနေနဲ့ ... အနိုင်လိုချင်ရင် အနိုင်ပေးမယ် .. ဟုတ်လား ...

ပြီးရင် လောကီကောင်းကျိုးတရားတွေဟောခဲ့တဲ့ ဆရာတော်ကြီးတွေရဲ့ တရားတွေကို ပြန်နာ ... ဟုတ်လား ...

ဆရာတော်ကြီးတွေကိုလဲ သံဃာအတုဆိုပြီး သွားမစွပ်စွဲလိုက်နဲ့ဦးဗျ ... ခင်ဗျားရန်ကို ကြောက်လွန်းလို့ ...

Anonymous said...

ပထမ ကွန်မန့်အတွက် ...

အဲဒါကြောင့် စာဖတ်ရင်လဲ စာကိုညဏ်လေးနဲ့ ယှဉ်ဖတ်လို့ နဂိုတည်းက ပြောခဲ့တာ ... တော်တော်ကို ဝေးတယ် ...

ဆိုလိုရင်းအဓိပါယ်ကိုရှာဆိုတာလဲ မရှာဘူး ... နားမလည်တာပဲလား ... စာမဖတ်တတ်တာပဲလား ...

ရော့ .. ဒါ ပီနန်ဆရာတော်ကြီးရဲ့ အော်ရီဂျင်နယ် တရား ...
http://www.bbt.org.sg/Articles/loka.htm
တစ်တန်းပြီးမှ တစ်တန်းတက် ... တန်းကျော်မတက်ရင် လောကီချမ်းသာဟာလဲ လောကနိဗာန်ပဲ ...
ဆရာတော်ကြီးကိုယ်တိုင် ဟောသွားတာ ...

ပီနန်ဆရာတော်ကြီးကိုယ်တိုင် ခင်ဗျားတို့လို ဝေးတဲ့သူတွေ နားလည်လွယ်အောင် ဟောသွားတာ ... လောကီချမ်းသာအရင်ရအောင်လုပ် ... ပြီးရင် လောကုတ္တရာချမ်းသာ ရအောင်လုပ် ... အဲဒီအဓိပါယ်ပဲ ... ရှင်းပလား ...

အဲဒါကိုမှ မရှင်းသေးရင်လဲ မတတ်နိုင်တော့ဘူးကွယ် ...

Anonymous said...

အနောနိမတ်ရဲ့ ပထမ ကွန်မန့်အတွက်

အဲဒါကြောင့် စာဖတ်ရင်လဲ စာကိုညဏ်လေးနဲ့ ယှဉ်ဖတ်လို့ နဂိုတည်းက ပြောခဲ့တာ ... တော်တော်ကို ဝေးတယ် ...

ဆိုလိုရင်းအဓိပါယ်ကိုရှာဆိုတာလဲ မရှာဘူး ... နားမလည်တာပဲလား ... စာမဖတ်တတ်တာပဲလား ...

ရော့ .. ဒါ ပီနန်ဆရာတော်ကြီးရဲ့ အော်ရီဂျင်နယ် တရား ...
http://www.bbt.org.sg/Articles/loka.htm
တစ်တန်းပြီးမှ တစ်တန်းတက် ... တန်းကျော်မတက်ရင် လောကီချမ်းသာဟာလဲ လောကနိဗာန်ပဲ ...
ဆရာတော်ကြီးကိုယ်တိုင် ဟောသွားတာ ...

ပီနန်ဆရာတော်ကြီးကိုယ်တိုင် ခင်ဗျားတို့လို ဝေးတဲ့သူတွေ နားလည်လွယ်အောင် ဟောသွားတာ ... လောကီချမ်းသာအရင်ရအောင်လုပ် ... ပြီးရင် လောကုတ္တရာချမ်းသာ ရအောင်လုပ် ... အဲဒီအဓိပါယ်ပဲ ... ရှင်းပလား ...

အဲဒါကိုမှ မရှင်းသေးရင်လဲ မတတ်နိုင်တော့ဘူးကွယ် ...

A-bomb said...
This comment has been removed by the author.
A-bomb said...

ကျွန်တော့်အစ်ကိုကြီးကိုအောင်တိုးခင်ဗျား။ ကျွန်တော်ပြောခဲ့တဲ့စကားတွေမှာရိုင်းတာပါရင်ကျေးဇူး
ပြုပြီးထောက်ပြပေးပါလားခင်ဗျား။ ကျွန်တော်အပြောအဆိုမတတ်တာဝန်ခံပါတယ်စကား
ပြောလည်းမယဉ်ကျေးသေးပါခင်ဗျာ။ သောဝစဿတာမင်္ဂလာနဲ့အညီကိုယ်ကိုယ်တိုင်နေထိုင်
ခြင်းဟာလည်းသာသနာပြုခြင်းတစ်မျိုးမဟုတ်ပါလားခင်ဗျာ။ ဘုန်းဘုန်းတွေရဲ့ဝေဖန်ဆုံးမမှုတွေနဲ့အညီကျွန်တော်က
လည်းသမ္မာဝါစာလမ်းစဉ်ကိုကြိုးစားလျှောက်လှမ်းနေ
လျှက်ပါ။ ကျွန်တော့်အရေးအသားတွေကအစ်ကို့ကိုရန်စသလိုဖြစ်
သွားရင်လည်းဒီကညီလေးကိုချီးမြှောက်သောအားဖြင့်ဘယ်နေရာတွေမှာ ဘယ်လိုရန်စထားပါတယ်စသည်ဖြင့်
ဆုံးမစကားပြောပေးပါလားခင်ဗျာ။ ကံကံ၏အကျိုးအဆင့်ထိမတက်ခင်ပစ္စုပ္ပန်ကာလမှာပဲကို
ယ့်အရေးအသားကိုယ်တာဝန်ယူခြင်းဟာလည်းဘုရားအ
လိုတော်ကျမဟုတ်ပါလားခင်ဗျာ။

Anonymous said...

နှိဗ္ဗာန်ကို ကာမသုခအဖြစ် အဓိပ္ပာယ် လိမ်ညာဖွင့်ဆိုခြင်းကို ဘုရားအမှူးရှိသော ပညာရှိ သူတော်ကောင်းတို့ လုံးဝ ခွင့်မပြုပါ။ လုပ်လည်း မလုပ်အပ်ပါ။

အို အရှင်ဂေါတမ၊ အရှင်ဂေါတမတို့ ဟောနေတဲ့ နိဗ္ဗာန်ကို ကျွန်ုပ် ရလေပြီ။

မာဂဏ္ဍီပရဗိုဇ်ကြီးက မြတ်စွာဘုရားကို ဤသို့ လျှောက်ဖူးပါသည်။ မြတ်စွာဘုရားက မာဂဏ္ဍီ၊ သင်ရသည့် နိဗ္ဗာန်ဆိုတာ ဘာလဲ ပြောလော့ ဆိုတော့ ဧရာမ ဝမ်းဗိုက်ကြီးရှင် မာဂဏ္ဍီ ပရဗိုဇ်ကြီးက စားလို့လည်း သိပ်ကောင်း၊ အိပ်လို့လည်း သိပ်ကောင်း၊ ဘာရောဂါမှ မရှိ (သူ့အထင်)ကို နိဗ္ဗာန် ဟု မြင်ရှာ၍ နိဗ္ဗာန်ရပြီ မှတ်ပြီး သူ့နိဗ္ဗာန်ချမ်းသာနှင့်သူ အဆီယစ်နေမှန်း ပေါ်ပါတော့သည်။

အိပ်စားကာမဖြင့်သာ ဘဝကို ကုန်ဆုံးချင်သူများကို ဤသည်ကား နိဗ္ဗာန်တည်း၊ ဘုရားရှင် ဟောသည့် နိဗ္ဗာန် ဟူသည် ဤကာမသုခတို့ပင်တည်းဟု ဟောလျှင် အကြိုက်ကျ၍ တပည့်တပန်းများ ရရှိနိုင်ပါသည်။ သို့သော် မသိနားမလည်သူတို့ကို တရားမသိအောင် ပိတ်ဆို့ရာ ရောက်သဖြင့် အပြစ်ကြီးပါသည်။

Anonymous said...

အနောနိမတ်လေးရေ … ရေးထားတဲ့စာကို သေချာဖတ်ဦး … နှိဗ္ဗာန်ကို ကာမသုခလို့ အဓိပါယ်ဖွင့်နေတာ မဟုတ်ဖူး … လောကနိဗာန်ကို ပြောနေတာ ကလေးရဲ့ …

ဘုရားဟောတရားတော်တွေထဲမှာ … သံသရာက လွတ်ကင်းကြောင်း နှိဗ္ဗာန်ကို ဟောကြားထားတဲ့ တရားတွေရှိတယ် ... လောကီရေးရာ ကြီးပွားရာ ကြီးပွားကြောင်း ဟောကြားထားတဲ့ တရားတွေရှိတယ် ... စာမဖတ်ပဲနဲ့ ဆွေးနွေးနေတာလား ...

ကိုယ်လိုချင်တဲ့အချက်ကို ဆွဲပြောတယ်ဆိုတာလဲ အဲဒါပဲ ... အိပ်စားကာမနဲ့ အချိန်ကုန်ခိုင်းနေတာမဟုတ်ဖူး ... အနောနိမတ်လေးရေ ...

မိန်းမယူ ... သာသနာပြု .. ကုသိုလ်ရတယ်ဆိုတာ ရှင်းပြမယ် ... ပြောတာလဲ သေချာ နားမထောင် ... စာကိုလဲ သေချာမဖတ် ... အိပ်စားကာမချည်းလောက်ပဲ စိတ်ထဲက တွေးမနေနဲ့ ...

ရှင်းပြမယ် ... အိမ်ရာတည်ထောင်လူတို့ဘောင်ဝယ်ဆိုတဲ့အတိုင်း .. အိုးအိမ် ထူထောင်ကြ ... ရလာတဲ့ သားသမီးလေးတွေကို ရှင်ပြုနားသ မင်္ဂလာလုပ်ပေး ... သာသနာ့ဘောင်ထဲ သွတ်သွင်းပေးတာ ... ပြီးတော့ ငယ်ရွယ်စဉ်ထဲက သူတို့ကလေးတွေရဲ့ အသိစိတ်ထဲကို မိရိုးဖလာအသိလောက်မှမရှိတဲ့ ဖင်ပိတ်ငြင်းတတ်တဲ့အကျင့်တွေကို မသွတ်သွင်းပေးနဲ့ ... ကြောင်းကျိုးဆီလျော်စွာ စဉ်းစားချင့်ချိန်တတ်တဲ့ အသိတရားလေးတွေရှိအောင် ရိုက်သွင်းပေး ...
နောင်တချိန်မှာ သာသနာတော်ကို ပံ့ပိုးထောက်ပံ့နိုင်မယ့် ဒကာဒကာမကောင်းတွေဖြစ်အောင် ပြုစုပျိုးထောင်ပေး ...
အလှူအတန်းတခုခုလုပ်ရင် ဘာစိတ်နဲ့ လှုလဲ ... နတ်ပြည်ရောက်ရပါလို၏လို့ ဆုတောင်းပြီးလှု လား ... သာသနာတော် အဓွန့်ရှည် တည်တံ့ဖို့ကို စိတ်ထဲမှာရည်မှန်းပြီးလှုလား ... သာသနာတော် အဓွန့်ရှည်တည်တံ့ဖို့ဆိုတဲ့ စိတ်ထားနဲ့ လှုကြတယ် ..

သာသနာတော် အဓွန့်ရှည်ဖို့ဆိုတာလဲ ရဟန်းသံဃာတွေပဲရှိပြီး သာသနာတော်ကို ထောက်ပံ့ပေးမယ့် ဒကာဒကာမတွေမရှိရင်လဲ မဖြစ်ဖူး ... သာသနာကိုထောက်ပံ့ပေးနိုင်မယ့် ဒကာဒကာမတွေ မရှိရခြင်းဟာလဲ သာသနာပျက်ရခြင်းအကြောင်းပဲ ... နှစ်ဖက်စလုံး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို အမှီသဟဲပြုနေကြရတယ် ...

Anonymous said...

သံဃာတော်ဆိုတာ ဒကာလှုတဲ့ဆွမ်းကို ဘုန်းပေးရတာ ... ဒကာတွေကိုယ်တိုင်က ကိုယ်ကိုတိုင်အတွက် မဖူလုံရင် သံဃာကို လှုနိုင်မလား ... သာသနာတော်ကိုကောင်းကောင်းထောက်ပံ့ပေးနိုင်မလား ... အဲဒါကြောင့် ဒကာဒကာမတွေလဲ ကြီးပွားချမ်းသာအောင်လုပ် ... သာသနာပြုနိုင်မယ့် မျိုးဆက်လေးတွေ(နောက်တချိန်မှာ ဒါယိကာ ဒါယိကာမကောင်းဖြစ်လာမယ့် ပုဂ္ဂိုလ်လေးတွေ၊ ဆရာတော် ပဏ္ဍိတဖြစ်လာမယ့် ပုဂ္ဂိုလ်လေးတွေ) စနစ်တကျ ပြုစုပျိုးထောင်ပေး ... အဲဒါ သာသနာပြန့်ပွားအောင်လုပ်တာပဲ ...

လောကလူ့ဘောင်မှာ အိမ်ရာထူထောင်ကြတာ ဓမ္မတာပဲ ... အဲဒါကို မှားပါတယ်လို့ ဆိုချင်ရင် ဒီနေ့တွေမှာ တွေ့နေရတဲ့ မင်္ဂလာဦးဆွမ်းကျွေးဆိုတာတွေ ရှိလာမှာ မဟုတ်ဖူး ...

လောကုတ္တရာပဲ အားထုတ်တော့မယ်ကွာ ... ဒါ ကိလေသာချည်းပဲဆိုပြီး အိမ်ထောင်သားမွေးမလုပ်ကြနဲ့တော့ ... နောင်တချိန်မှာ သာသနာတော်ကို ဆက်ခံနိုင်တဲ့မျိုးဆက်လေးတွေလဲ ရှိတော့မှာ မဟုတ်ဖူး ... သာသနာတော်ကို စောင့်ရှောက်နိုင်မယ့် အမျိုးကောင်းသားသမီးလေးတွေ ပေါ်လာမှာ မဟုတ်ဖူး ... တဖြည်းဖြည်းနဲ့ ဗုဒ္ဓဘာသာဝင်လူဦးရေ နည်းလာမယ် ... ဒါဟာလဲ နောင်တချိန်မှာ သာသနာပျက်ရမယ့် အကြောင်းရင်းတွေပဲ ... ရေးထားတဲ့ စာပေတွေ ရှိတယ် .. အနောနိမတ်လေးက မဖတ်ချင်ဖူး .. ဇွတ်ငြင်းတယ် ...

အဲဒါကြောင့်မို့ မြတ် ဗုဒ္ဓက မဇ္ဈိမပဋိပဋာဆိုတာ ဟောကြားခဲ့တာ ... ကိလေသာထူပြောနေကြဖို့ ပြောနေတာ မဟုတ်ဖူး ... လူ့အရေးကို ဘာမှမလုပ်ပဲ တရားထိုင် တရားမှတ်ခိုင်းနေတာလဲ မဟုတ်ဖူး ...

လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြဖို့ ဟောကြားခဲ့တာ ... လူက လူ့အလုပ်ကိုလုပ်ကြဖို့ တိုက်တွန်းနေတာ ... ကြောင်းကျိုးညီ တဦးနဲ့ တဦး အမှီသဟဲပြုရင်း သာသနာတော်ကို ပြန့်ပွားအောင်လုပ်ဖို့ကို ပြောနေတာ ...

အဲဒီလို လူက လူ့အလုပ်လုပ်ဖို့ ပြောနေတာကို ဒို့က ခုမှထွင်ပြီးပြောနေတာမဟုတ်ဖူး ... နဂိုတည်းက ဗုဒ္ဓအဆုံးအမတွေမှာ ရှိခဲ့တယ် ... မင်းဘာသာရေးအကြောင်းကို လေ့လာဖူးရင် သိမှာပေါ့ ...

ရှင်းပလား ... စာလေးပေလေးလဲဖတ် ... ရေးထားတဲ့စာတွေတိုင်းမှာ အကြောင်းအရာရှိတယ် ... အဲဒါကို သေချာမဖတ်ပဲ ကိုယ်လိုချင်တာရှာပြီး ဇွတ်ငြင်းနေလို့ မင်းကို အကျအနကောက်တတ်တဲ့သူလို့ပြောနေတာ ...

မင်းတို့လုပ်ရပ်တွေကို မင်းပြန်ကြည့် ... အစပိုင်း နအဖလူပါလို့ သမုတ်ချင်တယ် ... အဲဒါမဟုတ်ပါဘူး ... အယူဆ သန့်သန့်တွေပါလို့ ချပြတော့ ... စာပေအထောက်အထားမရှိဘူးဆိုပြီး လုပ်ပြန်ရော ... စာပေအထောက်အထားနဲ့ ချပြတော့လဲ ... သံဃာအစစ်မဟုတ်ပါဘူးဆိုတာ ထပ်လုပ်တယ် ... ပြီးတော့ လူအထင်မှားအောင် အထင်သေးအောင် ဂေးဆိုတာတွေနဲ့ ချိုးလားနှိမ်လား ပြောလိုက်သေးရဲ့ ... မင်းက စပြောတဲ့သူ ... ငါးဖယ်က ပြောင်းပြန်လုပ်ပြီး ဒို့က ရန်စတာပါလို့ လုပ်လိုက်သေးရဲ့ ... အချက်လက်နဲ့ မချေပနိုင်တော့လဲ ... တွေ့သမျှစာကို အသေရှာပြီး တိုက်ခိုက်လား တိုက်ခိုက်သေးရဲ့ ... တိုက်ခိုက်ချင်ဇောနဲ့ စာကိုသာဖတ်တယ် ... စာထဲက အဓိပါယ်လဲ နားလည်ဟန် မတူဘူး ...

ဒီမှာ အယူအဆတွေကို အထောက်အထားတွေနဲ့ သေချာရှင်းပြထားတာ ... မင်းက ကိုယ်လိုရာဆွဲတွေးပြီး ... မင်းလိုချင်တဲ့ဖက်ရောက်အောင်ပြောတယ် ... အောက်တန်းမကျလွန်းဘူးလားကွာ ...

Zay Tar Yar said...

ဟုတ်ကဲ့ ဇေတာရာဟာယောကျာင်္းစင်စစ်ဖြစ်ကျောင်းအသိပေးအပ်ပါတယ် ခင်များ နေတာကတော့ ၁၀၈ အေ အမှတ် ၅ရပ်ကွတ်ရွှေနှင်းဆီလမ်း အေ၀မ်းခြံရှစ်မိုင်ခွဲ မရမ်းကုန်း
ပါ ဂေးမဟုတ်မဟုတ်စမ်းသပ်လိုသူများ ၀၉၅၀၁၉၉၂၂မှာ
စုံစမ်းနိုင်ပါတယ် ဂျီမေးကတော့ zaytaryar@gmail.com ဖြစ်ကြောင်းပါခင်များ

Zay Tar Yar said...

ညင်းခုံဘို့သက်သက်ဘဲလိုက်ရေးနေကြမယ်ဆိုရင်တော့ဗျာရေးမနေကြပါနဲ့အချိန်တွေကုန်ပါတယ် ဘာသာသာသနာကိုတကယ်တန်းကာကွယ်မဲ့အလုပ်တွေလဲဟုတ်မယ်မထင်ပါဘူး ကိုယ့်ကိုယ်ကိုယ်အသိဆုံးပါ ဘုရားဟာ သီလ သမာဓိ ပညာဆိုတဲ့ အဆုံးအမတွေနဲ့
သာသနာကိုထားခဲ့တာပါ ကိုယ့်ကိုယ်ကိုယ်စစ်ကြည့်လိုက်ပါ ငါ့မှာဆိုင်ရာသီလဘယ်လောက်ရှိလဲ ငါမှာဆိုင်ရာသမာဓိဘယ်လောက်ရှိလဲ ငါ့မှာဆိုင်ရာပညာဘယ်လောက်ရှိလဲ ကိုယ့်ကိုယ်ကိုယ်သာစစ်လိုက်ပါ မိမိတို့နဲ့ဆိုင်တဲ့သီလသမာဓိပညာမရှိဘဲနဲ့တော့ကြိုက်သလောက်ရေးကြ ကြိုက်သလောက်ငြင်းခုန်ကြ ဘာမှမဖြစ်ပါဘူး လူဆိုလဲလူနဲ့ဆိုင်တဲ့သီလသမာဓိပညာရဟန်းဆိုလဲရဟန်းနဲ့ဆိုင်တဲ့သီလသမာဓိပညာမရှိဘို့လိုပါတယ် ဘယ်လိုသာသနာထွန်းတယ်ပြောပြောဘယ်လောက်သာသနာပွင့်လင်းတယ်ပြောပြော ဆိုင်ရာသီလတွေကိုဘာသာဝင်အားလုံးမရှိကြရင် အဲပွင့်လင်းတဲ့သာသနာဟာ အဲလူတွေနဲ့မဆိုင်ပါဘူး သီလသမာဓိပညာရှိတဲ့လူများအတွက်သာဖြစ်ပါတယ် ဒါကြောင့်မို့ စကားကျနလေးတွေကောက်ပြီးငြင်းခုန်ရေးသားနေမဲ့အစား မိမိတို့ရဲ့စိတ်ကို ဖြူစင်အောင်ထားပြီး ဆိုင်ရာသီလ ဆိုင်ရာသမာဓိ ဆိုင်ရာပညာ လေးတွေကိုတတ်နိုင်သလောက်ဖြည့်စွမ်းကြရမယ်ဆိုရင်ဘုရားအလိုတော်ကျ ဖြစ်ပါလိမ့်မယ်လို့ အကြံပြုရေးသားရင်း ထေရ၀ါရကိုသက်ဝင်ယုံကြည်သူညီကိုယ်မောင်နှမများကောင်းစွာ ဆိုင်ရာသီလသမာဓိပညာဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးမသာသနာတော်ကို စောင့်လျှောက်နိုင်ပါစေဟုစုတောင်းရေးသားရင်း ဟုတ်ကဲ့ခင်မျာ ကျွှန်တော်ဇေတာရာပါ.....။

Pyinnyar said...

ရှင်ကုမာရ

မြတ်စွာဘုရားနဲ့ သံဃာတွေကို မာဂဏ္ဍီမိဖုရားက လူငှား ဆဲရေးစေသလို ရိုင်းစိုင်းတဲ့ နောက်ပါတပည့်များ နာမည် အသုံးပြုပြီး မိမိရေးနေကျ ရုန့်ရင်းတဲ့ အရေးအသားတွေ သိမ်ဖျင်းအောက်တန်းကျတဲ့ အသုံးအနှုန်းတွေနဲ့ သာသနာစောင့် သာဝကများကို ဒီလို လိုက်လံ မဆဲရေးဖို့ မေတ္တာရပ်ပါရစေ။

လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ဘွဲ့ရပြီးစ လူငယ်တစ်ဦး ဖြစ်တဲ့ သင် သာသနာ့ဘောင် ဝင်လာတော့ ခေတ်ပညာတွေ ခေတ်အမြင်တွေနဲ့ လောကုတ္တရာအသိ ပေါင်းစပ်ပြီး သာသနာ့အကျိုး စွမ်းဆောင်နိုင်မယ့် သားကောင်းတစ်ယောက်လို့ မျှော်လင့်စရာ ဖြစ်ခဲ့တယ်။ လက်တွေ့မှာတော့ ဘုရားရှင်ဟာ ဒေဝဒတ်လို မာန်ထောင်ကြမ်းတမ်းပြီး တရားတော်တွေကို ပြင်ဆင်အသစ်ထွင်ချင်တဲ့ ရဟန်းတစ်ပါးကိုသာ ရခဲ့တယ်။

သင်ဟာ ပိဋကတ်စာပေနဲ့သာ သင်ကြားကြီးပြင်းခဲ့ရတဲ့ သံဃာတွေ၊ ဆရာတော်ကြီးတွေကို ခေတ်မမီရန်ကော၊ ခေတ်အမြင် မရှိရန်ကောလို့ အထင်သေး ကဲ့ရဲ့ချင်တယ်။ တရားတော်ကို ဖတ်ရှုကျင့်ကြံ စိတ်ဝင်စားလာကြတဲ့ ခေတ်ပညာတတ် လူဒကာတွေကိုကျပြန်တော့ ပိဋကတ် မသင်ဖူးဘူးဆိုတဲ့ မာန်နဲ့ ချိုးနှိမ်စော်ကားတယ်။ သင့်ရဲ့ အပြစ်စက်ကွင်းက ဘယ်သူမှ မလွတ်ဘူး ဖြစ်ရပြီ။

ပိဋကတ်သုံးပုံဆောင် မင်းကွန်းဆရာတော်ကြီးဟာ တစ်နေ့မှာ တရားဟောရင်း \\\ဒီထဲမှာ နားကြီးတဲ့ ပဏ္ဍိတ်တွေလဲ ပါတော့ ....\\\ လို့ ဒကာဒကာမများအပေါ် ကြည်နူးဖွယ် သုံးနှုန်းခဲ့ဖူးတယ်။ အမှန်တကယ် ပညာဥာဏ် ကြီးမားထက်မြက်တဲ့ သံဃာတွေဟာ ဒကာဒကာမများအပေါ် အထင်သေးခြင်း၊ စော်ကားပျက်ရယ်ခြင်း မရှိဘူး။ ဒကာဒကာမများ အသိပညာကြွယ်ရင် သူတို့ဟာ မုဒိတာစိတ်နဲ့ ဝမ်းမြောက်နေတာပဲ။

ဝဏ္ဏကျော်ထင် ဒေါက်တာမြင့်ဆွေအမေး မဟာစည် ဆရာတော်ကြီးအဖြေ၊ ဂါးဒီးယန်းဦးစိန်ဝင်းအမေး ရှင်ဇနကာဘိဝံသအဖြေ၊ လန်ဒန် ပါဠိဒေဝီအမေး အရှင်သေဋ္ဌိလအဖြေ၊ ဒေါက်တာဆိုနီအမေး အီလာလျံဆရာတော် ဦးလောကနာထအဖြေတွေဟာ ဒကာဒကာမများ သိလိုစိတ် ပြင်းပြမှု၊ အမေးနက်ရှိုင်းမှုကို မဟာထေရ်ကြီးများ စေတနာထက်သန် ကြည်နူးစွာ ဘယ်လို ဖြေကြားဆွေးနွေးခဲ့ကြသလဲဆိုတာ သက်သေ ဖြစ်တယ်။ မြတ်စွာဘုရားရှင် ရွှေလက်ထက်တော်မှာကတည်းက အနာထပိဏ် သူဌေးကြီးနဲ့ မြတ်စွာဘုရား ဆွေးနွေးခန်း၊ ဝိသာခါ ကျောင်းအစ်မကြီးနဲ့ မြတ်စွာဘုရား ဆွေးနွေးခန်း၊ အရှင်သာရိပုတ္တရာနဲ့ ဘဒ္ဒကုဏ္ဍလကေသာထေရီရှင်မလောင်းလျာ ဆွေးနွေးခန်းတွေဟာ လေးစားကြည်ညိုဖွယ် ဖြစ်ခဲ့တာပဲ။

Pyinnyar said...

ရှင်ကုမာရ

စွမ်းနိုင်သူ ဒကာဒကာမများ ဝိပဿနာတရား အားထုတ်ခြင်း၌၎င်း၊ ဥပေါသထသီလ ဆောက်တည်ခြင်း၌၎င်း၊ ဗြဟ္မစရိယသိက္ခာပုဒ် ထိန်းသိမ်းခြင်း၌၎င်း သင် ကဲ့ရဲ့ တားမြစ်ခြင်း မပြုအပ်ဘူး။ သင်မထိန်းလိုတဲ့၊ မထိန်းနိုင်တဲ့ တရားများ ထိန်းသိမ်းကျင့်ကြံ ဆောက်တည်နေကြသူ ဒကာဒကာမများအပေါ် မစ္ဆရိယစိတ်ဖြင့် ကဲ့ရဲ့ပုတ်ခတ်ခြင်း၊ ဒကာဒကာမများကို လူဝတ်ကြောင်များ ဒီအကျင့်တွေ ကျင့်စရာ ဒီတရားတွေ ထိန်းစရာ မလိုကြောင်း ဟောပြောစည်းရုံးခြင်းများဟာ မှားယွင်းမိုက်မဲလှတယ်။

လူတိုင်း တရားအားထုတ်နေရင် ဘုန်းကြီးတွေကို လှူဖို့ ဘယ်သူက စီးပွားရှာမှာလဲဆိုတာ သင် ပူအပ်တဲ့အရာ မဟုတ်ဘူး။ တူတူမတွေ ပညာသင်နေမယ့်အစား ကူလီထမ်းပြီး ငါ့ကို ရှာကျွေးရင်ကောင်းမယ်ဆိုတဲ့ ဦးရီးမျိုး သင် ဖြစ်နေပြီ။ တရားအားထုတ်ရင်း လောကီ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနယ်တွေမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေ များစွာ ရှိတယ်။ ဗိမ္ဗိသာရ မင်းကြီးလဲ သောတာပန် ဘဝနဲ့ တိုင်းပြည်အုပ်ချုပ်သွားတယ်။ သုဒ္ဓေါဒနမင်းကြီးလဲ အနာဂါမ်ဘဝနဲ့ တိုင်းပြည်ကို ဆက်အုပ်ချုပ်ပြီး ထီးဖြူရိပ်အောက်မှာ ရဟန္တာဖြစ် ပရိနိဗ္ဗာန် စံတော်မူတာပဲ။ သမားတော်ကြီး ဇီဝကလဲ သောတာပန်ဘဝနဲ့ ဘုရားရှင်နဲ့ သံဃာတွေကို ဆေးအတတ်နဲ့ ဆက်လက် လုပ်ကျွေးတာပဲ။ စိတ္တသူကြွယ်တို့၊ နန္ဒမာတာတို့၊ ဝိသာခ သူကြွယ်တို့ဟာ ကာမတဏှာ ကုန်ခန်းပြီး အနာဂါမ်များ ဖြစ်ပေမယ့် မိမိတို့ တပ်မက်ခြင်း မရှိတော့တဲ့ စီးပွားဥစ္စာများကို ကုသိုလ်ကောင်းမှု ပြုရန်အလို့ငှာ ဆက်လက် ထိန်းသိမ်းထားပြီး တရား၌လည်း ဆက်မွေ့လျော်၊ ထိုစီးပွားဥစ္စာများဖြင့် ဒါနကောင်းမှုများလည်း ပြုခဲ့ကြတာပဲ။

ဗြဟ္မစရိယအမှု ရှောင်ကြဉ်တဲ့ ပါရမီရှင် ဒကာဒကာမများကိုလည်း သင် မကဲ့ရဲ့အပ်ဘူး။ ကဿပ ဘုရားရှင် လက်ထက်တော်က ကိကီမင်းကြီးရဲ့ သမီးတော် ညီအစ်မ ခုနစ်ဖော်တို့ ကုမ္မာရီ ဗြဟ္မစရိယ သီလဖြင့် အသက်ထက်ဆုံး နေခဲ့ကြတာပဲ။ ဃဋိကာရ အိုးထိန်းသည်ဟာ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးရင်း ဗြဟ္မစရိယ သိက္ခာပုဒ်နဲ့ လူပျိုကြီး ဘဝဖြင့် နေသွားခဲ့တာပဲ။ ဒါဟာ ဘုရားအမှူးရှိသော ပညာရှိ သူတော်ကောင်းတို့ ချီးမွမ်းတဲ့ အမှုဖြစ်တယ်။

မြတ်စွာဘုရားရှင် လက်ထက်တော်က မေထုန်မှု၌ ရှောင်ကြဉ်စောင့်စည်းနိုင်ကြတဲ့ ဒီလိုသူတော်ကောင်းတွေဟာ သာသနာ့ဘောင်ဝင် ရဟန်း၊ ရဟန်းမ ပြုကြတယ်။ ဒီဘက်ခေတ်မှာတော့ ဃဋိကာရ အိုးထိန်းသည်လို မိသားစုကို ရှာဖွေလုပ်ကျွေးရန် တာဝန်များကြောင့်၎င်း၊ သာသနာ့ဘောင်တွင်း ဝင်ရောက်ရန် ပစ္စည်းလေးပါး ထောက်ပံ့မည့် ဆွေမျိုး ဒကာဒကာမ မရှိခြင်းကြောင့်၎င်း (မြတ်စွာဘုရား လက်ထက်တော်က သင်္ကန်းပဋိက္ခရာ လှူဖူးသော ကံမပါသဖြင့် တရားထူး ရပါလျက် ဧဟိဘိက္ခု အခေါ်မခံရသူများလို)၊ ငွေကုန်ခံ ကုသရမည့် နာတာရှည် ဝေဒနာများ ရှိသဖြင့် စီးပွားမရှာမဖြစ် ရှာရမှာမို့တစ်ကြောင်း စသဖြင့် အကြောင်းအသီးသီးတို့ကြောင့် လူ့ဘဝမှာ ဆက်နေပြီး အသက်မွေးရင်း ဒါနသီလ ဘာဝနာ ကောင်းမှုများဖြင့် မွေ့လျော်ကြတယ်။ တရားနဲ့ မွေ့လျော်သူများမို့ အိမ်ထောင်သားမွေးအမှုကို စိတ်ဝင်စားမှု ခေါင်ပါးကြတယ်။ သူတို့နိက္ခမပါရမီနဲ့သူတို့မို့ အပြစ်တင်ဖွယ် မရှိဘူး။ မဟာစည် ဆရာတော်ကြီးဟာ ရိပ်သာဝင် တရားအားထုတ်ပြီး အိမ်ပြန်တော့ ခင်ပွန်းသည် အနားကပ်တာကို လုံးဝ လက်မခံလိုတော့ဘဲ ဗြဟ္မစရိယ သီလနဲ့သာ နေလိုတော့တဲ့ အိန္ဒိယ ဒကာမလေးတစ်ဦးအကြောင်း အမိန့်ရှိဖူးတယ်။ သူ့ပါရမီနဲ့သူ ဖြစ်တာ တားဖွယ် မရှိပေဘူး။

မြန်မာပြည်မှာ အိမ်ထောင်မပြုဘဲ လူပျိုလူလွတ် ဘဝနဲ့ ဆက်နေသူတွေမှာ တရားကြောင့် နေသူက အလွန်နည်းတယ်။ မိဘကို လုပ်ကျွေးရင်း အပျိုကြီး လူပျိုကြီး ဖြစ်ရသူက ပိုများတယ်။ ကျန်တဲ့ မွေးချင်းများ အိမ်ထောင်ခွဲထွက်သွားချိန်မှာ မိဘအနားမှာ ဆက်လုပ်ကျွေးကျန်ခဲ့သူများ ဖြစ်တယ်။ ဒါလဲ ကဲ့ရဲ့စရာ မဟုတ်ဘူး။ ဒီလိုလူမျိုးတွေ ရှိနေလို့သာ မိအိုဖအိုတွေ သားမက်မျက်နှာ၊ ချွေးမမျက်နှာ သိမ်ငယ်စွာ မကြည့်ရဘဲ စိတ်ဖြောင့်ဖြောင့် နေနိုင်သေနိုင်ကြတာပဲ။ မိဘကို ငွေနဲ့ လုပ်ကျွေးနေတဲ့ အိမ်ထောင်သည် သားသမီးတောင် ကျန်တဲ့ မွေးချင်းတစ်ဦးဦး အိမ်ထောင်မပြုဘဲ မိဘအနား ဆက်နေပေးဖို့ မျှော်လင့်ကြရှာတာပဲ။

စီးပွားရေးအခက်အခဲ၊ အိမ်ငှားဖို့ ငွေကြေးအခက်အခဲများကြောင့် အရွယ်ရပါလျက် တစ်အိုးတစ်အိမ် မထူထောင်နိုင်သေးသူများက ဒီထက် များကောင်း များပေမယ်။ ဒါလဲ သူတို့ဘဝအခက်အခဲနဲ့သူတို့မို့ အရွယ်ရောက်တာနဲ့ ချက်ချင်း အိမ်ထောင်ပြု၊ ဘာသာဝင် တိုးပွားအောင် ကလေးများများမွေးလို့ စေခိုင်းလို့ မရဘူး။ ဘဝတစ်ခု အဆင်ပြေအောင် အရင်တည်ဆောက်လိုက တည်ဆောက်ကြပါစေ။ ဒါ သင့်လျော်ပါတယ်။ ကလေးများများ မွေးခိုင်းပြီး သာသနာပြုပစ်မယ်ဆိုတဲ့ အကြံဟာ လူမျိုးကို အညွန့်တုံးစေတဲ့ မိုက်တွင်းနက်မှုပဲ။ တတိယကမ္ဘာနိုင်ငံတွေက မိခင်ငယ်တွေနဲ့ကလေးတွေ သေဆုံးရမှုဟာ အာဟာရ ချှိုတဲ့ဆင်းရဲတဲ့ မိခင်ငယ်တွေ ကလေးများစွာ ဆက်တိုက် မွေးဖွားရင်း မီးတွင်းထဲမှာ မိခင်ရော ကလေးပါ သေဆုံးရတာက တစ်ကြောင်းပဲ။ နိုင်သရွေ့ဝန်သာ ထမ်းကြပါစေ။

ဒီလိုသာ မေထုန်မှု ရှောင်နေကြရင် မျိုးဆက်တုံးသွားမှာပေါ့ ဆိုတဲ့ စကားဟာ သိမ်ဖျင်း မိုက်မဲလှတယ်။ ဒီလို စောင့်ထိန်းနိုင်သူက အနည်းစုသာ ဖြစ်တယ်။ ဒါကြောင့် ဒီအတွက် သင် ပူစရာ မလိုပေဘူး။

Anonymous said...

ပညာဆိုတဲ့ နာမည်ယူထားလို့ ဘုန်းဘုန်းတပါးဖြစ်မယ်လို့ ယူဆမိပါတယ် ... ရှင်ကုမာရလို့ နာမည်တပ်ထားတဲ့အတွက်လဲ တပည့်တော်အနေနဲ့ ပြန်လည်ချေပမှာ မဟုတ်ပါဘူး ..

ဆွေးနွေးချင်တဲ့အချက်တွေကိုလဲ ရေးပြီးပါပြီ ... ၀ါဒရေးရာသက်သက်ကိုပဲ ဆွေးနွေးခဲ့ပါတယ် ... ကြိုက်တဲ့ဆရာတော်ကြီးတွေရဲ့ သြ၀ါဒတွေကို ကိုးကားပြီးရေးခဲ့ပါတယ် ...

လူငှားဆဲေ၇းစေသလို လို့ဆိုတဲ့အတွက် တပည့်တော်တို့ကို ညွှန်းမှန်း နားလည်မိပါတယ် ... တပည့်တော်တို့လဲ ပုထုဇဉ်ပါပဲ .. ဒေါသ မောဟကတော့ ရှိတယ်လို့ ၀န်ခံပါတယ် ... ဒါပေမယ့် စာရေးတဲ့ အချိန်မှာ ကိုယ့်ဖက်က အလွန်မရှိရအောင် ဂရုစိုက်ရေးပါတယ် ...

"သိမ်ဖျင်းအောက်တန်းကျတဲ့ အသုံးအနှုန်းတွေနဲ့ သာသနာစောင့် သာဝကများကို ဒီလို လိုက်လံ မဆဲရေးဖို့ " ဆိုတာမှာ တပည့်တော်တို့ သုံးတဲ့ အသုံးနှုန်းတွေနဲ့ "ကနွဲ့ကရ ပြောနေလို့ ယောက်ျားချင်းတောင် တော်တော် စိတ်ထိန်းရမယ် " ဆိုတဲ့ အသုံးနှုန်း မျိုးတွေမှာ ဘယ်ဟာက လွန်လဲဆိုတာ သိသိသာသာမြင်နိုင်ပါတယ် ..

ခုလောလောဆယ်တော့ တပည့်တော်လဲ ခဏ နားလိုက်ပါဦးမယ် ..

ရတနာသုံးပါးကို အစဉ်ဦးခိုက်ရိုသေလျက် ...း)
ဓါတ်လုံး

Anonymous said...

ခုလို ပတ်လည်အောင်ရှင်းပြပေးတဲ့အတွက် ၀မ်းမြောက်မိပါတယ် ...
တပည့်တော် ကျေနပ် လက်ခံပါတယ် ...
တပည့်တော် အယူဝါဒတွေကို ဆွေးနွေးခဲ့တာလဲ ဒါတွေ သိချင်လို့ ဆွေးနွေးခဲ့တာပါ ... ပထမ ဆွေးနွေးတဲ့နေရာမှာ ရလာတဲ့အဖြေတွေကို လက်မခံနိုင်လို့ ပြန်ငြင်းခဲ့ပါတယ် ... ဒါပေမယ့် ခုလို သေချာ ဂဃနဏရှင်းပြပေးနိုင်ခဲ့လို့ သာဓုခေါ်မိပါတယ် ...

Anonymous said...

Pay Respect to Ashin Pyinnyar,

Thanks for your grate and clear comment, we are very appreciate, agree and understand very well what you mean, also be commensurate with author. Otherwise our knowledge will be mistaken because of Ashin Kumara, we very surprising and shameful on to his all comments when we read, could not know what he wanted to mean.

He mentioned to the author the one who will be wrong from Theravada because author is giving priority to his own view, actually Ashin Kumara is only the one who completely deviate on the way of our Buddhism.

Thanks and regards to you again Ashin Pyinnyar.

Anonymous said...

အရှင်ပညာသို့...
ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား...
ကျေးဇူးကြီးပါတယ်ဘုရား...
သာသနာကို စောင့်ရှောက်နိုင်ပါပေ၏...
သာဓု သာဓု သာဓု