ဘုရားရှင်ကိုယ်တော်တိုင် တရားနာခြင်း ...

အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ် တရားဟောသောနေရာသို့ သွားပြီးညဉ့် သုံးယံ ကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏။ နန္ဒမထေရ်သည် ထိုသို့ရပ်လျက် တရားနာနေသော ဘုရားရှင် အားမြင်၍လာရောက်ကာ လက်အုပ်ချီမိုးရှိခိုး၍ ဤသို့လျှောက်၏- “ မြတ်စွာဘုရား...မြတ်စွာဘုရားသည် ဘုရားရှင်၏ နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ” ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က... “အို...ချစ်သားနန္ဒ ၊ သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟောခြင်းငှါ စွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင် တစ်ကမ္ဘာပတ်လုံး တရားနာတော်မူအံ့” ဟု မိန့်တော်မူလေ၏။

No comments: