သူတော်ကောင်းဥစ္စာ(၇) ဖြာ...

(၁) သဒ္ဓါ = ဘုရား ၊ တရား ၊ သံဃာတော်တို့၏ဂုဏ်တော်တွေကို ယုံကြည်သက်ဝင်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
(၂) သီလ = ကောင်းသောအကျင့်တရားတို့နှင့် ပြည့်စုံခြင်း။
(၃) သုတ = အကြားအမြင်များခြင်း။
(၄) စာဂ = ပေးကမ်းစွန့်ကြဲခြင်း။
(၅) ပညာ = လောကီ ၊ လောကုတ္တရာ ပညာနှစ်ပါးနှင့် ပြည့်စုံခြင်း။
(၆) ဟီရိ = သူတော်ကောင်းတို့ ကဲ့ရဲ့မည်ကို ရှက်ခြင်း ၊ မကောင်းပြုရမှာ ရှက်ခြင်း။
(၇) သြတ္တပ္ပ = ပစ္စုပ္ပန် သံသရာဘေးကို ကြောက်ခြင်း ၊ မကောင်းမှုပြုရမှာ ကြောက်ခြင်း။

No comments: