လူသားတွေရဲ့ စိတ်ဆိုတာ နှလုံးသားမှာ ဘုရားတည်မပေးရင် လမ်းဘေးမှာရှိနေတဲ့ အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်။ အမှိုက်ပုံတို့ ၊ အမှိုက်ပုံးတို့ဆိုတာ ထားတာကလည်း လမ်းဘေးမှာ၊ ရည်ရွယ်ချက်ကလည်း အမှိုက်ထည့်ဘို့ဆိုတော့ တွေ့တဲ့သူတွေက ကြုံရာ အမှိုက်တွေ ထည့်သွားတယ်၊ အမှိုက်တွေ ထည့်သွား၊ တံတွေး အညစ်အကြေးတွေ စွန့်သွား၊ ကွမ်းသွေးတွေ ထွေးသွား၊ ကောင်းတာ တစ်ခု မှ မထည့်ပါဘူး။ ဒါမျိုးလိုဘဲ ပုထုဇဉ်တွေရဲ့ စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း နှလုံးသားထဲ တရားမထည့်ပေးရင် အမှိုက်ပုံးကြီးလို ဖြစ်နေတယ်။ အမှိုက်က သူများတွေ လာထည့်တာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် ထည့်နေတာ။ လောဘက အမှိုက်တွေ လာထည့် ၊ ဒေါသက အမှိုက်တွေလာထည့် ၊ ဣဿာ မစ္ဆရိယ စတဲ့ ကိလေသာတွေက အမှိုက်တွေ လာထည့် ၊ နှလုံးသားထဲ တရားမထည့်ရင် အမှိုက်တွေ ရှုပ်ထွေးပြည့်ကျပ်နေတယ်။


ကျေးဇူးတော်ရှင်တိပိဋကဓရ- ဓမ္မဘဏ္ဍာဂါရိက
(ယော) ဆရာတော်ဘုရာကြီး အရှင်သီရိန္ဒာဘိဝံသ

No comments: